တစ်ပါတ်အတွင်း ကားလောကသတင်း
သတင်းထူးများမှာတော့:
  • နယ်စပ်မှ သတ်မှတ်မော်ဒယ်လ်လျော့ Town Ace ကားများကို ချက်စီပြန်ရိုက်ပြီး တင်သွင်းမှုများရှိနေ
    နယ်စပ်မှ သတ်မှတ်မော်ဒယ်လ်လျော့ Town Ace ကားများကို ချက်စီပြန်ရိုက်ပြီး တင်သွင်းမှုများရှိနေ
    Ref: Auto Mobile
    Ref: Auto Mobile
    Ref: Auto Mobile
    Ref: Auto Mobile
    Ref: Auto Mobile
    Ref: Auto Mobile
    Ref: The Voice Daily
    Ref: The Voice Daily
    Ref: Auto World
Unicode Version
ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။
သတင်းထူးများမှာတော့:
  • နယ်စပ်မှ သတ်မှတ်မော်ဒယ်လ်လျော့ Town Ace ကားများက်ို ချက်စီပြန်ရိုက်ပြီး တင်သွင်းမှုများရှိနေ
  • ကားစီတီယာရင် ဘယ်မှညာသို့ ပြောင်းလဲခြင်းကို ကညနမှ ခွင့်ပြုပေးတော့မည် မဟုတ်ဟုဆို
  • Brand New ကားအရောင်းပြခန်းများသာ Brand New ကားများကို တင်သွင်းရောင်းချခွင့်ရမည်
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ‘သ’ အက္ခရာကားများ ၆၆ ရာခိုင်နှုန်းကျော် အပ်နှံပြီးဖြစ်
  • မြေနေရာရရှိပါက မော်တော်ယာဉ် ရပ်နားကွင်းများ အသစ်ထပ်မံ တည်ဆောက်သွားမည်
  • မန္တလေးခရိုင်တွင် ခုနစ်လအတွင်း လိုင်စင်မဲ့ယာဉ် ၃၃ စီးတွေ့ရှိ
  • ရွှေဘိုတွင် စည်းကမ်းပျက်ယာဉ်များဖမ်းဆီး
  • ကျပ်သိန်းတစ်ရာဝန်းကျင် ကားများသာ အရောင်းအဝယ်ဖြစ်
  • မိုးရာသီမှာအေးစက်နေတဲ့ ထရပ်ကားဈေးကွက်news_this_week
    နယ်စပ်မှ သတ်မှတ်မော်ဒယ်လ်လျော့ Town Ace ကားများက်ို ချက်စီပြန်ရိုက်ပြီး တင်သွင်းမှုများရှိနေ
    မြန်မာ-ထိုင်း နယ်စပ်မှ သတ်မှတ်မော်ဒယ်လ်လျော့ Town Ace များက်ို ချက်စီအသစ် ပြန်ရိုက်ပြီး တင်သွင်းမှုများ ရှိနေကြောင်း ကားဝယ်/ရောင်းများမှတစ်ဆင့် သိရသည်။  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းသုံးယာဉ် Truck များကို တင်သွင်းရာတွင် ၂ဝဝ၃ မော်ဒယ်လ်နှင့်အထက် ခွင့်ပြုထားသော်လည်း နယ်စပ်မှ ကားတင်သွင်းသူများသည် မော်ဒယ်လ်၂ နှစ်၊ ၃နှစ်လျော့ ကားများက်ို ဝယ်ယူပြီး ချက်စီပြန်ရိုက်ကာ ပြည်တွင်းသို့ တင်သွင်းမှုများရှိနေသည်။  က.ည.န အနေဖြင့် ချက်စီပြန်ရိုက်ထားသော ကားများကို စစ်ဆေးတွေရှိပါက သတ်မှတ်မော်ဒယ်လ်လျော့ ကားများကို အရေးယူသည့်အတိုင်း ဒဏ်ကြေးငွေ ကောက်ခံပြီး နံပါတ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
    Ref: Auto Mobile
    ကားစီတီယာရင် ဘယ်မှညာသို့ ပြောင်းလဲခြင်းကို ကညနမှ ခွင့်ပြုပေးတော့မည် မဟုတ်ဟုဆို
    ကုန်လမ်းပို့ဆောင်ရေး ညွန်ကြာမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ် စတီယာရင်ပြောင်းလဲခြင်းကို ခွင့်ပြုပေးခဲ့သော်လည်း ယခုအခါ ဘယ်မှညာသို့ ပြောင်းလဲခြင်းအတွက် ခွင့်ပြုပေးတော့မည်မဟုတ်ကြောင်း ‘က.ည.န’ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။  မြန်မာနိုင်ငံ ကားစျေးကွက်အတွင်း မော်တော်ယာဉ်မျိုးစုံ ဝင်ရောက်နေရာယူလာခဲ့ပြီး နောက်ပိုင်းတွင် ယာဉ်မောင်းများအနေဖြင့် စတီယာရင် ညာမောင်းစနစ်ကို ပိုမိုနှစ်သက်သည့် အားလျော်စွာ စတီယာရင် ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိရာတွင် ကညနမှ ပြောင်းလဲမှုအတွက် ကျပ်တစ်ထောင်ကောက်ခံကာ ပြုလုပ်ခွင့်ပြုခဲ့သော်လည်း သြဂုတ် ၁ ရက်မှ စတင်ကာ ညာမောင်း စတီယာရင်မှ ဘယ်မောင်း စတီယာရင် ပြောင်းလဲမှုကိုသာ ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
    Ref: Auto Mobile
    Brand New ကားအရောင်းပြခန်းများသာ Brand New ကားများကို တင်သွင်းရောင်းချခွင့်ရမည်
    ကားရောင်းစင်တာများအနေဖြင့် ၂ဝဝ၈ မော်ဒယလ်နှင့်အထက် ကားများကို တရားဝင်ရောင်းချခွင့်ရတော့မည် ဖြစ်သော်လည်း ၂ဝ၁၂ မိုဒယ်နှင့်အထက် Brand New ကားများကိုမှု ရောင်းချခွင့်ရမည်မဟုတ်ကြောင်း သိရသည်။  မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီက ယခုလအကုန်တွင် ၂ဝဝ၈ မော်ဒယ်လ်နှင့်အထက် ကားများကို အရောင်းစင်တာများ၌ ရောင်းချခွင့်ပေးမည် ဆိုသော်လည်း ၂ဝ၁၂ မော်ဒယ်လ်နှင့်အထက်ကားများ မပါဝင်ကြောင်း သိရသည်။
    Ref: Auto Mobile
    ရန်ကုန်တိုင်းဒေသကြီးအတွင်း ‘သ’ အက္ခရာကားများ ၆၆ ရာခိုင်နှုန်းကျော် အပ်နှံပြီးဖြစ်
    ရန်ကုန်တိုင်းဒေသကြီးအတွင်း ‘သ’ အက္ခရာ ကားအပ်နှံမှုမှာ ၆၆ ရာခိုင်နှုန်း ကျော်လွန်သွားပြီဖြစ်ကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြင်သာ ကညနရုံးယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုဌာနမှ သိရသည်။
    Ref: Auto Mobile
    မြေနေရာရရှိပါက မော်တော်ယာဉ် ရပ်နားကွင်းများ အသစ်ထပ်မံ တည်ဆောက်သွားမည်
    ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုများကို ဖြေလျှော့ရန်နှင့် ယာဉ်များစည်းကမ်းမဲ့ ရပ်နားမှုမရှိစေရန် မြေနေရာရရှိပါက မော်တော်ယာဉ် ရပ်နားကွင်းများ အသစ်ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ တာဝန်ရှိသူက ပြောသည်။  လက်ရှိတွင်မော်တော်ယာဉ် ရပ်နားကွင်းအနေဖြင့် အလုံ နှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် ကွန်တိန်နာရပ်နားကွင်း တည်ဆောက်ရန် မြို့တွင်၌ မြေနေရာလွတ်များရရှိရန် ခက်ခဲနေကြောင်းသိရသည်။
    Ref: Auto Mobile
    မန္တလေးခရိုင်တွင် ခုနစ်လအတွင်း လိုင်စင်မဲ့ယာဉ် ၃၃ စီး တွေ့ရှိ
    မန္တလေးခရိုင်တွင် ခုနစ်လအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၃၃ စီး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ‘တိုင်းဒေသကြီး ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး’ မှသိရသည်။  ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း မန္တလေးခရိုင် ခုနစ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၃၃ စီးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဖမ်းဆီးအရေးယူခဲ့ကြောင်း ၎င်းရုံး၏မှတ်တမ်းများအရ သိရသည်။  ၂ဝ၁၃ ခုနစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များကို လအလိုက် မကြာခဏ စစ်ဆေးတွေ့ရှိရပြီး ဖမ်းဆီးအရေးယူခဲ့ကြောင်း ၄င်းရုံးမှ အကြီးတန်းယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောသည်။
    Ref: Auto Mobile
    ရွှေဘိုတွင် စည်းကမ်းပျက်ယာဉ်များဖမ်းဆီး
    စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စည်းကမ်းပျက်ယာဉ်များကို ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီင်္းကြပ်မှုကော်မတီကဦးစီး၍ ဖမ်းဆီးလျက်ရှိကြောင်း ရွှေဘိုမြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။  မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သြဂုတ်လ ၈ရက်နေ့ နံနက်ပိုင်းခန့်က စတင်၍ ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက် စျေးတန်းလမ်းမတော်ရှိ ရွှေတောင်စားသောက်ဆိုင်အနီးတွင် ယာဉ်စည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက်ယာဉ်များ အရေးယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း အဆိုပါယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။   သြဂုတ်လ ၈ ရက်နေ့က စည်းကမ်းပျက်မော်တော်ဆိုင်ကယ် ၂၄၁ စီး ၊မော်တော်ယာဉ် နှစ်စီးနှင့် ထော်လာဂျီတစ်စီးကို အရေးယူခဲ့ကြောင်း အဆိုပါကော်မတီ ထံမှသိရသည်။   ယာဉ်စည်းကမ်းဖောက်ဖျက်မှုအတွက် တရားရုံးတွင် ပေးဆောင်ရသည့်ဒဏ်ကြေးမှာ ကျပ်နှစ်ထောင်ခန့်သာ ရှိခြင်းကြောင့် ယာဉ်မောင်းသူအများစုသည် လိုက်နာမှု အားနည်းလျက်ရှိပြီး အချို့မော်တော်ဆိုင်ကယ် စီးနင်းသူများသည် တာဝန်ကျဝန်ထမ်းများကိုပင် မချေမငံ ဆက်ဆံမှုများရှိသည်ဟု ၎င်းကဆိုသည်။  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင်ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၄၈၇ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၈၉၄ ဦးရှိပြီး ရွှေဘိုခရိုင်သည် ယာဉ်တိုက်မှု ၁၈၅ မှုတွင် ဒဏ်ရာရရှိသူ ၂၇၉ ရှိ၍ သေဆုံးသူ ၆၆ ဦးရှိပြီး ယာဉ်တိုက်မှု ဒုတိယအများဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်စာရင်းအရ သိရသည်။
    Ref: The Voice Daily
    ကျပ်သိန်းတစ်ရာဝန်းကျင် ကားများသာ အရောင်းအဝယ်ဖြစ်
    ရန်ကုန်မြို့ သီရိမင်္ဂလာနှင့် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းဈေးကွက်တွင် ကျပ်သိန်းတစ်ရာဝန်းကျင်ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှသိရှိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ နယ်အဝယ်နည်းလာခြင်းနှင့် ကျပ်သိန်းထောင်ချီကားစီးသူများပင် ဈေးအမြင့်ပိုင်းကားများကို ဝယ်စီးမှု မရှိတော့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း မော်တော်ယာဉ်ဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးဇော်ဇော်က ပြောကြားသည်။
    Ref: The Voice Daily
    မိုးရာသီမှာအေးစက်နေတဲ့ ထရပ်ကားဈေးကွက်
    မြန်မာနိုင်ငံတွင်း အသုံးပြုမှုများသည့် လုပ်ငန်းသုံးယာဉ်များထဲတွင် ပုံးကား၊ ပက်လက်ကား၊ မြေသယ်ယာဉ် (၃)မျိုးရှိပြီး မြေသယ်ယာဉ်ကားအမျိုးအစားမှာ ဝယ်လိုအားနည်းနေကြောင်းသိရှိရသည်။ မိုးတွင်းကာလဖြစ်နေခြင်းနှင့် နယ်ဘက်တွင် ရေကြီးခြင်းများဖြစ်ပေါ်နေခြင်း၊ ဘာသာရေးပွဲများရှိခြင်းတို့ကြောင့် ၁ဝ ရက်ခန့်အရောင်းအဝယ်အေးစက်နေကြောင်း ဝယ်ရောင်းတစ်ဦးမှ ရှင်းပြသည်။ ရန်ကုန်တွင် နှစ်တန်နှင့် သုံးတန်ကားများ အများဆုံးအသုံးပြုပြီး နယ်ဝယ်လက်များမှ ၁၄ ပေ တန်လျော့အား ကြိုက်နှစ်သက်ကြကြောင်း သိရှိရသည်။
    Ref: Auto World
Latest News
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »
အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...
23825675 2163404850378933 415467733 o 150x150
Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...
Read more »
စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...
Latest news1 12 150x150
Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...
Read more »
Uber က ဈေးနှုန်းပိုသက်သာသည့် စနစ်သစ်ကို...
Picture1 150x150
Zawgyi Version Uber ကုမ္ပဏီသည် ဈေးပိုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုင်သည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ...
Read more »
မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...
Img 0809 150x150
Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...
Read more »