Hyundai Motor Myanmar မှ ကားအမျိုးအစားသုံးမျိုး ကျပ်သိန်းသုံးဆယ် ၀န်းကျင် ဈေးလျှော့ရောင်းမည်
Hyundai Motor Myanmar ကားအရောင်းပြခန်းမှ ပြည်တွင်းဈေးကွက်သို့အသစ်ရောက်ရှိလာသည့် Sonata, Elantra, i-30 ကားအမျိုးအစားသုံးမျိုးကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ငွေကျပ်သိန်း ၃၀ ၀န်းကျင် ဈေးလျှော့ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Unicode Version
Hyundai Motor Myanmar ကားအရောင်းပြခန်းမှ ပြည်တွင်းစျေးကွက်သို့အသစ်ရောက်ရှိလာသည့် Sonata, Elantra, i-30 ကားအမျိုးအစားသုံးမျိုးကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ငွေကျပ်သိန်း ၃ဝ ဝန်းကျင် စျေးလျှော့ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့စျေးလျှော့ရောင်းချရာတွင် Sonata Auto Gear ကားကို ယခင်က ကျပ် ၄၂၆ သိန်းဖြင့် ရောင်းချ ခဲ့ရာမှ ယခုကျပ် ၃၉၉ သိန်းဖြင့်လည်းကောင်း၊ Elantra Auto Gear ကားကို ယခင်က ကျပ် ၃၄၅ သိန်းဖြင့် ရောင်းချခဲ့ရာမှ ယခုကျပ် ၃ဝ၉ သိန်းဖြင့်လည်းကောင်း၊ Elantra Manual ကားကို ကျပ် ၃၃၅ သိန်းမှ ယခုကျပ် ၂၉၉ သိန်းဖြင့်လည်းကောင်း၊ Elantra Luxury Grade ကားကို ကျပ် ၃၇၉ သိန်းမှ ယခု ကျပ် ၃၄၃ သိန်းဖြင့် လည်းကောင်း၊ i-30 Auto Gear ကားကို ၃၃၉ သိန်းမှ ယခုကျပ် ၃ဝ၅ သိန်းဖြင့်လည်းကောင်း၊ i-30 Luxury Grade ကားကို ကျပ် ၃၇၃ သိန်းမှ ကျပ် ၃၃၉ သိန်းသို့ သီတင်းကျွတ်၊တန်ဆောင်တိုင် နှစ်လတွင် အထူးလျှော့ စျေးဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ Hyundai Motor Myanmar သည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ် စားလှယ်အဖြစ် ရန်ကုန်မြို့တွင် Hyundai အမှတ်တံဆိပ်ဖြင့် Saloon, Sedan, SUV, Sport Type, Hatchback စသည့် အိမ်စီးကားများနှင့် Van, Light Truck စသည့်လုပ်ငန်းသုံးကားများကို တောင်ကိုရီးယား နိုင်ငံမှ တိုက်ရိုက်တင်သွင်းမှာယူရောင်းချလျက်ရှိသည်။
Hyundai Motor Myanmar ကားအရောင်းပြခန်းသည် ရန်ကုန်မြို့တွင်သာမက မန္တလေး၊ ပုသိမ်၊ ပြည်၊ နေပြည်တော်၊ တောင်ကြီး၊ မကွေး၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ မုံရွာ၊ လွိုင်ကော်၊ လားရှိုးမြို့တို့တွင် အရောင်းကိုယ် စားလှယ်များ ထားရှိပြီး Hyundai Brand New ကားများကို ကားတန်ဖိုး ၃ဝ% မှ ၅ဝ% အထိ ပေးချေ၍ တစ်နှစ်မှ သုံးနှစ်အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်၍ သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးလျက် ရှိကြောင်း သိရသည်။
Ref: Auto Mobile Journal မှ ကူးယူဖေါ်ပြသည်။
Latest News
မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...
Img 0809 150x150
Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...
Read more »
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »
The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...
Pizza 150x150
Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...
Read more »
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »