ယာဥ္မရပ္ရ ဆုိင္းဘုတ္မ်ားႏွင့္ အတားအဆီးမ်ားအား ဖယ္ရွားေတာ့မည္


8269811002_31b74f3057


ၿမိဳ႕ေတာ္စည္ပင္ ေဆာက္လုပ္ေရး (လမ္းတံတား) ဌာနမွ ေနာက္ဆံုးၾကားသိရေသာ သတင္းမ်ားအရ ယခုလာမည့္ ဧၿပီလမွစတင္ကာ အခြန္ေငြေပးေဆာင္၍ ယာဥ္ရပ္နားရန္ေနရာ အသံုးျပဳခြင့္ရရွိထားသူမ်ားအား ဆက္လက္ အသံုးျပဳခြင့္မေပးေတာ့ဘဲ ရုတ္သိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္အတြင္းရွိ ကုမၸဏီႏွင့္ဆုိင္ခန္းအခ်ိဳ႕တြင္ ၄င္းတုိ႕၏ ေစ်း၀ယ္မ်ား အဆင္ေျပေစရန္အတြက္ ယာဥ္ရပ္နားရန္အခြန္ေဆာင္၍ ကားရပ္ရန္နားရန္ေနရာမ်ားရယူထားရာမွ ဦးရာသူစနစ္သို႔ ေျပာင္းလဲ လိုက္ျခင္းျဖစ္သည္။ တစ္ခ်ိန္တည္းမွာပဲ ရန္ကုန္ၿမိဳ႕တြင္း ကားရပ္နားမႈမ်ားအတြက္ ယာဥ္ရပ္နားစရိတ္ေကာက္ခံမႈမ်ားကိုလည္း ရပ္စုိင္းသြားမည္ဟု ၾကားသိရသည္။

`ကုိယ္ပုိင္ ကားပါကင္ေတြကို အရင္က ေပးထားတယ္။ ကုိယ္ပုိင္ကားပါကင္ေပးထားတာေတြကို ဖ်က္သိမ္း လုိက္ၿပီ။ အခြန္ေဆာင္ထားတဲ့ေနရာေတြလည္း ဒီဘ႑ာႏွစ္ အကုန္ ၄ လပုိင္း ကစၿပီး မေပးေတာ့ဘူး။ Free Parkingလုပ္မယ္၊ကိုယ္ အိမ္ေရွ႕ဆိုၿပီး ကိုယ့္ကားပဲ ရပ္မယ္ဆိုၿပီး မရေတာ့ဘူး၊အကုန္လံုး ရပ္လို႔ ရသြားမယ္၊´ဟု ၿမိဳ႕ေတာ္စည္ပင္ေဆာက္လုပ္ေရး (လမ္းတံတား)အရာရွိတစ္ဦးကေျပာသည္။

ယခင္က အခြန္ေဆာင္ကား ပါကင္မ်ားအပါအ၀င္  အိမ္၊ ၿခံ ေရွ႕မ်ားတြင္အျခားသူမ်ားယာဥ္ရပ္နားမႈအား တားဆီးကန္႔သတ္ ဆုိင္းဘုတ္မ်ား၊ကြန္ကရစ္တံုးမ်ားကိုလည္း ရပ္ကြက္အုပ္ခ်ဳပ္ေရးရံုးမ်ားႏွင့္ ပူးေပါင္းဖယ္ရွား သြားမည္ျဖစ္ေၾကာင္းႏွင့္ ဥပေဒအရအေရးယူသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္စည္ပင္ေဆာက္လုပ္ေရး (လမ္းတံတား) ဌာနမွသိရွိရသည္။ အဆိုပါကိစၥႏွင္႔ပတ္သက္၍ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားထံသို႔ညႊန္ၾကားထားၿပီးျဖစ္ေၾကာင္းကိုလည္း လမ္းတံတား႒ာနမွ သိရသည္။

ပိုင္ရွင္မ်ားအေနျဖင္႔ မိမိေနအိမ္တုိက္တာ ေစ်းဆိုင္အေရွ႕တြင္ အျခား ယာဥ္မ်ား အခ်ိန္ၾကာျမင္႔စႊာရပ္ဆိုင္းထားပါက ၄င္းတို႔အေနျဖင္႔ အခက္ေတြ႕ႏိုင္ေၾကာင္း MyanmarCarsDB မွ သိရပါသည္။

ရန္ကုန္ၿမိဳ႕တြင္း ကားစီးသူအေရအတြက္မ်ားလာသည္ႏွင့္အမွ် ယာဥ္ရပ္နားရန္ အေျခခံအေဆာက္အဦးမ်ားမရွိသည့္အတြက္ ယာဥ္ရပ္နားမႈ အဆင္ေျပေစရန္ ေဆာင္ရြက္မႈမ်ားရွိလာခဲ့သည္။ ယမန္ႏွစ္မွစ၍ အိမ္သစ္ တုိက္သစ္မ်ားသည္၊ အထပ္ ၄ ထပ္ထက္ျမင့္ပါက Car Parking သို႕မဟုတ္ ေျမညီထပ္အခန္းကို Car Parking အျဖစ္သံုးရမည္၊ တရားမဝင္ရပ္နားထားေသာယာဥ္မ်ားအား Tow Truck ျဖင့္ ဖယ္ရွားမည္ အစရွိသျဖင့္ စီမံခ်က္မ်ားခ်မွတ္လ်က္ရွိပါသည္။ သုိ႕ေသာ္ျငားလည္း ကားစီးသူမ်ားအေနႏွင့္ ယာဥ္ရပ္နားမႈ ျပႆနားမ်ားအား ေန႕စဥ္ ႀကံဳေတြ႕လ်က္ရွိေၾကာင္း သိရပါသည္။  ယာဥ္မရပ္ရ ဆိုင္းဗုဒ္မ်ားကိစၥ၊ စည္းကမ္းဖ်က္ကာ ကားရပ္နားမႈကိစၥမ်ားကို ဥပေဒအရ အေရးယူသြားမည္ဟုဆုိရာတြင္ မည္သည့္ဥပေဒႏွင့္ ျငိစြမ္းမႈရွိသည္ႏွင့္ မည္သည့္ျပစ္ဒဏ္မ်ားရွိသည္ကို ကြ်န္ေတာ္တုိ႕ MyanmarCarsDB မွ မသိရေသးပါ။

MyanmarCarsDB သံုးစြဲသူ ကားပိုင္ရွင္မ်ားမွာ ယခုထုတ္ျပန္သည့္သတင္းကို ႀကိဳဆုိေလသူလား၊ သုိ႕မဟုတ္ အိမ္ျပန္ေရာက္၍ ကားရပ္ရန္ ေနရာမရေတာ့တဲ့ အျဖစ္မ်ိဳးေတြးေၾကာက္မိေလသလား မည္သို႕ေျဖရွင္းေလမည္လုိ႕ ေတြးမိပါသလဲဆိုတာကို MyanmarCarsDB ဝိုင္းေတာ္သားမ်ားကို ေျပာျပလွည့္ပါဦးခင္ဗ်ာ။

(Ref: Myit Makha, MMTimes)



Unicode Version

8269811002_31b74f3057


မြို့တော်စည်ပင် ဆောက်လုပ်ရေး (လမ်းတံတား) ဌာနမှ နောက်ဆုံးကြားသိရသော သတင်းများအရ ယခုလာမည့် ဧပြီလမှစတင်ကာ အခွန်ငွေပေးဆောင်၍ ယာဉ်ရပ်နားရန်နေရာ အသုံးပြုခွင့်ရရှိထားသူများအား ဆက်လက် အသုံးပြုခွင့်မပေးတော့ဘဲ ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ကုမ္ပဏီနှင့်ဆိုင်ခန်းအချို့တွင် ၄င်းတို့၏ စျေးဝယ်များ အဆင်ပြေစေရန်အတွက် ယာဉ်ရပ်နားရန်အခွန်ဆောင်၍ ကားရပ်ရန်နားရန်နေရာများရယူထားရာမှ ဦးရာသူစနစ်သို့ ပြောင်းလဲ လိုက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ရန်ကုန်မြို့တွင်း ကားရပ်နားမှုများအတွက် ယာဉ်ရပ်နားစရိတ်ကောက်ခံမှုများကိုလည်း ရပ်စိုင်းသွားမည်ဟု ကြားသိရသည်။

`ကိုယ်ပိုင် ကားပါကင်တွေကို အရင်က ပေးထားတယ်။ ကိုယ်ပိုင်ကားပါကင်ပေးထားတာတွေကို ဖျက်သိမ်း လိုက်ပြီ။ အခွန်ဆောင်ထားတဲ့နေရာတွေလည်း ဒီဘဏ္ဍာနှစ် အကုန် ၄ လပိုင်း ကစပြီး မပေးတော့ဘူး။ Free Parkingလုပ်မယ်၊ကိုယ် အိမ်ရှေ့ဆိုပြီး ကိုယ့်ကားပဲ ရပ်မယ်ဆိုပြီး မရတော့ဘူး၊အကုန်လုံး ရပ်လို့ ရသွားမယ်၊´ဟု မြို့တော်စည်ပင်ဆောက်လုပ်ရေး (လမ်းတံတား)အရာရှိတစ်ဦးကပြောသည်။

ယခင်က အခွန်ဆောင်ကား ပါကင်များအပါအဝင်  အိမ်၊ ခြံ ရှေ့များတွင်အခြားသူများယာဉ်ရပ်နားမှုအား တားဆီးကန့်သတ် ဆိုင်းဘုတ်များ၊ကွန်ကရစ်တုံးများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးများနှင့် ပူးပေါင်းဖယ်ရှား သွားမည်ဖြစ်ကြောင်းနှင့် ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ဆောက်လုပ်ရေး (လမ်းတံတား) ဌာနမှသိရှိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံသို့ညွှန်ကြားထားပြီးဖြစ်ကြောင်းကိုလည်း လမ်းတံတားဌာနမှ သိရသည်။

ပိုင်ရှင်များအနေဖြင့် မိမိနေအိမ်တိုက်တာ စျေးဆိုင်အရှေ့တွင် အခြား ယာဉ်များ အချိန်ကြာမြင့်စွှာရပ်ဆိုင်းထားပါက ၄င်းတို့အနေဖြင့် အခက်တွေ့နိုင်ကြောင်း MyanmarCarsDB မှ သိရပါသည်။

ရန်ကုန်မြို့တွင်း ကားစီးသူအရေအတွက်များလာသည်နှင့်အမျှ ယာဉ်ရပ်နားရန် အခြေခံအဆောက်အဦးများမရှိသည့်အတွက် ယာဉ်ရပ်နားမှု အဆင်ပြေစေရန် ဆောင်ရွက်မှုများရှိလာခဲ့သည်။ ယမန်နှစ်မှစ၍ အိမ်သစ် တိုက်သစ်များသည်၊ အထပ် ၄ ထပ်ထက်မြင့်ပါက Car Parking သို့မဟုတ် မြေညီထပ်အခန်းကို Car Parking အဖြစ်သုံးရမည်၊ တရားမဝင်ရပ်နားထားသောယာဉ်များအား Tow Truck ဖြင့် ဖယ်ရှားမည် အစရှိသဖြင့် စီမံချက်များချမှတ်လျက်ရှိပါသည်။ သို့သော်ငြားလည်း ကားစီးသူများအနေနှင့် ယာဉ်ရပ်နားမှု ပြဿနားများအား နေ့စဉ် ကြုံတွေ့လျက်ရှိကြောင်း သိရပါသည်။  ယာဉ်မရပ်ရ ဆိုင်းဗုဒ်များကိစ္စ၊ စည်းကမ်းဖျက်ကာ ကားရပ်နားမှုကိစ္စများကို ဥပဒေအရ အရေးယူသွားမည်ဟုဆိုရာတွင် မည်သည့်ဥပဒေနှင့် ငြိစွမ်းမှုရှိသည်နှင့် မည်သည့်ပြစ်ဒဏ်များရှိသည်ကို ကျွန်တော်တို့ MyanmarCarsDB မှ မသိရသေးပါ။

MyanmarCarsDB သုံးစွဲသူ ကားပိုင်ရှင်များမှာ ယခုထုတ်ပြန်သည့်သတင်းကို ကြိုဆိုလေသူလား၊ သို့မဟုတ် အိမ်ပြန်ရောက်၍ ကားရပ်ရန် နေရာမရတော့တဲ့ အဖြစ်မျိုးတွေးကြောက်မိလေသလား မည်သို့ဖြေရှင်းလေမည်လို့ တွေးမိပါသလဲဆိုတာကို MyanmarCarsDB ဝိုင်းတော်သားများကို ပြောပြလှည့်ပါဦးခင်ဗျာ။

(Ref: Myit Makha, MMTimes)

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »