fb-pageview-tracker
စာသင်​​ကျောင်းအနီး ယာဉ်​​ကြောပိတ်​ဆို့မှု မရှိ​စေရန်​ မည်​သည့်​ကားများမှ ရပ်​နားခွင့်​လုံးဝပြုမည်​မဟုတ်​ဘဲ ယာဉ်​​မောင်းရှိပါက ချလန်ဖြတ်​အ​ရေးယူ၍ ယာဉ်မောင်းမရှိပါက ကရိန်းကားဖြင့်​ဆွဲယူဖယ်​ရှားမည်


Zawgyi Version






Unicode Version

စာသင်ကျောင်းများအနီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်အတွက် မော်တော်ယာဉ်များကို ရပ်နားခွင့်လုံးဝပြုမည်မဟုတ်ဘဲ ယာဉ်မောင်းရှိပါက ချလန်ဖြတ်အရေးယူ၍ ယာဉ်မောင်းမရှိပါက ကရိန်းကားဖြင့်ဆွဲယူဖယ်ရှားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စာသင်ကျောင်းများသို့ ကျောင်းကြိုပို့ယာဉ်များနှင့် အိမ်စီးကားများ၊ အဌားယာဉ်များမှာ ကျောင်းသားများ လာရောက်ပို့ဆောင်ပါက ရပ်၊ တင်၊ချ စနစ်ဖြင့် အမြန်ဆုံးထွက်ခွာရမည်ဖြစ်ပြီး စာသင်ကျောင်းရှေ့မော်တော်ယာဉ် ရပ်နားထားမှုတွေ့ရှိပါက ယာဉ်မောင်နှင်သူအား ချလန်ဖြတ်အရေးယူမည်ဖြစ်ပြီး ယာဉ်မောင်းသူမရှိပါက ကရိန်းကားဖြင့်ဆွဲယူ၍ ဖယ်ရှားရှင်းလင်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“စာသင်ကျောင်းရှေ့မှာ ယာဉ်ကြောပိတ်ဆို့တာတွေမရှိဖို့အတွက် မည်သည့်ကားမှ ရပ်နားခွင့်လုံးဝမပြုပါဘူး။ ကျောင်းကားတွေလည်း ရပ်နားလို့မရပါဘူး။ အကယ်၍ ကားတွေရပ်နားမယ်ဆိုရင် ကားပါကင်ရှိတဲ့နေရာတွေမှာ သွားရပ်နားရမှာပါ။ စာသင်ကျောင်းရှေ့မှာ ကျောင်းကားတွေလည်း ရပ်၊ တင်၊ ချ စနစ်နဲ့ချက်ခြင်းထွက်ရမှာပါ။ ပါကင်တွေမှာ ရပ်လို့တော့ရတယ်။ စာသင်ကျောင်းရှေ့မှာ ကားရပ်နားထားတာတွေ့ပြီး ယာဉ်မောင်းမရှိရင် ကရိန်းကားနဲ့ဆွဲယူတာလုပ်မယ်။ ယာဉ်မောင်းတဲ့သူရှိတယ်ဆိုရင်တော့ ဓာတ်ပုံရိုက်ပြီး ချလန်ဖြတ်အရေးယူသွားမှာပါ။“ ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စာသင်ကျောင်း ပရဝဏ်အနီး ကားပါကင်နေရာများတွင်လည်း အစိုးရအဖွဲ့က သတ်မှတ်ထားသော school bus ကျောင်းကားအဖြစ်သတ်မှတ်ထားသည့်ကားများကိုသာရပ်နားရမည်ဖြစ်ရာ စာသင်ကျောင်းများရှေ့၌ ကျောင်းကားစနစ်သတ်မှတ်ချက်တွင်မပါဝင်သည့် ကားများရပ်နားထားခြင်း၊ ကိုယ်ပိုင်ကားနှင့်တက္ကစီများရပ်နားထားခြင်းများကို ထိရောက်စွာ အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Latest News

ကား ဘက်ထရီအားသွင်းစနစ်နှင့် ပြဿနာများ

Zawgyi Version ဟိုးတလောလေးက ကျနော့်ဘော်ဒါတစ်ယောက် သူ့ကားလေးနဲ့ နယ်ကို ခရီးထွက်တယ်ဗျ။ ခရီးထွက်နေတုန်း ကားရဲ့ ဒိုင်ခွက်ထဲမှာ battery...

Read more »

၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း...

Zawgyi Version ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန်စာတုံးတွေမျိုးဆက်ပြောင်းပါပြီ။ ဆဋ္ဌမမြောက် မျိုးဆက်မှာတော့ Toyota ရဲ့ HIACE အသစ်ဟာ အရင် ပုံဟောင်းရဲ့...

Read more »

E-payment system ကို ပထမဦးစားပေး...

Zawgyi Version YRTA ဟာလာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်မှာ E-payment system ကို ပထမဦးစားပေးအနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်မှာဖြစ်ပြီး...

Read more »

YBS ယာဉ်မောင်းသူများ...

Zawgyi Version ရန်​ကုန်​မြို့တွင်​ ​စည်းကမ်းမဲ့မောင်းနှင်သည့်​ YBS ယာဉ်​​မောင်းများကို ထိန်းချုပ်​နိုင်​ရန်​ နည်းပညာအသုံးပြုထား​သော...

Read more »