တစ္ပါတ္အတြင္း ကားေလာကသတင္း

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့:


  • ရင္ကြဲတံခါး Open Cab ယာဥ္မ်ားကို OSS မွတန္ဖိုးသတ္မွတ္ၿပီးမွသာ အေကာက္ခြန္ဦးစီးဌာနမွ ထုတ္ေပးမည္

  • ရန္ကုန္-မႏၱေလး ကြန္ကရစ္အျမန္လမ္းႏွင့္ အထူးသင့္ေတာ္ေသာ ဝင္ရုိးသံုးေခ်ာင္းပါ Higer Bus ကားမ်ားေရာက္ရွိေျပးဆြဲ

  • အေဝးေျပးဆိုက္ေရာက္စခန္း ၾသဂုတ္ပထမပတ္တြင္ ၿပီးစီးမည္

  • ေမာ္ေတာ္ယာဥ္မွတ္ပံုတင္ခြန္ ေပးသြင္းႏုိင္သည့္ ဘဏ္ခြဲသံုးခုထပ္တိုး

  • သ' အပ္ႏွံခြင့္ျပဳ၍ အအကၡရာကားေဟာင္းမ်ားေဈးတက္

  • Taxi Rental ဝန္ေဆာင္မႈ ျမန္မာျပည္တြင္ က်ယ္ျပန္႔စြာအသံုးျပဳႏုိင္ေတာ့မည္

  • ဆိပ္ကမ္းသို႔ေရာက္ရွိလာေသာ ကုန္ပစၥည္းမ်ားအားလံုး ႀကိဳတင္အျမတ္ခြန္(၂)ရာခိုင္ႏႈန္းတိုးေကာက္

  • တကၠစီမ်ားကို CNG ထပ္မေပးေတာ့ဟုဆို

  • ကားေဈး(၁၀)သိန္းထိျမင့္တက္မည္

  • ရန္ကုန္တြင္ တရားမဝင္ ကားေဈးကြက္ေလးမ်ား ေပၚထြက္လာ


 

news_this_week

ရင္ကြဲတံခါး Open Cab ယာဥ္မ်ားကို OSS မွ တန္ဖိုးသတ္မွတ္ၿပီးမွသာ အေကာက္ခြန္ဦးစီးဌာနမွ ထုတ္ေပးမည္


အေကာက္ခြန္ဦးစီးဌာနမွ ရင္ကြဲတံခါး Open Cab ယာဥ္မ်ားကို OSS မွ တန္ဖိုးသတ္မွတ္ၿပီးမွသာ ထုတ္ေပးမည္ျဖစ္ေၾကာင္းသိရွိရသည္။OSS မွ တန္ဖိုးမသတ္မွတ္ရေသးေသာ ရင္ကြဲတံခါးOpen Cab ယာဥ္မ်ားကို အေကာက္ခြန္ဦးစီးဌာနအေနျဖင့္ ယခင္က လုပ္ငန္းသံုးယာဥ္မ်ားအတိုင္း အခြန္ေကာက္ခံၿပီး ထုတ္ေပးခဲ့သည္။ သို႔ေသာ္ လြန္ခဲ့သည့္ႏွစ္ပတ္မွစ၍ ထိုကားမ်ားကိုစီစစ္ၿပီး တရားဝင္တန္ဖိုးထုတ္ျပန္ေပးရန္ OSS ထံ အေၾကာင္းၾကားထားေၾကာင္း သိရွိရသည္။

Ref: Auto mobile weekly journal

 

ရန္ကုန္-မႏၱေလး ကြန္ကရစ္အျမန္လမ္းႏွင့္ အထူးသင့္ေတာ္ေသာ ဝင္ရုိးသံုးေခ်ာင္းပါ Higer Bus ကားမ်ား ေရာက္ရွိေျပးဆြဲ


ရန္ကုန္-မႏၱေလး ကြန္ကရစ္အျမန္လမ္းႏွင့္ အထူးသင့္ေတာ္ေသာ ဝင္ရုိးသံုးေခ်ာင္းပါ Express ကားမ်ား ေရာက္ရွိေျပးဆြဲေနၿပီျဖစ္ေၾကာင္း Higer bus ကုမၸဏီမွ မန္ေနဂ်င္းဒါရုိက္တာ ဦးဝင္းမ်ိဳးခ်စ္က ေျပာသည္။ ယာဥ္အႏၱရာယ္ ကင္းရွင္းလုံျခံဳေစရန္အတြက္ အျမင့္မားဆံုးနည္းပညာျဖင့္ တည္ေဆာက္ထားေသာ ဝင္ရုိးသံုးေခ်ာင္းပါရွိသည့္ 3 Axles Higer Bus မ်ားစတင္တင္သြင္းခဲ့ၿပီး လက္ရွိအခ်ိန္တြင္ JJ Express၊ ရာဇာထြန္း၊ ရာဇာမင္း၊ ေငြႏွင္းမႏၱလာ၊ တက္လမ္း စေသာ အေဝးေျပးယာဥ္လိုင္းမ်ားမွ ၾကိဳတင္မွာယူကာ ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

Ref: Auto mobile weekly journal

 

အေဝးေျပးဆိုက္ေရာက္စခန္း ၾသဂုတ္ပထမပတ္တြင္ ၿပီးစီးမည္


ယာဥ္လိုင္းေပါင္း(၂၀၀)ေက်ာ္ဝင္ထြက္သြားလာေနသည့္ ေအာင္မဂၤလာအေဝးေျပးယာဥ္ရပ္နားစခန္းအတြင္း တည္ေဆာက္ေနေသာ ခရီးသည္ဆိုက္ေရာက္ရပ္နားစခန္းကို ၾသဂုတ္(၇)ေန႔တြင္ အၿပီးေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ျမင့္ႏွင့္ပိုင္ကုမၸဏီမွ အေထြေထြမန္ေနဂ်ာဦးလွေထြးမွ ေျပာၾကားသည္။ ယင္းဆိုက္ေရာက္အေဝးေျပးစခန္းတြင္ ေမာ္ေတာ္ယာဥ္အစီး(၃၀)ခန္႔ တျပိဳင္နက္တည္း ဝင္ထြက္သြားလာႏုိင္မည္ျဖစ္ၿပီး လက္ရွိေဆာက္လုပ္ေရးလုပ္ငန္း(၇၀)ရာခိုင္ႏႈန္းခန္႔ ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

Ref: The Voice Daily

 

ေမာ္ေတာ္ယာဥ္မွတ္ပံုတင္ခြန္ ေပးသြင္းႏုိင္သည့္ ဘဏ္ခြဲသံုးခုထပ္တိုး


က.ည.န တြင္ ကနဦးယာဥ္မွတ္ပုံတင္ျခင္းအတြက္ အခြန္မ်ားေပးသြင္းရာတြင္ ျမန္မာ့စီးပြားေရးဘဏ္ခြဲ(သဃၤန္းကြ်န္း)၌သာ ေပးသြင္းခြင့္ျပဳခဲ့ရာမွ ဇြန္လ(၂၄)ေန႔မွစ၍ အခြန္ေပးသြင္းရန္ ျမန္မာ့စီးပြားေရးဘဏ္ခြဲသံုးခုကို ထပ္မံတိုးထားေၾကာင္း အဆိုပါဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးမွ ေျပာၾကားသည္။ သဃၤန္းကြ်န္းဘဏ္ခြဲတစ္ခုတည္းျဖင့္ မလုံေလာက္ေသာေၾကာင့္ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားျဖစ္ေသာ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ႏွင့္ ဘဏ္ခြဲ(၅)တို႔ ထပ္မံတိုးခ်ဲ႕ျခင္းျဖစ္ေၾကာင္း ၎ကရွင္းျပသည္။

Ref: The Voice Daily

 

“သ”အပ္ႏွံခြင့္ျပဳ၍ “အ” အကၡရာကားေဟာင္းမ်ားေဈးတက္


“သ”အကၡရာေမာ္ေတာ္ယာဥ္ေဟာင္းမ်ားကို ဇြန္လ(၂၅)ရက္ေန႔တြင္ စတင္အပ္ႏွံခြင့္ျပဳမည္ျဖစ္ေသာေၾကာင့္ “အ”အကၡရာ ေမာ္ေတာ္ယာဥ္ေဟာင္းတစ္စီးလွ်င္ က်ပ္သံုးသိန္းခန္႔ေဈးျမင့္တက္လာေၾကာင္း ယာဥ္ဝယ္ေရာင္းေဈးကြက္အတြင္းမွ သိရွိရသည္။ “အ”ယာဥ္ေဟာင္းမ်ားမွာ “သ”ယာဥ္ေဟာင္းမ်ားအပ္ႏွံၿပီးပါက အပ္ႏွံခြင့္ျပဳမည္ျဖစ္၍ ယခုကဲ့သို႔ေဈးျမင့္တက္လာျခင္းျဖစ္ၿပီး အပ္ႏွံခြင့္ျပဳသည့္ အကၡရာတစ္ခုေျပာင္းသည့္အခ်ိန္တိုင္း ေနာက္လာမည့္ကားေဟာင္းမ်ား ေဈးျမင့္တက္ေလ့ရွိေၾကာင္း သိရွိရသည္။

Ref: The Voice Daily

 

 

Taxi Rental ဝန္ေဆာင္မႈ ျမန္မာျပည္တြင္ က်ယ္ျပန္႔စြာအသံုးျပဳႏုိင္ေတာ့မည္


ျမန္မာျပည္တြင္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားစြာရွိရာ Taxi မ်ားကိုစီးလုံးဌား၍ အဌားကားေမာင္းႏွင္ႏုိင္ေသာ Taxi Rental ဝန္ေဆာင္မႈမွာ ယခုအခ်ိန္တြင္လူႀကိဳက္မ်ားၿပီး ႏုိင္ငံတကာအဆင့္မီစြာ ျပဳလုပ္ႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သိရွိရသည္။ အထက္ပါလုပ္ငန္းဝန္ေဆာင္မႈေပးရာတြင္ ကားတစ္စီးကို ဘဏ္ႏွင့္ခ်ိတ္ဆက္၍ Hire Purchase ေရာင္းခ်သလိုမ်ိဳး၊ ကားကိုႀကိဳပြိဳင့္အျဖစ္ေရာင္းခ်သလိုမ်ိဳး မရုိးရွင္းေၾကာင္းႏွင့္ Taxi ကိုေမာင္းႏွင္ရန္ခ်ေပးလိုက္ရာတြင္ အဌားကားေမာင္းသူသည္ အဆိုပါကားအားေမာင္းႏွင္ရန္ စေပၚေငြရွိရမည္။ ကားအတြက္ေန႔စဥ္ Owner ေၾကးလည္းေပးရမွာျဖစ္ေသာေၾကာင့္ အကယ္၍ Taxi Rental လုပ္မည္ဆိုပါက ေသခ်ာစြာစီစစ္ၿပီးမွ လုပ္သင့္ေၾကာင္း သိရွိရသည္။

Ref: Auto World

 

ဆိပ္ကမ္းသို႔ေရာက္ရွိလာေသာ ကုန္ပစၥည္းမ်ားအားလံုး ႀကိဳတင္အျမတ္ခြန္(၂)ရာခိုင္ႏႈန္းတိုးေကာက္


ဆိပ္ကမ္းသို႔ေရာက္ရွိလာသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ကုန္ပစၥည္းမ်ားကို ျပည္တြင္းအျမတ္ခြန္ႏွင့္ ကုန္သြယ္ခြန္မ်ားအတြက္ ဇြန္လ(၁၄)ရက္ေန႔မွစတင္ကာ ႀကိဳတင္အျမတ္ခြန္အျဖစ္(၂)ရာခိုင္ႏႈန္းတိုး၍ ေကာက္ခံေနေၾကာင္းသိရွိရသည္။ ယခင္က ကုမၸဏီမ်ားအေနျဖင့္(၁၀)ရာခိုင္ႏႈန္း အခြန္ေပးသြင္းထားရၿပီး လခ်ဳပ္/ႏွစ္ခ်ဳပ္စသည္ျဖင့္ ရွင္းလင္းရေၾကာင္း သိရွိရသည္။ ယခုကဲ့သို႔ ႀကိဳတင္အခြန္ေကာက္ခံျခင္းေၾကာင့္ အခြန္တိမ္းေရွာင္မႈအား ကာကြယ္ရာေရာက္ေၾကာင္း ကားလုပ္ငန္းရွင္တစ္ဦးမွ ေျပာၾကားသည္။

Ref: Auto World

 

တကၠစီမ်ားကို CNG ထပ္မေပးေတာ့ဟုဆို


သဘာဝဓါတ္ေငြ႕တူးေဖာ္ေရးစီမံကိန္းမ်ားမွ ရရွိလာမည့္ ေမာ္ေတာ္ယာဥ္သံုးသဘာဝဓါတ္ေငြ႕(CNG)ကို လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးမ်ားတြင္သာ ဦးစားေပးအသံုးျပဳမည္ျဖစ္သည့္အတြက္ ယခင္ CNG တကၠစီမ်ားမွလြဲ၍ CNG အိုးအသစ္မ်ား ထပ္မံခ်ေပးမည္မဟုတ္ေတာ့ေၾကာင္း ျမန္မာ့ေရနံမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။ ယခင္က CNG တပ္ဆင္ထားၿပီး ယာဥ္အိုယာဥ္ေဟာင္းအပ္ႏွံမႈစနစ္ျဖင့္ အသစ္တင္သြင္းလာသည့္ တကၠစီမ်ားကိုမူ CNG ျပန္လည္တပ္ဆင္ခြင့္ျပဳသြားမည္မဟုတ္ေၾကာင္း ၎ကေျပာဆိုသည္။

Ref: The Voice Daily

 

ကားေဈး(၁၀)သိန္းထိျမင့္တက္မည္


ရန္ကုန္ကားေဈးကြက္မွာ လာမည့္လမ်ားတြင္ က်ပ္(၁၀)သိန္းခန္႔အထိ ျမင့္တက္မည္ဟု ကားဝယ္ေရာင္းမ်ားမွ ခန္႔မွန္းၾကေၾကာင္း သိရွိရသည္။ ဇြန္လလယ္ထိ ကားသေဘၤာေလးစီးခန္႔ ဆိုက္ကပ္ခဲ့ၿပီး ဇြန္လ(၁၄)ႏွင့္(၂၀)ရက္မ်ားတြင္လည္း ထပ္မံ၍ သေဘာၤႏွစ္စီးဆိုက္ကပ္ဦးမည္ဟု သိရသည္။ ယခုလေႏွာင္းပိုင္းဆိုက္ကပ္မည့္ ကားသေဘၤာမ်ားတြင္ ပါလာေသာကားမ်ားသည္ အနည္းဆံုးက်ပ္(၁၀)သိန္းခန္႔ ျမင့္တက္မည္ဟု သိရသည္။

Ref: 7 DAY SHOPPING GUIDE

 

ရန္ကုန္တြင္ တရားမဝင္ ကားေဈးကြက္ေလးမ်ား ေပၚထြက္လာ


ရန္ကုန္ၿမိဳ႕တြင္ တပိုင္တႏုိင္ေရာင္းဝယ္လ်က္ရွိေသာ ကားပြဲစားတန္းကို ဟံသာဝတီမွေျပာင္းေရႊ႕ရၿပီးေနာက္ပိုင္းတြင္ တရားမဝင္ကားေဈးကြက္မ်ားသည္ ၿမိဳ႕ေနရာအႏွံ႔သို႔ က်ယ္ျပန္႔သြားေၾကာင္း ဝါရင့္ဝယ္ေရာင္းမ်ားက ေျပာသည္။ လက္ရွိရန္ကုန္တြင္ ကားအေဟာင္းေရာင္းဝယ္သည့္ေနရာမ်ားမွာ ဟံသာဝတီအခြန္လြတ္ေဈးဝန္းက်င္၊ က်ိဳကၠစံဘုရားဝန္းက်င္၊ ဆရာဝန္အသင္းတိုက္ဝန္းက်င္၊ တာေမြသတိပဌာန္ႏွင့္ ေျမာက္ဥကၠလာအဝုိင္းဝန္းက်င္တြင္ လမ္းေပၚမွာပင္ ကားဝယ္ေရာင္းမ်ား ျပဳလုပ္ေနၾကေၾကာင္း သိရသည္။

Ref: 7 DAY SHOPPING GUIDE



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:


  • ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှတန်ဖိုးသတ်မှတ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးမည်

  • ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းနှင့် အထူးသင့်တော်သော ဝင်ရိုးသုံးချောင်းပါ Higer Bus ကားများရောက်ရှိပြေးဆွဲ

  • အဝေးပြေးဆိုက်ရောက်စခန်း သြဂုတ်ပထမပတ်တွင် ပြီးစီးမည်

  • မော်တော်ယာဉ်မှတ်ပုံတင်ခွန် ပေးသွင်းနိုင်သည့် ဘဏ်ခွဲသုံးခုထပ်တိုး

  • သ' အပ်နှံခွင့်ပြု၍ အအက္ခရာကားဟောင်းများဈေးတက်

  • Taxi Rental ဝန်ဆောင်မှု မြန်မာပြည်တွင် ကျယ်ပြန့်စွာအသုံးပြုနိုင်တော့မည်

  • ဆိပ်ကမ်းသို့ရောက်ရှိလာသော ကုန်ပစ္စည်းများအားလုံး ကြိုတင်အမြတ်ခွန်(၂)ရာခိုင်နှုန်းတိုးကောက်

  • တက္ကစီများကို CNG ထပ်မပေးတော့ဟုဆို

  • ကားဈေး(၁ဝ)သိန်းထိမြင့်တက်မည်

  • ရန်ကုန်တွင် တရားမဝင် ကားဈေးကွက်လေးများ ပေါ်ထွက်လာ


 

news_this_week

ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှ တန်ဖိုးသတ်မှတ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးမည်


အကောက်ခွန်ဦးစီးဌာနမှ ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှ တန်ဖိုးသတ်မှတ်ပြီးမှသာ ထုတ်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။OSS မှ တန်ဖိုးမသတ်မှတ်ရသေးသော ရင်ကွဲတံခါးOpen Cab ယာဉ်များကို အကောက်ခွန်ဦးစီးဌာနအနေဖြင့် ယခင်က လုပ်ငန်းသုံးယာဉ်များအတိုင်း အခွန်ကောက်ခံပြီး ထုတ်ပေးခဲ့သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပတ်မှစ၍ ထိုကားများကိုစီစစ်ပြီး တရားဝင်တန်ဖိုးထုတ်ပြန်ပေးရန် OSS ထံ အကြောင်းကြားထားကြောင်း သိရှိရသည်။

Ref: Auto mobile weekly journal

 

ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းနှင့် အထူးသင့်တော်သော ဝင်ရိုးသုံးချောင်းပါ Higer Bus ကားများ ရောက်ရှိပြေးဆွဲ


ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းနှင့် အထူးသင့်တော်သော ဝင်ရိုးသုံးချောင်းပါ Express ကားများ ရောက်ရှိပြေးဆွဲနေပြီဖြစ်ကြောင်း Higer bus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးချစ်က ပြောသည်။ ယာဉ်အန္တရာယ် ကင်းရှင်းလုံခြုံစေရန်အတွက် အမြင့်မားဆုံးနည်းပညာဖြင့် တည်ဆောက်ထားသော ဝင်ရိုးသုံးချောင်းပါရှိသည့် 3 Axles Higer Bus များစတင်တင်သွင်းခဲ့ပြီး လက်ရှိအချိန်တွင် JJ Express၊ ရာဇာထွန်း၊ ရာဇာမင်း၊ ငွေနှင်းမန္တလာ၊ တက်လမ်း စသော အဝေးပြေးယာဉ်လိုင်းများမှ ကြိုတင်မှာယူကာ ပြေးဆွဲနေပြီဖြစ်ကြောင်း သိရှိရသည်။

Ref: Auto mobile weekly journal

 

အဝေးပြေးဆိုက်ရောက်စခန်း သြဂုတ်ပထမပတ်တွင် ပြီးစီးမည်


ယာဉ်လိုင်းပေါင်း(၂ဝဝ)ကျော်ဝင်ထွက်သွားလာနေသည့် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း တည်ဆောက်နေသော ခရီးသည်ဆိုက်ရောက်ရပ်နားစခန်းကို သြဂုတ်(၇)နေ့တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြင့်နှင့်ပိုင်ကုမ္ပဏီမှ အထွေထွေမန်နေဂျာဦးလှထွေးမှ ပြောကြားသည်။ ယင်းဆိုက်ရောက်အဝေးပြေးစခန်းတွင် မော်တော်ယာဉ်အစီး(၃ဝ)ခန့် တပြိုင်နက်တည်း ဝင်ထွက်သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဆောက်လုပ်ရေးလုပ်ငန်း(၇ဝ)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

 

မော်တော်ယာဉ်မှတ်ပုံတင်ခွန် ပေးသွင်းနိုင်သည့် ဘဏ်ခွဲသုံးခုထပ်တိုး


က.ည.န တွင် ကနဦးယာဉ်မှတ်ပုံတင်ခြင်းအတွက် အခွန်များပေးသွင်းရာတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ(သင်္ဃန်းကျွန်း)၌သာ ပေးသွင်းခွင့်ပြုခဲ့ရာမှ ဇွန်လ(၂၄)နေ့မှစ၍ အခွန်ပေးသွင်းရန် မြန်မာ့စီးပွားရေးဘဏ်ခွဲသုံးခုကို ထပ်မံတိုးထားကြောင်း အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ သင်္ဃန်းကျွန်းဘဏ်ခွဲတစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် မြန်မာ့စီးပွားရေးဘဏ်ခွဲများဖြစ်သော ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် ဘဏ်ခွဲ(၅)တို့ ထပ်မံတိုးချဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Ref: The Voice Daily

 

“သ”အပ်နှံခွင့်ပြု၍ “အ” အက္ခရာကားဟောင်းများဈေးတက်


“သ”အက္ခရာမော်တော်ယာဉ်ဟောင်းများကို ဇွန်လ(၂၅)ရက်နေ့တွင် စတင်အပ်နှံခွင့်ပြုမည်ဖြစ်သောကြောင့် “အ”အက္ခရာ မော်တော်ယာဉ်ဟောင်းတစ်စီးလျှင် ကျပ်သုံးသိန်းခန့်ဈေးမြင့်တက်လာကြောင်း ယာဉ်ဝယ်ရောင်းဈေးကွက်အတွင်းမှ သိရှိရသည်။ “အ”ယာဉ်ဟောင်းများမှာ “သ”ယာဉ်ဟောင်းများအပ်နှံပြီးပါက အပ်နှံခွင့်ပြုမည်ဖြစ်၍ ယခုကဲ့သို့ဈေးမြင့်တက်လာခြင်းဖြစ်ပြီး အပ်နှံခွင့်ပြုသည့် အက္ခရာတစ်ခုပြောင်းသည့်အချိန်တိုင်း နောက်လာမည့်ကားဟောင်းများ ဈေးမြင့်တက်လေ့ရှိကြောင်း သိရှိရသည်။

Ref: The Voice Daily

 

 

Taxi Rental ဝန်ဆောင်မှု မြန်မာပြည်တွင် ကျယ်ပြန့်စွာအသုံးပြုနိုင်တော့မည်


မြန်မာပြည်တွင် ဝန်ဆောင်မှုလုပ်ငန်းများစွာရှိရာ Taxi များကိုစီးလုံးဌား၍ အဌားကားမောင်းနှင်နိုင်သော Taxi Rental ဝန်ဆောင်မှုမှာ ယခုအချိန်တွင်လူကြိုက်များပြီး နိုင်ငံတကာအဆင့်မီစွာ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ အထက်ပါလုပ်ငန်းဝန်ဆောင်မှုပေးရာတွင် ကားတစ်စီးကို ဘဏ်နှင့်ချိတ်ဆက်၍ Hire Purchase ရောင်းချသလိုမျိုး၊ ကားကိုကြိုပွိုင့်အဖြစ်ရောင်းချသလိုမျိုး မရိုးရှင်းကြောင်းနှင့် Taxi ကိုမောင်းနှင်ရန်ချပေးလိုက်ရာတွင် အဌားကားမောင်းသူသည် အဆိုပါကားအားမောင်းနှင်ရန် စပေါ်ငွေရှိရမည်။ ကားအတွက်နေ့စဉ် Owner ကြေးလည်းပေးရမှာဖြစ်သောကြောင့် အကယ်၍ Taxi Rental လုပ်မည်ဆိုပါက သေချာစွာစီစစ်ပြီးမှ လုပ်သင့်ကြောင်း သိရှိရသည်။

Ref: Auto World

 

ဆိပ်ကမ်းသို့ရောက်ရှိလာသော ကုန်ပစ္စည်းများအားလုံး ကြိုတင်အမြတ်ခွန်(၂)ရာခိုင်နှုန်းတိုးကောက်


ဆိပ်ကမ်းသို့ရောက်ရှိလာသည့် မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းများကို ပြည်တွင်းအမြတ်ခွန်နှင့် ကုန်သွယ်ခွန်များအတွက် ဇွန်လ(၁၄)ရက်နေ့မှစတင်ကာ ကြိုတင်အမြတ်ခွန်အဖြစ်(၂)ရာခိုင်နှုန်းတိုး၍ ကောက်ခံနေကြောင်းသိရှိရသည်။ ယခင်က ကုမ္ပဏီများအနေဖြင့်(၁ဝ)ရာခိုင်နှုန်း အခွန်ပေးသွင်းထားရပြီး လချုပ်/နှစ်ချုပ်စသည်ဖြင့် ရှင်းလင်းရကြောင်း သိရှိရသည်။ ယခုကဲ့သို့ ကြိုတင်အခွန်ကောက်ခံခြင်းကြောင့် အခွန်တိမ်းရှောင်မှုအား ကာကွယ်ရာရောက်ကြောင်း ကားလုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။

Ref: Auto World

 

တက္ကစီများကို CNG ထပ်မပေးတော့ဟုဆို


သဘာဝဓါတ်ငွေ့တူးဖော်ရေးစီမံကိန်းများမှ ရရှိလာမည့် မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့(CNG)ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးများတွင်သာ ဦးစားပေးအသုံးပြုမည်ဖြစ်သည့်အတွက် ယခင် CNG တက္ကစီများမှလွဲ၍ CNG အိုးအသစ်များ ထပ်မံချပေးမည်မဟုတ်တော့ကြောင်း မြန်မာ့ရေနံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခင်က CNG တပ်ဆင်ထားပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစနစ်ဖြင့် အသစ်တင်သွင်းလာသည့် တက္ကစီများကိုမူ CNG ပြန်လည်တပ်ဆင်ခွင့်ပြုသွားမည်မဟုတ်ကြောင်း ၎င်းကပြောဆိုသည်။

Ref: The Voice Daily

 

ကားဈေး(၁ဝ)သိန်းထိမြင့်တက်မည်


ရန်ကုန်ကားဈေးကွက်မှာ လာမည့်လများတွင် ကျပ်(၁ဝ)သိန်းခန့်အထိ မြင့်တက်မည်ဟု ကားဝယ်ရောင်းများမှ ခန့်မှန်းကြကြောင်း သိရှိရသည်။ ဇွန်လလယ်ထိ ကားသင်္ဘောလေးစီးခန့် ဆိုက်ကပ်ခဲ့ပြီး ဇွန်လ(၁၄)နှင့်(၂ဝ)ရက်များတွင်လည်း ထပ်မံ၍ သဘေင်္ာနှစ်စီးဆိုက်ကပ်ဦးမည်ဟု သိရသည်။ ယခုလနှောင်းပိုင်းဆိုက်ကပ်မည့် ကားသင်္ဘောများတွင် ပါလာသောကားများသည် အနည်းဆုံးကျပ်(၁ဝ)သိန်းခန့် မြင့်တက်မည်ဟု သိရသည်။

Ref: 7 DAY SHOPPING GUIDE

 

ရန်ကုန်တွင် တရားမဝင် ကားဈေးကွက်လေးများ ပေါ်ထွက်လာ


ရန်ကုန်မြို့တွင် တပိုင်တနိုင်ရောင်းဝယ်လျက်ရှိသော ကားပွဲစားတန်းကို ဟံသာဝတီမှပြောင်းရွှေ့ရပြီးနောက်ပိုင်းတွင် တရားမဝင်ကားဈေးကွက်များသည် မြို့နေရာအနှံ့သို့ ကျယ်ပြန့်သွားကြောင်း ဝါရင့်ဝယ်ရောင်းများက ပြောသည်။ လက်ရှိရန်ကုန်တွင် ကားအဟောင်းရောင်းဝယ်သည့်နေရာများမှာ ဟံသာဝတီအခွန်လွတ်ဈေးဝန်းကျင်၊ ကျိုက္ကစံဘုရားဝန်းကျင်၊ ဆရာဝန်အသင်းတိုက်ဝန်းကျင်၊ တာမွေသတိပဌာန်နှင့် မြောက်ဥက္ကလာအဝိုင်းဝန်းကျင်တွင် လမ်းပေါ်မှာပင် ကားဝယ်ရောင်းများ ပြုလုပ်နေကြကြောင်း သိရသည်။

Ref: 7 DAY SHOPPING GUIDE

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »