တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့ :

news_this_week



  • ကညန နံပါတ္ျပား အသုံးျပဳျခင္း မရွိေသာ ယာဥ္ေမာင္းမ်ားကုိ ယာဥ္ေမာင္းလုိင္စင္ တစ္ႏွစ္ ပိတ္မည္




  • ဘုရင့္ေနာင္ အမွတ္-၂ ျမစ္ကူးတံတား လာမည့္ ဧၿပီလတြင္ ဖြင့္လွစ္ အသံုးျပဳမည္




  • အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာနတြင္ေန႔စဥ္ပ်မ္းမွ် ကားအစီးေရ ေလးဆယ္ ၀န္းက်င္သာ လာေရာက္အပ္ႏွံ




  • ႏွစ္အလုိက္ တင္သြင္းခြင့္ျပဳ Model Year မ်ားကုိ ၂ ႏွစ္မွ သံုးႏွစ္အထိ ခုန္တက္ရန္ စီးပြား/ကူးသန္းမွ စီစဥ္ေန




  • ေအာင္မဂၤလာအေ၀းေျပးဂိတ္ ဆိုက္ေရာက္၀င္း အတြင္း ယာဥ္၀င္ေရာက္မႈေလ်ာ့နည္း




  • အေမရိကန္ ခ်က္ပလက္ကားျဖင့္ ေလဆိပ္ႏွင့္ ၿမိဳ႕တြင္းေျပးဆြဲမႈစတင္




  • ရန္ကုန္တိုင္း၌ပင္ သြင္းကုန္လုိင္စင္ (၁၂)မ်ဳိးေလွ်ာက္ထားႏိုင္ေတာ့မည္




  • ရွစ္မုိင္လမ္းဆံုတြင္ တပ္ဆင္ထားသည့္ မီးပြိဳင့္ထိန္းခ်ဳပ္ဆင္ဆာစနစ္ေၾကာင့္ ခံုးေက်ာ္တံတား တည္ေဆာက္မည့္ အစီအစဥ္ကုိ ေခတၱရပ္ဆိုင္း




  • ယခုနွစ္ထုတ္ Honda Fit Hybrid ကားမ်ား ျပန္လည္သိမ္းဆည္း




  • ၂၀၁၅ ခုႏွစ္ေမာ္ဒယ္ Honda Civic မိတ္ဆက္




  • ဆိပ္ကမ္း၌ ပစၥည္းေပ်ာက္ရွမႈအတြက္ Inspection ေတာင္းၿပီး စစ္ေဆးမႈအေပၚ ေ၀ဖန္မႈမ်ား ထြက္ေပၚ




  • သံုးဘီး ေမာ္ေတာ္ယာဥ္မ်ား အပ္ႏွံခြင့္ေပးခဲ့ပါက သံုးဘီးေမာ္ေတာ္ယာဥ္မ်ားသာ ျပန္လည္တင္သြင္းခြင့္ျပဳမည္ဟုဆို




  • ေႏြဦးအႀကိဳ ကားျပပြဲက်င္းပမည္




  • ‘အ’ အကၡရာအပ္ႏွံမႈ တစ္ႏိုင္ငံလံုး၌ ၆၀ ရာခိုင္ႏႈန္းေက်ာ္သြားၿပီ ျဖစ္ေသာ္လည္း ယာဥ္အို၊ ယာဥ္ေဟာင္း မူ၀ါဒသစ္ ထြက္ေပၚမလာေသး




  • ၂၀၁၄ ႏွစ္ဆန္းပိုင္းတြင္ ယာဥ္/ယႏၱရား ေလွ်ာက္ထားမႈစာရင္း၌ Mini Bus ႏွင္႕ Mini Truck အမ်ားဆံုးပါ၀င္




  • ၆ဂ/ . . . .ႏွင့္ အထက္ ကားမ်ားကို ကားသစ္မ်ားႏွင့္ လဲလွယ္ေပးမည္




  • ဟံသာ၀တီအ၀ိုင္း မီးပြိဳင့္စနစ္အသံုးျပဳရန္ သင့္ မသင့္ ငါးလခန္႔ အခ်ိန္ယူ စစ္တမ္းေကာက္မည္




  • သာေကတ ျမစ္ကူးတံတားသစ္တစ္စင္း ယခုႏွစ္အတြင္း တည္ေဆာက္မည္




  • ေအာင္မဂၤလာလမ္းမႀကီး သတ္မွတ္ကာလအတြင္း ၿပီးစီးမႈမရွိသည့္အတြက္ အေ၀းေျပး၀င္းအတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈ ဆက္လက္ျဖစ္ပြား




  • ႏွစ္ပတ္အတြင္း စည္းကမ္းမဲ့ ယာဥ္ရပ္နားမႈေပါင္း ရွစ္ရာေက်ာ္အထိ ဖမ္းဆီးအေရးယူ




 

ကညန နံပါတ္ျပား အသုံးျပဳျခင္း မရွိေသာ ယာဥ္ေမာင္းမ်ားကုိ ယာဥ္ေမာင္းလုိင္စင္ တစ္ႏွစ္ ပိတ္မည္


စေတကာကပ္ ေမာင္းႏွင္ေနသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ က.ည.န မွတရား၀င္ ထုတ္ေပးထားေသာ ယာဥ္နံပါတ္ျပား တပ္ဆင္ အသုံးျပဳျခင္း မရွိဘဲ မိမိအစီအစဥ္ျဖင့္ ဖန္တီးထားေသာ နံပါတ္ျပားမ်ား အသုံးျပဳၿပီး ေမာင္းႏွင္သြားလာေနေသာ ယာဥ္ေမာင္းမ်ားကုိ ယာဥ္ေမာင္းလုိင္စင္ တစ္ႏွစ္ပိတ္သိမ္းသည္အထိ အေရးယူသြားမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ တပ္ဖြဲ႕မွဴးျဖစ္သူ ရဲမွဴးႀကီး ေက်ာ္ေထြးက ဒီဇင္ဘာ ၂၅ ရက္ နံနက္ပုိင္းတြင္ ေျပာၾကားခဲ့တယ္လို႕ သိရပါတယ္။စည္းကမ္းခ်ဳိးေဖာက္သူမ်ား အလြန္မ်ားျပားလာတဲ့အတြက္ အခုလို အေရးယူရတာ ျဖစ္ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴးက ေျပာၾကားခဲ့ပါတယ္။ အခု စီမံခ်က္ဒဏ္ေငြဆုိတာ မရွိေတာ့ဘူး။ ေမာ္ေတာ္ယာဥ္ နည္းဥပေဒအရ ဒဏ္ေငြ က်ပ္၁၅၀၀ ကေန ၂၀၀၀ ထိပဲ ေပးေဆာင္ရတယ္။ အဲ့ဒီေတာ့ ယာဥ္ေမာင္းေတြ၊ ယာဥ္ပုိင္ရွင္ေတြအေနနဲ႔ စည္းကမ္းပုိင္းကုိ လုိက္နာမႈ အားနည္းလာတယ္။ စည္းကမ္းေဖာက္ ၿပီးေတာ့ ဒဏ္ေငြ က်ပ္ ၁၅၀၀ ကုိ လြယ္လြယ္ ကူကူေပးေဆာင္လာၾကတယ္။ ဒါေၾကာင့္ စည္းကမ္းေတြ လုိက္နာဖုိ႔ စေတကာကပ္ၿပီးေမာင္းတဲ့ ယာဥ္ေမာင္းေတြနဲ႔ ကားနံပါတ္ကုိ ဒီဇုိင္းလုပ္ၿပီး ေမာင္းႏွင္ေနတဲ့ ယာဥ္ေမာင္းေတြကုိ အနည္းဆုံး ယာဥ္ေမာင္း လုိင္စင္ ေျခာက္လကေန တစ္ႏွစ္ထိ ပိတ္သိမ္းအေရးယူသြားမယ္လို႕ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ ေျပာၾကားခဲ့ပါတယ္။

 

Ref: Eleven Media Group

ဘုရင့္ေနာင္ အမွတ္-၂ ျမစ္ကူးတံတား လာမည့္ ဧၿပီလတြင္ ဖြင့္လွစ္ အသံုးျပဳမည္


ဘုရင့္ေနာင္ အမွတ္-၂ ျမစ္ကူးတံတား တည္ေဆာက္မႈမွာ ၈၀ ရာခိုင္ႏႈန္းခန္႔ ၿပီးစီးလ်က္ရွိၿပီး ယခုႏွစ္၊ ဧၿပီလတြင္ ဖြင့္လွစ္ အသံုးျပဳႏိုင္မည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ သတင္းရရွိသည္။ အမွတ္-၂ ျမစ္ကူးတံတားကို ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ အထူးစီမံကိန္းႀကီးအဖြဲ႕-၅ မွ ၂၀၁၃ ခုႏွစ္၊ ဇန္န၀ါရီ ၆ ရက္တြင္ စတင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ၿပီး ၂၀၁၄ ခုႏွစ္၊ ဧၿပီလတြင္ ဖြင့္လွစ္အသံုးျပဳႏိုင္ရန္ လ်ာထားေၾကာင္း၊ တံတားတည္ေဆာက္မႈ လုပ္ငန္းမ်ားမွာ ရွစ္ဆယ္ရာခိုင္ႏႈန္းခန္႔ ၿပီးစီးလ်က္ရွိကာ လက္ရွိတြင္ တံတားသံေဘာင္ တပ္ဆင္မႈလုပ္ငန္းမ်ားကို ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။ တံတားတည္ေဆာက္မႈက ခန္႔မွန္းထားတာထက္ ၿပီးစီးမႈျမန္တယ္လို႔ ေျပာရမယ္၊ ဒီၾကားထဲမွာ ေဆာင္ရြက္မႈ ေႏွးသြားရင္ေတာ့ ဇြန္လေလာက္မွပဲ ဖြင့္လွစ္အသံုးျပဳႏိုင္မယ္၊ လက္ရွိအေနအထားအရ ဆိုရင္ ဧၿပီလေလာက္မွာ ဖြင့္ႏိုင္မွာပါ၊ ဘုရင့္ေနာင္ခံုးေက်ာ္တံတား ဖြင့္ၿပီးတာေတာင္ အေပၚလႊာတံတားက က်ပ္ေနတုန္းပဲ၊ ဒါက ျမစ္ကူးတံတား မၿပီးေသးလို႔၊ ျမစ္ကူး တံတားၿပီးရင္ေတာ့ ေတာ္ေတာ္ အဆင္ေျပသြားမွာပါဟုၿမိဳ႕ေတာ္စည္ပင္၊ အင္ဂ်င္နီယာဌာန(လမ္း တံတား)မွ ဒုတိယဌာနမွဴး ဦးစည္သူလြင္က ေျပာသည္။
ဘုရင့္ေနာင္ အမွတ္-၂ ျမစ္ ကူးတံတား တည္ေဆာက္မႈေၾကာင့္ ဘုရင့္ေနာင္ အေပၚလႊာတံတားေပၚတြင္ ကားက်ပ္မႈႏွင့္ ပတ္သက္၍ ႏွစ္ထပ္ခံုးေက်ာ္တံတား ဖြင့္လိုက္ၿပီဆိုေပမဲ့ လိႈင္သာယာဘက္ကို သြားတဲ့ကားက မ်ားေနေတာ့ တံတားေပၚမွာ နည္းနည္း က်ပ္ေနတယ္၊ လိႈင္သာယာဘက္သြားတဲ့ ကားက အရင္ႏွစ္ထက္ ခုနစ္ဆ၊ ရွစ္ဆေလာက္ မ်ားလာတယ္၊ ျမစ္ကူးတံတားၿပီးရင္ေတာ့ ေတာ္ေတာ္ အဆင္ေျပမွာပါ၊ လက္ရွိ က်ပ္ေနတာက သီရိမြန္နဲ႔ ဘုရင့္ေနာင္လမ္းၾကားမွာပါ၊ လမ္းခင္းေနတာေၾကာင့္လည္း ပါပါတယ္ဟု ဘုရင့္ေနာင္ အေ၀းေျပးကုန္စည္ဒိုင္အသင္း ဥကၠ႒ဦးခင္ဟန္က ၎၏ အျမင္ကို ေျပာျပသည္။ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္ဘက္ကမ္းႏွင့္ လိႈင္သာယာဘက္ကမ္းကို ခ်ိတ္ဆက္ေပးမည့္ ဘုရင့္ေနာင္ အမွတ္-၂ ျမစ္ကူးတံတားႀကီးမွာ ယာဥ္သြားလမ္း ေလးလမ္းပါရွိၿပီး ပင္မ တံတား အရွည္မွာ ၁ç၆၂၈ ဒသမ ၃ ေပႏွင့္ ခံႏိုင္၀န္အေလးခ်ိန္ ၇၅ တန္ သတ္မွတ္ထားေၾကာင္း၊ ေရလမ္း ကင္းလြတ္ခြင့္ အျမင့္ေပ ၃၆ ေပရွိကာ အဆိုပါတံတားကို ေငြက်ပ္သံုးဆယ္ ဘီလ်ံခန္႔ အကုန္အက်ခံ တည္ေဆာက္မည္ ျဖစ္ေၾကာင္း သိရသည္။

 

Ref: Automobile

 

အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာနတြင္ေန႔စဥ္ပ်မ္းမွ် ကားအစီးေရ ေလးဆယ္ ၀န္းက်င္သာ လာေရာက္အပ္ႏွံ


ရန္ကုန္တိုင္းေဒသႀကီးအတြင္း အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ အပ္ႏွံမႈ ေလ်ာ့က်လာခဲ့ၿပီး ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာနတြင္ ေန႔စဥ္ပ်မ္းမွ် ကားအစီးေရ ေလးဆယ္ ၀န္းက်င္သာ လာေရာက္ အပ္ႏွံလ်က္ရွိေၾကာင္း ‘ျမင္သာ ကညန႐ံုး’ မွ သိရသည္။ အပ္ႏွံဆဲျဖစ္သည့္ ‘အ’အကၡရာ ကားမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီး၌ အစီးေရ ၄,၇၅၀ ရွိရာ ဇန္န၀ါရီ ၆ ရက္ အထိ ၃,၄၀၈ စီး အပ္ႏွံခဲ့ၿပီး ျဖစ္ေသာေၾကာင့္ အစီးေရ ၁,၃၀၀ ေက်ာ္သာ က်န္ရွိေတာ့သည္။ ထို႔အတူ အပ္ႏွံရန္က်န္ရွိသည့္ ‘လ၊ သ’ အကၡရာကားမ်ားသည္လည္း အပ္ႏွံမႈၿပီးျပတ္ရန္ အနည္းငယ္သာ လိုေတာ့သည့္အတြက္ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာနတြင္ အကၡရာအစံုမွ ကားအစီးေရ ပ်မ္းမွ် ေလးဆယ္ ၀န္းက်င္သာ အပ္ႏွံမႈရွိေနၿပီး အပ္ႏွံမႈေလ်ာ့က်လာခဲ့ေၾကာင္း သိရသည္။ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈ စာရင္းမ်ားအရ ဇန္န၀ါရီ ၇ ရက္အထိ လူစီးယာဥ္ စုစုေပါင္း ေျခာက္ေသာင္းေက်ာ္၊ ဘတ္စ္ကား အစီးေရ စုစုေပါင္း ကုိးရာေက်ာ္ႏွင့္ ထရပ္ကား အစီးေရ စုစုေပါင္း ၂,၅၀၀ ေက်ာ္ အပ္ႏွံခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။ အကၡရာစဥ္အလိုက္ အပ္ႏွံမႈမ်ားအရ ‘အ’အကၡရာ ၃,၄၀၉ စီး၊ ‘သ’ အကၡရာ ၄,၆၈၂ စီးႏွင့္ ‘လ’အကၡရာ ၃,၉၁၈ စီး အပ္ႏွံခဲ့ၿပီး ျဖစ္ေၾကာင္း ‘ရန္ကုန္တိုင္းေဒသႀကီး ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန’ မွ သိရသည္။ ယာဥ္အို၊ ယာဥ္ေဟာင္းမ်ား အပ္ႏွံမႈ ေလ်ာ့က်လာေသာ္လည္း အပ္ႏွံမႈေပၚလစီ ေျပာင္းလဲျခင္းမရွိေသးျခင္းေၾကာင့္ အပ္ကားမ်ား၏ စလစ္ေစ်းမ်ားမွာ ေစ်းတန္႔ေနခဲ့ကာ ‘လ၊ သ၊ အ’အမည္ေပါက္ ကားေဟာင္း စလစ္တစ္ေစာင္လွ်င္ က်ပ္ ၉၅ သိန္း၀န္းက်င္၊ တကၠစီ စလစ္တစ္ေစာင္လွ်င္ က်ပ္ ၆၇ သိန္း၀န္းက်င္ ေပါက္ေစ်းရွိေၾကာင္း ကား ၀ယ္/ေရာင္းမ်ားထံမွ သိရသည္။

 

Ref: Automobile

 

ႏွစ္အလုိက္ တင္သြင္းခြင့္ျပဳ Model Year မ်ားကုိ ၂ ႏွစ္မွ သံုးႏွစ္အထိ ခုန္တက္ရန္ စီးပြား/ကူးသန္းမွ စီစဥ္ေန


မိုဒယ္ျမင့္ကားမ်ား မ်ားလာေစရန္အတြက္ တင္သြင္းခြင့္ျပဳ Model Year မ်ားကုိ တစ္ႏွစ္လွ်င္ မိုဒယ္ ၂ ႏွစ္မွ သံုးႏွစ္အထိ ခုန္တက္ရန္ စီစဥ္ထားေၾကာင္း ‘စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန’မွ သိရသည္။ ျပည္ပမွ ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းရာတြင္ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားနည္းတူ ႏွစ္အကန္႔အသတ္ အနည္းငယ္ျဖင့္ တင္သြင္းခြင့္ေပးၿပီး မိုဒယ္ျမင့္ကားမ်ား မ်ားလာေစရန္အတြက္ လာမည့္ႏွစ္မ်ား၌ Model Year၂ ႏွစ္မွ သံုးႏွစ္အထိ ခုန္ကူးရန္ စီစဥ္ထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူတစ္ ဦးက ေျပာသည္။ အနာဂတ္တြင္ ျဖစ္ေပၚလာႏိုင္သည့္ ကားတင္သြင္းခြင့္ မူ၀ါဒႏွင့္ ပတ္သက္၍ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ဒီႏွစ္မွာ ၁၉၉၇ မိုဒယ္ကေန ၂၀၀၀ မိုဒယ္ကို ခုန္ကူးခဲ့သလို လာမယ့္ ၂၀၁၅ ခုႏွစ္မွာလည္း ၂၀၀၀ မိုဒယ္ကေန ၂၀၀၃ မိုဒယ္ကို ခုန္ကူးဖို႔ စီစဥ္ထားပါတယ္၊ တိုင္းျပည္ တစ္ျပည္မွာ ကားတင္သြင္းတယ္ဆိုတာ ငါးႏွစ္အတြင္း ထုတ္လုပ္တဲ့ ကားပဲ သင့္ေတာ္ပါတယ္၊ လုပ္ငန္း သံုးယာဥ္ေတြအတြက္ကေတာ့ ၁၀ ႏွစ္အတြင္းဆိုရင္ သင့္ေတာ္ပါတယ္၊ ျမန္မာႏိုင္ငံမွာ မိုဒယ္ျမင့္ ကားေတြ ၀င္ေရာက္လာဖို႔အတြက္ တစ္ႏွစ္နဲ႔တစ္ႏွစ္ မိုဒယ္ေတြ ခုန္ ကူးသြားဖို႔ စီစဥ္ထားပါတယ္၊ ဒါေပမဲ့ ဒီႏိုင္ငံမွာရွိတဲ့ လမ္းအေနအထားနဲ႔ စက္သံုးဆီ အရည္အေသြးကို တြက္ခ်က္ၿပီး တစ္ႏွစ္မွာ မိုဒယ္ ဘယ္ေလာက္ ခုန္ကူးမလဲ ဆိုတာ စဥ္းစားတြက္ခ်က္ ေနပါ တယ္”ဟု ေျပာၾကားခဲ့သည္။ ၂၀၁၄ ခုႏွစ္အတြက္ ထုတ္ျပန္ခဲ့ေသာ CIF တန္ဖိုးအသစ္တြင္ ယာဥ္အို၊ ယာဥ္ေဟာင္း အစားထိုးလဲလွယ္မႈအတြက္ လူစီးယာဥ္မ်ားကို ၂၀၀၀ မိုဒယ္မွ ၂၀၀၈ မိုဒယ္အတြင္း၊ တစ္ဦးခ်င္း ပါမစ္ျဖင့္ တင္သြင္းေသာ လူစီးယာဥ္မ်ားကို ၂၀၀၉ မိုဒယ္မွ ၂၀၁၃ မိုဒယ္အတြင္း၊ ကုန္တင္ယာဥ္မ်ား ကို ၂၀၀၄ မိုဒယ္မွ ၂၀၁၄ မိုဒယ္အတြင္း ခြင့္ျပဳေပးခဲ့ေၾကာင္း သိရွိရသည္။

 

Ref: Automobile

 

ေအာင္မဂၤလာအေ၀းေျပးဂိတ္ ဆိုက္ေရာက္၀င္း အတြင္း ယာဥ္၀င္ေရာက္မႈေလ်ာ့နည္း


ေအာင္မဂၤလာအေ၀းေျပး၀င္း၌ အေ၀းေျပးယာဥ္မ်ားဆိုက္ေရာက္ ႏိုင္ရန္ Arrival ၀င္းတည္ေဆာက္၍ ခရီးသည္မ်ားကုိ ၀န္ေဆာင္မႈေပး လ်က္ရွိရာ ယခုလပုိင္းတြင္ Arrival ၀င္း၌ ယာဥ္၀င္ေရာက္မႈေလ်ာ့နည္း လ်က္ရွိေၾကာင္းသိရသည္။ ဤကဲ့သုိ႔ ေအာင္မဂၤလာအေ၀း ေျပးယာဥ္မ်ားဆုိက္ေရာက္ႏိုင္ရန္ အတြက္ Arrival စခန္းကုိ (၂၀၁၃) ခုႏွစ္ (၈) လပုိင္း၌ အစမ္းဖြင့္ခဲ့ၿပီး (၉) လပုိင္းမွစတင္၍ တရား၀င္ဖြင့္ လွစ္ခဲ့ျခင္းျဖစ္သည္။ တရား၀င္ဖြင့္ လွစ္ခဲ့သည့္ (၉) လပုိင္းတြင္ Arrival ၀င္းသို႔ ယာဥ္အစီးေရ တစ္ေန႔လွ်င္ အမ်ားဆံုး (၃၉၉) စီးအထိ၀င္ေရာက္ ခဲ့ေသာ္လည္း ယခုအခါတြင္ တစ္ရက္ ကုိ (၁၈၈) စီးသာ၀င္ေရာက္ဆုိက္ ကပ္ေတာ့ေၾကာင္း ေအာင္မဂၤလာ အေ၀းေျပး Arrival ၀န္းမွ တာ၀န္ရွိ သူ၏ေျပာၾကားခ်က္အရ သိရွိရသည္။ ယင္းကဲ့သုိ႔ ယာဥ္အစီးေရေလ်ာ့ နည္းသြားရျခင္းမွာ ေျခာက္လမ္းသြား ႏွင့္ အမွတ္ (၃) လမ္းမႀကီးျပင္ေန သည့္အတြက္ေၾကာင့္ျဖစ္ေၾကာင္းကို လည္း ၎င္းမွဆက္လက္ေျပာၾကားခဲ့ သည္။ အဆိုပါ ေအာင္မဂၤလာအေ၀း ေျပး Arrival ၀င္းကုိ လုပ္ကုိင္ခြင့္အားMYINT & PAING Co., Ltd. မွ BOT စနစ္ျဖင့္ (၁၇) ႏွစ္ လုပ္ကုိင္ခြင့္ ရရွိခဲ့ေၾကာင္းသိရသည္။ ယင္း၀င္း အတြင္း ဆိုက္ေရာက္ခကုိကားႀကီး တစ္စီး (၅၀၀) က်ပ္၊ ကားေလး တကၠစီ (၂၀၀) က်ပ္တုိ႔ျဖင့္အသီး သီးေကာက္ခံၿပီး Public နံပါတ္ အနက္ကုိ ေငြေၾကးေကာက္ခံျခင္း မျပဳေၾကာင္းသိရသည္။ ေအာင္မဂၤလာ အေ၀းေျပးယာဥ္ Arrival ၀င္းသည္ တစ္ရက္လွ်င္ ခန္႔ မွန္းေျခ ခရီးသည္ (၆၀၀၀) ေက်ာ္ကုိ ၀န္ေဆာင္မႈမ်ားေပးေနေၾကာင္းသိရွိရ သည္။ ယင္းကဲ့သို႔ အေ၀းေျပးယာဥ္ မ်ားသည္ Arrival တြင္ဆုိက္ေရာက္ ပါက ခရီးသည္မ်ားသြားလာမႈ လြယ္ ကူေစရန္ City Bus ႏွင့္ တကၠစီမ်ား ကုိလည္း အဆင္သင့္ထားေပးထား ေၾကာင္းသိရသည္။ ေအာင္မဂၤလာအေ၀းေျပး Arrival စခန္းကုိ တည္ေဆာက္ႏိုင္ျခင္း ေၾကာင့္ ႏိုင္ငံတကာကဲ့သုိ႔ Arrival စခန္းသီးသန္႔တည္ရွိၿပီး ယခင္ကလို တကၠစီမ်ားေနာက္မွ လိုက္လာျခင္း မရွိသည့္အတြက္ ခရီးသည္မ်ားအဆင္ ေျပစြာသြားလာႏိုင္ၿပီး ယာဥ္ေၾကာပိတ္ ဆို႔မႈကုိ အနည္းငယ္ေလွ်ာ့ခ်ႏိုင္မွာျဖစ္ ေၾကာင္းသိရသည္။

 

Ref: Automobile


အေမရိကန္ ခ်က္ပလက္ကားျဖင့္ ေလဆိပ္ႏွင့္ ၿမိဳ႕တြင္းေျပးဆြဲမႈစတင္


၀ွီးခ်ဲ(လ္) (၆) စီးတင္ေဆာင္ ႏိုင္ေသာ အေမရိကန္ခ်က္ပလက္ကား ျဖင့္ ေလဆိပ္ႏွင့္ ၿမိဳ႕တြင္းေျပးဆြဲမႈ အား Airport Shuttle ကုမၸဏီမွ ဒီဇင္ဘာလအတြင္း စတင္ခဲ့ေၾကာင္း သိရသည္။ ၀ွီးခ်ဲ(လ္) (၆) စီးတင္ေဆာင္ႏိုင္ၿပီး လူခ်ည္းသက္သက္ သာဆိုပါက (၁၈) ေယာက္ခန္႔စီးနင္း ႏိုင္ေသာ ခ်က္ပလက္ကားျဖင့္ ၀န္ေဆာင္မႈေပးေနေၾကာင္း အဆုိပါ ကုမၸဏီ၏ တာ၀န္ရွိသူ ဦးေက်ာ္ေက်ာ္ ကေျပာျပခဲ့သည္။
သက္ႀကီးရြယ္အုိမ်ားႏွင့္ မသန္စြမ္းေ၀ဒနာရွင္ မ်ားအတြက္ ရည္ရြယ္ကာ အလြယ္တကူစီးနင္းႏိုင္ရန္ ၀ွီးခ်ဲ(လ္)ပါ တင္ေဆာင္ ႏိုင္သည့္ အဆိုပါ ကားျဖင့္ ေျပးဆြဲျခင္းျဖစ္ကာ လက္ရွိ အခ်ိန္တြင္ တစ္စီးတည္းသာ ေျပးဆြဲေနၿပီး အစီးေရတိုးခ်ဲ႔ ေျပးဆြဲသြားရန္ ရွိေၾကာင္းသိရသည္။ အဓိကမသြားႏိုင္ မလာႏိုင္တဲ့ သက္ႀကီးရြယ္အုိေတြနဲ႔ မသန္စြမ္းတဲ့သူေတြအတြက္ပါ။ ၀ွီးခ်ဲ(လ္) ကုိတြန္းတဲ့သူပါ အဆင္ေျပ ေအာင္ ဟိုက္ေျဒာလစ္ေတြနဲ႔ လုပ္ထားတယ္။ ၀ွီးခ်ဲ(လ္)ကုိ မစရာမလိုဘဲ တြန္းသြားလို႔ရေအာင္ လုပ္ထားတယ္။ေစ်းႏႈန္းကေတာ့ မိသားစုအေရအတြက္ေပၚ မူတည္ၿပီးယူပါတယ္။ အခု ရန္ကုန္ ၿမိဳ႕ထဲမွာ ၀ွီးခ်ဲ(လ္)ေတြပါသြားလို႔ရ ေအာင္ လမ္းေတြခင္းမယ္ လို႔သိထားတယ္။ အဲ့လိုေတြပါရွိလာရင္ေတာ့ ပုိ ေကာင္းတာေပါ့လို႔ အဆုိပါပုဂၢိဳလ္ ကေျပာျပခဲ့သည္။ Airpot Shuttle အေနျဖင့္ (၇) ႀကိမ္ေျမာက္က်င္းပမည့္ မသန္စြမ္း ဆီးဂိမ္းအားကစားၿပိဳင္ပြဲတြင္ပါ၀င္ေသာ မသန္စြမ္းအားကစားသမားမ်ား အတြက္ပါ ကူညီအားျဖည့္ေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္းသိရွိရသည္။

 

Ref: Auto World

 

ရန္ကုန္တိုင္း၌ပင္ သြင္းကုန္လုိင္စင္ (၁၂)မ်ဳိးေလွ်ာက္ထားႏိုင္ေတာ့မည္


(၂၀၁၄) ခုႏွစ္ ဇန္န၀ါရီ (၁) ရက္မွစတင္၍ ပစၥည္းအမ်ဳိးအမည္ (၁၂) မ်ဳိးအား စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၊ ကူးသန္းေရာင္း ၀ယ္ေရးႏွင့္ စားသံုးသူေရးရာ ဦးစီးဌာန၊ ရန္ကုန္တုိင္းေဒသႀကီး႐ံုး၊ သြင္းကုန္ ဌာနခြဲ၌ သြင္းကုန္လုိင္စင္မ်ား အျဖစ္ ေလွ်ာက္ထားခြင္ ့ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။ ယခင္က သြင္းကုန္လုိင္စင္မ်ားကို ေနျပည္ေတာ္တြင္သာ လုိင္စင္ေလွ်ာက္ ထားရၿပီး ယခုႏွစ္ ဇန္န၀ါရီတြင္ ရန္ကုန္၌ ေလွ်ာက္ထားခြင့္ ျပဳလိုက္ျခင္းျဖစ္ ေၾကာင္းသိရသည္။ ရန္ကုန္တုိင္းေဒသႀကီးရွိ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ ေရး၀န္ႀကီးဌာနတြင္ လုိင္စင္ေလွ်ာက္ထားခြင့္ျပဳလိုက္သည့္ ပစၥည္းအမ်ဳိးအစား မ်ားမွာ ကားအပုိပစၥည္းမ်ား၊ တာယာအမ်ဳိးမ်ဳိး၊ ေဆာက္လုပ္ေရးပစၥည္းမ်ား၊ အလွကုန္ပစၥည္းမ်ား၊ ဆုိင္ကယ္အပုိပစၥည္းမ်ား၊ စက္မႈကုန္ၾကမ္း၊ စက္ဆီ၊ ေခ်ာဆီ၊ စက္ႏွင့္ စက္အပုိပစၥည္းမ်ား၊ အပ္ခ်ဳပ္စက္၊ မီးစက္၊ ႐ံုးသံုးကိရိယာ၊ ဂ်င္နေရတာ စသည္တို႔ျဖစ္ေၾကာင္း သိရသည္။
ထုိပစၥည္းမ်ားထဲတြင္ ကားတာယာမ်ားမွာ ယခင္က လုိင္စင္ေလွ်ာက္ထား စရာမလိုဘဲ တင္သြင္းသည့္အခါ၌သာ အခြန္ေပးေဆာင္သြင္းရၿပီး ယခုအခ်ိန္ တြင္ သြင္းကုန္လိုင္စင္ျဖင့္ ျပန္လည္ေလွ်ာက္ထားရန္ သတ္မွတ္လိုက္ေၾကာင္း သိရသည္။ ကြၽန္ေတာ္တို႔ တာယာေတြက အရင္က လုိင္စင္ေလွ်ာက္စရာမလိုဘဲ အခြန္ေဆာင္ၿပီးပဲသြင္းရတာ။ အခုက ရန္ကုန္မွာပဲ သြင္းကုန္လိုင္စင္ျပန္ ေလွ်ာက္ရေတာ့မယ္ဆိုေတာ့ ဒါက တာယာေတြ၀င္ေရာက္လာတာကို ထိန္းခ်ဳပ္ တာလည္း ပါမယ္ထင္တယ္။ ဒီလိုလုပ္လိုက္တဲ့အတြက္ အရည္အေသြးမီတဲ့ တာယာေတြ ပိုၿပီး တင္သြင္းလာႏိုင္ပါတယ္ လို႔ ကားတာယာမ်ားတင္သြင္း ေရာင္းခ်သည့္ ဆုိင္တစ္ဆုိင္မွ တာ၀န္ရွိသူတစ္ဦးကလည္း ေျပာျပခဲ့သည္။

 

Ref: Auto World

ရွစ္မုိင္လမ္းဆံုတြင္ တပ္ဆင္ထားသည့္ မီးပြိဳင့္ထိန္းခ်ဳပ္ဆင္ဆာစနစ္ေၾကာင့္ ခံုးေက်ာ္တံတား တည္ေဆာက္မည့္ အစီအစဥ္ကုိ ေခတၱရပ္ဆိုင္း


ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ေပၚ ေနေသာ ရွစ္မုိင္လမ္းဆံုတြင္ ယခင္က ခံုးေက်ာ္တံတား တည္ေဆာက္ရန္ ရည္ရြယ္ထားေသာ္လည္း ယခုအခါ မီးပြိဳင့္ထိန္းခ်ဳပ္ ဆင္ဆာတပ္ဆင္ လုိက္ျခင္းေၾကာင့္ ခံုးေက်ာ္တံတား တည္ေဆာက္မည့္ အစီအစဥ္ကုိေခတၱ ရပ္ဆိုင္းထားေၾကာင္း ကုန္းလမ္းပုိ႔ ေဆာင္ေရးမွ အႀကီးတန္းအရာရွိတစ္ ဦးကေျပာၾကားခဲ့သည္။ ရွစ္မုိင္လမ္းဆံုတြင္ တပ္ဆင္ ထားေသာ မီးပြိဳင့္ထိန္းခ်ဳပ္ဆင္ဆာ စနစ္သည္ ယာဥ္ေၾကာပိတ္ဆို႔မႈေပၚ မူတည္၍ ထိန္းခ်ဳပ္ေပးသည့္စနစ္ျဖစ္ ေသာေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈကုိ ေလွ်ာ့ခ်ႏိုင္ျခင္းကုိ ေစာင့္ၾကည့္ေန ေၾကာင္းသိရသည္။ ထုိ႔အတြက္ ခံုး ေက်ာ္တံတားတည္ေဆာက္မည့္ အစီ အစဥ္ကုိ ေခတၱရပ္ဆိုင္းထားျခင္းျဖစ္ ေၾကာင္းသိရသည္။ ရွစ္မုိင္လမ္းဆံု တြင္ မီးပြိဳင့္ေလးခု တပ္ဆင္ထားၿပီး ဆင္ဆာစနစ္သည္ မီးပြိဳင့္တစ္ခုတြင္ ကင္မရာတစ္လံုးစီ တပ္ဆင္ထားေပး ေၾကာင္းသိရသည္။ ယင္းကင္မရာမ်ား သည္ မီးပြိဳင့္၏ဂရပ္မ်ဥ္းမွ မီတာ (၃၀) အကြာအေ၀းထိရွိေသာ ယာဥ္ မ်ားကုိ ထိန္းခ်ဳပ္ေပးၿပီး ယာဥ္ေၾကာ ရွင္းလင္းေပးသည့္စနစ္တြင္ Manual ႏွင့္ Auto ခလုတ္မ်ားပါ၀င္ေၾကာင္း သိရွိရသည္။

 

Ref: Auto World

ယခုနွစ္ထုတ္ Honda Fit Hybrid ကားမ်ား ျပန္လည္သိမ္းဆည္း


ဟြန္ဒါကုမၺဏီက ၂ဝရက္ေန႔မွာ အင္ဂ်င္ကိုထိန္းခ်ဳပ္ေသာ ပရိုဂရမ္(program)မွာ ခၽြတ္ယြင္းခ်က္မ်ား ေတြ႕ရွိခဲ့တဲ့အတြက္ အေသးစား Fit Hybrid (HV) ကား အေရအတြက္ ၃၆,၁ဝဝစီး (ယခုႏွစ္ (၇)လပိုင္းမွ (၁၂)လ ပိုင္းအထိ ထုတ္လုပ္ခဲ့ေသာ ကားမ်ား) ကို Recall (ျပန္လည္သိမ္းစည္းျခင္းႏွင့္ အခမဲ့ျပဳျပင္ေပးျခင္း) ေခၚယူမည္ ျဖစ္ေၾကာင္း ဂ်ပန္ ကုန္းလမ္း ပို႔ေဆာင္ေရး ဌာနသို႔စာပို႔လိုက္ေၾကာင္း သိရွိရပါတယ္။ ဟြန္ဒါကုမၺဏီသို႔၉လပိုင္းေနာက္ပိုင္း ယင္းျပႆနာႏွင့္ ပတ္သက္၍ ၃၆၂ႀကိမ္ အေၾကာင္းၾကား ဆက္သြယ္မွုမ်ားကို လက္ခံရရွိထားၿပီး ျဖစ္ေသာ္လည္း ယာဥ္တိုက္ခိုက္ ပ်က္စီးမွု ျပႆနာ မ်ားကိုေတာ့ယခုအခ်ိန္အထိ မရရွိေသးေၾကာင္းလဲ ေျပာၾကားထားပါတယ္။ ကုန္းလမ္းပို႔ေဆာင္ေရးဌာနမွ ေျပာဆိုခ်က္အရ အင္ဂ်င္ႏွင့္ ဂီယာပိုင္းကို ထိန္းခ်ဳပ္ေသာ စနစ္ရဲ႕ပရိုဂရမ္မွာ ျပႆနာရွိတာျဖစ္ၿပီး အရွိန္နဲနဲႏွင့္ ေမာင္းႏွင္စဥ္ အင္ဂ်င္ရပ္တန႔္သြားျခင္းျပဳျပင္ရန္(故障) ဆိုေသာ မီးမ်ားလင္းလာ၍ ေမာင္းႏွင္လို႔မရနိုင္တာမ်ိဳး ရွိနိုင္ေၾကာင္း ေျပာၾကားသြားပါတယ္။ လက္ရွိ ျမန္မာျပည္သို႔တင္သြင္းေနေသာ ကားအေတာ္မ်ားမ်ားက ေႏွာင္းပိုင္းကားမ်ား ျဖစ္သည့္အတြက္ အေထြအထူး လုပ္ေဆာင္စရာမ်ား မလိုအပ္ေၾကာင္း သိရွိရပါတယ္။

[အေသးစိတ္အခ်က္အလက္မ်ား]
ကားအမ်ိဳးအစား - Honda Fit Hybrid-(HV)
ထုတ္လုပ္ကာလ - 07/2013 မွ 12/2013
အရည္အတြက္ -- 36,100

 

Ref: Auto Mobile

၂၀၁၅ ခုႏွစ္ေမာ္ဒယ္ Honda Civic မိတ္ဆက္


၂၀၁၅ ခုႏွစ္ေမာ္ဒယ္အတြက္ ျပင္ဆင္ထားတဲ့ Honda Civic ကို ယခုလို ျမင္ေတြ႔ ရပါတယ္။ Prototype အေနနဲ႔ ထုတ္လုပ္ထားျပီး စမ္းသပ္ေမာင္းႏွင္ေနမွု ျဖစ္ပါတယ္။ အင္ဂ်င္အရြယ္ ၂ လီတာ ရွိျပီး ဆလင္ဒါ ေလးလံုးပူး V အင္ဂ်င္ကို အသံုးျပဳ တပ္ဆင္ ထားပါတယ္။ ျမင္းေကာင္ ေရအား ထုတ္လုပ္မွု ၂၈၀ ဝန္းက်င္ ရွိျပီး Euro 6 mission standard နဲ႔ ေလ်ာ္ညီတဲ့ မီးခိုးထုတ္ စနစ္ ျဖစ္ေၾကာင္း ဆုိ ပါတယ္။ ဒါေၾကာင့္မို႔ သဘာဝ ပတ္ဝန္းက်င္နဲ႔ ေလ်ာ္ညီ ကိုက္ညီေစမယ့္ ကား ျဖစ္ေၾကာင္း ဆုိပါတယ္။ ဟိုင္းဘရစ္ ဗားရွင္းလည္း ထုတ္လုပ္ အံုးမွာပါ။ အျမန္ဆံုး ေမာင္းႏွင္ႏိုင္မွု Speed က တစ္နာရီ ၁၂၄ မိုင္ ဝန္းက်င္ အထိ ရွိပါတယ္။ ေနာက္ဘက္ Hatchback ပါ တံခါး ငါးေပါက္ hatchback ကား ျဖစ္ျပီး Honda insight နဲ႔ေတာင္ ခပ္ဆင္ဆင္ ရွိပါတယ္။ ၂၀၁၅ ခုႏွစ္ေမာ္ဒယ္အတြက္ ျပင္ဆင္ထားတဲ့ ကားကို ၂၀၁၄ ႏွစ္လယ္ေနာင္းပိုင္း ထုတ္လုပ္ ေရာင္းခ် ႏိုင္ရန္ ေမ်ာ္မွန္းထားေၾကာင္း သိရ ပါတယ္။

 

Ref: autoblog

သံုးဘီး ေမာ္ေတာ္ယာဥ္မ်ား အပ္ႏွံခြင့္ေပးခဲ့ပါက သံုးဘီးေမာ္ေတာ္ယာဥ္မ်ားသာ ျပန္လည္တင္သြင္းခြင့္ျပဳမည္ဟုဆို


သံုးဘီး ေမာ္ေတာ္ယာဥ္မ်ား အပ္ႏွံခြင့္ေပးခဲ့ပါက အမ်ဳိးတူ သံုးဘီး ေမာ္ေတာ္ယာဥ္မ်ားကိုသာ ျပန္လည္ တင္သြင္းခြင့္ ျပဳမည္ျဖစ္ေၾကာင္း ကုန္းလမ္းပုိ႕ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ အရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။ ကုန္းလမ္းပို႔ေဆာင္ေရး ဦးစီးဌာနက ျပည္ပမွ တင္သြင္းလာေသာ ေမာ္ေတာ္ယာဥ္မ်ားကို တစ္ဆင့္ခ်င္း အပ္ႏွံခြင့္ျပဳခဲ့ရာ သံုးဘီး ေမာ္ေတာ္ယာဥ္မ်ား အသံုးျပဳေနေသာ မႏၲေလးၿမိဳ႕ႏွင့္ အျခားနယ္ ၿမိဳ႕မ်ား၌ သံုးဘီးယာဥ္မ်ား အပ္ႏွံခြင့္ေပးမည္ဟု သတင္းမ်ား ထြက္ေပၚခဲ့သည္။ သံုးဘီးယာဥ္မ်ား အပ္ႏွံခြင့္ျပဳမည္ဆိုသည့္ သတင္းႏွင့္ပတ္သက္၍ ကုန္းလမ္းပို႕ေဆာင္ေရးႏွင့္ ၫႊန္ၾကားမႈဦးစီးဌာနမွ အရာရွိတစ္ဦးက “ၿပီးခဲ့တဲ့ ႏို၀င္ဘာလေလာက္က ျပည္နယ္နဲ႕ တိုင္းေဒသႀကီးေတြမွာရွိတဲ့ သံုးဘီး ယာဥ္အစီးေရကို ေကာက္ယူခဲ့ပါတယ္၊ စာရင္းေကာက္ၿပီ ဆိုတာနဲ႕ အပ္မယ္ဆိုၿပီး ယူဆေနပါတယ္၊ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံၿပီး အစား ထိုးယာဥ္ ျပန္လည္တင္သြင္းခြင့္ ျပဳတဲ့ေနရာမွာ ယာဥ္အမ်ဳိးအစားအလိုက္ ခြဲထားၿပီးသား ျဖစ္ပါတယ္၊ Light Truck အုပ္စုအပ္ရင္ Light Truck ပဲ ျပန္သြင္းရမယ္၊ လူစီးယာဥ္အပ္ရင္ လူစီးယာဥ္ပဲ ျပန္သြင္းရမယ္၊ ခရီးသည္တင္ယာဥ္အပ္ရင္ ခရီးသည္တင္ယာဥ္ပဲ ျပန္သြင္းရမယ္၊ အငွားယာဥ္အပ္ရင္ အငွားယာဥ္ပဲ ျပန္သြင္းရမယ္၊ သံုးဘီးယာဥ္အပ္ရင္ သံုးဘီးယာဥ္ကိုပဲ ျပန္သြင္းရမွာ ျဖစ္ပါတယ္၊ ဒါေၾကာင့္ သံုးဘီးယာဥ္ေတြကို အပ္ႏွံခြင့္ေပးခဲ့ရင္ေတာင္ သံုးဘီး ယာဥ္ပဲ ျပန္ရမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့သည္။ မႏၲေလးၿမိဳ႕၌ သံုးဘီးယာဥ္မ်ား အပ္ႏွံခြင့္ေပးမည္ဆိုေသာ သတင္းမ်ားအေပၚ ကား၀ယ္/ ေရာင္း တစ္ဦးကလည္း “သံုးဘီးယာဥ္ေတြကို ၀ယ္/ေရာင္းေတြကေတာ့ မ၀ယ္ၾကပါဘူး၊ သံုးဘီး ယာဥ္ပိုင္ရွင္တခ်ဳိ႕က ႏိုင္ငံေတာ္ကို ႏွစ္ငါးဆယ္ေလာက္ အလုပ္အေကြၽးျပဳခဲ့တဲ့ ဒီကားေတြကို အပ္ႏွံခြင့္ ျပဳေပးပါဆိုၿပီး သမၼတကို စာ တင္ထားပါတယ္၊ ဒါကို စီးပြားေရးသမားေတြက သူတို႕၀ယ္ထားတဲ့ သံုးဘီးယာဥ္ေတြကို အျမတ္တင္ၿပီး ျပန္လည္ ထုတ္ေရာင္းၾကဖို႕အတြက္ ေကာလာဟလသတင္းေတြ ထုတ္ျပန္ေနၾကတာျဖစ္ပါတယ္” ဟု ဆိုခဲ့သည္။

 

Ref: Automobile

 

ဆိပ္ကမ္း၌ ပစၥည္းေပ်ာက္ရွမႈအတြက္ Inspection ေတာင္းၿပီး စစ္ေဆးမႈအေပၚ ေ၀ဖန္မႈမ်ား ထြက္ေပၚ


ကားအတြင္းခန္းပစၥည္းမ်ားႏွင့္ အပိုပစၥည္းမ်ား ေပ်ာက္ရွမႈျဖစ္ေပၚလွ်င္ ဆိပ္ကမ္းက Inspection ေတာင္းၿပီး စစ္ေဆးေနျခင္းသည္ မွားယြင္းသည့္လုပ္ရပ္ဟု ကားတင္သြင္းသူမ်ားက ေ၀ဖန္ေျပာၾကားခဲ့သည္။ ဆိပ္ကမ္း၌ ပစၥည္းအေပ်ာက္အရွမ်ား ရွိခဲ့ပါက Complaint တက္သည့္အခါတြင္ တာ၀န္ရွိသူမ်ားက ဂ်ပန္ဘက္မွ Inspection ေတာင္းၿပီး စစ္ေဆးမႈမွာ သင့္ေတာ္မႈမရွိေၾကာင္း ကားတင္သြင္းသူတစ္ဦးက ေျပာၾကားခဲ့သည္။ “ဆိပ္ကမ္းမွာ စီမံခ်က္နဲ႕ လံုၿခံဳေရး တိုးျမႇင့္ထားေပမဲ့ ပစၥည္းေပ်ာက္ရွမႈက အနည္းနဲ႕အမ်ား ရွိေနတုန္းပါပဲ၊ ပစၥည္းေပ်ာက္လို႕ Complaint တက္တဲ့အခါမွာ Inspection ကို ေတာင္းပါတယ္၊ ကားတစ္စီးမွာ ပစၥည္းစံုတယ္ဆိုရင္ Inspection မွာ ဘာမွျပမွာ မဟုတ္ပါဘူး၊ ဒါကို ဆိပ္ကမ္းက ကား တစ္စီးမွာပါတဲ့ ပစၥည္းစာရင္းကို ေတာင္းပါတယ္၊ ကားတစ္စီးမွာ ပါ၀င္တဲ့ Accessory က အမ်ားႀကီးပါပဲ၊ ကားအတြင္းခန္းမွာဆိုရင္ Accessory က အခု ေျခာက္ဆယ္ ေလာက္ပါပါတယ္၊ ဥပမာ-ကား တစ္စီးကို ဂီယာဘုသီးပါမွ ေမာင္းလို႕ရမွာျဖစ္ပါတယ္၊ ဒါကို Inspection မွာ ဂီယာဘုသီးပါတယ္လို႕ေတာ့ ထည့္မေရးထားဘူး၊ မပါမွ မပါဘူးလို႕ေရးတာပါ၊ ဒါေၾကာင့္ ကားအတြင္းခန္းအားလံုးရဲ႕ List ကို ေတာင္းတဲ့အခါ အခက္ေတြ႕ရပါတယ္၊ တကယ္လို႕ ဂ်ပန္ဆိပ္ ကမ္းဘက္က ဓာတ္ပံုျပရင္လည္း ဆိပ္ကမ္းအေနနဲ႕ ဒီဓာတ္ပံုအေပၚ မွာ ယံုၾကည္မႈ ဘယ္ေလာက္ရွိသလဲဆိုတာ သိခ်င္ပါတယ္၊ ပစၥည္းေပ်ာက္လို႕ Complaint တက္တဲ့အခါ ဂ်ပန္ဘက္က ဘာပါသလဲ ဆိုတဲ့စာရင္းကို ေတာင္းတာဟာ အဓိပၸာယ္မရွိဘူးလို႕ ထင္ပါတယ္။ ကားတစ္စီး၀ယ္ၿပီ ဆိုကတည္းက အကုန္လံုး ပါပါတယ္၊ မပါဘူးဆိုရင္ Auction မွာကတည္းက ဘယ္ပစၥည္း မပါဘူးဆိုတာ ျပထား ပါတယ္”ဟု Future Auto မွ မန္ေနဂ်င္းဒါ႐ိုက္တာ ကိုေဇယ်ာစိုးက ၎၏အျမင္ကို သံုးသပ္ေျပာၾကားခဲ့သည္။

 

Ref: Automobile

 

‘အ’ အကၡရာအပ္ႏွံမႈ တစ္ႏိုင္ငံလံုး၌ ၆၀ ရာခိုင္ႏႈန္းေက်ာ္သြားၿပီ ျဖစ္ေသာ္လည္း ယာဥ္အို၊ ယာဥ္ေဟာင္း မူ၀ါဒသစ္ ထြက္ေပၚမလာေသး


တစ္ႏိုင္ငံလံုး အတိုင္းအတာအေန ျဖင့္ ‘အ’ အကၡရာကားမ်ား အပ္ႏွံမႈသည္ ၆၀ ရာခိုင္ႏႈန္း ေက်ာ္သြား ၿပီျဖစ္ေသာ္လည္း ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈ ေပၚလစီသစ္ကို တရား၀င္ ထုတ္ျပန္ႏိုင္ဦးမည္ မ ဟုတ္ေသးေၾကာင္း ‘ကုန္းလမ္းပို႔ ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန’ မွ သိရသည္။ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန အေနျဖင့္ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈ ေပၚလစီ အရ အပ္ႏွံဆဲအကၡရာကား အေရအတြက္သည္ ၆၀ ရာခိုင္ႏႈန္း ေက်ာ္လြန္ပါက ေနာက္ဆက္တြဲ အကၡရာတစ္ခုကို အပ္ႏွံခြင့္ျပဳခဲ့ရာ ‘အ’ အကၡရာကားမ်ား၏ အပ္ႏွံမႈသည္ ရာခိုင္ႏႈန္း ျပည့္မီသြားၿပီ ျဖစ္သည္။ အကၡရာ တစ္ခုခ်င္းစီတြင္ တစ္ႏိုင္ငံလံုး အတိုင္းအတာအေနျဖင့္ အစီးေရ ၈,၈၀၀ ၀န္းက်င္ရွိရာ ေအာက္တိုဘာ ၂၅ ရက္က အပ္ႏွံခြင့္ျပဳခဲ့ေသာ ‘အ’ အကၡရာ ကားမ်ားမွာ ဇန္န၀ါရီ ၁၄ ရက္အထိ အစီးေရ ၅,၁၀၀ ေက်ာ္ အပ္ႏွံခဲ့ၿပီး ျဖစ္ေၾကာင္း ‘ေနျပည္ေတာ္ ကညန’မွ သိရသည္။ ရန္ကုန္တိုင္းေဒသႀကီး အတြင္း၌ ‘အ’ အကၡရာအစီးေရ ၄,၇၅၀ ရွိရာတြင္ ဇန္န၀ါရီ ၁၄ ရက္အထိ အစီးေရ ၃,၆၃၁ စီး အပ္ႏွံခဲ့ၿပီး ျဖစ္သည္။ ‘အ’ အကၡရာကားမ်ား အပ္ႏွံမႈသည္ တစ္ႏိုင္ငံလံုးအတိုင္းအတာ အေနျဖင့္ ၆၀ ရာခိုင္ႏႈန္း ေက်ာ္သြားၿပီ ျဖစ္ေသာ္လည္း ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈ ေပၚလစီသစ္ ထြက္ေပၚမလာေသးေသာေၾကာင့္ ကားေဟာင္းစလစ္ ေစ်းမ်ားလည္း တန္႕ေနေၾကာင္း ကားတင္သြင္းသူမ်ားထံမွ သိရသည္။ ယခုရက္ပိုင္းအတြင္းျဖစ္ေပၚေနေသာ စလစ္ေစ်းကြက္ႏွင့္ ပတ္သက္၍ ကား၀ယ္/ေရာင္း တစ္ဦးက “ကားေဟာင္းစလစ္ေစ်းေတြ ၉၅ သိန္း၀န္းက်င္မွာ တန္႕ေန တာ တစ္လေက်ာ္ ၾကာသြားပါၿပီ၊ ဒီလကုန္အထိ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ ေပၚလစီအသစ္ ထြက္ေပၚမလာခဲ့ရင္ေတာ့ စလစ္ေစ်းက သိန္းတစ္ရာေက်ာ္အထိ ျမင့္တက္သြားဖို႕ရွိပါတယ္၊ ‘အ’ အကၡရာ ၿပီးရင္ ‘၁က’ ကားေတြကိုပဲ ေခၚမလား၊ ႏွစ္ ႏွစ္ဆယ္ေက်ာ္ ကားေတြကိုပဲ ေခၚမလားဆိုတာ မသိရတဲ့အတြက္ လုပ္ရကိုင္ရ က်ပ္ေနပါတယ္”ဟု ေျပာၾကားခဲ့သည္။

 

Ref: Automobile

ေႏြဦးအႀကိဳ ကားျပပြဲက်င္းပမည္


GTR Media Co.,Ltd မွ ႀကီးမွဴး က်င္းပေသာ ဒုတိယအႀကိမ္ေျမာက္ ေႏြဦးအႀကိဳကားျပပြဲႏွင့္ ကုန္စည္ျပပြဲႀကီးကို ေဖေဖာ္၀ါရီ ၁၂ ရက္မွ ၁၆ ရက္အထိ ငါးရက္တိုင္တိုင္ ရန္ကုန္ၿမိဳ႕၊ ကန္ေတာ္ႀကီး၊ ေမွ်ာ္စင္ကြၽန္းတြင္ စည္ကား သိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရွိရသည္။ ယင္းျပပြဲကို နံနက္ ၉ နာရီမွ ည ၉ နာရီအထိ က်င္းပမည္ျဖစ္ၿပီး ကားႏွင့္ပတ္သက္သည့္ ပစၥည္းမ်ား၊ အေထြေထြလူသံုးကုန္ ပစၥည္းမ်ားကို ျပခန္းေပါင္း ေျခာက္ဆယ္ ၀န္းက်င္ျဖင့္ ျပသေရာင္းခ်သြားမည္ျဖစ္သည္။ ထို႔ျပင္ Car Showroom အက်ယ္အ၀န္းရွိ ေမာ္ေတာ္ယာဥ္ျပခန္းေပါင္း ေျခာက္ခန္းတြင္ ဂ်ပန္ကား၊ ကိုရီးယား ကားမ်ားအျပင္ အျခားကားအမ်ဳိး အစားမ်ားစြာကို ျပသေရာင္းခ်မည္ျဖစ္သည္။ ျပပြဲတြင္ ၿပိဳင္ကား အပိုပစၥည္းမ်ား၊ ကားအလွဆင္ ပစၥည္းမ်ား၊ ကားဘက္ထရီမ်ား၊ အင္ဂ်င္၀ိုင္ႏွင့္ စက္ဆီ၊ ေခ်ာဆီမ်ား၊ တာယာႏွင့္ အလြိဳင္းမ်ား၊ ကားႏွင့္ပတ္သက္သည့္ လုပ္ငန္းမ်ား၊ အ၀တ္အထည္မ်ား၊ စားေသာက္ကုန္မ်ား၊ အလွကုန္မ်ားအျပင္ အျခားကုန္စည္ ပစၥည္းမ်ားစြာကို တြဲဖက္ျပသ ေရာင္းခ်သြားမည္ျဖစ္သည္။ ျပပြဲႏွင့္အတူ ခမ္းနားႀကီး က်ယ္သည့္ Fashion Show က်င္းပျပဳလုပ္ျခင္း၊ ခ်စ္သူမ်ားေန႔ အထိမ္းအမွတ္ အေနျဖင့္ စံုတြဲမ်ားႏွင့္ ဂိမ္းကစားျခင္း၊ အလိုက္ဖက္ ဆံုးစံုတြဲ ေရြးခ်ယ္ျခင္း၊ မုန္႔စားၿပိဳင္ပြဲ၊ အႏုပညာရွင္စံုတြဲမ်ားႏွင့္ ေတြ႕ဆံုျခင္း၊ ေမာ္ဒယ္မ်ားႏွင့္ လာေရာက္ၾကည့္႐ႈေသာ ပရိသတ္မ်ားအား အျပန္အလွန္ ပေဟဠိေမးခြန္းမ်ား ေမးျမန္းျခင္းႏွင့္ အျခား စိတ္၀င္စားဖြယ္ရာ က႑မ်ားစြာျဖင့္ ေန႔စဥ္ေဖ်ာ္ေျဖသြားမည္ ျဖစ္ေၾကာင္း GTR Media မွ သိရသည္။

 

Ref: Automobile

၆ဂ/ . . . .ႏွင့္ အထက္ ကားမ်ားကို ကားသစ္မ်ားႏွင့္ လဲလွယ္ေပးမည္


ျမန္မာႏိုင္ငံ၌ ပထမဆံုး ကားသစ္၊ ကားေဟာင္း လဲလွယ္ေပးမည့္ အစီ အစဥ္အျဖစ္ Future Auto မွ ၆ဂ/ . . .ႏွင့္အထက္ ကားမ်ားကို ကားသစ္မ်ားႏွင့္ လဲလွယ္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။ Future Auto အေနျဖင့္ ျပည္ပမွတင္သြင္းလာသည့္ ကား မ်ားကို ကေမၻာဇဘဏ္ႏွင့္ ခ်ိတ္ဆက္ကာ အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးေနသကဲ့သို႔ ကားသစ္ႏွင့္ ကားေဟာင္း လဲလွယ္မည့္အစီအစဥ္တြင္လည္း လဲလွယ္လိုသည့္ကား အမ်ဳိးအစားမွာ အလိုက္ေပး လဲလွယ္ရမည့္ကားျဖစ္ပါက ဘဏ္အရစ္က်စနစ္ျဖင့္ ၀န္ေဆာင္မႈေပးမည္ျဖစ္ေၾကာင္း သိရသည္။ ကားသစ္၊ ကားေဟာင္း လဲလွယ္ေပးမည့္ ၀န္ေဆာင္မႈႏွင့္ပတ္သက္၍ Future Auto မွ မန္ေနဂ်င္းဒါ႐ိုက္တာ ကိုေဇယ်ာစိုးက “Customer ေတြအေနနဲ႕ စီးၿပီးသားကားေတြကို အသစ္နဲ႕လဲခ်င္လို႕ အျပင္မွာေရာင္းရင္ အခက္အခဲေတြ ရွိႏိုင္ပါတယ္၊ ပြဲစားပါရင္လည္း ပြဲစားခ ေပးရမွာျဖစ္ပါတယ္၊ Future Auto အေနနဲ႕ ကားသစ္နဲ႕ ကားေဟာင္း လဲလွယ္ခ်င္တဲ့ Customer ေတြအတြက္ ေစ်းလည္း မနစ္နာရေအာင္၊ တျခားအခက္အခဲေတြလည္း မရွိေအာင္လို႕ အေကာင္းဆံုး ၀န္ေဆာင္မႈေပးမွာ ျဖစ္ပါတယ္”ဟု ေျပာၾကား ခဲ့သည္။ Future Auto အေနျဖင့္ ကားသစ္မ်ား ေရာင္းခ်ရာတြင္ Warranty ေျခာက္လေပးၿပီး ေရာင္းခ်ေပးေနေသာ္လည္း လဲလွယ္သည့္ ကားေဟာင္းမ်ားကို ျပန္လည္ေရာင္းခ်ရာတြင္ Warranty ေပးမည္ မဟုတ္ေၾကာင္း သိရသည္။

 

Ref: Automobile

၂၀၁၄ ႏွစ္ဆန္းပိုင္းတြင္ ယာဥ္/ယႏၱရား ေလွ်ာက္ထားမႈစာရင္း၌ Mini Bus ႏွင္႕ Mini Truck အမ်ားဆံုးပါ၀င္


၂၀၁၄ ခုႏွစ္ ႏွစ္ဆန္းပိုင္းအတြင္း ျပည္ပမွ ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းရာတြင္ ယာဥ္/ယႏၲရားစာရင္း၌ Mini Bus ႏွင့္ Mini Truck အမ်ားဆံုးပါ၀င္ေၾကာင္း ‘စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၊ ကုန္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာန၊ သြင္းကုန္/ထုတ္ကုန္ လုပ္ငန္းဌာနခြဲ’ မွ သိရသည္။ ဇန္န၀ါရီလဆန္းပိုင္း၌ ယာဥ္/ယႏၲရား ေလွ်ာက္ထားမႈစာရင္းတြင္ အစီးေရ ၁,၅၂၈ စီး ပါမစ္ေလွ်ာက္ထားခဲ့ၿပီး Mini Bus၂၅၁ စီး၊ Mini Truck ၄၀၇ စီး၊ Light Truck ၄၂၃ စီးအပါအ၀င္ Prime Mover ၊ Space Cab ၊ Pcik Up ၊ Double Cab ကားမ်ား ပါ၀င္ခဲ့သည္။ ထို႕ျပင္ ဇန္န၀ါရီ ၂ ရက္မွ ၁၄ ရက္အထိ လူစီးဆလြန္းမ်ား၊ ၀က္ဂန္မ်ားႏွင့္ ထရပ္ကား၂၁၇ စီးကိုလည္း ပါမစ္ထုတ္ေပးခဲ့ေၾကာင္း ‘ရန္ကုန္တိုင္းေဒသႀကီး စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန’ မွ သိရသည္။ ယခုလအတြင္း ပါမစ္ထုတ္ေပးခဲ့သည့္ လူစီးယာဥ္မ်ားထဲ၌ Toyota ၊ Honda ကားမ်ား အမ်ားဆံုး ပါ၀င္ခဲ့ၿပီး Mazda ၊ Nissan ကားမ်ားလည္း ပါ၀င္ခဲ့သည္။ ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္အစျဖစ္သည့္ ၂၀၁၃ ခုႏွစ္၊ ဧၿပီလမွ ယခုႏွစ္ ဇန္န၀ါရီ ၁၄ ရက္ အထိ လူစီးယာဥ္၊ Truck ႏွင့္ Bus ၁၇,၂၄၃ စီးကို ပါမစ္ထုတ္ေပးခဲ့ရာ တန္ဖိုး အေမရိကန္ေဒၚလာ ၁၂၀,၄၆၄,၈၁၀ ရွိခဲ့ေၾကာင္း အဆုိပါ ဌာနမွ သိရသည္။

 

Ref: Automobile

ဟံသာ၀တီအ၀ိုင္း မီးပြိဳင့္စနစ္အသံုးျပဳရန္ သင့္ မသင့္ ငါးလခန္႔ အခ်ိန္ယူ စစ္တမ္းေကာက္မည္


ျပည္လမ္းမႀကီးေပၚရွိ ဟံသာ၀တီအ၀ိုင္းတြင္ ယာဥ္ေၾကာက်ပ္တည္းမႈ ဆိုးရြားစြာ ျဖစ္ပြားေနသည့္အတြက္ အ၀ိုင္းပတ္စနစ္အစား မီးပြိဳင့္စနစ္ အသံုးျပဳရန္ သင့္မသင့္ အခ်ိန္ ငါးလခန္႔ယူ၍ စစ္တမ္း ေကာက္ယူမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္း၊ တံတား)’မွ သတင္းရရွိသည္။ ယခင္ကတည္းက ယာဥ္ေၾကာက်ပ္တည္းမႈ အနည္းငယ္ ျဖစ္ေပၚေလ့ရွိၿပီး အ၀ုိင္းအနီးရွိ စိုက္ပ်ဳိးေရးမွတ္တိုင္ႏွင့္ အ၀ိုင္းမွတ္တိုင္တြင္ ခရီးသည္တင္ယာဥ္မ်ား ႏွစ္ထပ္ရပ္၍ ခရီးသည္အတင္အခ် ျပဳလုပ္ျခင္း၊ အခ်ိန္ၾကာျမင့္စြာ ခရီးသည္ေစာင့္ဆုိင္းျခင္းတို႔အျပင္ လွည္းတန္းခံုးေက်ာ္တံတား ဖြင့္လွစ္ အသံုးျပဳၿပီးေနာက္ပိုင္း ယာဥ္ေၾကာက်ပ္တည္းမႈ ပိုမိုျမင့္မားလာရာ အ၀ိုင္းပတ္စနစ္ကို ျဖဳတ္သိမ္းရန္ႏွင့္ မီးပြိဳင့္စနစ္အသံုးျပဳရန္ သင့္မသင့္ စစ္တမ္းေကာက္ယူ ေလ့လာမႈမ်ား ျပဳလုပ္ရန္ စီစဥ္ရျခင္း ျဖစ္ေၾကာင္း သိရသည္္။ “လွည္းတန္းတံတား အဆင္းကလာတဲ့ ကားေတြရယ္၊ ဆူးေလ၊ ေျမနီကုန္းဘက္ကလာတဲ့ ကားအစီးေရ မ်ားတာရယ္၊ ဘတ္စ္ကားေတြရဲ႕ စည္းကမ္းမရွိမႈေတြရယ္ေၾကာင့္ အ၀ိုင္းမွာ ယာဥ္ေၾကာက်ပ္တာက ဆိုးလာတယ္၊ ရွစ္မိုင္မွာေတာ့ ဆင္ဆာစနစ္သံုး မီးပြိဳင့္ေၾကာင့္ ေတာ္ေတာ္ အဆင္ေျပသြားတယ္၊ အဲဒါေၾကာင့္ အ၀ိုင္းကိုလည္း ဒီလိုလုပ္ဖို႔ စဥ္းစားမိတာ၊ အဆင္ေျပ မေျပေတာ့ စစ္တမ္း ေကာက္ၿပီးမွသိမယ္”ဟု ‘ၿမိဳ႕ေတာ္ စည္ပင္၊ အင္ဂ်င္နီယာဌာန(လမ္း၊ တံတား)’ မွ ဒုတိယဌာနမွဴး ဦးမ်ဳိးလြင္က ေျပာသည္။ ဟံသာ၀တီအ၀ိုင္းကို အ၀ိုင္းပတ္စနစ္ ျဖဳတ္သိမ္း၍ မီးပြိဳင့္စနစ္ တပ္ဆင္အသံုးျပဳရန္ စစ္တမ္းေကာက္ယူမႈကို ယခုႏွစ္ ဇန္န၀ါရီလမွ ေမလအထိ ျပဳလုပ္သြားမည္ျဖစ္ၿပီး မီးပြိဳင့္စနစ္ အသံုးျပဳမည္ဆိုပါက အသံုးျပဳသြားမည့္ မီးပြိဳင့္ဒီဇိုင္း ေရးဆြဲျခင္းႏွင့္ မီးပြိဳင့္၌ ဆင္ဆာစနစ္အသံုးျပဳျခင္း သင့္ မသင့္တို႔ကို လုပ္ေဆာင္သြားမည္ဟု သတင္းရရွိသည္။

 

Ref: Automobile

သာေကတ ျမစ္ကူးတံတားသစ္တစ္စင္း ယခုႏွစ္အတြင္း တည္ေဆာက္မည္


သီလ၀ါဆိပ္ကမ္းမွတစ္ဆင့္ ရန္ကုန္ၿမိဳ႕တြင္းသို႕ လာေရာက္မည့္ ကုန္စည္တင္ယာဥ္မ်ားယာဥ္ ေၾကာက်ပ္တည္းမႈ ေလ်ာ့က်ေစရန္ သာေကတ ျမစ္ကူးတံတားသစ္ တစ္စင္း ယခုႏွစ္အတြင္း တည္ေဆာက္မည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ပို႔ေဆာင္ေရး၀န္ႀကီး ဦးေအာင္ခင္က ဇန္န၀ါရီ ၁၄ ရက္၊ ရန္ကုန္ၿမိဳ႕၊ Asia Plaza ဟိုတယ္တြင္ က်င္းပသည့္ သတင္းစာရွင္းလင္းပဲြ၌ ေျပာၾကားခဲ့သည္။ အဆိုပါ တံတားသစ္အား ပုဇြန္ေတာင္ၿမိဳ႕နယ္ႏွင့္ ေဒါပံုၿမိဳ႕နယ္တို႔ကို ခ်ိတ္ဆက္ တည္ေဆာက္သြားမည္ ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ျပ သယ္ယူပို႔ေဆာင္ေရး စီမံကိန္းေရး ဆြဲေရးအဖြဲ႕(YUTRA) မွ စစ္တမ္းေကာက္ယူေနကာ ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ အေကာင္အထည္ေဖာ္ တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ “ရန္ကုန္ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး အတြက္ ေရးဆြဲထားတဲ့ ႏွစ္အလိုက္ စီမံကိန္းေတြထဲက အခု ၂၀၁၄ ဆိုရင္ ရွစ္မိုင္၊ ေျမနီကုန္းမီးပြိဳင့္ေတြမွာ အခ်က္ျပစနစ္ေတြေျပာင္းၿပီး တပ္ဆင္ဖို႔နဲ႔ သာေကတတံတားသစ္ တည္ေဆာက္ဖို႔ ရွိပါတယ္၊ သီလ၀ါဆိပ္ကမ္းဘက္ကလာမယ့္ ကုန္စည္ေတြ ကူးသန္းပို႔ေဆာင္တဲ့အခါ ယာဥ္မက်ပ္ေအာင္ပါ၊ အဓိက ရည္ရြယ္တာကေတာ့ ကုန္စည္တင္ယာဥ္ေတြပဲ၊ ၂၀၁၅ ဆို ရင္ ကုန္စည္တင္ယာဥ္ေတြ ပိုမ်ားလာမယ္၊ ဒီအတြက္ ႀကိဳတင္ျပင္ ဆင္ထားတာပါ” ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ပို႔ေဆာင္ေရး ၀န္ႀကီး ဦးေအာင္ခင္ကေျပာသည္။ ယခု ထပ္မံတည္ေဆာက္မည့္ ျမစ္ကူးတံတားသစ္ တည္ေဆာက္ေရးအတြက္ စစ္တမ္းေကာက္ယူမႈမ်ားကို ေဖေဖာ္၀ါရီလတြင္ အၿပီး သတ္ေဆာင္ရြက္သြားမည္ဟု သိရသည္။ “အရင္က တည္ေဆာက္ထားတဲ့ ျမစ္ကူးတံတား အမ်ားစုက တံတားခံႏိုင္ရည္ တန္ ေျခာက္ဆယ္ ေလာက္ပဲရွိတယ္၊ အခု ေဆာက္မယ့္တံတားက ကုန္စည္တင္ယာဥ္ေတြကို ရည္ရြယ္ထားတာျဖစ္တဲ့အတြက္ အနည္းဆံုး ခံႏိုင္ရည္ တန္ကိုးဆယ္နဲ႔ အထက္ကိုပဲ တည္ေဆာက္မွာပါ”ဟု ‘ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္း၊ တံတား)’မွ ဒုတိယဌာနမွဴးက ေျပာသည္။

 

Ref: Automobile

ေအာင္မဂၤလာလမ္းမႀကီး သတ္မွတ္ကာလအတြင္း ၿပီးစီးမႈမရွိသည့္အတြက္ အေ၀းေျပး၀င္းအတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈ ဆက္လက္ျဖစ္ပြား


၂၀၁၃ ခုႏွစ္၊ ေမလတြင္ စတင္ ေဖာက္လုပ္ခဲ့ေသာ ေအာင္မဂၤလာ လမ္းမႀကီးမွာ ဒီဇင္ဘာလအတြင္း ၿပီးစီးရန္ သတ္မွတ္ထားေသာ္လည္း ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလ အထိ ၿပီးစီးမႈမရွိသည့္အတြက္ ေအာင္မဂၤလာအေ၀းေျပး၀င္း အတြင္း ယာဥ္ေၾကာက်ပ္မႈဆက္လက္ ျဖစ္ပြားလ်က္ရွိၿပီး ယာဥ္အ၀င္၊ အ ထြက္ေနရာမ်ား၌ အခက္အခဲမ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း ယာဥ္ေမာင္းမ်ားႏွင့္ ခရီးသည္မ်ားထံမွ စံုစမ္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္အတြင္း ေအာင္မဂၤလာ အေ၀းေျပး၀င္းအတြင္းရွိ လမ္းေပါင္း ႏွစ္ဆယ္ ျပဳျပင္ခင္း က်င္းျခင္းႏွင့္ ဆိုက္ေရာက္/ ထြက္ခြာ အေဆာက္အအံု တည္ေဆာက္ ျခင္းမ်ားေၾကာင့္ ၀င္းအတြင္း ယာဥ္အ၀င္အထြက္ ဂိတ္ေပါက္မ်ား ေျပာင္းလဲခဲ့ရၿပီး ယခုအခါ အဓိက ယာဥ္၀င္/ထြက္ေပါက္အျဖစ္ အသံုး ျပဳေနေသာ ေအာင္မဂၤလာလမ္းမႀကီးမွာလည္း သတ္မွတ္ကာလအတြင္း ၿပီးစီးမႈမရွိေသာေၾကာင့္ ယာဥ္ေၾကာက်ပ္မႈ ျပႆနာ ဆက္လက္ ျဖစ္ပြားေနရေၾကာင္းႏွင့္ သုဓမၼာလမ္းမႀကီးကို အသံုးျပဳေနရေသာ ခရီးသြားမွာလည္း အခက္ႀကံဳ ေနရေၾကာင္း သိရသည္။ “အေ၀းေျပး၀င္းမွာ ပိတ္ေနေတာ့ သုဓမၼာလမ္းတစ္ေလွ်ာက္လည္း ပိတ္တာပဲ၊ ၿမိဳ႕ထဲလည္း ပိတ္၊ ၿမိဳ႕ျပင္ပိတ္၊ ဘယ္ေနရာမဆို ပိတ္ေနေတာ့ ခက္တာပါပဲ၊ ဒါေပမဲ့ ဒါက မနက္ပိုင္းနဲ႔ ညေနပိုင္းပိတ္တာ၊ ႐ံုးတက္/႐ံုးဆင္း၊ ေက်ာင္း တက္/ေက်ာင္းဆင္းခ်ိန္ႀကီး ပိတ္ ေနေတာ့့ အဆင္မေျပဘူး၊ တကၠသိုလ္ေက်ာင္းသားေတြက ကိစၥမရွိေပမဲ့ ႐ံုးသမားေတြက ဒုကၡအရမ္း ေရာက္တယ္”ဟု မဂၤလာဒံုၿမိဳ႕ေန မဥမၼာက ေျပာသည္။ အဆိုပါကိစၥႏွင့္ ပတ္သက္၍ ၿမိဳ႕ေတာ္စည္ပင္(အခြန္ဌာန)မွ ဌာနခြဲမွဴး ဦးေဇာ္မင္းက “ေရေျမာင္း ျပင္ဆင္မႈနဲ႔ လမ္းမတစ္ေလွ်ာက္ ကားရပ္နားေနရာေတြ ထည့္သြင္း တည္ေဆာက္ေနရတဲ့ အတြက္ပါ၊ အရင္လမ္းေဟာင္းကို ျပဳျပင္ခင္းက်င္းရတာ ျဖစ္တဲ့အတြက္ အခက္အခဲေတာ့ ရွိပါတယ္၊ လမ္းခ်ဲ႕မယ့္ ေနရာက ကန္စြန္းခင္း အေဟာင္း ေတြဆိုေတာ့ ေျမဖို႔တာကိုလည္း ေတာ္ေတာ္ေလး လုပ္ခဲ့ရတယ္၊ အ ခုက ၉၀ ရာခိုင္ႏႈန္းၿပီးေနပါၿပီ၊ မၾကာခင္ဖြင့္ႏိုင္မွာပါ၊ တစ္ျခမ္းခင္း စနစ္နဲ႔ သြားရတဲ့အတြက္ယာဥ္ေၾကာ ပိတ္တာေတာ့ အနည္းငယ္ေတာ့ရွိ မွာပါ”ဟု ေျပာသည္။ အေ၀းေျပးခရီးသည္တင္ ကားႀကီးမ်ားႏွင့္အငွားယာဥ္မ်ား အဓိက အ၀င္/အထြက္ ျပဳလုပ္ေနရသည့္ ေအာင္မဂၤလာလမ္းမႀကီးမွာ ၁/၇၈ ၅ ေပ ရွည္လ်ားကာ ၇၂ ေပက်ယ္၀န္းၿပီး လက္ရွိတြင္ ၉၀ ရာခိုင္ႏႈန္းခန္႔ ၿပီးစီးမႈရွိေၾကာင္း၊ ေအာင္မဂၤလာ အေ၀းေျပး၀င္းအတြင္း၌ ေအာင္မဂၤလာလမ္း ခင္းက်င္းမႈအျပင္ ကားလက္မွတ္ အေရာင္းဂိတ္ခန္းမ်ား ေဆာက္လုပ္မႈ၊ ၀င္းအတြင္းရွိ လမ္းႏွစ္ဆယ္ ခင္းက်င္းမႈႏွင့္ ၀င္းအျပင္တြင္ ေလးလမ္းသြား လမ္းမႀကီး ခင္းက်င္း ေဆာက္လုပ္မႈမ်ား ရွိေၾကာင္း သိရွိရသည္။

 

Ref: Automobile

ႏွစ္ပတ္အတြင္း စည္းကမ္းမဲ့ ယာဥ္ရပ္နားမႈေပါင္း ရွစ္ရာေက်ာ္အထိ ဖမ္းဆီးအေရးယူ


ယခုႏွစ္ဦး ရက္သတၱပတ္ ႏွစ္ပတ္တာ ကာလအတြင္း စည္းကမ္းမဲ့ ယာဥ္ရပ္နားမႈေပါင္း ရွစ္ရာေက်ာ္အထိ ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္း ‘အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴး႐ံုး’မွ သတင္းရရွိသည္။ ရန္ကုန္ၿမိဳ႕တြင္း စည္းကမ္းမဲ့ ယာဥ္ရပ္နားမႈ ေလ်ာ့က်ေစရန္ ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာ ၁၁ ရက္မွ စတင္၍ ၿမိဳ႕တြင္း လမ္းမႀကီးမ်ားေပၚ၌ ယာဥ္ရပ္နားမႈမ်ားအား ေၾကညာခ်က္မ်ား ထုတ္ျပန္ကာ ဖမ္းဆီးအေရးယူျခင္းမ်ား ေဆာင္ ရြက္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္၏ ၁၄ ရက္တာ ကာလအတြင္း၌ စည္းကမ္းမဲ့ ရပ္နားထားသည့္ ယာဥ္အစီးေရ ရွစ္ရာေက်ာ္ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း၊ အဆိုပါ အေရးယူမႈမ်ားတြင္ ကရိန္းျဖင့္ဆြဲယူခဲ့သည့္ ယာဥ္ ၁၈၀ ေက်ာ္ႏွင့္ ခ်လန္ျဖတ္ အေရးယူခဲ့သည့္ ယာဥ္ ၆၅၀ ခန္႔အထိ ပါ၀င္ေၾကာင္း သိရသည္။ “ယာဥ္ေၾကာေတြ ရွင္းလင္းဖို႔အတြက္ အေရးယူ ေဆာင္ရြက္တာေတြကို အဖြဲ႕ေလးဖြဲ႕ခြဲၿပီး လွည့္လည္စစ္ေဆး ဖမ္းဆီးေနပါတယ္၊ ယာဥ္ေမာင္းသူေတြနဲ႔ လမ္းအသံုးျပဳသူေတြ စည္းကမ္းကို စနစ္တက်လိုက္နာမယ္၊ ဖမ္းဆီးေဆာင္ ရြက္ရတဲ့ အမႈေတြ ေလ်ာ့နည္းလာမယ္ဆိုရင္ တိုင္းျပည္ ဂုဏ္တက္ေစတာေပါ႔”ဟု အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။ ယာဥ္မရပ္ရ သတ္မွတ္ေနရာ မ်ား၌ ယာဥ္ရပ္နား၍ ဖမ္းဆီး အေရးယူျခင္းခံရပါက ကရိန္းႏွင့္ ဆြဲယူသည့္ယာဥ္ျဖစ္လွ်င္ ေငြက်ပ္ တစ္သိန္းခြဲခန္႔ ကုန္က်မည္ျဖစ္ၿပီး ခ်လန္ျဖတ္အေရးယူပါက ယာဥ္ ေမာင္းအား ဒဏ္ေငြ က်ပ္ ႏွစ္ေသာင္းခြဲ ဒဏ္႐ိုက္ အေရးယူလ်က္ရွိကာ ယင္းမွာ စည္ပင္ဥပေဒ ပုဒ္မ ၆၈ အရ ဒဏ္႐ိုက္အေရးယူ ေဆာင္ရြက္ျခင္း ျဖစ္သည္ဟု သိရသည္။ ယင္းကဲ့သို႔ စည္းကမ္းမဲ့ ယာဥ္ရပ္နားမႈမ်ားကုိ စစ္ေဆးဖမ္းဆီး အေရးယူျခင္းမ်ား စတင္ေဆာင္ရြက္ခဲ့သည့္ ၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာ ၁၁ ရက္မွ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီ ၁၄ ရက္အထိ အမႈေပါင္း ၃,၀၅၆ မႈ ရွိခဲ့ၿပီး ယင္းတြင္ ကရိန္းျဖင့္ ဖမ္းဆီးအေရးမႈ ၆၈၃ မႈ၊ ခ်လန္ျဖတ္ အေရးယူမႈ ၂,၃၇၃ မႈအထိ ရွိေၾကာင္း သတင္းရရွိသည္။

 

Ref: Automobile



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week



  • ကညန နံပါတ်ပြား အသုံးပြုခြင်း မရှိသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်မည်




  • ဘုရင့်နောင် အမှတ်-၂ မြစ်ကူးတံတား လာမည့် ဧပြီလတွင် ဖွင့်လှစ် အသုံးပြုမည်




  • အပ်ကားများ ရှားပါးလာခြင်းကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင်နေ့စဉ်ပျမ်းမျှ ကားအစီးရေ လေးဆယ် ဝန်းကျင်သာ လာရောက်အပ်နှံ




  • နှစ်အလိုက် တင်သွင်းခွင့်ပြု Model Year များကို ၂ နှစ်မှ သုံးနှစ်အထိ ခုန်တက်ရန် စီးပွား/ကူးသန်းမှ စီစဉ်နေ




  • အောင်မင်္ဂလာအဝေးပြေးဂိတ် ဆိုက်ရောက်ဝင်း အတွင်း ယာဉ်ဝင်ရောက်မှုလျော့နည်း




  • အမေရိကန် ချက်ပလက်ကားဖြင့် လေဆိပ်နှင့် မြို့တွင်းပြေးဆွဲမှုစတင်




  • ရန်ကုန်တိုင်း၌ပင် သွင်းကုန်လိုင်စင် (၁၂)မျိုးလျှောက်ထားနိုင်တော့မည်




  • ရှစ်မိုင်လမ်းဆုံတွင် တပ်ဆင်ထားသည့် မီးပွိုင့်ထိန်းချုပ်ဆင်ဆာစနစ်ကြောင့် ခုံးကျော်တံတား တည်ဆောက်မည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်း




  • ယခုနှစ်ထုတ် Honda Fit Hybrid ကားများ ပြန်လည်သိမ်းဆည်း




  • ၂ဝ၁၅ ခုနှစ်မော်ဒယ် Honda Civic မိတ်ဆက်




  • ဆိပ်ကမ်း၌ ပစ္စည်းပျောက်ရှမှုအတွက် Inspection တောင်းပြီး စစ်ဆေးမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်




  • သုံးဘီး မော်တော်ယာဉ်များ အပ်နှံခွင့်ပေးခဲ့ပါက သုံးဘီးမော်တော်ယာဉ်များသာ ပြန်လည်တင်သွင်းခွင့်ပြုမည်ဟုဆို




  • နွေဦးအကြို ကားပြပွဲကျင်းပမည်




  • ‘အ’ အက္ခရာအပ်နှံမှု တစ်နိုင်ငံလုံး၌ ၆ဝ ရာခိုင်နှုန်းကျော်သွားပြီ ဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်း မူဝါဒသစ် ထွက်ပေါ်မလာသေး




  • ၂ဝ၁၄ နှစ်ဆန်းပိုင်းတွင် ယာဉ်/ယန္တရား လျှောက်ထားမှုစာရင်း၌ Mini Bus နှင့် Mini Truck အများဆုံးပါဝင်




  • ၆ဂ/ . . . .နှင့် အထက် ကားများကို ကားသစ်များနှင့် လဲလှယ်ပေးမည်




  • ဟံသာဝတီအဝိုင်း မီးပွိုင့်စနစ်အသုံးပြုရန် သင့် မသင့် ငါးလခန့် အချိန်ယူ စစ်တမ်းကောက်မည်




  • သာကေတ မြစ်ကူးတံတားသစ်တစ်စင်း ယခုနှစ်အတွင်း တည်ဆောက်မည်




  • အောင်မင်္ဂလာလမ်းမကြီး သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိသည့်အတွက် အဝေးပြေးဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှု ဆက်လက်ဖြစ်ပွား




  • နှစ်ပတ်အတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုပေါင်း ရှစ်ရာကျော်အထိ ဖမ်းဆီးအရေးယူ




 

ကညန နံပါတ်ပြား အသုံးပြုခြင်း မရှိသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်မည်


စတေကာကပ် မောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် က.ည.န မှတရားဝင် ထုတ်ပေးထားသော ယာဉ်နံပါတ်ပြား တပ်ဆင် အသုံးပြုခြင်း မရှိဘဲ မိမိအစီအစဉ်ဖြင့် ဖန်တီးထားသော နံပါတ်ပြားများ အသုံးပြုပြီး မောင်းနှင်သွားလာနေသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။စည်းကမ်းချိုးဖောက်သူများ အလွန်များပြားလာတဲ့အတွက် အခုလို အရေးယူရတာ ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ပါတယ်။ အခု စီမံချက်ဒဏ်ငွေဆိုတာ မရှိတော့ဘူး။ မော်တော်ယာဉ် နည်းဥပဒေအရ ဒဏ်ငွေ ကျပ်၁၅ဝဝ ကနေ ၂ဝဝဝ ထိပဲ ပေးဆောင်ရတယ်။ အဲ့ဒီတော့ ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ စည်းကမ်းပိုင်းကို လိုက်နာမှု အားနည်းလာတယ်။ စည်းကမ်းဖောက် ပြီးတော့ ဒဏ်ငွေ ကျပ် ၁၅ဝဝ ကို လွယ်လွယ် ကူကူပေးဆောင်လာကြတယ်။ ဒါကြောင့် စည်းကမ်းတွေ လိုက်နာဖို့ စတေကာကပ်ပြီးမောင်းတဲ့ ယာဉ်မောင်းတွေနဲ့ ကားနံပါတ်ကို ဒီဇိုင်းလုပ်ပြီး မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို အနည်းဆုံး ယာဉ်မောင်း လိုင်စင် ခြောက်လကနေ တစ်နှစ်ထိ ပိတ်သိမ်းအရေးယူသွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ပြောကြားခဲ့ပါတယ်။

 

Ref: Eleven Media Group

ဘုရင့်နောင် အမှတ်-၂ မြစ်ကူးတံတား လာမည့် ဧပြီလတွင် ဖွင့်လှစ် အသုံးပြုမည်


ဘုရင့်နောင် အမှတ်-၂ မြစ်ကူးတံတား တည်ဆောက်မှုမှာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိပြီး ယခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။ အမှတ်-၂ မြစ်ကူးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အထူးစီမံကိန်းကြီးအဖွဲ့-၅ မှ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ်အသုံးပြုနိုင်ရန် လျာထားကြောင်း၊ တံတားတည်ဆောက်မှု လုပ်ငန်းများမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိကာ လက်ရှိတွင် တံတားသံဘောင် တပ်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တံတားတည်ဆောက်မှုက ခန့်မှန်းထားတာထက် ပြီးစီးမှုမြန်တယ်လို့ ပြောရမယ်၊ ဒီကြားထဲမှာ ဆောင်ရွက်မှု နှေးသွားရင်တော့ ဇွန်လလောက်မှပဲ ဖွင့်လှစ်အသုံးပြုနိုင်မယ်၊ လက်ရှိအနေအထားအရ ဆိုရင် ဧပြီလလောက်မှာ ဖွင့်နိုင်မှာပါ၊ ဘုရင့်နောင်ခုံးကျော်တံတား ဖွင့်ပြီးတာတောင် အပေါ်လွှာတံတားက ကျပ်နေတုန်းပဲ၊ ဒါက မြစ်ကူးတံတား မပြီးသေးလို့၊ မြစ်ကူး တံတားပြီးရင်တော့ တော်တော် အဆင်ပြေသွားမှာပါဟုမြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်း တံတား)မှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
ဘုရင့်နောင် အမှတ်-၂ မြစ် ကူးတံတား တည်ဆောက်မှုကြောင့် ဘုရင့်နောင် အပေါ်လွှာတံတားပေါ်တွင် ကားကျပ်မှုနှင့် ပတ်သက်၍ နှစ်ထပ်ခုံးကျော်တံတား ဖွင့်လိုက်ပြီဆိုပေမဲ့ လှိုင်သာယာဘက်ကို သွားတဲ့ကားက များနေတော့ တံတားပေါ်မှာ နည်းနည်း ကျပ်နေတယ်၊ လှိုင်သာယာဘက်သွားတဲ့ ကားက အရင်နှစ်ထက် ခုနစ်ဆ၊ ရှစ်ဆလောက် များလာတယ်၊ မြစ်ကူးတံတားပြီးရင်တော့ တော်တော် အဆင်ပြေမှာပါ၊ လက်ရှိ ကျပ်နေတာက သီရိမွန်နဲ့ ဘုရင့်နောင်လမ်းကြားမှာပါ၊ လမ်းခင်းနေတာကြောင့်လည်း ပါပါတယ်ဟု ဘုရင့်နောင် အဝေးပြေးကုန်စည်ဒိုင်အသင်း ဥက္ကဌဦးခင်ဟန်က ၎င်း၏ အမြင်ကို ပြောပြသည်။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဘက်ကမ်းနှင့် လှိုင်သာယာဘက်ကမ်းကို ချိတ်ဆက်ပေးမည့် ဘုရင့်နောင် အမှတ်-၂ မြစ်ကူးတံတားကြီးမှာ ယာဉ်သွားလမ်း လေးလမ်းပါရှိပြီး ပင်မ တံတား အရှည်မှာ ၁ç၆၂၈ ဒသမ ၃ ပေနှင့် ခံနိုင်ဝန်အလေးချိန် ၇၅ တန် သတ်မှတ်ထားကြောင်း၊ ရေလမ်း ကင်းလွတ်ခွင့် အမြင့်ပေ ၃၆ ပေရှိကာ အဆိုပါတံတားကို ငွေကျပ်သုံးဆယ် ဘီလျံခန့် အကုန်အကျခံ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

 

Ref: Automobile

 

အပ်ကားများ ရှားပါးလာခြင်းကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင်နေ့စဉ်ပျမ်းမျှ ကားအစီးရေ လေးဆယ် ဝန်းကျင်သာ လာရောက်အပ်နှံ


ရန်ကုန်တိုင်းဒေသကြီးအတွင်း အပ်ကားများ ရှားပါးလာခြင်းကြောင့် အပ်နှံမှု လျော့ကျလာခဲ့ပြီး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် နေ့စဉ်ပျမ်းမျှ ကားအစီးရေ လေးဆယ် ဝန်းကျင်သာ လာရောက် အပ်နှံလျက်ရှိကြောင်း ‘မြင်သာ ကညနရုံး’ မှ သိရသည်။ အပ်နှံဆဲဖြစ်သည့် ‘အ’အက္ခရာ ကားများမှာ ရန်ကုန်တိုင်းဒေသကြီး၌ အစီးရေ ၄,၇၅ဝ ရှိရာ ဇန်နဝါရီ ၆ ရက် အထိ ၃,၄ဝ၈ စီး အပ်နှံခဲ့ပြီး ဖြစ်သောကြောင့် အစီးရေ ၁,၃ဝဝ ကျော်သာ ကျန်ရှိတော့သည်။ ထို့အတူ အပ်နှံရန်ကျန်ရှိသည့် ‘လ၊ သ’ အက္ခရာကားများသည်လည်း အပ်နှံမှုပြီးပြတ်ရန် အနည်းငယ်သာ လိုတော့သည့်အတွက် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် အက္ခရာအစုံမှ ကားအစီးရေ ပျမ်းမျှ လေးဆယ် ဝန်းကျင်သာ အပ်နှံမှုရှိနေပြီး အပ်နှံမှုလျော့ကျလာခဲ့ကြောင်း သိရသည်။ ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု စာရင်းများအရ ဇန်နဝါရီ ၇ ရက်အထိ လူစီးယာဉ် စုစုပေါင်း ခြောက်သောင်းကျော်၊ ဘတ်စ်ကား အစီးရေ စုစုပေါင်း ကိုးရာကျော်နှင့် ထရပ်ကား အစီးရေ စုစုပေါင်း ၂,၅ဝဝ ကျော် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ အက္ခရာစဉ်အလိုက် အပ်နှံမှုများအရ ‘အ’အက္ခရာ ၃,၄ဝ၉ စီး၊ ‘သ’ အက္ခရာ ၄,၆၈၂ စီးနှင့် ‘လ’အက္ခရာ ၃,၉၁၈ စီး အပ်နှံခဲ့ပြီး ဖြစ်ကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’ မှ သိရသည်။ ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံမှု လျော့ကျလာသော်လည်း အပ်နှံမှုပေါ်လစီ ပြောင်းလဲခြင်းမရှိသေးခြင်းကြောင့် အပ်ကားများ၏ စလစ်စျေးများမှာ စျေးတန့်နေခဲ့ကာ ‘လ၊ သ၊ အ’အမည်ပေါက် ကားဟောင်း စလစ်တစ်စောင်လျှင် ကျပ် ၉၅ သိန်းဝန်းကျင်၊ တက္ကစီ စလစ်တစ်စောင်လျှင် ကျပ် ၆၇ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း ကား ဝယ်/ရောင်းများထံမှ သိရသည်။

 

Ref: Automobile

 

နှစ်အလိုက် တင်သွင်းခွင့်ပြု Model Year များကို ၂ နှစ်မှ သုံးနှစ်အထိ ခုန်တက်ရန် စီးပွား/ကူးသန်းမှ စီစဉ်နေ


မိုဒယ်မြင့်ကားများ များလာစေရန်အတွက် တင်သွင်းခွင့်ပြု Model Year များကို တစ်နှစ်လျှင် မိုဒယ် ၂ နှစ်မှ သုံးနှစ်အထိ ခုန်တက်ရန် စီစဉ်ထားကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန’မှ သိရသည်။ ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် ဖွံ့ဖြိုးပြီး နိုင်ငံများနည်းတူ နှစ်အကန့်အသတ် အနည်းငယ်ဖြင့် တင်သွင်းခွင့်ပေးပြီး မိုဒယ်မြင့်ကားများ များလာစေရန်အတွက် လာမည့်နှစ်များ၌ Model Year၂ နှစ်မှ သုံးနှစ်အထိ ခုန်ကူးရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ကားတင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီနှစ်မှာ ၁၉၉၇ မိုဒယ်ကနေ ၂ဝဝဝ မိုဒယ်ကို ခုန်ကူးခဲ့သလို လာမယ့် ၂ဝ၁၅ ခုနှစ်မှာလည်း ၂ဝဝဝ မိုဒယ်ကနေ ၂ဝဝ၃ မိုဒယ်ကို ခုန်ကူးဖို့ စီစဉ်ထားပါတယ်၊ တိုင်းပြည် တစ်ပြည်မှာ ကားတင်သွင်းတယ်ဆိုတာ ငါးနှစ်အတွင်း ထုတ်လုပ်တဲ့ ကားပဲ သင့်တော်ပါတယ်၊ လုပ်ငန်း သုံးယာဉ်တွေအတွက်ကတော့ ၁ဝ နှစ်အတွင်းဆိုရင် သင့်တော်ပါတယ်၊ မြန်မာနိုင်ငံမှာ မိုဒယ်မြင့် ကားတွေ ဝင်ရောက်လာဖို့အတွက် တစ်နှစ်နဲ့တစ်နှစ် မိုဒယ်တွေ ခုန် ကူးသွားဖို့ စီစဉ်ထားပါတယ်၊ ဒါပေမဲ့ ဒီနိုင်ငံမှာရှိတဲ့ လမ်းအနေအထားနဲ့ စက်သုံးဆီ အရည်အသွေးကို တွက်ချက်ပြီး တစ်နှစ်မှာ မိုဒယ် ဘယ်လောက် ခုန်ကူးမလဲ ဆိုတာ စဉ်းစားတွက်ချက် နေပါ တယ်”ဟု ပြောကြားခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သော CIF တန်ဖိုးအသစ်တွင် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်မှုအတွက် လူစီးယာဉ်များကို ၂ဝဝဝ မိုဒယ်မှ ၂ဝဝ၈ မိုဒယ်အတွင်း၊ တစ်ဦးချင်း ပါမစ်ဖြင့် တင်သွင်းသော လူစီးယာဉ်များကို ၂ဝဝ၉ မိုဒယ်မှ ၂ဝ၁၃ မိုဒယ်အတွင်း၊ ကုန်တင်ယာဉ်များ ကို ၂ဝဝ၄ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အတွင်း ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

 

Ref: Automobile

 

အောင်မင်္ဂလာအဝေးပြေးဂိတ် ဆိုက်ရောက်ဝင်း အတွင်း ယာဉ်ဝင်ရောက်မှုလျော့နည်း


အောင်မင်္ဂလာအဝေးပြေးဝင်း၌ အဝေးပြေးယာဉ်များဆိုက်ရောက် နိုင်ရန် Arrival ဝင်းတည်ဆောက်၍ ခရီးသည်များကို ဝန်ဆောင်မှုပေး လျက်ရှိရာ ယခုလပိုင်းတွင် Arrival ဝင်း၌ ယာဉ်ဝင်ရောက်မှုလျော့နည်း လျက်ရှိကြောင်းသိရသည်။ ဤကဲ့သို့ အောင်မင်္ဂလာအဝေး ပြေးယာဉ်များဆိုက်ရောက်နိုင်ရန် အတွက် Arrival စခန်းကို (၂ဝ၁၃) ခုနှစ် (၈) လပိုင်း၌ အစမ်းဖွင့်ခဲ့ပြီး (၉) လပိုင်းမှစတင်၍ တရားဝင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။ တရားဝင်ဖွင့် လှစ်ခဲ့သည့် (၉) လပိုင်းတွင် Arrival ဝင်းသို့ ယာဉ်အစီးရေ တစ်နေ့လျှင် အများဆုံး (၃၉၉) စီးအထိဝင်ရောက် ခဲ့သော်လည်း ယခုအခါတွင် တစ်ရက် ကို (၁၈၈) စီးသာဝင်ရောက်ဆိုက် ကပ်တော့ကြောင်း အောင်မင်္ဂလာ အဝေးပြေး Arrival ဝန်းမှ တာဝန်ရှိ သူ၏ပြောကြားချက်အရ သိရှိရသည်။ ယင်းကဲ့သို့ ယာဉ်အစီးရေလျော့ နည်းသွားရခြင်းမှာ ခြောက်လမ်းသွား နှင့် အမှတ် (၃) လမ်းမကြီးပြင်နေ သည့်အတွက်ကြောင့်ဖြစ်ကြောင်းကို လည်း ၎င်းင်းမှဆက်လက်ပြောကြားခဲ့ သည်။ အဆိုပါ အောင်မင်္ဂလာအဝေး ပြေး Arrival ဝင်းကို လုပ်ကိုင်ခွင့်အားMYINT & PAING Co., Ltd. မှ BOT စနစ်ဖြင့် (၁၇) နှစ် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်းသိရသည်။ ယင်းဝင်း အတွင်း ဆိုက်ရောက်ခကိုကားကြီး တစ်စီး (၅ဝဝ) ကျပ်၊ ကားလေး တက္ကစီ (၂ဝဝ) ကျပ်တို့ဖြင့်အသီး သီးကောက်ခံပြီး Public နံပါတ် အနက်ကို ငွေကြေးကောက်ခံခြင်း မပြုကြောင်းသိရသည်။ အောင်မင်္ဂလာ အဝေးပြေးယာဉ် Arrival ဝင်းသည် တစ်ရက်လျှင် ခန့် မှန်းခြေ ခရီးသည် (၆ဝဝဝ) ကျော်ကို ဝန်ဆောင်မှုများပေးနေကြောင်းသိရှိရ သည်။ ယင်းကဲ့သို့ အဝေးပြေးယာဉ် များသည် Arrival တွင်ဆိုက်ရောက် ပါက ခရီးသည်များသွားလာမှု လွယ် ကူစေရန် City Bus နှင့် တက္ကစီများ ကိုလည်း အဆင်သင့်ထားပေးထား ကြောင်းသိရသည်။ အောင်မင်္ဂလာအဝေးပြေး Arrival စခန်းကို တည်ဆောက်နိုင်ခြင်း ကြောင့် နိုင်ငံတကာကဲ့သို့ Arrival စခန်းသီးသန့်တည်ရှိပြီး ယခင်ကလို တက္ကစီများနောက်မှ လိုက်လာခြင်း မရှိသည့်အတွက် ခရီးသည်များအဆင် ပြေစွာသွားလာနိုင်ပြီး ယာဉ်ကြောပိတ် ဆို့မှုကို အနည်းငယ်လျှော့ချနိုင်မှာဖြစ် ကြောင်းသိရသည်။

 

Ref: Automobile


အမေရိကန် ချက်ပလက်ကားဖြင့် လေဆိပ်နှင့် မြို့တွင်းပြေးဆွဲမှုစတင်


ဝှီးချဲ(လ်) (၆) စီးတင်ဆောင် နိုင်သော အမေရိကန်ချက်ပလက်ကား ဖြင့် လေဆိပ်နှင့် မြို့တွင်းပြေးဆွဲမှု အား Airport Shuttle ကုမ္ပဏီမှ ဒီဇင်ဘာလအတွင်း စတင်ခဲ့ကြောင်း သိရသည်။ ဝှီးချဲ(လ်) (၆) စီးတင်ဆောင်နိုင်ပြီး လူချည်းသက်သက် သာဆိုပါက (၁၈) ယောက်ခန့်စီးနင်း နိုင်သော ချက်ပလက်ကားဖြင့် ဝန်ဆောင်မှုပေးနေကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူ ဦးကျော်ကျော် ကပြောပြခဲ့သည်။
သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းဝေဒနာရှင် များအတွက် ရည်ရွယ်ကာ အလွယ်တကူစီးနင်းနိုင်ရန် ဝှီးချဲ(လ်)ပါ တင်ဆောင် နိုင်သည့် အဆိုပါ ကားဖြင့် ပြေးဆွဲခြင်းဖြစ်ကာ လက်ရှိ အချိန်တွင် တစ်စီးတည်းသာ ပြေးဆွဲနေပြီး အစီးရေတိုးချဲ့ ပြေးဆွဲသွားရန် ရှိကြောင်းသိရသည်။ အဓိကမသွားနိုင် မလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတဲ့သူတွေအတွက်ပါ။ ဝှီးချဲ(လ်) ကိုတွန်းတဲ့သူပါ အဆင်ပြေ အောင် ဟိုက်ဒြောလစ်တွေနဲ့ လုပ်ထားတယ်။ ဝှီးချဲ(လ်)ကို မစရာမလိုဘဲ တွန်းသွားလို့ရအောင် လုပ်ထားတယ်။စျေးနှုန်းကတော့ မိသားစုအရေအတွက်ပေါ် မူတည်ပြီးယူပါတယ်။ အခု ရန်ကုန် မြို့ထဲမှာ ဝှီးချဲ(လ်)တွေပါသွားလို့ရ အောင် လမ်းတွေခင်းမယ် လို့သိထားတယ်။ အဲ့လိုတွေပါရှိလာရင်တော့ ပို ကောင်းတာပေါ့လို့ အဆိုပါပုဂ္ဂိုလ် ကပြောပြခဲ့သည်။ Airpot Shuttle အနေဖြင့် (၇) ကြိမ်မြောက်ကျင်းပမည့် မသန်စွမ်း ဆီးဂိမ်းအားကစားပြိုင်ပွဲတွင်ပါဝင်သော မသန်စွမ်းအားကစားသမားများ အတွက်ပါ ကူညီအားဖြည့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

Ref: Auto World

 

ရန်ကုန်တိုင်း၌ပင် သွင်းကုန်လိုင်စင် (၁၂)မျိုးလျှောက်ထားနိုင်တော့မည်


(၂ဝ၁၄) ခုနှစ် ဇန်နဝါရီ (၁) ရက်မှစတင်၍ ပစ္စည်းအမျိုးအမည် (၁၂) မျိုးအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ သွင်းကုန် ဌာနခွဲ၌ သွင်းကုန်လိုင်စင်များ အဖြစ် လျှောက်ထားခွင် ့ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်က သွင်းကုန်လိုင်စင်များကို နေပြည်တော်တွင်သာ လိုင်စင်လျှောက် ထားရပြီး ယခုနှစ် ဇန်နဝါရီတွင် ရန်ကုန်၌ လျှောက်ထားခွင့် ပြုလိုက်ခြင်းဖြစ် ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတွင် လိုင်စင်လျှောက်ထားခွင့်ပြုလိုက်သည့် ပစ္စည်းအမျိုးအစား များမှာ ကားအပိုပစ္စည်းများ၊ တာယာအမျိုးမျိုး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်မှုကုန်ကြမ်း၊ စက်ဆီ၊ ချောဆီ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ အပ်ချုပ်စက်၊ မီးစက်၊ ရုံးသုံးကိရိယာ၊ ဂျင်နရေတာ စသည်တို့ဖြစ်ကြောင်း သိရသည်။
ထိုပစ္စည်းများထဲတွင် ကားတာယာများမှာ ယခင်က လိုင်စင်လျှောက်ထား စရာမလိုဘဲ တင်သွင်းသည့်အခါ၌သာ အခွန်ပေးဆောင်သွင်းရပြီး ယခုအချိန် တွင် သွင်းကုန်လိုင်စင်ဖြင့် ပြန်လည်လျှောက်ထားရန် သတ်မှတ်လိုက်ကြောင်း သိရသည်။ ကျွန်တော်တို့ တာယာတွေက အရင်က လိုင်စင်လျှောက်စရာမလိုဘဲ အခွန်ဆောင်ပြီးပဲသွင်းရတာ။ အခုက ရန်ကုန်မှာပဲ သွင်းကုန်လိုင်စင်ပြန် လျှောက်ရတော့မယ်ဆိုတော့ ဒါက တာယာတွေဝင်ရောက်လာတာကို ထိန်းချုပ် တာလည်း ပါမယ်ထင်တယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် အရည်အသွေးမီတဲ့ တာယာတွေ ပိုပြီး တင်သွင်းလာနိုင်ပါတယ် လို့ ကားတာယာများတင်သွင်း ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပြခဲ့သည်။

 

Ref: Auto World

ရှစ်မိုင်လမ်းဆုံတွင် တပ်ဆင်ထားသည့် မီးပွိုင့်ထိန်းချုပ်ဆင်ဆာစနစ်ကြောင့် ခုံးကျော်တံတား တည်ဆောက်မည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်း


ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ် နေသော ရှစ်မိုင်လမ်းဆုံတွင် ယခင်က ခုံးကျော်တံတား တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ မီးပွိုင့်ထိန်းချုပ် ဆင်ဆာတပ်ဆင် လိုက်ခြင်းကြောင့် ခုံးကျော်တံတား တည်ဆောက်မည့် အစီအစဉ်ကိုခေတ္တ ရပ်ဆိုင်းထားကြောင်း ကုန်းလမ်းပို့ ဆောင်ရေးမှ အကြီးတန်းအရာရှိတစ် ဦးကပြောကြားခဲ့သည်။ ရှစ်မိုင်လမ်းဆုံတွင် တပ်ဆင် ထားသော မီးပွိုင့်ထိန်းချုပ်ဆင်ဆာ စနစ်သည် ယာဉ်ကြောပိတ်ဆို့မှုပေါ် မူတည်၍ ထိန်းချုပ်ပေးသည့်စနစ်ဖြစ် သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ခြင်းကို စောင့်ကြည့်နေ ကြောင်းသိရသည်။ ထို့အတွက် ခုံး ကျော်တံတားတည်ဆောက်မည့် အစီ အစဉ်ကို ခေတ္တရပ်ဆိုင်းထားခြင်းဖြစ် ကြောင်းသိရသည်။ ရှစ်မိုင်လမ်းဆုံ တွင် မီးပွိုင့်လေးခု တပ်ဆင်ထားပြီး ဆင်ဆာစနစ်သည် မီးပွိုင့်တစ်ခုတွင် ကင်မရာတစ်လုံးစီ တပ်ဆင်ထားပေး ကြောင်းသိရသည်။ ယင်းကင်မရာများ သည် မီးပွိုင့်၏ဂရပ်မျဉ်းမှ မီတာ (၃ဝ) အကွာအဝေးထိရှိသော ယာဉ် များကို ထိန်းချုပ်ပေးပြီး ယာဉ်ကြော ရှင်းလင်းပေးသည့်စနစ်တွင် Manual နှင့် Auto ခလုတ်များပါဝင်ကြောင်း သိရှိရသည်။

 

Ref: Auto World

ယခုနှစ်ထုတ် Honda Fit Hybrid ကားများ ပြန်လည်သိမ်းဆည်း


ဟွန်ဒါကုမ္ဗဏီက ၂ဝရက်နေ့မှာ အင်ဂျင်ကိုထိန်းချုပ်သော ပရိုဂရမ်(program)မှာ ချွတ်ယွင်းချက်များ တွေ့ရှိခဲ့တဲ့အတွက် အသေးစား Fit Hybrid (HV) ကား အရေအတွက် ၃၆,၁ဝဝစီး (ယခုနှစ် (၇)လပိုင်းမှ (၁၂)လ ပိုင်းအထိ ထုတ်လုပ်ခဲ့သော ကားများ) ကို Recall (ပြန်လည်သိမ်းစည်းခြင်းနှင့် အခမဲ့ပြုပြင်ပေးခြင်း) ခေါ်ယူမည် ဖြစ်ကြောင်း ဂျပန် ကုန်းလမ်း ပို့ဆောင်ရေး ဌာနသို့စာပို့လိုက်ကြောင်း သိရှိရပါတယ်။ ဟွန်ဒါကုမ္ဗဏီသို့၉လပိုင်းနောက်ပိုင်း ယင်းပြဿနာနှင့် ပတ်သက်၍ ၃၆၂ကြိမ် အကြောင်းကြား ဆက်သွယ်မှုများကို လက်ခံရရှိထားပြီး ဖြစ်သော်လည်း ယာဉ်တိုက်ခိုက် ပျက်စီးမှု ပြဿနာ များကိုတော့ယခုအချိန်အထိ မရရှိသေးကြောင်းလဲ ပြောကြားထားပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ပြောဆိုချက်အရ အင်ဂျင်နှင့် ဂီယာပိုင်းကို ထိန်းချုပ်သော စနစ်ရဲ့ပရိုဂရမ်မှာ ပြဿနာရှိတာဖြစ်ပြီး အရှိန်နဲနဲနှင့် မောင်းနှင်စဉ် အင်ဂျင်ရပ်တန့်သွားခြင်းပြုပြင်ရန်(故障) ဆိုသော မီးများလင်းလာ၍ မောင်းနှင်လို့မရနိုင်တာမျိုး ရှိနိုင်ကြောင်း ပြောကြားသွားပါတယ်။ လက်ရှိ မြန်မာပြည်သို့တင်သွင်းနေသော ကားအတော်များများက နှောင်းပိုင်းကားများ ဖြစ်သည့်အတွက် အထွေအထူး လုပ်ဆောင်စရာများ မလိုအပ်ကြောင်း သိရှိရပါတယ်။

[အသေးစိတ်အချက်အလက်များ]
ကားအမျိုးအစား - Honda Fit Hybrid-(HV)
ထုတ်လုပ်ကာလ - 07/2013 မှ 12/2013
အရည်အတွက် -- 36,100

 

Ref: Auto Mobile

၂ဝ၁၅ ခုနှစ်မော်ဒယ် Honda Civic မိတ်ဆက်


၂ဝ၁၅ ခုနှစ်မော်ဒယ်အတွက် ပြင်ဆင်ထားတဲ့ Honda Civic ကို ယခုလို မြင်တွေ့ ရပါတယ်။ Prototype အနေနဲ့ ထုတ်လုပ်ထားပြီး စမ်းသပ်မောင်းနှင်နေမှု ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၂ လီတာ ရှိပြီး ဆလင်ဒါ လေးလုံးပူး V အင်ဂျင်ကို အသုံးပြု တပ်ဆင် ထားပါတယ်။ မြင်းကောင် ရေအား ထုတ်လုပ်မှု ၂၈ဝ ဝန်းကျင် ရှိပြီး Euro 6 mission standard နဲ့ လျော်ညီတဲ့ မီးခိုးထုတ် စနစ် ဖြစ်ကြောင်း ဆို ပါတယ်။ ဒါကြောင့်မို့ သဘာဝ ပတ်ဝန်းကျင်နဲ့ လျော်ညီ ကိုက်ညီစေမယ့် ကား ဖြစ်ကြောင်း ဆိုပါတယ်။ ဟိုင်းဘရစ် ဗားရှင်းလည်း ထုတ်လုပ် အုံးမှာပါ။ အမြန်ဆုံး မောင်းနှင်နိုင်မှု Speed က တစ်နာရီ ၁၂၄ မိုင် ဝန်းကျင် အထိ ရှိပါတယ်။ နောက်ဘက် Hatchback ပါ တံခါး ငါးပေါက် hatchback ကား ဖြစ်ပြီး Honda insight နဲ့တောင် ခပ်ဆင်ဆင် ရှိပါတယ်။ ၂ဝ၁၅ ခုနှစ်မော်ဒယ်အတွက် ပြင်ဆင်ထားတဲ့ ကားကို ၂ဝ၁၄ နှစ်လယ်နောင်းပိုင်း ထုတ်လုပ် ရောင်းချ နိုင်ရန် မျော်မှန်းထားကြောင်း သိရ ပါတယ်။

 

Ref: autoblog

သုံးဘီး မော်တော်ယာဉ်များ အပ်နှံခွင့်ပေးခဲ့ပါက သုံးဘီးမော်တော်ယာဉ်များသာ ပြန်လည်တင်သွင်းခွင့်ပြုမည်ဟုဆို


သုံးဘီး မော်တော်ယာဉ်များ အပ်နှံခွင့်ပေးခဲ့ပါက အမျိုးတူ သုံးဘီး မော်တော်ယာဉ်များကိုသာ ပြန်လည် တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနက ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို တစ်ဆင့်ချင်း အပ်နှံခွင့်ပြုခဲ့ရာ သုံးဘီး မော်တော်ယာဉ်များ အသုံးပြုနေသော မနၲလေးမြို့နှင့် အခြားနယ် မြို့များ၌ သုံးဘီးယာဉ်များ အပ်နှံခွင့်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သုံးဘီးယာဉ်များ အပ်နှံခွင့်ပြုမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်က ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ သုံးဘီး ယာဉ်အစီးရေကို ကောက်ယူခဲ့ပါတယ်၊ စာရင်းကောက်ပြီ ဆိုတာနဲ့ အပ်မယ်ဆိုပြီး ယူဆနေပါတယ်၊ ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံပြီး အစား ထိုးယာဉ် ပြန်လည်တင်သွင်းခွင့် ပြုတဲ့နေရာမှာ ယာဉ်အမျိုးအစားအလိုက် ခွဲထားပြီးသား ဖြစ်ပါတယ်၊ Light Truck အုပ်စုအပ်ရင် Light Truck ပဲ ပြန်သွင်းရမယ်၊ လူစီးယာဉ်အပ်ရင် လူစီးယာဉ်ပဲ ပြန်သွင်းရမယ်၊ ခရီးသည်တင်ယာဉ်အပ်ရင် ခရီးသည်တင်ယာဉ်ပဲ ပြန်သွင်းရမယ်၊ အငှားယာဉ်အပ်ရင် အငှားယာဉ်ပဲ ပြန်သွင်းရမယ်၊ သုံးဘီးယာဉ်အပ်ရင် သုံးဘီးယာဉ်ကိုပဲ ပြန်သွင်းရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် သုံးဘီးယာဉ်တွေကို အပ်နှံခွင့်ပေးခဲ့ရင်တောင် သုံးဘီး ယာဉ်ပဲ ပြန်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ မနၲလေးမြို့၌ သုံးဘီးယာဉ်များ အပ်နှံခွင့်ပေးမည်ဆိုသော သတင်းများအပေါ် ကားဝယ်/ ရောင်း တစ်ဦးကလည်း “သုံးဘီးယာဉ်တွေကို ဝယ်/ရောင်းတွေကတော့ မဝယ်ကြပါဘူး၊ သုံးဘီး ယာဉ်ပိုင်ရှင်တချို့က နိုင်ငံတော်ကို နှစ်ငါးဆယ်လောက် အလုပ်အကျွေးပြုခဲ့တဲ့ ဒီကားတွေကို အပ်နှံခွင့် ပြုပေးပါဆိုပြီး သမ္မတကို စာ တင်ထားပါတယ်၊ ဒါကို စီးပွားရေးသမားတွေက သူတို့ဝယ်ထားတဲ့ သုံးဘီးယာဉ်တွေကို အမြတ်တင်ပြီး ပြန်လည် ထုတ်ရောင်းကြဖို့အတွက် ကောလာဟလသတင်းတွေ ထုတ်ပြန်နေကြတာဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။

 

Ref: Automobile

 

ဆိပ်ကမ်း၌ ပစ္စည်းပျောက်ရှမှုအတွက် Inspection တောင်းပြီး စစ်ဆေးမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်


ကားအတွင်းခန်းပစ္စည်းများနှင့် အပိုပစ္စည်းများ ပျောက်ရှမှုဖြစ်ပေါ်လျှင် ဆိပ်ကမ်းက Inspection တောင်းပြီး စစ်ဆေးနေခြင်းသည် မှားယွင်းသည့်လုပ်ရပ်ဟု ကားတင်သွင်းသူများက ဝေဖန်ပြောကြားခဲ့သည်။ ဆိပ်ကမ်း၌ ပစ္စည်းအပျောက်အရှများ ရှိခဲ့ပါက Complaint တက်သည့်အခါတွင် တာဝန်ရှိသူများက ဂျပန်ဘက်မှ Inspection တောင်းပြီး စစ်ဆေးမှုမှာ သင့်တော်မှုမရှိကြောင်း ကားတင်သွင်းသူတစ်ဦးက ပြောကြားခဲ့သည်။ “ဆိပ်ကမ်းမှာ စီမံချက်နဲ့ လုံခြုံရေး တိုးမြှင့်ထားပေမဲ့ ပစ္စည်းပျောက်ရှမှုက အနည်းနဲ့အများ ရှိနေတုန်းပါပဲ၊ ပစ္စည်းပျောက်လို့ Complaint တက်တဲ့အခါမှာ Inspection ကို တောင်းပါတယ်၊ ကားတစ်စီးမှာ ပစ္စည်းစုံတယ်ဆိုရင် Inspection မှာ ဘာမှပြမှာ မဟုတ်ပါဘူး၊ ဒါကို ဆိပ်ကမ်းက ကား တစ်စီးမှာပါတဲ့ ပစ္စည်းစာရင်းကို တောင်းပါတယ်၊ ကားတစ်စီးမှာ ပါဝင်တဲ့ Accessory က အများကြီးပါပဲ၊ ကားအတွင်းခန်းမှာဆိုရင် Accessory က အခု ခြောက်ဆယ် လောက်ပါပါတယ်၊ ဥပမာ-ကား တစ်စီးကို ဂီယာဘုသီးပါမှ မောင်းလို့ရမှာဖြစ်ပါတယ်၊ ဒါကို Inspection မှာ ဂီယာဘုသီးပါတယ်လို့တော့ ထည့်မရေးထားဘူး၊ မပါမှ မပါဘူးလို့ရေးတာပါ၊ ဒါကြောင့် ကားအတွင်းခန်းအားလုံးရဲ့ List ကို တောင်းတဲ့အခါ အခက်တွေ့ရပါတယ်၊ တကယ်လို့ ဂျပန်ဆိပ် ကမ်းဘက်က ဓာတ်ပုံပြရင်လည်း ဆိပ်ကမ်းအနေနဲ့ ဒီဓာတ်ပုံအပေါ် မှာ ယုံကြည်မှု ဘယ်လောက်ရှိသလဲဆိုတာ သိချင်ပါတယ်၊ ပစ္စည်းပျောက်လို့ Complaint တက်တဲ့အခါ ဂျပန်ဘက်က ဘာပါသလဲ ဆိုတဲ့စာရင်းကို တောင်းတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ပါတယ်။ ကားတစ်စီးဝယ်ပြီ ဆိုကတည်းက အကုန်လုံး ပါပါတယ်၊ မပါဘူးဆိုရင် Auction မှာကတည်းက ဘယ်ပစ္စည်း မပါဘူးဆိုတာ ပြထား ပါတယ်”ဟု Future Auto မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာစိုးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

 

Ref: Automobile

 

‘အ’ အက္ခရာအပ်နှံမှု တစ်နိုင်ငံလုံး၌ ၆ဝ ရာခိုင်နှုန်းကျော်သွားပြီ ဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်း မူဝါဒသစ် ထွက်ပေါ်မလာသေး


တစ်နိုင်ငံလုံး အတိုင်းအတာအနေ ဖြင့် ‘အ’ အက္ခရာကားများ အပ်နှံမှုသည် ၆ဝ ရာခိုင်နှုန်း ကျော်သွား ပြီဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီသစ်ကို တရားဝင် ထုတ်ပြန်နိုင်ဦးမည် မ ဟုတ်သေးကြောင်း ‘ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’ မှ သိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီ အရ အပ်နှံဆဲအက္ခရာကား အရေအတွက်သည် ၆ဝ ရာခိုင်နှုန်း ကျော်လွန်ပါက နောက်ဆက်တွဲ အက္ခရာတစ်ခုကို အပ်နှံခွင့်ပြုခဲ့ရာ ‘အ’ အက္ခရာကားများ၏ အပ်နှံမှုသည် ရာခိုင်နှုန်း ပြည့်မီသွားပြီ ဖြစ်သည်။ အက္ခရာ တစ်ခုချင်းစီတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အစီးရေ ၈,၈ဝဝ ဝန်းကျင်ရှိရာ အောက်တိုဘာ ၂၅ ရက်က အပ်နှံခွင့်ပြုခဲ့သော ‘အ’ အက္ခရာ ကားများမှာ ဇန်နဝါရီ ၁၄ ရက်အထိ အစီးရေ ၅,၁ဝဝ ကျော် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း ‘နေပြည်တော် ကညန’မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ‘အ’ အက္ခရာအစီးရေ ၄,၇၅ဝ ရှိရာတွင် ဇန်နဝါရီ ၁၄ ရက်အထိ အစီးရေ ၃,၆၃၁ စီး အပ်နှံခဲ့ပြီး ဖြစ်သည်။ ‘အ’ အက္ခရာကားများ အပ်နှံမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ၆ဝ ရာခိုင်နှုန်း ကျော်သွားပြီ ဖြစ်သော်လည်း ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီသစ် ထွက်ပေါ်မလာသေးသောကြောင့် ကားဟောင်းစလစ် စျေးများလည်း တန့်နေကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသော စလစ်စျေးကွက်နှင့် ပတ်သက်၍ ကားဝယ်/ရောင်း တစ်ဦးက “ကားဟောင်းစလစ်စျေးတွေ ၉၅ သိန်းဝန်းကျင်မှာ တန့်နေ တာ တစ်လကျော် ကြာသွားပါပြီ၊ ဒီလကုန်အထိ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအသစ် ထွက်ပေါ်မလာခဲ့ရင်တော့ စလစ်စျေးက သိန်းတစ်ရာကျော်အထိ မြင့်တက်သွားဖို့ရှိပါတယ်၊ ‘အ’ အက္ခရာ ပြီးရင် ‘၁က’ ကားတွေကိုပဲ ခေါ်မလား၊ နှစ် နှစ်ဆယ်ကျော် ကားတွေကိုပဲ ခေါ်မလားဆိုတာ မသိရတဲ့အတွက် လုပ်ရကိုင်ရ ကျပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

 

Ref: Automobile

နွေဦးအကြို ကားပြပွဲကျင်းပမည်


GTR Media Co.,Ltd မှ ကြီးမှူး ကျင်းပသော ဒုတိယအကြိမ်မြောက် နွေဦးအကြိုကားပြပွဲနှင့် ကုန်စည်ပြပွဲကြီးကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ငါးရက်တိုင်တိုင် ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။ ယင်းပြပွဲကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ကားနှင့်ပတ်သက်သည့် ပစ္စည်းများ၊ အထွေထွေလူသုံးကုန် ပစ္စည်းများကို ပြခန်းပေါင်း ခြောက်ဆယ် ဝန်းကျင်ဖြင့် ပြသရောင်းချသွားမည်ဖြစ်သည်။ ထို့ပြင် Car Showroom အကျယ်အဝန်းရှိ မော်တော်ယာဉ်ပြခန်းပေါင်း ခြောက်ခန်းတွင် ဂျပန်ကား၊ ကိုရီးယား ကားများအပြင် အခြားကားအမျိုး အစားများစွာကို ပြသရောင်းချမည်ဖြစ်သည်။ ပြပွဲတွင် ပြိုင်ကား အပိုပစ္စည်းများ၊ ကားအလှဆင် ပစ္စည်းများ၊ ကားဘက်ထရီများ၊ အင်ဂျင်ဝိုင်နှင့် စက်ဆီ၊ ချောဆီများ၊ တာယာနှင့် အလွိုင်းများ၊ ကားနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ အဝတ်အထည်များ၊ စားသောက်ကုန်များ၊ အလှကုန်များအပြင် အခြားကုန်စည် ပစ္စည်းများစွာကို တွဲဖက်ပြသ ရောင်းချသွားမည်ဖြစ်သည်။ ပြပွဲနှင့်အတူ ခမ်းနားကြီး ကျယ်သည့် Fashion Show ကျင်းပပြုလုပ်ခြင်း၊ ချစ်သူများနေ့ အထိမ်းအမှတ် အနေဖြင့် စုံတွဲများနှင့် ဂိမ်းကစားခြင်း၊ အလိုက်ဖက် ဆုံးစုံတွဲ ရွေးချယ်ခြင်း၊ မုန့်စားပြိုင်ပွဲ၊ အနုပညာရှင်စုံတွဲများနှင့် တွေ့ဆုံခြင်း၊ မော်ဒယ်များနှင့် လာရောက်ကြည့်ရှုသော ပရိသတ်များအား အပြန်အလှန် ပဟေဠိမေးခွန်းများ မေးမြန်းခြင်းနှင့် အခြား စိတ်ဝင်စားဖွယ်ရာ ကဏ္ဍများစွာဖြင့် နေ့စဉ်ဖျော်ဖြေသွားမည် ဖြစ်ကြောင်း GTR Media မှ သိရသည်။

 

Ref: Automobile

၆ဂ/ . . . .နှင့် အထက် ကားများကို ကားသစ်များနှင့် လဲလှယ်ပေးမည်


မြန်မာနိုင်ငံ၌ ပထမဆုံး ကားသစ်၊ ကားဟောင်း လဲလှယ်ပေးမည့် အစီ အစဉ်အဖြစ် Future Auto မှ ၆ဂ/ . . .နှင့်အထက် ကားများကို ကားသစ်များနှင့် လဲလှယ်ပေးမည် ဖြစ်ကြောင်း သိရသည်။ Future Auto အနေဖြင့် ပြည်ပမှတင်သွင်းလာသည့် ကား များကို ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသကဲ့သို့ ကားသစ်နှင့် ကားဟောင်း လဲလှယ်မည့်အစီအစဉ်တွင်လည်း လဲလှယ်လိုသည့်ကား အမျိုးအစားမှာ အလိုက်ပေး လဲလှယ်ရမည့်ကားဖြစ်ပါက ဘဏ်အရစ်ကျစနစ်ဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။ ကားသစ်၊ ကားဟောင်း လဲလှယ်ပေးမည့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ Future Auto မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာစိုးက “Customer တွေအနေနဲ့ စီးပြီးသားကားတွေကို အသစ်နဲ့လဲချင်လို့ အပြင်မှာရောင်းရင် အခက်အခဲတွေ ရှိနိုင်ပါတယ်၊ ပွဲစားပါရင်လည်း ပွဲစားခ ပေးရမှာဖြစ်ပါတယ်၊ Future Auto အနေနဲ့ ကားသစ်နဲ့ ကားဟောင်း လဲလှယ်ချင်တဲ့ Customer တွေအတွက် စျေးလည်း မနစ်နာရအောင်၊ တခြားအခက်အခဲတွေလည်း မရှိအောင်လို့ အကောင်းဆုံး ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်”ဟု ပြောကြား ခဲ့သည်။ Future Auto အနေဖြင့် ကားသစ်များ ရောင်းချရာတွင် Warranty ခြောက်လပေးပြီး ရောင်းချပေးနေသော်လည်း လဲလှယ်သည့် ကားဟောင်းများကို ပြန်လည်ရောင်းချရာတွင် Warranty ပေးမည် မဟုတ်ကြောင်း သိရသည်။

 

Ref: Automobile

၂ဝ၁၄ နှစ်ဆန်းပိုင်းတွင် ယာဉ်/ယန္တရား လျှောက်ထားမှုစာရင်း၌ Mini Bus နှင့် Mini Truck အများဆုံးပါဝင်


၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် ယာဉ်/ယနၲရားစာရင်း၌ Mini Bus နှင့် Mini Truck အများဆုံးပါဝင်ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းဌာနခွဲ’ မှ သိရသည်။ ဇန်နဝါရီလဆန်းပိုင်း၌ ယာဉ်/ယနၲရား လျှောက်ထားမှုစာရင်းတွင် အစီးရေ ၁,၅၂၈ စီး ပါမစ်လျှောက်ထားခဲ့ပြီး Mini Bus၂၅၁ စီး၊ Mini Truck ၄ဝ၇ စီး၊ Light Truck ၄၂၃ စီးအပါအဝင် Prime Mover ၊ Space Cab ၊ Pcik Up ၊ Double Cab ကားများ ပါဝင်ခဲ့သည်။ ထို့ပြင် ဇန်နဝါရီ ၂ ရက်မှ ၁၄ ရက်အထိ လူစီးဆလွန်းများ၊ ဝက်ဂန်များနှင့် ထရပ်ကား၂၁၇ စီးကိုလည်း ပါမစ်ထုတ်ပေးခဲ့ကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန’ မှ သိရသည်။ ယခုလအတွင်း ပါမစ်ထုတ်ပေးခဲ့သည့် လူစီးယာဉ်များထဲ၌ Toyota ၊ Honda ကားများ အများဆုံး ပါဝင်ခဲ့ပြီး Mazda ၊ Nissan ကားများလည်း ပါဝင်ခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အစဖြစ်သည့် ၂ဝ၁၃ ခုနှစ်၊ ဧပြီလမှ ယခုနှစ် ဇန်နဝါရီ ၁၄ ရက် အထိ လူစီးယာဉ်၊ Truck နှင့် Bus ၁၇,၂၄၃ စီးကို ပါမစ်ထုတ်ပေးခဲ့ရာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ဝ,၄၆၄,၈၁ဝ ရှိခဲ့ကြောင်း အဆိုပါ ဌာနမှ သိရသည်။

 

Ref: Automobile

ဟံသာဝတီအဝိုင်း မီးပွိုင့်စနစ်အသုံးပြုရန် သင့် မသင့် ငါးလခန့် အချိန်ယူ စစ်တမ်းကောက်မည်


ပြည်လမ်းမကြီးပေါ်ရှိ ဟံသာဝတီအဝိုင်းတွင် ယာဉ်ကြောကျပ်တည်းမှု ဆိုးရွားစွာ ဖြစ်ပွားနေသည့်အတွက် အဝိုင်းပတ်စနစ်အစား မီးပွိုင့်စနစ် အသုံးပြုရန် သင့်မသင့် အချိန် ငါးလခန့်ယူ၍ စစ်တမ်း ကောက်ယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)’မှ သတင်းရရှိသည်။ ယခင်ကတည်းက ယာဉ်ကြောကျပ်တည်းမှု အနည်းငယ် ဖြစ်ပေါ်လေ့ရှိပြီး အဝိုင်းအနီးရှိ စိုက်ပျိုးရေးမှတ်တိုင်နှင့် အဝိုင်းမှတ်တိုင်တွင် ခရီးသည်တင်ယာဉ်များ နှစ်ထပ်ရပ်၍ ခရီးသည်အတင်အချ ပြုလုပ်ခြင်း၊ အချိန်ကြာမြင့်စွာ ခရီးသည်စောင့်ဆိုင်းခြင်းတို့အပြင် လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ် အသုံးပြုပြီးနောက်ပိုင်း ယာဉ်ကြောကျပ်တည်းမှု ပိုမိုမြင့်မားလာရာ အဝိုင်းပတ်စနစ်ကို ဖြုတ်သိမ်းရန်နှင့် မီးပွိုင့်စနစ်အသုံးပြုရန် သင့်မသင့် စစ်တမ်းကောက်ယူ လေ့လာမှုများ ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ “လှည်းတန်းတံတား အဆင်းကလာတဲ့ ကားတွေရယ်၊ ဆူးလေ၊ မြေနီကုန်းဘက်ကလာတဲ့ ကားအစီးရေ များတာရယ်၊ ဘတ်စ်ကားတွေရဲ့ စည်းကမ်းမရှိမှုတွေရယ်ကြောင့် အဝိုင်းမှာ ယာဉ်ကြောကျပ်တာက ဆိုးလာတယ်၊ ရှစ်မိုင်မှာတော့ ဆင်ဆာစနစ်သုံး မီးပွိုင့်ကြောင့် တော်တော် အဆင်ပြေသွားတယ်၊ အဲဒါကြောင့် အဝိုင်းကိုလည်း ဒီလိုလုပ်ဖို့ စဉ်းစားမိတာ၊ အဆင်ပြေ မပြေတော့ စစ်တမ်း ကောက်ပြီးမှသိမယ်”ဟု ‘မြို့တော် စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)’ မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ဟံသာဝတီအဝိုင်းကို အဝိုင်းပတ်စနစ် ဖြုတ်သိမ်း၍ မီးပွိုင့်စနစ် တပ်ဆင်အသုံးပြုရန် စစ်တမ်းကောက်ယူမှုကို ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ပြုလုပ်သွားမည်ဖြစ်ပြီး မီးပွိုင့်စနစ် အသုံးပြုမည်ဆိုပါက အသုံးပြုသွားမည့် မီးပွိုင့်ဒီဇိုင်း ရေးဆွဲခြင်းနှင့် မီးပွိုင့်၌ ဆင်ဆာစနစ်အသုံးပြုခြင်း သင့် မသင့်တို့ကို လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။

 

Ref: Automobile

သာကေတ မြစ်ကူးတံတားသစ်တစ်စင်း ယခုနှစ်အတွင်း တည်ဆောက်မည်


သီလဝါဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့တွင်းသို့ လာရောက်မည့် ကုန်စည်တင်ယာဉ်များယာဉ် ကြောကျပ်တည်းမှု လျော့ကျစေရန် သာကေတ မြစ်ကူးတံတားသစ် တစ်စင်း ယခုနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ဇန်နဝါရီ ၁၄ ရက်၊ ရန်ကုန်မြို့၊ Asia Plaza ဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အဆိုပါ တံတားသစ်အား ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ချိတ်ဆက် တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းရေး ဆွဲရေးအဖွဲ့(YUTRA) မှ စစ်တမ်းကောက်ယူနေကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ “ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး အတွက် ရေးဆွဲထားတဲ့ နှစ်အလိုက် စီမံကိန်းတွေထဲက အခု ၂ဝ၁၄ ဆိုရင် ရှစ်မိုင်၊ မြေနီကုန်းမီးပွိုင့်တွေမှာ အချက်ပြစနစ်တွေပြောင်းပြီး တပ်ဆင်ဖို့နဲ့ သာကေတတံတားသစ် တည်ဆောက်ဖို့ ရှိပါတယ်၊ သီလဝါဆိပ်ကမ်းဘက်ကလာမယ့် ကုန်စည်တွေ ကူးသန်းပို့ဆောင်တဲ့အခါ ယာဉ်မကျပ်အောင်ပါ၊ အဓိက ရည်ရွယ်တာကတော့ ကုန်စည်တင်ယာဉ်တွေပဲ၊ ၂ဝ၁၅ ဆို ရင် ကုန်စည်တင်ယာဉ်တွေ ပိုများလာမယ်၊ ဒီအတွက် ကြိုတင်ပြင် ဆင်ထားတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်ခင်ကပြောသည်။ ယခု ထပ်မံတည်ဆောက်မည့် မြစ်ကူးတံတားသစ် တည်ဆောက်ရေးအတွက် စစ်တမ်းကောက်ယူမှုများကို ဖေဖော်ဝါရီလတွင် အပြီး သတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ “အရင်က တည်ဆောက်ထားတဲ့ မြစ်ကူးတံတား အများစုက တံတားခံနိုင်ရည် တန် ခြောက်ဆယ် လောက်ပဲရှိတယ်၊ အခု ဆောက်မယ့်တံတားက ကုန်စည်တင်ယာဉ်တွေကို ရည်ရွယ်ထားတာဖြစ်တဲ့အတွက် အနည်းဆုံး ခံနိုင်ရည် တန်ကိုးဆယ်နဲ့ အထက်ကိုပဲ တည်ဆောက်မှာပါ”ဟု ‘ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)’မှ ဒုတိယဌာနမှူးက ပြောသည်။

 

Ref: Automobile

အောင်မင်္ဂလာလမ်းမကြီး သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိသည့်အတွက် အဝေးပြေးဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှု ဆက်လက်ဖြစ်ပွား


၂ဝ၁၃ ခုနှစ်၊ မေလတွင် စတင် ဖောက်လုပ်ခဲ့သော အောင်မင်္ဂလာ လမ်းမကြီးမှာ ဒီဇင်ဘာလအတွင်း ပြီးစီးရန် သတ်မှတ်ထားသော်လည်း ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ အထိ ပြီးစီးမှုမရှိသည့်အတွက် အောင်မင်္ဂလာအဝေးပြေးဝင်း အတွင်း ယာဉ်ကြောကျပ်မှုဆက်လက် ဖြစ်ပွားလျက်ရှိပြီး ယာဉ်အဝင်၊ အ ထွက်နေရာများ၌ အခက်အခဲများ ဖြစ်ပွားလျက်ရှိကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ စုံစမ်း သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်း အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ လမ်းပေါင်း နှစ်ဆယ် ပြုပြင်ခင်း ကျင်းခြင်းနှင့် ဆိုက်ရောက်/ ထွက်ခွာ အဆောက်အအုံ တည်ဆောက် ခြင်းများကြောင့် ဝင်းအတွင်း ယာဉ်အဝင်အထွက် ဂိတ်ပေါက်များ ပြောင်းလဲခဲ့ရပြီး ယခုအခါ အဓိက ယာဉ်ဝင်/ထွက်ပေါက်အဖြစ် အသုံး ပြုနေသော အောင်မင်္ဂလာလမ်းမကြီးမှာလည်း သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိသောကြောင့် ယာဉ်ကြောကျပ်မှု ပြဿနာ ဆက်လက် ဖြစ်ပွားနေရကြောင်းနှင့် သုဓမ္မာလမ်းမကြီးကို အသုံးပြုနေရသော ခရီးသွားမှာလည်း အခက်ကြုံ နေရကြောင်း သိရသည်။ “အဝေးပြေးဝင်းမှာ ပိတ်နေတော့ သုဓမ္မာလမ်းတစ်လျှောက်လည်း ပိတ်တာပဲ၊ မြို့ထဲလည်း ပိတ်၊ မြို့ပြင်ပိတ်၊ ဘယ်နေရာမဆို ပိတ်နေတော့ ခက်တာပါပဲ၊ ဒါပေမဲ့ ဒါက မနက်ပိုင်းနဲ့ ညနေပိုင်းပိတ်တာ၊ ရုံးတက်/ရုံးဆင်း၊ ကျောင်း တက်/ကျောင်းဆင်းချိန်ကြီး ပိတ် နေတော့ အဆင်မပြေဘူး၊ တက္ကသိုလ်ကျောင်းသားတွေက ကိစ္စမရှိပေမဲ့ ရုံးသမားတွေက ဒုက္ခအရမ်း ရောက်တယ်”ဟု မင်္ဂလာဒုံမြို့နေ မဥမ္မာက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့တော်စည်ပင်(အခွန်ဌာန)မှ ဌာနခွဲမှူး ဦးဇော်မင်းက “ရေမြောင်း ပြင်ဆင်မှုနဲ့ လမ်းမတစ်လျှောက် ကားရပ်နားနေရာတွေ ထည့်သွင်း တည်ဆောက်နေရတဲ့ အတွက်ပါ၊ အရင်လမ်းဟောင်းကို ပြုပြင်ခင်းကျင်းရတာ ဖြစ်တဲ့အတွက် အခက်အခဲတော့ ရှိပါတယ်၊ လမ်းချဲ့မယ့် နေရာက ကန်စွန်းခင်း အဟောင်း တွေဆိုတော့ မြေဖို့တာကိုလည်း တော်တော်လေး လုပ်ခဲ့ရတယ်၊ အ ခုက ၉ဝ ရာခိုင်နှုန်းပြီးနေပါပြီ၊ မကြာခင်ဖွင့်နိုင်မှာပါ၊ တစ်ခြမ်းခင်း စနစ်နဲ့ သွားရတဲ့အတွက်ယာဉ်ကြော ပိတ်တာတော့ အနည်းငယ်တော့ရှိ မှာပါ”ဟု ပြောသည်။ အဝေးပြေးခရီးသည်တင် ကားကြီးများနှင့်အငှားယာဉ်များ အဓိက အဝင်/အထွက် ပြုလုပ်နေရသည့် အောင်မင်္ဂလာလမ်းမကြီးမှာ ၁/၇၈ ၅ ပေ ရှည်လျားကာ ၇၂ ပေကျယ်ဝန်းပြီး လက်ရှိတွင် ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးမှုရှိကြောင်း၊ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ အောင်မင်္ဂလာလမ်း ခင်းကျင်းမှုအပြင် ကားလက်မှတ် အရောင်းဂိတ်ခန်းများ ဆောက်လုပ်မှု၊ ဝင်းအတွင်းရှိ လမ်းနှစ်ဆယ် ခင်းကျင်းမှုနှင့် ဝင်းအပြင်တွင် လေးလမ်းသွား လမ်းမကြီး ခင်းကျင်း ဆောက်လုပ်မှုများ ရှိကြောင်း သိရှိရသည်။

 

Ref: Automobile

နှစ်ပတ်အတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုပေါင်း ရှစ်ရာကျော်အထိ ဖမ်းဆီးအရေးယူ


ယခုနှစ်ဦး ရက်သတ္တပတ် နှစ်ပတ်တာ ကာလအတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုပေါင်း ရှစ်ရာကျော်အထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး’မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု လျော့ကျစေရန် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ မြို့တွင်း လမ်းမကြီးများပေါ်၌ ယာဉ်ရပ်နားမှုများအား ကြေညာချက်များ ထုတ်ပြန်ကာ ဖမ်းဆီးအရေးယူခြင်းများ ဆောင် ရွက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်၏ ၁၄ ရက်တာ ကာလအတွင်း၌ စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်အစီးရေ ရှစ်ရာကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ အဆိုပါ အရေးယူမှုများတွင် ကရိန်းဖြင့်ဆွဲယူခဲ့သည့် ယာဉ် ၁၈ဝ ကျော်နှင့် ချလန်ဖြတ် အရေးယူခဲ့သည့် ယာဉ် ၆၅ဝ ခန့်အထိ ပါဝင်ကြောင်း သိရသည်။ “ယာဉ်ကြောတွေ ရှင်းလင်းဖို့အတွက် အရေးယူ ဆောင်ရွက်တာတွေကို အဖွဲ့လေးဖွဲ့ခွဲပြီး လှည့်လည်စစ်ဆေး ဖမ်းဆီးနေပါတယ်၊ ယာဉ်မောင်းသူတွေနဲ့ လမ်းအသုံးပြုသူတွေ စည်းကမ်းကို စနစ်တကျလိုက်နာမယ်၊ ဖမ်းဆီးဆောင် ရွက်ရတဲ့ အမှုတွေ လျော့နည်းလာမယ်ဆိုရင် တိုင်းပြည် ဂုဏ်တက်စေတာပေါ့”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ယာဉ်မရပ်ရ သတ်မှတ်နေရာ များ၌ ယာဉ်ရပ်နား၍ ဖမ်းဆီး အရေးယူခြင်းခံရပါက ကရိန်းနှင့် ဆွဲယူသည့်ယာဉ်ဖြစ်လျှင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ပြီး ချလန်ဖြတ်အရေးယူပါက ယာဉ် မောင်းအား ဒဏ်ငွေ ကျပ် နှစ်သောင်းခွဲ ဒဏ်ရိုက် အရေးယူလျက်ရှိကာ ယင်းမှာ စည်ပင်ဥပဒေ ပုဒ်မ ၆၈ အရ ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို စစ်ဆေးဖမ်းဆီး အရေးယူခြင်းများ စတင်ဆောင်ရွက်ခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်အထိ အမှုပေါင်း ၃,ဝ၅၆ မှု ရှိခဲ့ပြီး ယင်းတွင် ကရိန်းဖြင့် ဖမ်းဆီးအရေးမှု ၆၈၃ မှု၊ ချလန်ဖြတ် အရေးယူမှု ၂,၃၇၃ မှုအထိ ရှိကြောင်း သတင်းရရှိသည်။

 

Ref: Automobile

Latest News

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »