နေပြည်တော်တွင် ကားများ နောက်သို့ပြန်တက်နေခြင်း



nay_pyi_taw





Unicode Version

နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့  ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတဝိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။ နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေသည်ဟုဆိုကာ ပျဉ်းမနားမြို့ အနီးတဝိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။

အထက်ပါသတင်းနှင့်ပက်သက်ပြီး ကျွန်တော်များ MyanmarCarsDB မှရရှိထားသောအချက်အလက်များကို တင်ပြပေးလိုက်ပါတယ်။

nay_pyi_taw

Gravity Hill သို့မဟုတ် Magnetic Hill ခေါ် တောင်ကုန်းများအကြောင်း Wikipedia မှာ စာရင်းပြု ဖော်ပြထားရာ မြန်မာနိုင်ငံ နေပြည်တော် တပ်ကုန်းလည်း ပါဝင်ပါတယ်။ ဘေးပတ်ဝန်းကျင်ရဲ့ တောင်ကုန်း အလျှိုများ အနေအထားကြောင့် တောင်ကုန်းမှာ နိမ့်သွားရာဘက်ကို တောင်ပေါ်အဖြစ် ထင်မှတ်နေအောင် အမြင်ထင်မှားစရာဖြစ်နေခြင်း ဖြစ်ပါတယ်။ ကားကို ဂီယာဖရီး ဖြုတ်ထားရင် တောင်ပေါ်ပြန်လိမ့် တက်နေတယ်လို့ အမြင်အရ ယူဆရပေမယ့် ရေချိန်ဖြင့်တိုင်းကြည့်ပါက အမြင့်ဟု အမြင်ဖြင့်ထင်စရသည့် အခြမ်းမှာ အနိမ့်ခြမ်းသာဖြစ်ပါတယ်။

အဲဒီ့လို လမ်းများရှိရာ နေရာများကို Magic Hill ဟုခေါ်ကြပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန် နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။ အချို့နေရာများတွင် အပျော်သဘော လာကြည့်ရင်းကနေ အပန်းဖြေနေရာ တစ်ခုအဖြစ်ကာ ယခုအခါ ကားဝင်စမ်းကြည့်ရန်အတွက် အခကြေးငွေပေးရပါတာမျိုးလည်းရှိပါတယ် ခင်ဗျာ။

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »