ရန္ကုန္ၿမိဳ႔တြင္း၌ အျမန္ယာဥ္မ်ား ေျပးဆြဲႏိုင္ရန္ ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္ ဘတ္စ္ကားစီး ခရီးသည္ဦးေရ စစ္တမ္းေကာက္ယူ

ရန္ကုန္ၿမဳိ႕တြင္း၌ အျမန္ယာဥ္မ်ား ၀င္ေရာက္ ေျပးဆြဲႏိုင္ရန္ ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္ ဘတ္စ္ကားစီး ခရီးသည္ အေရအတြက္ကုိ စစ္တမ္းေကာက္ယူလ်က္ရွိေၾကာင္း အျမန္ ယာဥ္ ေျပးဆြဲမည့္ ‘ေမတၱာလႈိင္း ယာဥ္လိုင္း’မွ သတင္းရရွိသည္။

Dyna-Bus-500x280


အျမန္ယာဥ္ ေျပးဆြဲႏုိင္ရန္ အတြက္ ေမတၱာလႈိင္းယာဥ္လိုင္းႏွင့္ သက္ဆုိင္ရာဌာနမ်ား ပူးေပါင္းေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိကာ လက္ရွိတြင္ ဘတ္စ္ကားစီးနင္းမႈ အမ်ား ဆံုးအခ်ိန္ျဖစ္သည့္ ႐ုံးတက္၊ ႐ုံးဆင္းခ်ိန္မ်ား၌ လူဦးေရစစ္တမ္း ေကာက္ယူ၍ ရရွိလာမည့္ ရလဒ္ႏွင့္ အက်ဳိးအျမတ္ အေပၚမူတည္ကာ အျမန္ယာဥ္ ေျပးဆြဲႏိုင္ျခင္း ရွိ/မရွိကို ထုတ္ျပန္ ေပးသြားမည္ ျဖစ္သည္။ “ကြၽန္ေတာ္တို႔ ယာဥ္လိုင္းအေနန႔ဲ လက္ရွိမွာ အျမန္ယာဥ္ ေျပးဆြဲႏိုင္ဖို႔အတြက္ ယာဥ္အစီးေရ ကိုးဆယ္ေက်ာ္ ရွိတယ္၊ အရင္က ဒီယာဥ္ အစီးေရေတြနဲ႔ အဆင့္ျမင့္ယာဥ္လိုင္း ေျပးဆဲြဖို႔ တင္ျပထားတယ္၊ အေၾကာင္းမျပန္ခဲ့ဘူး၊ အခုေတာ့ အျမန္ယာဥ္ေျပးဆဲြဖို႕ ညႇိႏႈိင္းေနတယ္၊ အခု ခရီးစဥ္ အေျခ အေန စစ္တမ္းေကာက္ယူမႈလည္း လုပ္ေနတယ္၊ ဥပမာ ေရႊျပည္သာမွာေနတဲ့သူေတြက ၿမဳိ႕ထဲကို ေရာက္ဖို႔ဆိုရင္ သံုးနာရီေလာက္ အခ်ိန္ေပးရတယ္၊ ဒါကို အခ်ိန္ ဘယ္လို ခ်ဳံ႕ မလဲေပါ့၊ ၿပီးေတာ့ ကားေပၚမွာ သက္ေသာင့္သက္သာနဲ႔ စီးနင္းလိုက္ပါႏိုင္ေအာင္ေရာေပါ႔”ဟု ေမတၱာလႈိင္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ အျမန္ယာဥ္ ေျပးဆြဲမည့္အေပၚ ၿမိဳ႕ျပ စီမံခန္႔ခြဲမႈ ကြၽမ္းက်င္ ပညာရွင္တစ္ဦးက “တကယ္ေတာ့ ျမန္တာ၊ ေႏွးတာက အဓိကမက်ဘူး၊ လႈိင္သာယာ၊ ေရႊျပည္သာ၊ ေျမာက္ဒဂံု၊ ေျမာက္ဥကၠလာပ က ခရီးသည္ေတြ ၿမဳိ႕ထဲေရာက္ဖို႔ အခ်ိန္ေပးစီးရတာ မွန္တယ္၊ ထုိက္သင့္သေလာက္ေတာ့ အခ်ိန္ေပးစီးရမွာပဲ၊ ဒါေပမဲ့ အခုက ၾကာသင့္တာထက္ ပိုၾကာေနတယ္၊ ယာဥ္ေၾကာက်ပ္တာနဲ႔ စီမံခန္႔ခြဲမႈ ညံ့တာေၾကာင့္လည္းပါတယ္၊ ေနာက္ ဘတ္စ္ကားအခ်င္းခ်င္း ေက်ာ္တက္တာေတြကိုလည္း တားျမစ္ရမယ္၊ ဒီလိုဆိုရင္ အဆင္ေျပႏုိင္မယ္”ဟု ေျပာၾကားခဲ့သည္။ အျမန္ယာဥ္ ေျပးဆြဲခြင့္ရရွိမည္ ဆိုပါက ဘတ္စ္ကားတစ္စီးလွ်င္ ငါးမိနစ္ျခား ေျပးဆြဲ၍ မွတ္တိုင္တိုင္း၌ လက္မွတ္အေရာင္းဂိတ္ စခန္းမ်ား ထားရွိေပးမည္ ျဖစ္ေၾကာင္း သိရၿပီး လက္ရွိတြင္အျမန္ယာဥ္ ေျပးဆြဲမႈလမ္းေၾကာင္း၊ စီးနင္းခ လက္မွတ္ႏႈန္းထား မ်ားကိုမူ သတ္မွတ္ရျခင္း မရွိေသးေၾကာင္း အထက္ ပါယာဥ္လိႈင္းမွ သိရသည္။


Ref: Automobile




Unicode Version

ရန်ကုန်မြို့တွင်း၌ အမြန်ယာဉ်များ ဝင်ရောက် ပြေးဆွဲနိုင်ရန် ရုံးတက်၊ ရုံးဆင်းချိန် ဘတ်စ်ကားစီး ခရီးသည် အရေအတွက်ကို စစ်တမ်းကောက်ယူလျက်ရှိကြောင်း အမြန် ယာဉ် ပြေးဆွဲမည့် ‘မေတ္တာလှိုင်း ယာဉ်လိုင်း’မှ သတင်းရရှိသည်။

Dyna-Bus-500x280


အမြန်ယာဉ် ပြေးဆွဲနိုင်ရန် အတွက် မေတ္တာလှိုင်းယာဉ်လိုင်းနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကာ လက်ရှိတွင် ဘတ်စ်ကားစီးနင်းမှု အများ ဆုံးအချိန်ဖြစ်သည့် ရုံးတက်၊ ရုံးဆင်းချိန်များ၌ လူဦးရေစစ်တမ်း ကောက်ယူ၍ ရရှိလာမည့် ရလဒ်နှင့် အကျိုးအမြတ် အပေါ်မူတည်ကာ အမြန်ယာဉ် ပြေးဆွဲနိုင်ခြင်း ရှိ/မရှိကို ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။ “ကျွန်တော်တို့ ယာဉ်လိုင်းအနေနဲ့ လက်ရှိမှာ အမြန်ယာဉ် ပြေးဆွဲနိုင်ဖို့အတွက် ယာဉ်အစီးရေ ကိုးဆယ်ကျော် ရှိတယ်၊ အရင်က ဒီယာဉ် အစီးရေတွေနဲ့ အဆင့်မြင့်ယာဉ်လိုင်း ပြေးဆွဲဖို့ တင်ပြထားတယ်၊ အကြောင်းမပြန်ခဲ့ဘူး၊ အခုတော့ အမြန်ယာဉ်ပြေးဆွဲဖို့ ညှိနှိုင်းနေတယ်၊ အခု ခရီးစဉ် အခြေ အနေ စစ်တမ်းကောက်ယူမှုလည်း လုပ်နေတယ်၊ ဥပမာ ရွှေပြည်သာမှာနေတဲ့သူတွေက မြို့ထဲကို ရောက်ဖို့ဆိုရင် သုံးနာရီလောက် အချိန်ပေးရတယ်၊ ဒါကို အချိန် ဘယ်လို ချုံ့ မလဲပေါ့၊ ပြီးတော့ ကားပေါ်မှာ သက်သောင့်သက်သာနဲ့ စီးနင်းလိုက်ပါနိုင်အောင်ရောပေါ့”ဟု မေတ္တာလှိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အမြန်ယာဉ် ပြေးဆွဲမည့်အပေါ် မြို့ပြ စီမံခန့်ခွဲမှု ကျွမ်းကျင် ပညာရှင်တစ်ဦးက “တကယ်တော့ မြန်တာ၊ နှေးတာက အဓိကမကျဘူး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ က ခရီးသည်တွေ မြို့ထဲရောက်ဖို့ အချိန်ပေးစီးရတာ မှန်တယ်၊ ထိုက်သင့်သလောက်တော့ အချိန်ပေးစီးရမှာပဲ၊ ဒါပေမဲ့ အခုက ကြာသင့်တာထက် ပိုကြာနေတယ်၊ ယာဉ်ကြောကျပ်တာနဲ့ စီမံခန့်ခွဲမှု ညံ့တာကြောင့်လည်းပါတယ်၊ နောက် ဘတ်စ်ကားအချင်းချင်း ကျော်တက်တာတွေကိုလည်း တားမြစ်ရမယ်၊ ဒီလိုဆိုရင် အဆင်ပြေနိုင်မယ်”ဟု ပြောကြားခဲ့သည်။ အမြန်ယာဉ် ပြေးဆွဲခွင့်ရရှိမည် ဆိုပါက ဘတ်စ်ကားတစ်စီးလျှင် ငါးမိနစ်ခြား ပြေးဆွဲ၍ မှတ်တိုင်တိုင်း၌ လက်မှတ်အရောင်းဂိတ် စခန်းများ ထားရှိပေးမည် ဖြစ်ကြောင်း သိရပြီး လက်ရှိတွင်အမြန်ယာဉ် ပြေးဆွဲမှုလမ်းကြောင်း၊ စီးနင်းခ လက်မှတ်နှုန်းထား များကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်း အထက် ပါယာဉ်လှိုင်းမှ သိရသည်။


Ref: Automobile


Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »