တစ္ပါတ္အတြင္း ကားေလာကသတင္း

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့:


  • ရာသက္ပန္အဌားယာဥ္ CC အကၡရာ ဇြန္လေနာက္ဆံုးပတ္ စထုတ္ေပးမည္

  • သအကၡရာယာဥ္ေဟာင္းမ်ား ဇူလိုင္လဆန္း အပ္ႏွံခြင့္ျပဳဖြယ္ရွိ

  • စက္မႈဇုန္ကားမ်ား အပ္ႏွံခြင့္ျပဳရန္ အစီအစဥ္မရွိဟုဆို

  • မႏၱေလးတြင္ အစားထိုးယာဥ္အခက္အခဲေၾကာင့္ လအကၡရာယာဥ္မ်ား အပ္ရန္က်န္

  • CNG ေဈးႏႈန္းျမွင့္ပါက တကၠစီေမာင္းသူမ်ား အခက္အခဲေတြ႕ႏုိင္ဟုဆို

  • ၄စနံပါတ္မ်ား(၁၀၀၀)ေက်ာ္ထိေရာက္

  • သအကၡရာအပ္ႏွံမႈ မစတင္ေသးေသာ္လည္း ၾကိဳပြိဳင့္ဝယ္ယူမႈမ်ားရွိေန

  • ဟြန္ဒိုင္းမီနီဘတ္စ္ကားမ်ား ဝယ္လိုအားမ်ားဟုဆို

  • မင္းရဲေက်ာ္စြာႏွင့္ သီရိမဂၤလာကားေဈးကြက္ ထပ္ေျပာင္းေရႊ႕ရဖြယ္ရွိ

  • ရန္ကုန္ေဈးကြက္တြင္ ကားအေသးတင္သြင္းမႈမ်ား


 

news_this_week

ရာသက္ပန္အဌားယာဥ္ CC အကၡရာ ဇြန္လေနာက္ဆံုးပတ္ စထုတ္ေပးမည္

ရာသက္ပန္ အဌားေမာ္ေတာ္ယာဥ္မ်ားကိုသာ ထုတ္ေပးသည့္ CC အကၡရာနံပါတ္မ်ားကုိ ဇြန္လေနာက္ဆံုးပတ္တြင္ စတင္ထုတ္ေပးမည္ျဖစ္ေၾကာင္း က.ည.န မွ လက္ေထာက္ညြန္ၾကားေရးမႈး ဦးသိန္းထြဋ္က ေျပာၾကားသည္။ လက္ရွိတြင္ BB အကၡရာ(၉၃၀၀)ေက်ာ္သို႔ ေရာက္ရွိေနၿပီး ရာသက္ပန္အဌားယာဥ္နံပါတ္ကို တစ္ရက္လွ်င္ ပ်မ္းမွ်အစီး(၇၀)ခန္႔ ျပဳလုပ္ေပးေနေၾကာင္း သိရွိရသည္။

Ref: The Voice Daily

 

“သ”အကၡရာယာဥ္ေဟာင္းမ်ား ဇူလိုင္လဆန္း အပ္ႏွံခြင့္ျပဳဖြယ္ရွိ


ကုန္းလမ္းပို႔ေဆာင္ေရးညြန္ၾကားမႈဦးစီးဌာနမွ ႏွစ္(၂၀)ေက်ာ္သက္တမ္းရွိ “သ”အကၡရာ ေမာ္ေတာ္ယာဥ္ေဟာင္းမ်ား အပ္ႏွံခြင့္ႏွင့္ပတ္သက္၍ ယခုလအတြင္း တင္ျပၿပီးျဖစ္ေသာေၾကာင့္ အဆိုပါယာဥ္မ်ားကို ဇူလိုင္လဆန္းတြင္ အပ္ႏွံခြင့္ျပဳဖြယ္ရွိေၾကာင္း အဆိုပါဦးစီးဌာနမွ အရာရွိတစ္ဦးက ေျပာၾကားသည္။ ဝန္ႀကီးဌာနမွ ခြင့္ျပဳခ်က္ရရွိပါက အပ္ႏွံခြင့္ျပဳမည့္အခ်ိန္ကို တရားဝင္ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း ၎ကေျပာဆိုသည္။

Ref: The Voice Daily

 

စက္မႈဇုန္ကားမ်ား အပ္ႏွံခြင့္ျပဳရန္  အစီအစဥ္မရွိဟုဆို


စက္မႈဇုန္ဂ်စ္ကားမ်ားအပါအဝင္ စက္မႈဇုန္ထုတ္ကားမ်ားကို က.ည.နသို႔ အပ္ႏွံခြင့္ျပဳရန္ ရထားပို႔ေဆာင္ေရးဝန္ႀကီးဌာနႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရးညြန္ၾကားမႈဦးစီးဌာနတို႔တြင္ အစီအစဥ္လုံးဝမရွိေၾကာင္း အဆိုပါဦးစီးဌာနမွ အရာရွိတစ္ဦးက ေျပာၾကားသည္။ စက္မႈဇုန္ထုတ္ဂ်စ္ကား အပါအဝင္ စက္မႈဇုန္ထုတ္ကားမ်ားကို က.ည.န သို႔ အပ္ႏွံခြင့္ျပဳမည္ဟု သတင္းမ်ားထြက္ေပၚေနသျဖင့္ စက္မႈဇုန္ဂ်စ္ကားမ်ား အေရာင္းအဝယ္ျပဳလုပ္လာၾကေၾကာင္း စံုစမ္းသိရွိရေသာ္လည္း အဆိုပါသတင္းမွာမမွန္ကန္ေၾကာင္း က.ည.န မွ ယခုကဲ့သို႔ေျပာဆိုလိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

Ref: The Voice Daily

 

မႏၱေလးတြင္ အစားထိုးယာဥ္အခက္အခဲေၾကာင့္ “လ”အကၡရာယာဥ္မ်ား အပ္ရန္က်န္


မႏၱေလးတိုင္းေဒသႀကီး ကုန္းလမ္းပို႔ေဆာင္ေရးညြန္ၾကားမႈဦးစီးဌာနက ယာဥ္အိုယာဥ္ေဟာင္းအပ္ႏွံေရးစီမံခ်က္အရ “လ”အကၡရာ နံပါတ္ေမာ္ေတာ္ယာဥ္မ်ားကို မတ္(၂၈)ေန႔တြင္ စတင္အပ္ႏွံခြင့္ျပဳခဲ့ရာ အစားထိုးယာဥ္အခက္အခဲေၾကာင့္ အပ္ႏွံရန္ယာဥ္မ်ား က်န္ရွိေနေသးေၾကာင္း အဆိုပါဌာနတာဝန္ရွိသူတစ္ဦးမွေျပာၾကားသည္။ မႏၱေလးတိုင္းေဒသႀကီးအတြင္း “လ”အကၡရာယာဥ္ေပါင္း(၁၆၄၇)စီးရွိရာ အဆိုပါယာဥ္မ်ားအပ္ႏွံၿပီးပါက “သ”အကၡရာမ်ားကို ဆက္လက္အပ္ႏွံခြင့္ျပဳမည္ျဖစ္ေၾကာင္း ယင္းဌာနဦးစီးမႈးထံမွ သိရွိရသည္။

Ref: The Voice Daily

 

CNG ေဈးႏႈန္းျမွင့္ပါက တကၠစီေမာင္းသူမ်ား အခက္အခဲေတြ႕ႏုိင္ဟုဆို


CNG  အသံုးျပဳေမာင္းႏွင္ေသာ Taxi မ်ားအေနျဖင့္ ဒီဇယ္၊ ဓါတ္ဆီေဈးနည္းတူ CNG ေဈးႏႈန္းအား သတ္မွတ္ေရာင္းခ်မည္ဆိုပါက တြက္ေျခမကိုက္၍ အခက္ေတြ႕ႏုိင္ေၾကာင္း CNG ျဖင့္ေမာင္းႏွင္သည့္ Taxi ယာဥ္ေမာင္းတစ္ဦးမွ ေျပာၾကားသည္။ ဇြန္(၁)ရက္ေန႔တြင္ စြမ္းအင္ဝန္ႀကီးဌာနမွ CNG ေဈးႏႈန္းမ်ား ထုတ္ျပန္ေၾကညာထားေသာ္လည္း ယခုအခ်ိန္တြင္ CNG ေမာင္းႏွင္အသံုးျပဳသူမ်ားမွ ေဈးႏႈန္းတိုးျမင့္ဝယ္ယူရျခင္းမရွိေသးေၾကာင္း သိရွိရသည္။

Ref: Auto World

 

“၄စ”နံပါတ္မ်ား(၁၀၀၀)ေက်ာ္အထိေရာက္


ကုန္းလမ္းပို႔ေဆာင္ေရးညြန္ၾကားမႈဦးစီးဌာနမွ ယာဥ္အိုယာဥ္ေဟာင္းမ်ား အပ္ႏွံ၍ ေမာ္ေတာ္ယာဥ္အသစ္မ်ား အစားထိုးၿပီး ယာဥ္လိုင္စင္မ်ားထုတ္ေပးလ်က္ရွိရာ ယခုလဒုတိယအပတ္မွစ၍ “၄စ”နံပါတ္မ်ား ထုတ္ေပးခဲ့ရာ(၁၂၀၀)ခန္႔ရွိၿပီျဖစ္ေၾကာင္း သိရွိရသည္။ က.ည.န မွ ကနဦးမွတ္ပံုတင္မ်ားအား တစ္ေန႔လွ်င္ ပ်မ္းမွ်အစီးေရ(၃၀၀)မွ(၄၀၀)ၾကား ျပဳလုပ္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရွိရသည္။

Ref: Auto World

 

“သ”အကၡရာအပ္ႏွံမႈ မစတင္ေသးေသာ္လည္း ႀကိဳပြိဳင့္ဝယ္ယူမႈမ်ားရွိေန


“သ”အကၡရာအပ္ႏွံမႈမစတင္ေသးေသာ္လည္း ႀကိဳပြိဳင့္အေနျဖင့္ ဝယ္ယူမႈမ်ားရွိေနေၾကာင္း ကားေလလံကုမၸဏီတစ္ခုမွ တာဝန္ရွိသူတစ္ဦးမွ ေျပာသည္။ ထိုကဲ့သို႔ဝယ္ယူမႈေၾကာင့္ ကားေဈးအနည္းငယ္တက္ေနၿပီး သိန္း(၉၀)ႏွင့္(၉၅)သိန္းၾကားတြင္ ေဈးေပါက္ေနေၾကာင္း သိရွိရသည္။ အပ္ႏွံမႈလက္ခံေနေသာ ကားစလစ္ေဈးမွာ သိန္းတစ္ရာေက်ာ္ဝန္းက်င္ရွိေနၿပီး ထိုကဲ့သို႔စလစ္ေဈးမ်ားျမင့္တက္ျခင္းမွာ ယာဥ္ေဟာင္းမ်ားရွားပါးလာျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရွိရသည္။

Ref: Auto World

 

ဟြန္ဒိုင္းမီနီဘတ္စ္ကားမ်ား ဝယ္လိုအားမ်ားဟုဆို

ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနေသာ ဟိုင္းလတ္မ်ား၊ ဒိုင္နာမ်ားေနရာတြင္ အစားထိုးရန္အတြက္ ကိုးရီးယားဟြန္ဒိုင္း၊ Mini Bus မ်ားအား စိတ္ဝင္စားမႈမ်ားျပားေနေၾကာင္း သိရသည္။ မိုးတြင္းသို႔ေရာက္ရွိေသာ္လည္း နယ္ဝယ္အားပိုမ်ားေနၿပီး (၂၅)ေယာက္စီးႏွင့္ (၂၉)ေယာက္စီးမ်ား ဝယ္ယူမႈမ်ားျပားလ်က္ရွိေၾကာင္း သိရွိရသည္။ (၄၅)ေယာက္စီးမ်ားကိုမူ ကိုရီးယားစက္ရုံထုတ္ေဈးႏႈန္းအတိုင္း ေရာင္းခ်ကာ ဝန္ေဆာင္မႈကိုသာယူ၍ေရာင္းခ်ေပးသျဖင့္ Customer မ်ားဘက္မွသက္သာေၾကာင္း ေရႊျမိတ္သားကုမၸဏီမွ ဦးစိုးေဌးမွ ေျပာသည္။ အမ်ားအားျဖင့္ ကိုးရီးယားဟြန္ဒိုင္း Bus ကားမ်ားအား အေဝးေျပးယာဥ္လိုင္းမ်ားတြင္ အသံုးျပဳမႈမ်ားျပားၿပီး အေျခခံေဈးႏႈန္းေဒၚလာ(၁၁၅၀၀၀) ဝန္းက်င္တြင္ရွိေၾကာင္း သိရွိရသည္။

Ref: Auto World

 

မင္းရဲေက်ာ္စြာႏွင့္ သီရိမဂၤလာကားေဈးကြက္ ထပ္ေျပာင္းေရႊ႕ရဖြယ္ရွိ


ရန္ကုန္ျမိဳ႕ ကားဝယ္ေရာင္းေဈးကြက္ျဖစ္ေသာ မင္းရဲေက်ာ္စြာကားဝင္းကို မဂၤလာဒုံဘက္သို႔ေျပာင္းေရႊ႕ရမည္ဟု သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။ မင္းရဲေက်ာ္စြာကားဝင္းသို႔ ယခုႏွစ္ မတ္လ(၃)ရက္ေန႔တြင္ စတင္ေျပာင္းေရႊ႕ခဲ့ရၿပီး ေလးလၾကာျမင့္သည့္အခါ ယခုကဲ့သို႔ထပ္မံေျပာင္းေရႊ႕ရမည္ဆိုေသာသတင္းမ်ား ထပ္မံထြက္ေပၚလာျခင္းျဖစ္ေၾကာင္း သိရွိရသည္။ ယခုကဲ့သို႔ မင္းရဲေက်ာ္စြာကားဝယ္ေရာင္းေနရာေျပာင္းေရႊ႕လွ်င္ သီရိမဂၤလာေဈးေနရာပါ တစ္ပါတည္းေျပာင္းေရႊ႕ရမည္ဟု ထင္ေၾကးေပးေနၾကေၾကာင္း သတင္းရရွိသည္။

Ref:  7DAY SHOPPING GUIDE

 

ရန္ကုန္ေဈးကြက္တြင္ ကားအေသးတင္သြင္းမႈမ်ား


ရန္ကုန္ကားေဈးကြက္တြင္ အေသးစားကားအသစ္ေလးမ်ား ဝင္ေရာက္မႈမ်ားလာေၾကာင္း သိရွိရသည္။ ကားအေသးေလးမ်ားကို ၿမိဳ႕တြင္းအဌားယာဥ္ျပဳလုပ္ရန္ ဝယ္ယူၾကေၾကာင္း၊ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေရွာင္ရွားႏုိင္ေသာ ကားငယ္မ်ားျဖစ္ေၾကာင္း၊ TaTa ၊ Toyota Passo ၊ Nissan Tube စသည့္ အမ်ိဳးအစားမ်ားျဖစ္ေၾကာင္း သိရွိရသည္။

Ref:  7DAY SHOPPING GUIDE

 



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:


  • ရာသက်ပန်အဌားယာဉ် CC အက္ခရာ ဇွန်လနောက်ဆုံးပတ် စထုတ်ပေးမည်

  • သအက္ခရာယာဉ်ဟောင်းများ ဇူလိုင်လဆန်း အပ်နှံခွင့်ပြုဖွယ်ရှိ

  • စက်မှုဇုန်ကားများ အပ်နှံခွင့်ပြုရန် အစီအစဉ်မရှိဟုဆို

  • မန္တလေးတွင် အစားထိုးယာဉ်အခက်အခဲကြောင့် လအက္ခရာယာဉ်များ အပ်ရန်ကျန်

  • CNG ဈေးနှုန်းမြှင့်ပါက တက္ကစီမောင်းသူများ အခက်အခဲတွေ့နိုင်ဟုဆို

  • ၄စနံပါတ်များ(၁ဝဝဝ)ကျော်ထိရောက်

  • သအက္ခရာအပ်နှံမှု မစတင်သေးသော်လည်း ကြိုပွိုင့်ဝယ်ယူမှုများရှိနေ

  • ဟွန်ဒိုင်းမီနီဘတ်စ်ကားများ ဝယ်လိုအားများဟုဆို

  • မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာကားဈေးကွက် ထပ်ပြောင်းရွှေ့ရဖွယ်ရှိ

  • ရန်ကုန်ဈေးကွက်တွင် ကားအသေးတင်သွင်းမှုများ


 

news_this_week

ရာသက်ပန်အဌားယာဉ် CC အက္ခရာ ဇွန်လနောက်ဆုံးပတ် စထုတ်ပေးမည်

ရာသက်ပန် အဌားမော်တော်ယာဉ်များကိုသာ ထုတ်ပေးသည့် CC အက္ခရာနံပါတ်များကို ဇွန်လနောက်ဆုံးပတ်တွင် စတင်ထုတ်ပေးမည်ဖြစ်ကြောင်း က.ည.န မှ လက်ထောက်ညွန်ကြားရေးမှုး ဦးသိန်းထွဋ်က ပြောကြားသည်။ လက်ရှိတွင် BB အက္ခရာ(၉၃ဝဝ)ကျော်သို့ ရောက်ရှိနေပြီး ရာသက်ပန်အဌားယာဉ်နံပါတ်ကို တစ်ရက်လျှင် ပျမ်းမျှအစီး(၇ဝ)ခန့် ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

Ref: The Voice Daily

 

“သ”အက္ခရာယာဉ်ဟောင်းများ ဇူလိုင်လဆန်း အပ်နှံခွင့်ပြုဖွယ်ရှိ


ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ နှစ်(၂ဝ)ကျော်သက်တမ်းရှိ “သ”အက္ခရာ မော်တော်ယာဉ်ဟောင်းများ အပ်နှံခွင့်နှင့်ပတ်သက်၍ ယခုလအတွင်း တင်ပြပြီးဖြစ်သောကြောင့် အဆိုပါယာဉ်များကို ဇူလိုင်လဆန်းတွင် အပ်နှံခွင့်ပြုဖွယ်ရှိကြောင်း အဆိုပါဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ ဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိပါက အပ်နှံခွင့်ပြုမည့်အချိန်ကို တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

Ref: The Voice Daily

 

စက်မှုဇုန်ကားများ အပ်နှံခွင့်ပြုရန်  အစီအစဉ်မရှိဟုဆို


စက်မှုဇုန်ဂျစ်ကားများအပါအဝင် စက်မှုဇုန်ထုတ်ကားများကို က.ည.နသို့ အပ်နှံခွင့်ပြုရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတို့တွင် အစီအစဉ်လုံးဝမရှိကြောင်း အဆိုပါဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ စက်မှုဇုန်ထုတ်ဂျစ်ကား အပါအဝင် စက်မှုဇုန်ထုတ်ကားများကို က.ည.န သို့ အပ်နှံခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် စက်မှုဇုန်ဂျစ်ကားများ အရောင်းအဝယ်ပြုလုပ်လာကြကြောင်း စုံစမ်းသိရှိရသော်လည်း အဆိုပါသတင်းမှာမမှန်ကန်ကြောင်း က.ည.န မှ ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

 

မန္တလေးတွင် အစားထိုးယာဉ်အခက်အခဲကြောင့် “လ”အက္ခရာယာဉ်များ အပ်ရန်ကျန်


မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေးစီမံချက်အရ “လ”အက္ခရာ နံပါတ်မော်တော်ယာဉ်များကို မတ်(၂၈)နေ့တွင် စတင်အပ်နှံခွင့်ပြုခဲ့ရာ အစားထိုးယာဉ်အခက်အခဲကြောင့် အပ်နှံရန်ယာဉ်များ ကျန်ရှိနေသေးကြောင်း အဆိုပါဌာနတာဝန်ရှိသူတစ်ဦးမှပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း “လ”အက္ခရာယာဉ်ပေါင်း(၁၆၄၇)စီးရှိရာ အဆိုပါယာဉ်များအပ်နှံပြီးပါက “သ”အက္ခရာများကို ဆက်လက်အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ယင်းဌာနဦးစီးမှုးထံမှ သိရှိရသည်။

Ref: The Voice Daily

 

CNG ဈေးနှုန်းမြှင့်ပါက တက္ကစီမောင်းသူများ အခက်အခဲတွေ့နိုင်ဟုဆို


CNG  အသုံးပြုမောင်းနှင်သော Taxi များအနေဖြင့် ဒီဇယ်၊ ဓါတ်ဆီဈေးနည်းတူ CNG ဈေးနှုန်းအား သတ်မှတ်ရောင်းချမည်ဆိုပါက တွက်ခြေမကိုက်၍ အခက်တွေ့နိုင်ကြောင်း CNG ဖြင့်မောင်းနှင်သည့် Taxi ယာဉ်မောင်းတစ်ဦးမှ ပြောကြားသည်။ ဇွန်(၁)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ CNG ဈေးနှုန်းများ ထုတ်ပြန်ကြေညာထားသော်လည်း ယခုအချိန်တွင် CNG မောင်းနှင်အသုံးပြုသူများမှ ဈေးနှုန်းတိုးမြင့်ဝယ်ယူရခြင်းမရှိသေးကြောင်း သိရှိရသည်။

Ref: Auto World

 

“၄စ”နံပါတ်များ(၁ဝဝဝ)ကျော်အထိရောက်


ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ မော်တော်ယာဉ်အသစ်များ အစားထိုးပြီး ယာဉ်လိုင်စင်များထုတ်ပေးလျက်ရှိရာ ယခုလဒုတိယအပတ်မှစ၍ “၄စ”နံပါတ်များ ထုတ်ပေးခဲ့ရာ(၁၂ဝဝ)ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ က.ည.န မှ ကနဦးမှတ်ပုံတင်များအား တစ်နေ့လျှင် ပျမ်းမျှအစီးရေ(၃ဝဝ)မှ(၄ဝဝ)ကြား ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Ref: Auto World

 

“သ”အက္ခရာအပ်နှံမှု မစတင်သေးသော်လည်း ကြိုပွိုင့်ဝယ်ယူမှုများရှိနေ


“သ”အက္ခရာအပ်နှံမှုမစတင်သေးသော်လည်း ကြိုပွိုင့်အနေဖြင့် ဝယ်ယူမှုများရှိနေကြောင်း ကားလေလံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။ ထိုကဲ့သို့ဝယ်ယူမှုကြောင့် ကားဈေးအနည်းငယ်တက်နေပြီး သိန်း(၉ဝ)နှင့်(၉၅)သိန်းကြားတွင် ဈေးပေါက်နေကြောင်း သိရှိရသည်။ အပ်နှံမှုလက်ခံနေသော ကားစလစ်ဈေးမှာ သိန်းတစ်ရာကျော်ဝန်းကျင်ရှိနေပြီး ထိုကဲ့သို့စလစ်ဈေးများမြင့်တက်ခြင်းမှာ ယာဉ်ဟောင်းများရှားပါးလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

 

ဟွန်ဒိုင်းမီနီဘတ်စ်ကားများ ဝယ်လိုအားများဟုဆို

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဟိုင်းလတ်များ၊ ဒိုင်နာများနေရာတွင် အစားထိုးရန်အတွက် ကိုးရီးယားဟွန်ဒိုင်း၊ Mini Bus များအား စိတ်ဝင်စားမှုများပြားနေကြောင်း သိရသည်။ မိုးတွင်းသို့ရောက်ရှိသော်လည်း နယ်ဝယ်အားပိုများနေပြီး (၂၅)ယောက်စီးနှင့် (၂၉)ယောက်စီးများ ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရသည်။ (၄၅)ယောက်စီးများကိုမူ ကိုရီးယားစက်ရုံထုတ်ဈေးနှုန်းအတိုင်း ရောင်းချကာ ဝန်ဆောင်မှုကိုသာယူ၍ရောင်းချပေးသဖြင့် Customer များဘက်မှသက်သာကြောင်း ရွှေမြိတ်သားကုမ္ပဏီမှ ဦးစိုးဌေးမှ ပြောသည်။ အများအားဖြင့် ကိုးရီးယားဟွန်ဒိုင်း Bus ကားများအား အဝေးပြေးယာဉ်လိုင်းများတွင် အသုံးပြုမှုများပြားပြီး အခြေခံဈေးနှုန်းဒေါ်လာ(၁၁၅ဝဝဝ) ဝန်းကျင်တွင်ရှိကြောင်း သိရှိရသည်။

Ref: Auto World

 

မင်းရဲကျော်စွာနှင့် သီရိမင်္ဂလာကားဈေးကွက် ထပ်ပြောင်းရွှေ့ရဖွယ်ရှိ


ရန်ကုန်မြို့ ကားဝယ်ရောင်းဈေးကွက်ဖြစ်သော မင်းရဲကျော်စွာကားဝင်းကို မင်္ဂလာဒုံဘက်သို့ပြောင်းရွှေ့ရမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ မင်းရဲကျော်စွာကားဝင်းသို့ ယခုနှစ် မတ်လ(၃)ရက်နေ့တွင် စတင်ပြောင်းရွှေ့ခဲ့ရပြီး လေးလကြာမြင့်သည့်အခါ ယခုကဲ့သို့ထပ်မံပြောင်းရွှေ့ရမည်ဆိုသောသတင်းများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခုကဲ့သို့ မင်းရဲကျော်စွာကားဝယ်ရောင်းနေရာပြောင်းရွှေ့လျှင် သီရိမင်္ဂလာဈေးနေရာပါ တစ်ပါတည်းပြောင်းရွှေ့ရမည်ဟု ထင်ကြေးပေးနေကြကြောင်း သတင်းရရှိသည်။

Ref:  7DAY SHOPPING GUIDE

 

ရန်ကုန်ဈေးကွက်တွင် ကားအသေးတင်သွင်းမှုများ


ရန်ကုန်ကားဈေးကွက်တွင် အသေးစားကားအသစ်လေးများ ဝင်ရောက်မှုများလာကြောင်း သိရှိရသည်။ ကားအသေးလေးများကို မြို့တွင်းအဌားယာဉ်ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်သော ကားငယ်များဖြစ်ကြောင်း၊ TaTa ၊ Toyota Passo ၊ Nissan Tube စသည့် အမျိုးအစားများဖြစ်ကြောင်း သိရှိရသည်။

Ref:  7DAY SHOPPING GUIDE

 

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »