တစ္ပါတ္အတြင္း ကားေလာကသတင္း

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့:


  • နစ္ဆန္းယာဥ္မ်ား မေလးရွားကုမၸဏီ ေရာင္းခ်မည္

  • အားနည္းခ်က္မ်ားရွိေသာ္လည္း BRT စနစ္ကို မျဖစ္မေန ေဖာ္ေဆာင္မည္

  • ေနျပည္ေတာ္လမ္းမမ်ားေပၚ၌ ယာဥ္ေၾကာသတ္မွတ္ခ်က္မ်ား စာျဖင့္ေရးသားထား

  •  လုပ္ငန္းသံုး နစ္ဆန္းေမာ္ေတာ္ယာဥ္သစ္မ်ား စေရာင္း

  • ရန္ကုန္တြင္ တိုယိုတာပရုိေဘာက္ဝယ္္ယူမႈ ဆက္လက္ရွိေန

  • လိုင္စင္မဲ့ကား ၁၅၇၈ စီး ဖမ္းမိ

  • အဂၤလိပ္ယာဥ္နံပါတ္ ေနာက္အကၡရာတစ္ခု ထြက္ရွိလာ


news_this_week

နစ္ဆန္းယာဥ္မ်ား မေလးရွားကုမၸဏီ ေရာင္းခ်မည္


နစ္ဆန္းကုမၸဏီ၏ ကိုယ္စားလွယ္ကုမၸဏီအျဖစ္ မေလးရွားအေျခစိုက္ Tan Chong Motor Group က ျမန္မာႏိုင္ငံတြင္ နစ္ဆန္းေမာ္ေတာ္ယာဥ္မ်ား ျဖန္႔ခ်ီေရာင္းခ်မည္ျဖစ္ေၾကာင္း ဇူလို္င္လ ၂၉ ရက္ေန႔တြင္ ေၾကညာသည္။ အဆိုပါကုမၸဏီ၏ ကုမၸဏီခြဲတစ္ခုျဖစ္ေသာ ECTM(Myanmar) က NISSAN အမွတ္တံဆိပ္မ်ားကို စတင္မိတ္ဆက္ျဖန္႔ခ်ီမည္ျဖစ္ေၾကာင္း သိရွိရသည္။ Tan Chong Motor Group က ျပည္တြင္းေမာ္ေတာ္ယာဥ္ေဈးကြက္ ေဝစုရရွိထားၿပီးျဖစ္ေသာ နစ္ဆန္းအမွတ္တံဆိပ္ေမာ္ေတာ္ယာဥ္ အေရာင္းျပခန္း NISSAN 3S Center ကို ရန္ကုန္ၿမိဳ႕ေတာ္ ျပည္လမ္းတြင္ ဇူလိုင္ ၃၁ ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

Ref: The Voice Daily

 

အားနည္းခ်က္မ်ားရွိေသာ္လည္း BRT စနစ္ကို မျဖစ္မေန ေဖာ္ေဆာင္မည္


မ.ထ.သ(ဗဟို) ႏွင့္ ကပရ တို႔ ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေသာ BRT စနစ္အျမန္ယာဥ္လိုင္းေျပးဆြဲျခင္းတြင္ ျပည့္စံုရမည့္အခ်က္ မ်ားေသာ္လည္း ျမန္မာျပည္အေနအထားႏွင့္ အားနည္းခ်က္မ်ားရွိေနေသးေၾကာင္း မ.ထ.သ ဥကၠဌ ဦးလွေအာင္ ေျပာျပသည္။ အားနည္းခ်က္မ်ားရွိေသာ္လည္း မျဖစ္မေနေဖာ္ေဆာင္ရမည္ျဖစ္ၿပီး ျမန္မာျပည္၏ အေနအထားျဖင့္ သင့္ေတာ္သည့္ နည္းလမ္းမ်ားႏွင့္ ေဖာ္ေဆာင္ရန္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

Ref: Auto World

 

ရန္ကုန္ City Taxi အျဖစ္ မွတ္ပံုတင္ရာတြင္ အသစ္သြင္းလာသည့္ အဌားယာဥ္ကားသစ္မ်ား ပါဝင္မႈနည္းပါး


ရန္ကုန္ၿမိဳ႔တြင္ အသစ္တင္သြင္းလာသည့္ အဌားယာဥ္မ်ားကို AA,BB,CC ဟူ၍ ခ်ေပးရာတြင္ City Taxi အျဖစ္ မွတ္ပံုတင္ရာတြင္ အဆိုပါယာဥ္မ်ားပါဝင္မႈနည္းပါေနေၾကာင္း သိရွိရသည္။ City Taxi မွတ္ပံုတင္ထားေသာ ကားမ်ားသည္ ရန္ကုန္ၿမိဳ႔တြင္း၌ မ်ားစြာေျပးဆြဲေနေၾကာင္း သိရွိိရသည္။ ယခင္ Taxi ပိုင္ရွင္မ်ားမွ City Taxi ဟူ၍ အမည္ျဖင့္ ေျပာင္းလဲကာ မွတ္ပံုတင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္ေပးေနျခင္းျဖစ္ၾကာင္းႏွင့္ ရန္ကုန္ၿမိဳ႕တြင္းရွိ Taxi မ်ားကို City Taxi အျဖစ္သို႔ မွတ္ပံုတင္ရန္ ယခင္ကတည္းက ညြန္ၾကားခဲ့ေသာ္လည္း ယခုအခ်ိန္အထိ City Taxi အျဖစ္မွတ္ပံုတင္ထားသည့္ Taxi အေရအတြက္မွာ (၃၀၀၀၀) နီးပါးသာ ရွိေနေၾကာင္း သိရသည္။

Ref: Auto World

 

ေနျပည္ေတာ္လမ္းမမ်ားေပၚ၌ ယာဥ္ေၾကာသတ္မွတ္ခ်က္မ်ား စာျဖင့္ေရးသားထား


ဌာနဆိုင္ရာအမ်ားစုျဖင့္ ဖြဲ႔စည္းထားေသာ ေနျပည္ေတာ္လမ္းမမ်ားေပၚ၌ သတ္မွတ္ယာဥ္ေၾကာအတိုင္းသြားၾကရန္ လမ္းေဘးဝဲယာတြင္ သတိေပးဆိုင္းဘုတ္မ်ား ကပ္ထားသည့္အျပင္ သတ္မွတ္ယာဥ္ေၾကာမ်ားအား လမ္းမ်ားေပၚတြင္ စာေရးသတ္မွတ္ခ်က္မ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရွိရသည္။ ရန္ကုန္တိုင္းေဒသႀကီးတြင္ ယာဥ္ေၾကာက်ပ္မႈအတြက္ BRT စနစ္က်င့္သံုးရန္အတြက္ ေလ့လာစဥ္ကာလတြင္ ေနျပည္ေတာ္ၿမိဳ႔တြင္းလမ္းမ်ားတြင္ အလယ္မွ သံဇကာျခားကာ စာေရးထားေသာ သတ္မွတ္လမ္းမ်ားအတိုင္း ေမာင္းႏွင္ေနရသည္က ေနျပည္ေတာ္တြင္ BRT စနစ္ စတင္က်င့္သံုးေနၿပီဟုပင္ဆိုေၾကာင္း ေနျပည္ေတာ္အေျခစိုက္ရုံးတစ္ရုံးမွ ဝန္ထမ္းတစ္ဦးမွ ေျပာၾကားသည္။

Ref: Auto World

 

 

လုပ္ငန္းသံုး နစ္ဆန္းေမာ္ေတာ္ယာဥ္သစ္မ်ား စေရာင္း


လုပ္ငန္းသံုး နစ္ဆန္းေမာ္ေတာ္ယာဥ္မ်ားျဖစ္သည့္ Nissan Navara ႏွင့္ NV 300 Urvan ေမာ္ေတာ္ယာဥ္အသစ္မ်ားကို ဇူလို္င္လ ၃၁ ရက္ေန႔မွ စတင္ေရာင္းခ်ေနၿပီျဖစ္ေၾကာင္း အဆိုပါေမာ္ေတာ္ယာဥ္မ်ားကုိ ျမန္မာႏိုင္ငံကိုယ္စားလွယ္အျဖစ္ တင္သြင္းေရာင္းခ်ခြင့္ လိုင္စင္ရရွိထားသည့္  United Diamond Motor အုပ္ခ်ဳပ္မႈဒါရုိက္တာက ေျပာၾကားသည္။ က.ည.န မွ ယာဥ္မွတ္ပံုတင္ရရွိထားသည့္ Nissan Navara ဒီဇယ္ပစ္ကပ္ေမာ္ေတာ္ယာဥ္ကို အၿပီးအစီး က်ပ္သိန္း ၂၃၀ ႏွင့္ Nissan Urvan ၁၅ ေယာက္စီး ဒီဇယ္ေမာ္ေတာ္ယာဥ္ကို က်ပ္သိန္း ၃၈၀ ျဖင့္ စတင္ေရာင္းခ်မည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။ အဆိုပါကားမ်ားကို အေရာင္းျပခန္းဖြင့္လွစ္ေရာင္းခ်ျခင္းအျပင္ နစ္ဆန္းေမာ္ေတာ္ယာဥ္မ်ားအတြက္ ေရာင္းခ်ၿပီးေနာက္ပိုင္း ဝန္ေဆာင္မႈ၊ အပိုပစၥည္းေရာင္းခ်ျခင္းမ်ားလည္း ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရွိရသည္။

Ref: The Voice Daily

 

ရန္ကုန္တြင္ တိုယိုတာပရုိေဘာက္ဝယ္္ယူမႈ ဆက္လက္ရွိေန


ဇူလို္င္ ေနာက္ဆံုးပတ္တြင္ ကားေဈးကြက္ေအးေသာ္လည္း ရန္ကုန္ဝယ္လက္မ်ားက တိုယိုတာပရုိေဘာက္ကို ဆက္လက္ဝယ္ယူမႈရွိၾကေၾကာင္း မင္းရဲေက်ာ္စြာယာယီယာဥ္ေရာင္းဝယ္ေရးစခန္းရွိ ဝယ္ေရာင္းမ်ားထံမွ သိရွိရသည္။ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း မႏၱေလး - ျပင္ဦးလြင္လမ္းတြင္ တိုယိုတာပရုိေဘာက္ကားမ်ား မီးခိုးထြက္ျခင္း၊ မီးေလာင္ျခင္းတို႔ ျဖစ္ေပၚၿပီးေနာက္ ရန္ကုန္ေဈးကြက္တြင္ ပရုိေဘာက္ဝယ္ယူမႈ ေခတၱရပ္တန္႔ခဲ့သည္။ ဇူလိုင္ ၃၁ ရက္တြင္ အေရာင္းအဝယ္အနည္းငယ္ျဖစ္ေနသည့္ ကားေဈးႏႈန္းမ်ားမွာ ယခင္ေဈးႏႈန္းမ်ားအတိုင္း ျဖစ္သည္ဟုဆိုသည္။

Ref: 7 Day Shopping Guide

 

လိုင္စင္မဲ့ကား ၁၅၇၈ စီး ဖမ္းမိ


လိုင္စင္မဲ့ကားမ်ားကို ျပည္နယ္၊ တိုင္းေဒသႀကီးႏွင့္ ဝန္ႀကီးဌာနတို႔မွ ဖမ္းဆီးရရွိမႈမွာ စုစုေပါင္းမွာ ၁၅၇၈ စီးရွိေၾကာင္း ပထမအႀကိမ္အမ်ိဳးသားလြတ္ေတာ္သတၱမပံုမွန္အစည္းအေဝးတြင္ စီးပြား/ ကူးသန္း ဒုတိယဝန္ႀကီး ေဒါက္တာပြင့္ဆန္းက ေျဖၾကားသည္။ ျပည္တြင္းသို႔ လိုင္စင္မဲ့ကားမ်ား ဝင္ေရာက္မႈမရွိေစရန္ နယ္စပ္ခ်စ္ၾကည္ေရးတံတားမ်ားတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ တာဝန္ရွိဌာနဆိုင္ရာအဖြဲ႕ႏွင့္ တပ္မေတာ္တို႔ပါဝင္ေသာပူးေပါင္းအဖြဲ႕ျဖင့္လည္းေကာင္း၊ နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ားတြင္ နယ္ျခားေစာင့္တပ္မ်ားႏွင့္ ျပည္သူ႔စစ္အဖြဲ႕မ်ားျဖင့္လည္းေကာင္း၊ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားႏွင့္ တရားမဝင္ ဝင္ေရာက္လာႏိုင္ေသာ လမ္းေၾကာင္းမ်ားတြင္ ဌာနဆို္င္ရာအဖြဲ႕အစည္းမ်ားဖြဲ႕စည္းကာ ေရွာင္တခင္စစ္ေဆးျခင္း အစရိွသည္တို႔ကုိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

Ref: 7 Day Shopping Guide

 

အဂၤလိပ္ယာဥ္နံပါတ္ ေနာက္အကၡရာတစ္ခု ထြက္ရွိလာ


ျပည္ပမွတင္သြင္းေသာ ေမာ္ေတာ္ယာဥ္မ်ားကို နံပါတ္ ၄စ/ ၈၀၀၀ မွစ၍ အဂၤလိပ္အကၡရာ 4F/ 8000 အျဖစ္သတ္မွတ္ေျပာင္းလဲခဲ့သည္။ ယခုေနာက္ဆံုးနံပါတ္ 4F/ 9999 ကုန္ဆံုးသျဖင့္ မူေသနံပါတ္ 5F/ 1001 စတင္ထုတ္ေပးေနေၾကာင္း သိရွိရသည္။ ေပါင္းျခင္း( ၁၀၊ ၁၃) မပါ နံပါတ္မ်ားကို သတ္မွတ္ေပးေၾကာင္း က.ည.န မွ သတင္းထုတ္ျပန္သည္။ ယင္းထုတ္ေပးသည့္ေန႔တြင္ အိမ္းစီးယာဥ္ ၁၆၈ စီး၊ ကုန္တင္ယာဥ္ ၁၀ စီး၊ ခရီးသည္တင္ဘတ္စ္ ၂ စီး စုစုေပါင္း ၁၈၀ စီးကို ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရွိရသည္။

Ref: 7 Day Shopping Guide

 

 

 



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:


  • နစ်ဆန်းယာဉ်များ မလေးရှားကုမ္ပဏီ ရောင်းချမည်

  • အားနည်းချက်များရှိသော်လည်း BRT စနစ်ကို မဖြစ်မနေ ဖော်ဆောင်မည်

  • နေပြည်တော်လမ်းမများပေါ်၌ ယာဉ်ကြောသတ်မှတ်ချက်များ စာဖြင့်ရေးသားထား

  •  လုပ်ငန်းသုံး နစ်ဆန်းမော်တော်ယာဉ်သစ်များ စရောင်း

  • ရန်ကုန်တွင် တိုယိုတာပရိုဘောက်ဝယ်ယူမှု ဆက်လက်ရှိနေ

  • လိုင်စင်မဲ့ကား ၁၅၇၈ စီး ဖမ်းမိ

  • အင်္ဂလိပ်ယာဉ်နံပါတ် နောက်အက္ခရာတစ်ခု ထွက်ရှိလာ


news_this_week

နစ်ဆန်းယာဉ်များ မလေးရှားကုမ္ပဏီ ရောင်းချမည်


နစ်ဆန်းကုမ္ပဏီ၏ ကိုယ်စားလှယ်ကုမ္ပဏီအဖြစ် မလေးရှားအခြေစိုက် Tan Chong Motor Group က မြန်မာနိုင်ငံတွင် နစ်ဆန်းမော်တော်ယာဉ်များ ဖြန့်ချီရောင်းချမည်ဖြစ်ကြောင်း ဇူလို်င်လ ၂၉ ရက်နေ့တွင် ကြေညာသည်။ အဆိုပါကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော ECTM(Myanmar) က NISSAN အမှတ်တံဆိပ်များကို စတင်မိတ်ဆက်ဖြန့်ချီမည်ဖြစ်ကြောင်း သိရှိရသည်။ Tan Chong Motor Group က ပြည်တွင်းမော်တော်ယာဉ်ဈေးကွက် ဝေစုရရှိထားပြီးဖြစ်သော နစ်ဆန်းအမှတ်တံဆိပ်မော်တော်ယာဉ် အရောင်းပြခန်း NISSAN 3S Center ကို ရန်ကုန်မြို့တော် ပြည်လမ်းတွင် ဇူလိုင် ၃၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

Ref: The Voice Daily

 

အားနည်းချက်များရှိသော်လည်း BRT စနစ်ကို မဖြစ်မနေ ဖော်ဆောင်မည်


မ.ထ.သ(ဗဟို) နှင့် ကပရ တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သော BRT စနစ်အမြန်ယာဉ်လိုင်းပြေးဆွဲခြင်းတွင် ပြည့်စုံရမည့်အချက် များသော်လည်း မြန်မာပြည်အနေအထားနှင့် အားနည်းချက်များရှိနေသေးကြောင်း မ.ထ.သ ဥက္ကဌ ဦးလှအောင် ပြောပြသည်။ အားနည်းချက်များရှိသော်လည်း မဖြစ်မနေဖော်ဆောင်ရမည်ဖြစ်ပြီး မြန်မာပြည်၏ အနေအထားဖြင့် သင့်တော်သည့် နည်းလမ်းများနှင့် ဖော်ဆောင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Auto World

 

ရန်ကုန် City Taxi အဖြစ် မှတ်ပုံတင်ရာတွင် အသစ်သွင်းလာသည့် အဌားယာဉ်ကားသစ်များ ပါဝင်မှုနည်းပါး


ရန်ကုန်မြို့တွင် အသစ်တင်သွင်းလာသည့် အဌားယာဉ်များကို AA,BB,CC ဟူ၍ ချပေးရာတွင် City Taxi အဖြစ် မှတ်ပုံတင်ရာတွင် အဆိုပါယာဉ်များပါဝင်မှုနည်းပါနေကြောင်း သိရှိရသည်။ City Taxi မှတ်ပုံတင်ထားသော ကားများသည် ရန်ကုန်မြို့တွင်း၌ များစွာပြေးဆွဲနေကြောင်း သိရှိရသည်။ ယခင် Taxi ပိုင်ရှင်များမှ City Taxi ဟူ၍ အမည်ဖြင့် ပြောင်းလဲကာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြာင်းနှင့် ရန်ကုန်မြို့တွင်းရှိ Taxi များကို City Taxi အဖြစ်သို့ မှတ်ပုံတင်ရန် ယခင်ကတည်းက ညွန်ကြားခဲ့သော်လည်း ယခုအချိန်အထိ City Taxi အဖြစ်မှတ်ပုံတင်ထားသည့် Taxi အရေအတွက်မှာ (၃ဝဝဝဝ) နီးပါးသာ ရှိနေကြောင်း သိရသည်။

Ref: Auto World

 

နေပြည်တော်လမ်းမများပေါ်၌ ယာဉ်ကြောသတ်မှတ်ချက်များ စာဖြင့်ရေးသားထား


ဌာနဆိုင်ရာအများစုဖြင့် ဖွဲ့စည်းထားသော နေပြည်တော်လမ်းမများပေါ်၌ သတ်မှတ်ယာဉ်ကြောအတိုင်းသွားကြရန် လမ်းဘေးဝဲယာတွင် သတိပေးဆိုင်းဘုတ်များ ကပ်ထားသည့်အပြင် သတ်မှတ်ယာဉ်ကြောများအား လမ်းများပေါ်တွင် စာရေးသတ်မှတ်ချက်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ်မှုအတွက် BRT စနစ်ကျင့်သုံးရန်အတွက် လေ့လာစဉ်ကာလတွင် နေပြည်တော်မြို့တွင်းလမ်းများတွင် အလယ်မှ သံဇကာခြားကာ စာရေးထားသော သတ်မှတ်လမ်းများအတိုင်း မောင်းနှင်နေရသည်က နေပြည်တော်တွင် BRT စနစ် စတင်ကျင့်သုံးနေပြီဟုပင်ဆိုကြောင်း နေပြည်တော်အခြေစိုက်ရုံးတစ်ရုံးမှ ဝန်ထမ်းတစ်ဦးမှ ပြောကြားသည်။

Ref: Auto World

 

 

လုပ်ငန်းသုံး နစ်ဆန်းမော်တော်ယာဉ်သစ်များ စရောင်း


လုပ်ငန်းသုံး နစ်ဆန်းမော်တော်ယာဉ်များဖြစ်သည့် Nissan Navara နှင့် NV 300 Urvan မော်တော်ယာဉ်အသစ်များကို ဇူလို်င်လ ၃၁ ရက်နေ့မှ စတင်ရောင်းချနေပြီဖြစ်ကြောင်း အဆိုပါမော်တော်ယာဉ်များကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချခွင့် လိုင်စင်ရရှိထားသည့်  United Diamond Motor အုပ်ချုပ်မှုဒါရိုက်တာက ပြောကြားသည်။ က.ည.န မှ ယာဉ်မှတ်ပုံတင်ရရှိထားသည့် Nissan Navara ဒီဇယ်ပစ်ကပ်မော်တော်ယာဉ်ကို အပြီးအစီး ကျပ်သိန်း ၂၃ဝ နှင့် Nissan Urvan ၁၅ ယောက်စီး ဒီဇယ်မော်တော်ယာဉ်ကို ကျပ်သိန်း ၃၈ဝ ဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါကားများကို အရောင်းပြခန်းဖွင့်လှစ်ရောင်းချခြင်းအပြင် နစ်ဆန်းမော်တော်ယာဉ်များအတွက် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှု၊ အပိုပစ္စည်းရောင်းချခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

 

ရန်ကုန်တွင် တိုယိုတာပရိုဘောက်ဝယ်ယူမှု ဆက်လက်ရှိနေ


ဇူလို်င် နောက်ဆုံးပတ်တွင် ကားဈေးကွက်အေးသော်လည်း ရန်ကုန်ဝယ်လက်များက တိုယိုတာပရိုဘောက်ကို ဆက်လက်ဝယ်ယူမှုရှိကြကြောင်း မင်းရဲကျော်စွာယာယီယာဉ်ရောင်းဝယ်ရေးစခန်းရှိ ဝယ်ရောင်းများထံမှ သိရှိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေး - ပြင်ဦးလွင်လမ်းတွင် တိုယိုတာပရိုဘောက်ကားများ မီးခိုးထွက်ခြင်း၊ မီးလောင်ခြင်းတို့ ဖြစ်ပေါ်ပြီးနောက် ရန်ကုန်ဈေးကွက်တွင် ပရိုဘောက်ဝယ်ယူမှု ခေတ္တရပ်တန့်ခဲ့သည်။ ဇူလိုင် ၃၁ ရက်တွင် အရောင်းအဝယ်အနည်းငယ်ဖြစ်နေသည့် ကားဈေးနှုန်းများမှာ ယခင်ဈေးနှုန်းများအတိုင်း ဖြစ်သည်ဟုဆိုသည်။

Ref: 7 Day Shopping Guide

 

လိုင်စင်မဲ့ကား ၁၅၇၈ စီး ဖမ်းမိ


လိုင်စင်မဲ့ကားများကို ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ဝန်ကြီးဌာနတို့မှ ဖမ်းဆီးရရှိမှုမှာ စုစုပေါင်းမှာ ၁၅၇၈ စီးရှိကြောင်း ပထမအကြိမ်အမျိုးသားလွတ်တော်သတ္တမပုံမှန်အစည်းအဝေးတွင် စီးပွား/ ကူးသန်း ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဖြေကြားသည်။ ပြည်တွင်းသို့ လိုင်စင်မဲ့ကားများ ဝင်ရောက်မှုမရှိစေရန် နယ်စပ်ချစ်ကြည်ရေးတံတားများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့နှင့် တပ်မတော်တို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်အဖွဲ့များဖြင့်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် တရားမဝင် ဝင်ရောက်လာနိုင်သော လမ်းကြောင်းများတွင် ဌာနဆို်င်ရာအဖွဲ့အစည်းများဖွဲ့စည်းကာ ရှောင်တခင်စစ်ဆေးခြင်း အစရှိသည်တို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: 7 Day Shopping Guide

 

အင်္ဂလိပ်ယာဉ်နံပါတ် နောက်အက္ခရာတစ်ခု ထွက်ရှိလာ


ပြည်ပမှတင်သွင်းသော မော်တော်ယာဉ်များကို နံပါတ် ၄စ/ ၈ဝဝဝ မှစ၍ အင်္ဂလိပ်အက္ခရာ 4F/ 8000 အဖြစ်သတ်မှတ်ပြောင်းလဲခဲ့သည်။ ယခုနောက်ဆုံးနံပါတ် 4F/ 9999 ကုန်ဆုံးသဖြင့် မူသေနံပါတ် 5F/ 1001 စတင်ထုတ်ပေးနေကြောင်း သိရှိရသည်။ ပေါင်းခြင်း( ၁ဝ၊ ၁၃) မပါ နံပါတ်များကို သတ်မှတ်ပေးကြောင်း က.ည.န မှ သတင်းထုတ်ပြန်သည်။ ယင်းထုတ်ပေးသည့်နေ့တွင် အိမ်းစီးယာဉ် ၁၆၈ စီး၊ ကုန်တင်ယာဉ် ၁ဝ စီး၊ ခရီးသည်တင်ဘတ်စ် ၂ စီး စုစုပေါင်း ၁၈ဝ စီးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

Ref: 7 Day Shopping Guide

 

 

 

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »