မရေရာ မသေချာမှုများနှင့် စောင့်ကြည့်နေရသည့် ကားဈေးကွက်
ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွက် Free Permit ဖြင့် မော်တော်ယာဉ်တင်သွင်းမှုအား ပိတ်သိမ်းနိုင်ချေရှိသည်ဟူသည့်သတင်းနှင့် အခွန်တိုးမြင့်ကောက်ခံမည်ဆိုသောကြောင့် အ၀ယ်ပြန်လိုက်လာ သော်လည်း ကားဈေးကွက်မှာအေးနေဆဲဖြစ်ပြီး မှန်းဆမရနိုင်သေးကြောင်း ကားလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။
ကားအရောင်းအ၀ယ်အေးခြင်းနှင့်အတူ စလစ်ဈေးမှာအနည်းငယ်ကျဆင်းနေပြီး စက်မှုဇုန်ကားဟောင်း တစ်စီးလျှင် ၄၃ သိန်းဝင်းကျင်၊ `၁က၊ ၂က´ အက္ခရာကားဟောင်းတစ်စီး နာမည်ပေါက်စလစ်တစ်စောင်လျှင် ၆၂ သိန်းဝင်းကျင်ရှိနေကြောင်းသိရသည်။
စလစ်ကပ်ရမည့်ကားဟောင်းများ လေလံတွင်ဈေးမြင့်တက်မှုကြောင့်လည်း အရောင်းအ၀ယ်အေးနေ ကာ Free Permit ပိတ်/မပိတ် ဆိုသည့်အချက်ကြောင့်လည်း အချို့ကုမ္ပဏီများတွင်မူ အ၀ယ်အနည်းငယ်လိုက် လာကြောင်း လေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးက ပြောပြသည်။
Unicode Version
ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွက် Free Permit ဖြင့် မော်တော်ယာဉ်တင်သွင်းမှုအား ပိတ်သိမ်းနိုင်ချေရှိသည်ဟူသည့်သတင်းနှင့် အခွန်တိုးမြင့်ကောက်ခံမည်ဆိုသောကြောင့် အဝယ်ပြန်လိုက်လာ သော်လည်း ကားစျေးကွက်မှာအေးနေဆဲဖြစ်ပြီး မှန်းဆမရနိုင်သေးကြောင်း ကားလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။
ကားအရောင်းအဝယ်အေးခြင်းနှင့်အတူ စလစ်စျေးမှာအနည်းငယ်ကျဆင်းနေပြီး စက်မှုဇုန်ကားဟောင်း တစ်စီးလျှင် ၄၃ သိန်းဝင်းကျင်၊ `၁က၊ ၂က´ အက္ခရာကားဟောင်းတစ်စီး နာမည်ပေါက်စလစ်တစ်စောင်လျှင် ၆၂ သိန်းဝင်းကျင်ရှိနေကြောင်းသိရသည်။
စလစ်ကပ်ရမည့်ကားဟောင်းများ လေလံတွင်စျေးမြင့်တက်မှုကြောင့်လည်း အရောင်းအဝယ်အေးနေ ကာ Free Permit ပိတ်/မပိတ် ဆိုသည့်အချက်ကြောင့်လည်း အချို့ကုမ္ပဏီများတွင်မူ အဝယ်အနည်းငယ်လိုက် လာကြောင်း လေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးက ပြောပြသည်။
“အခုက ရန်ကုန်မြို့တွင်းအတွက် Free Permit သွင်းတာ ပိတ်မယ်ဆိုတာမျိုးလည်းကြားနေရတော့ တ ချို့ကအဝယ်ပြန်လိုက်လာတယ်။ အရင်နှစ်ပတ်က တော်တော်ကြီးကိုအေးနေတာ။ တခြားကုမ္ပဏီတွေတော့ မ သိဘူး။ Free Permit သတင်းကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှာတော့ အဝယ်ပြန်လိုက်လာတယ်” ဟု ပြောပြခဲ့ သည်။
အခွန်နှုန်းထားလျော့ချခြင်း မရှိတော့ဘဲ Free Permit ပိတ်သိမ်းလျှင် ကားစျေးနှုန်းများ ထပ်မံကျဆင်း တော့မည်မဟုတ်သဖြင့် ကြိုတင်တွက်ဆ ဝယ်ယူလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြသည်။ သီရိမင်္ဂလာစျေး ဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်းတွင်လည်း CIF တန်ဖိုးနည်းသောအောက်ကားများ အဝယ်ပြန်လိုက်လာပြီး ဒေါ်လာ ၁၅ဝဝဝ အထက်အပေါ်ကားများမှာ အဝယ်အေးစက်ဆဲဖြစ်ကြောင်း သိရသည်။ လှိုင်ဘာတာကားဝင်း အတွင်း၌မူ မိုးရွာသွန်းခဲ့မှုကြောင့် အဝယ်မလိုက်သလောက်နည်းပါးနေကာ အရောင်းအဝယ်မရှိကြောင်း ကား ဝယ်ရောင်း အကျိုးတော်ဆောင်ကြီးတစ်ဦးက ပြောပြခဲ့သည်။
Cerdit: Auto World Journal
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »