တစ္ပါတ္အတြင္း ကားေလာကသတင္း

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့:


  • ႏိုင္ငံျခား ယာဥ္ေမာင္းလိုင္စင္မွ ျမန္မာႏုိင္ငံ ယာဥ္ေမာင္းလိုင္စင္ ကူးေျပာင္းျခင္းအတြက္ အခြန္ႏႈန္းထားထုတ္ျပန္

  • တတိယအႀကိမ္အျဖစ္ တိုက္ေၾကကား ၃၃ စီး ထပ္မံသိမ္းဆည္း

  • ေဒသ သေကၤတပါ ေဖာင္းၾကြနံပါတ္ျပား အသစ္မ်ားကို ယခင္ေဈးႏႈန္းအတိုင္း က်ပ္တစ္ေသာင္းျဖင့္ေရာင္းခ်

  • သီရိမဂၤလာကားေဈးကြက္ အရင္ထက္ အေရာင္းသြက္လာဟုဆို

  • ယာဥ္ေၾကာပိတ္ဆို႔မႈေလွ်ာ့ေစရန္ မီးပိြဳင့္မ်ား၏ အခ်ိန္ထားရွိမႈ စီစစ္မည္

  • ဂ်ီအမ္ ခ်က္ပလက္ကားမ်ား ျမန္မာျပည္တြင္ ေရာင္းခ်ေတာ့မည္

  • လုပ္ငန္းသံုးကားမ်ား အေရာင္းအဝယ္ေအးဟုဆို

  • ခ်က္ပလက္အေရာင္းျပခန္း မႏၱေလးတြင္ ထပ္ဖြင့္မည္


news_this_week

ႏုိင္ငံျခား ယာဥ္ေမာင္းလိုင္စင္မွ ျမန္မာႏုိင္ငံ ယာဥ္ေမာင္းလိုင္စင္ ကူးေျပာင္းျခင္းအတြက္ အခြန္ႏႈန္းထား ထုတ္ျပန္


ႏုိင္ငံျခားယာဥ္ေမာင္းလိုင္စင္မွ ျမန္မာယာဥ္ေမာင္းလိုင္စင္သို႔ ကူးေျပာင္းရာတြင္ ျမန္မာက်ပ္ေငြျဖင့္ ေကာက္ခံမည့္ အခြန္ႏႈန္ထားမ်ားကို က.ည.န မွထုတ္ျပန္ခဲ့သည္။ ထိုသို႔ လိုင္စင္ေျပာင္းလဲမည္ဆိုပါက ယာဥ္ေမာင္းလိုင္စင္မွတ္ပံုတင္ေၾကး ငါးႏွစ္စာအတြက္ အေမရိကန္ေဒၚလာ ၅၀ ႏွင့္ ႏႈန္းထားညီသည့္ ျမန္မာက်ပ္ေငြျဖင့္လည္းေကာင္း၊ ယာဥ္ေမာင္းစစ္ေဆးခအတြက္ အေမရိကန္ေဒၚလာ ၁၀ ႏွင့္ ညီမွ်သည့္ ျမန္မာက်ပ္ေငြျဖင့္လည္းေကာင္း၊ လက္ဝဲေမာင္းယာဥ္ေမာင္းလိုင္စင္ျဖစ္လွ်င္ ကူးေျပာင္းျခင္းအတြက္ စစ္ေဆးခအျဖစ္ အေမရိကန္ေဒၚလာ ၁၀ ႏွင့္ ညီမွ်သည့္ ျမန္မာက်ပ္ေငြျဖင့္လည္းေကာင္း၊ သူတပါး ထိခိုက္မႈ အာမခံေၾကးအျဖစ္ က်ပ္ငါးရာကို လည္းေကာင္း၊ Smart Card အတြက္ က်ပ္ ၁၂၀၀ ကိုလည္းေကာင္း ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရွိရသည္။

Ref: Auto Mobile

 

တတိယအႀကိမ္အျဖစ္ တိုက္ေၾကကား ၃၃ စီး ထပ္မံသိမ္းဆည္း


ျပည္ပမွ တင္သြင္းလာေသာ တိုက္ေၾကကားမ်ားကို အေကာက္ခြန္ဦးစီးဌာနမွ စီစစ္သိမ္းဆည္းခဲ့ရာတြင္ ဇြန္ ၂၅ ရက္က တတိယအႀကိမ္အျဖစ္ တိုက္ေၾကကား ၃၃ စီးကို ထပ္မံသိမ္းဆည္းခဲ့ေၾကာင္းသိရသည္။ ေမာ္ေတာ္ယာဥ္တင္သြင္းသူမ်ားသည္ ၂၀၁၃ ခုႏွစ္၊ ဇန္နဝါရီ ၁၅ ရက္ ေနာက္ပိုင္းတြင္ ျပည္ပမွ ကိုယ္ထည္ထိခိုက္ထားေသာ ေမာ္ေတာ္ယာဥ္မ်ားတင္သြင္းလာခဲ့ၿပီး ျပန္လည္ျပဳျပင္ေရာင္းခ်ရန္ ရည္ရြယ္ခ်က္ျဖင့္ တင္သြင္းလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္းကားမ်ားကို တင္သြင္းလာသည့္ ကုမၸဏီမ်ားကိုလည္း အေရးယူမႈမ်ားျပဳလုပ္ၿပီး ကားမ်ားကိုမူ ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္း၍ အရည္က်ိဳစက္ရုံသို႔ပို႔ကာ ဖ်က္ဆီးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

Ref: Auto Mobile

 

 ေဒသ သေကၤတပါ ေဖာင္းၾကြနံပါတ္ျပား အသစ္မ်ားကို ယခင္ေဈးႏႈန္းအတိုင္း က်ပ္တစ္ေသာင္းျဖင့္ ေရာင္းခ်


က.ည.န အေနျဖင့္ ေဖာင္းၾကြနံပါတ္ျပားအသစ္မ်ားကို ယခင္ေဈးႏႈန္းအတိုင္း က်ပ္တစ္ေသာင္းႏႈန္းျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရွိရသည္။ ဇူလိုင္ ၃ ရက္ မွစတင္ကာ ျမန္မာအကၡရာ နံပါတ္မ်ားကို အဂၤလိပ္အကၡရာမ်ားျဖင့္ ေျပာင္းလဲအစားထိုးခဲ့ၿပီး နံပါတ္ျပားမ်ားေပၚတြင္လည္း ေဒသဆိုင္ရာ သေကၤတ အတိုေကာက္မ်ားကို ရုိက္ႏိွပ္ေပးခဲ့သည္။ ထိုသို႔ ေျပာင္းလဲထုတ္ေပးခဲ့ေသာ္လည္း ေဈးႏႈန္းေျပာင္းလဲသြားျခင္းမရွိဘဲ ယခင္အတိုင္း က်ပ္တစ္ေသာင္းႏႈန္းျဖင့္သာ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္းသိရသည္။

Ref: Auto Mobile

 

  သီရိမဂၤလာကားေဈးကြက္ အရင္ထက္ အေရာင္းသြက္လာဟုဆို


ယခုတစ္ပတ္အတြင္းတြင္ သီရိမဂၤလာေဈးေဟာင္းယာဥ္ေရာင္းဝယ္ေရးစခန္းမွာ အရင္ထက္စာရင္ နည္းနည္းေလး အေရာင္းသြက္လာတယ္လို႔ ကားဝယ္ေရာင္းအခ်ိဳ႕က ေျပာၾကားသည္။ ေဒၚလာေဈးတက္ျခင္းေၾကာင့္ Custom ႏွင့္ က.ည.န မွ အခြန္မ်ားတိုးျမင့္ေကာက္ခံျခင္းေၾကာင့္ ကားေဈးသည္လည္း (၃)သိန္းမွ(၄)သိန္းအထိ ျမင့္တက္သြားေၾကာင္း သိရွိရသည္။

Ref: Auto World

 

ယာဥ္ေၾကာပိတ္ဆို႔မႈေလ်ာ့ေစရန္ မီးပိြဳင့္မ်ား၏ အခ်ိန္ထားရွိမႈ စီစစ္မည္


ရန္ကုန္ၿမိဳ႕ေတာ္တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား မၾကာခဏျဖစ္ပြားေနေသာေၾကာင့္ အဆိုပါယာဥ္ေၾကာပိတ္ဆို႔မႈကို ေလွ်ာ့ခ်ႏုိင္ရန္အတြက္ JICA အဖြဲ႕ႏွင့္ စည္ပင္မွတာဝန္ရွိသူမ်ား မီးပိြဳင့္မ်ား၏ အခ်ိန္ထားရွိမႈအခ်က္ျပစနစ္ကို ျပန္လည္စီစစ္ေနေၾကာင္း သိရွိရသည္။ အဆိုပါမီးပိြဳင့္ အခ်က္ျပစနစ္ကို ခ်ိန္သားကိုက္ တေျပးညီထိန္းခ်ဳပ္ေဆာင္ရြက္ႏုိင္ပါက ယာဥ္ေၾကာပိတ္ဆို႔မႈကို အခ်ိန္တိုအတြင္း ေျဖရွင္းႏုိင္မွာျဖစ္ေၾကာင္းသိရွိရသည္။ ထို႔ျပင္ မီးပြိဳင့္တစ္ခု၏ အခ်က္ျပစနစ္ကို လိုက္နာေဆာင္ရြက္ရန္ႏွင့္ စည္းကမ္းရွိဖို႔လည္းလိုအပ္ေၾကာင္း တာဝန္ရွိသူတစ္ဦးမွ ေျပာၾကားသည္။

Ref: Auto World

 

ဂ်ီအမ္ခ်က္ပလက္ကားမ်ား  ျမန္မာျပည္တြင္ ေရာင္းခ်ေတာ့မည္


အေမရိကန္ႏုိင္ငံ၏ အႀကီးဆံုးကားကုမၸဏီတစ္ခုျဖစ္ေသာ ဂ်ီအမ္ ကုမၸဏီက ၎တို႔၏ ခ်က္ပလက္ကားသစ္မ်ားကို ျမန္မာျပည္တြင္းသို႔ လာေရာက္ေရာင္းခ်ေတာ့မည္ျဖစ္ေၾကာင္း သိရွိရသည္။ တစ္ပတ္ရစ္ကားမ်ားသာဝင္ေရာက္မႈမ်ားျပားေသာ ျမန္မာ့ကားေဈးကြက္သို႔ ဂ်ီအမ္ကုမၸဏီမွ ခ်က္ပလက္ကားအသစ္မ်ား ဝင္ေရာက္လာမည္ျဖစ္ေၾကာင္းသိရွိရသည္။ ထို႔အျပင္ ယင္းကုမၸဏီသည္ Manufacture Warrenty ႏွင့္ Auto Sale Service ဝန္ေဆာင္မႈမ်ား ေပးသြားႏိုင္ရန္ ျမန္မာႏုိင္ငံရွိ Paciffic-AA Group ကို ျမန္မာႏုိင္ငံ၏ တစ္ဦးတည္းကိုယ္စားလွယ္အျဖစ္ ေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။

Ref: Auto World

 

လုပ္ငန္းသံုးကားမ်ား အေရာင္းအဝယ္ေအးဟုဆို


လုပ္ငန္းသံုးကားမ်ား ေရာင္းခ်ေသာ Showroom မ်ားတြင္ အိမ္စီးကားမ်ားသာမဟုတ္ပဲ လုပ္ငန္းသံုးကားမ်ားပါ အေရာင္းအဝယ္ေအးေနေၾကာင္းသိရွိရသည္။ ေဒၚလာေဈးျမင့္တက္ေသာေၾကာင့္ ကားေဈးတက္လာၿပီး ဝယ္ယူသူမ်ားမွ ေစာင့္ဆိုင္းေနသည့္ အေနအထားတြင္ရွိေၾကာင္း သိရွိရသည္။ (၁၀)ဘီး၊ (၁၂)ဘီး၊ (၂၂)ဘီး စေသာ လုပ္ငန္းသံုးကုန္ကားႀကီးမ်ားမွာ Ammount မ်ားသျဖင့္ ေဒၚလာေဈးတက္ေသာေၾကာင့္ အိမ္စီးကားမ်ားထက္ ေဈးပိုတက္လာေၾကာင္းသိရွိရသည္။ ကိုရီးယား Light Truck တစ္တန္ကားမ်ားမွာလည္း တစ္စီးလွ်င္ (၅)သိန္းဝန္းက်င္ခန္႔တက္လာၿပီး အေရာင္းအဝယ္ေအးလ်က္ရွိေသာ္လည္း ဂ်ပန္ ႏွင့္ ကိုရီးယား Mini  Bus မ်ားမွာ ပံုမွန္အတိုင္း အေရာင္းအဝယ္ရွိကာ School Bus အသံုးျပဳရန္အတြက္ ဝယ္ယူမ်ားေၾကာင္းသိရွိရသည္။

Ref: Auto World

 

ခ်က္ပလက္အေရာင္းျပခန္း မႏၱေလးတြင္ ထပ္ဖြင့္မည္


အေမရိကန္ျပည္ေထာင္စု General Motors က ထုတ္လုပ္သည့္ Chevrolet ေမာ္ေတာ္ယာဥ္အေရာင္းျပခန္းကို ရန္ကုန္ၿမိဳ႕အျပင္ မႏၱေလးၿမိဳ႕တြင္ပါဖြင့္လွစ္ရန္ အေဆာက္အအုံေဆာက္လုပ္ေနၿပီျဖစ္ေၾကာင္း Chevrolet ေမာ္ေတာ္ယာဥ္မ်ားကို တစ္ဦးတည္းျဖန္ျဖဴးေရာင္းခ်ခြင့္ရသည့္ Pacific Alphine Pte,Ltd. ဥကၠဌ ဦးေဇာ္မိုးခိုင္မွ ေျပာၾကားသည္။ ထိုသို႔ဖြင့္လွစ္ေရာင္းခ်ရန္အတြက္ စီးပြားကူးသန္းဝန္ႀကီးဌာနမွ ခြင့္ျပဳခ်က္ေစာင့္ဆိုင္းေနျခင္းျဖစ္ၿပီး ယခုႏွစ္ကုန္ပိုင္းတြင္ စတင္ေရာင္းခ်ရန္ စီစဥ္ထားေၾကာင္း ၎က ေျပာဆိုသည္။

Ref: The Voice Daily

 

 



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:


  • နိုင်ငံခြား ယာဉ်မောင်းလိုင်စင်မှ မြန်မာနိုင်ငံ ယာဉ်မောင်းလိုင်စင် ကူးပြောင်းခြင်းအတွက် အခွန်နှုန်းထားထုတ်ပြန်

  • တတိယအကြိမ်အဖြစ် တိုက်ကြေကား ၃၃ စီး ထပ်မံသိမ်းဆည်း

  • ဒေသ သင်္ကေတပါ ဖောင်းကြွနံပါတ်ပြား အသစ်များကို ယခင်ဈေးနှုန်းအတိုင်း ကျပ်တစ်သောင်းဖြင့်ရောင်းချ

  • သီရိမင်္ဂလာကားဈေးကွက် အရင်ထက် အရောင်းသွက်လာဟုဆို

  • ယာဉ်ကြောပိတ်ဆို့မှုလျှော့စေရန် မီးပွိုင့်များ၏ အချိန်ထားရှိမှု စီစစ်မည်

  • ဂျီအမ် ချက်ပလက်ကားများ မြန်မာပြည်တွင် ရောင်းချတော့မည်

  • လုပ်ငန်းသုံးကားများ အရောင်းအဝယ်အေးဟုဆို

  • ချက်ပလက်အရောင်းပြခန်း မန္တလေးတွင် ထပ်ဖွင့်မည်


news_this_week

နိုင်ငံခြား ယာဉ်မောင်းလိုင်စင်မှ မြန်မာနိုင်ငံ ယာဉ်မောင်းလိုင်စင် ကူးပြောင်းခြင်းအတွက် အခွန်နှုန်းထား ထုတ်ပြန်


နိုင်ငံခြားယာဉ်မောင်းလိုင်စင်မှ မြန်မာယာဉ်မောင်းလိုင်စင်သို့ ကူးပြောင်းရာတွင် မြန်မာကျပ်ငွေဖြင့် ကောက်ခံမည့် အခွန်နှုန်ထားများကို က.ည.န မှထုတ်ပြန်ခဲ့သည်။ ထိုသို့ လိုင်စင်ပြောင်းလဲမည်ဆိုပါက ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်ကြေး ငါးနှစ်စာအတွက် အမေရိကန်ဒေါ်လာ ၅ဝ နှင့် နှုန်းထားညီသည့် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ယာဉ်မောင်းစစ်ဆေးခအတွက် အမေရိကန်ဒေါ်လာ ၁ဝ နှင့် ညီမျှသည့် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ လက်ဝဲမောင်းယာဉ်မောင်းလိုင်စင်ဖြစ်လျှင် ကူးပြောင်းခြင်းအတွက် စစ်ဆေးခအဖြစ် အမေရိကန်ဒေါ်လာ ၁ဝ နှင့် ညီမျှသည့် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ သူတပါး ထိခိုက်မှု အာမခံကြေးအဖြစ် ကျပ်ငါးရာကို လည်းကောင်း၊ Smart Card အတွက် ကျပ် ၁၂ဝဝ ကိုလည်းကောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

 

တတိယအကြိမ်အဖြစ် တိုက်ကြေကား ၃၃ စီး ထပ်မံသိမ်းဆည်း


ပြည်ပမှ တင်သွင်းလာသော တိုက်ကြေကားများကို အကောက်ခွန်ဦးစီးဌာနမှ စီစစ်သိမ်းဆည်းခဲ့ရာတွင် ဇွန် ၂၅ ရက်က တတိယအကြိမ်အဖြစ် တိုက်ကြေကား ၃၃ စီးကို ထပ်မံသိမ်းဆည်းခဲ့ကြောင်းသိရသည်။ မော်တော်ယာဉ်တင်သွင်းသူများသည် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နောက်ပိုင်းတွင် ပြည်ပမှ ကိုယ်ထည်ထိခိုက်ထားသော မော်တော်ယာဉ်များတင်သွင်းလာခဲ့ပြီး ပြန်လည်ပြုပြင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကားများကို တင်သွင်းလာသည့် ကုမ္ပဏီများကိုလည်း အရေးယူမှုများပြုလုပ်ပြီး ကားများကိုမူ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း၍ အရည်ကျိုစက်ရုံသို့ပို့ကာ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto Mobile

 

 ဒေသ သင်္ကေတပါ ဖောင်းကြွနံပါတ်ပြား အသစ်များကို ယခင်ဈေးနှုန်းအတိုင်း ကျပ်တစ်သောင်းဖြင့် ရောင်းချ


က.ည.န အနေဖြင့် ဖောင်းကြွနံပါတ်ပြားအသစ်များကို ယခင်ဈေးနှုန်းအတိုင်း ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ဇူလိုင် ၃ ရက် မှစတင်ကာ မြန်မာအက္ခရာ နံပါတ်များကို အင်္ဂလိပ်အက္ခရာများဖြင့် ပြောင်းလဲအစားထိုးခဲ့ပြီး နံပါတ်ပြားများပေါ်တွင်လည်း ဒေသဆိုင်ရာ သင်္ကေတ အတိုကောက်များကို ရိုက်နှိပ်ပေးခဲ့သည်။ ထိုသို့ ပြောင်းလဲထုတ်ပေးခဲ့သော်လည်း ဈေးနှုန်းပြောင်းလဲသွားခြင်းမရှိဘဲ ယခင်အတိုင်း ကျပ်တစ်သောင်းနှုန်းဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

Ref: Auto Mobile

 

  သီရိမင်္ဂလာကားဈေးကွက် အရင်ထက် အရောင်းသွက်လာဟုဆို


ယခုတစ်ပတ်အတွင်းတွင် သီရိမင်္ဂလာဈေးဟောင်းယာဉ်ရောင်းဝယ်ရေးစခန်းမှာ အရင်ထက်စာရင် နည်းနည်းလေး အရောင်းသွက်လာတယ်လို့ ကားဝယ်ရောင်းအချို့က ပြောကြားသည်။ ဒေါ်လာဈေးတက်ခြင်းကြောင့် Custom နှင့် က.ည.န မှ အခွန်များတိုးမြင့်ကောက်ခံခြင်းကြောင့် ကားဈေးသည်လည်း (၃)သိန်းမှ(၄)သိန်းအထိ မြင့်တက်သွားကြောင်း သိရှိရသည်။

Ref: Auto World

 

ယာဉ်ကြောပိတ်ဆို့မှုလျော့စေရန် မီးပွိုင့်များ၏ အချိန်ထားရှိမှု စီစစ်မည်


ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွားနေသောကြောင့် အဆိုပါယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်အတွက် JICA အဖွဲ့နှင့် စည်ပင်မှတာဝန်ရှိသူများ မီးပွိုင့်များ၏ အချိန်ထားရှိမှုအချက်ပြစနစ်ကို ပြန်လည်စီစစ်နေကြောင်း သိရှိရသည်။ အဆိုပါမီးပွိုင့် အချက်ပြစနစ်ကို ချိန်သားကိုက် တပြေးညီထိန်းချုပ်ဆောင်ရွက်နိုင်ပါက ယာဉ်ကြောပိတ်ဆို့မှုကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မှာဖြစ်ကြောင်းသိရှိရသည်။ ထို့ပြင် မီးပွိုင့်တစ်ခု၏ အချက်ပြစနစ်ကို လိုက်နာဆောင်ရွက်ရန်နှင့် စည်းကမ်းရှိဖို့လည်းလိုအပ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

Ref: Auto World

 

ဂျီအမ်ချက်ပလက်ကားများ  မြန်မာပြည်တွင် ရောင်းချတော့မည်


အမေရိကန်နိုင်ငံ၏ အကြီးဆုံးကားကုမ္ပဏီတစ်ခုဖြစ်သော ဂျီအမ် ကုမ္ပဏီက ၎င်းတို့၏ ချက်ပလက်ကားသစ်များကို မြန်မာပြည်တွင်းသို့ လာရောက်ရောင်းချတော့မည်ဖြစ်ကြောင်း သိရှိရသည်။ တစ်ပတ်ရစ်ကားများသာဝင်ရောက်မှုများပြားသော မြန်မာ့ကားဈေးကွက်သို့ ဂျီအမ်ကုမ္ပဏီမှ ချက်ပလက်ကားအသစ်များ ဝင်ရောက်လာမည်ဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် ယင်းကုမ္ပဏီသည် Manufacture Warrenty နှင့် Auto Sale Service ဝန်ဆောင်မှုများ ပေးသွားနိုင်ရန် မြန်မာနိုင်ငံရှိ Paciffic-AA Group ကို မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Ref: Auto World

 

လုပ်ငန်းသုံးကားများ အရောင်းအဝယ်အေးဟုဆို


လုပ်ငန်းသုံးကားများ ရောင်းချသော Showroom များတွင် အိမ်စီးကားများသာမဟုတ်ပဲ လုပ်ငန်းသုံးကားများပါ အရောင်းအဝယ်အေးနေကြောင်းသိရှိရသည်။ ဒေါ်လာဈေးမြင့်တက်သောကြောင့် ကားဈေးတက်လာပြီး ဝယ်ယူသူများမှ စောင့်ဆိုင်းနေသည့် အနေအထားတွင်ရှိကြောင်း သိရှိရသည်။ (၁ဝ)ဘီး၊ (၁၂)ဘီး၊ (၂၂)ဘီး စသော လုပ်ငန်းသုံးကုန်ကားကြီးများမှာ Ammount များသဖြင့် ဒေါ်လာဈေးတက်သောကြောင့် အိမ်စီးကားများထက် ဈေးပိုတက်လာကြောင်းသိရှိရသည်။ ကိုရီးယား Light Truck တစ်တန်ကားများမှာလည်း တစ်စီးလျှင် (၅)သိန်းဝန်းကျင်ခန့်တက်လာပြီး အရောင်းအဝယ်အေးလျက်ရှိသော်လည်း ဂျပန် နှင့် ကိုရီးယား Mini  Bus များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ရှိကာ School Bus အသုံးပြုရန်အတွက် ဝယ်ယူများကြောင်းသိရှိရသည်။

Ref: Auto World

 

ချက်ပလက်အရောင်းပြခန်း မန္တလေးတွင် ထပ်ဖွင့်မည်


အမေရိကန်ပြည်ထောင်စု General Motors က ထုတ်လုပ်သည့် Chevrolet မော်တော်ယာဉ်အရောင်းပြခန်းကို ရန်ကုန်မြို့အပြင် မန္တလေးမြို့တွင်ပါဖွင့်လှစ်ရန် အဆောက်အအုံဆောက်လုပ်နေပြီဖြစ်ကြောင်း Chevrolet မော်တော်ယာဉ်များကို တစ်ဦးတည်းဖြန်ဖြူးရောင်းချခွင့်ရသည့် Pacific Alphine Pte,Ltd. ဥက္ကဌ ဦးဇော်မိုးခိုင်မှ ပြောကြားသည်။ ထိုသို့ဖွင့်လှစ်ရောင်းချရန်အတွက် စီးပွားကူးသန်းဝန်ကြီးဌာနမှ ခွင့်ပြုချက်စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။

Ref: The Voice Daily

 

 

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »