ကားေဟာင္းအပ္ႏွံ၍ ကားမ်ား တင္သြင္းရာတြင္ ကညနအခြန္ ၁၀၀ ရာခိုင္ႏွဳန္းကို ျပန္လည္သံုးသပ္ရန္ လႊတ္ေတာ္တြင္ အဆိုတင္သြင္း

ကားေဟာင္းမ်ား အပ္ႏွံ၍ ကားအသစ္တင္သြင္းခြင့္ျပဳရာတြင္ ကညနမွ ေကာက္ခံေနေသာ ယာယီမွတ္ပံုတင္ခ ၁၀၀ ရာခိုင္ႏွဳန္းသည္ တရားမဝင္ယဥ္မ်ားကို ဒဏ္ေၾကးေပးေဆာင္ေစသကဲ့သို႔ ျဖစ္ေနၿပီး ဥပေဒႏွင့္အညီ ျပန္လည္ သံုးသပ္ႏိုင္ရန္ ျပည္သူ႔လႊတ္ေတာ္ စီးပြားေရးႏွင့္ ကုန္သြယ္လုပ္ငန္း ဖြံ႕ ၿဖိဳးတိုးတက္ေရး ေကာ္မတီဥကၠ႒ ဦးေမာင္ေမာင္သိမ္းက အဆိုတင္သြင္းခံေၾကာင္း Eleven Media Group အရသိရွိရသည္။

ထို႔အျပင္ ကားမ်ားတင္သြင္းခြင့္ျပဳရာ အစပိုင္းတြင္ သတ္မွတ္ခ်က္မ်ား သိပ္မမ်ားေသာ္လည္း ယခုေနာက္ပိုင္းတြင္ ကန္႔သတ္ခ်က္မ်ား ပိုမိုမ်ားျပားလာၿပီး အခက္အခဲမ်ား ရွိေနသည္ဟု ဦးေမာင္ေမာင္သိမ္းမွ ေျပာၾကားသည္။ ယခုေနာက္ပိုင္း အခ်ိဳ႕ သတ္မွတ္ခ်က္မ်ားတြင္ ဘယ္ေမာင္းျဖစ္ရမည္ဆိုေသာအခ်က္လည္း ထြက္ေပၚလာၿပီး ထိုကန္႔သတ္ခ်က္ကို ပယ္ဖ်က္ေပးေစလိုေၾကာင္းလည္း ေျပာၾကားခဲ့သည္။ ဦးေမာင္ေမာင္သိမ္း၏ အဆိုကို ျပည္သူ႔လႊတ္ေတာ္သို႔ မတင္ျပမီ သက္ဆိုင္ရာ ဝန္ႀကီးမ်ား၊ တာဝန္ရွိအဖြဲ႔အစည္းမ်ားႏွင့္ အရင္ဦးစြာ ႀကိဳတင္ညွိႏွိဳင္းၿပီး ညွိႏွိဳင္းမရႏိုင္သည့္ ကိစၥမ်ားကိုသာ လႊတ္ေတာ္သို႔တင္ျပရန္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ သူရဦးေရႊမန္းက ျပန္လည္ေျပာၾကားခဲ့သည္။

အဆိုပါအဆိုျပဳခ်က္ႏွင့္ပတ္သက္ၿပီး လူမ်ားအၾကား အျမင္အမ်ိဳးမ်ိဳးျဖစ္ေပၚလွ်က္ရွိကာ ေထာက္ခံသူမ်ားရွိသလို ထိုအဆိုကို မႀကိဳက္ၾကသူမ်ားလည္း ရွိေနၾကသည္။ ထိုအခြန္ ၁၀၀ ရာခိုင္ႏွဳန္းကုိ ပယ္ဖ်က္ေပးလိုက္လွ်င္ ေငြပိုေနသာ ခ်မ္းသာသူမ်ားသာ အက်ိဳးရွိႏိုင္လိမ့္မည္ဟု စီးပြားေရးဆိုင္ရာမ်ား ေလ့လာသံုးသပ္ေနသူတစ္ဦးက ေျပာၾကားေၾကာင္း အဆိုပါသတင္းတြင္ ေဖာ္ျပထားသည္။ ခရီးသည္တင္၊ ကုန္တင္ယာဥ္ေတြလို အမ်ားျပည္သူအတြက္ မျဖစ္မေန လိုအပ္တဲ့ ကားေတြကလြဲလို႔ အင္ဂ်င္ပါ၀ါ ၁၅၀၀ အထက္ကားေတြ ဆိုတာ Luxury ေတြပါ။ စင္ကာပူမွာ ဆိုရင္ အခြန္ ၃၀၀ ရာခိုင္ႏႈန္း၊ အင္ဒိုနီးရွားမွာဆိုရင္ အခြန္ ၄၀၀ ရာခိုင္ႏႈန္း ေကာက္တယ္လို႔ သိရပါတယ္။ ဟု Weekly Eleven News Journal အယ္ဒီတာခ်ဳပ္ ကိုေဝၿဖိဳးက ေျပာၾကားခဲ့သည္။ သို႔ေသာ္ စင္ကာပူ၊ အင္ဒိုနီးရွားတို႔တြင္ အခြန္ ၃၀၀၊ ၄၀၀ ရာခိုင္ႏွဳန္းေကာက္ခံခ်င္းမွာ ကားသစ္မ်ားကို ေကာက္ခံျခင္းျဖစ္ၿပီး စင္ကာပူဆိုလွ်င္ႏိုင္ငံေသးၿပီး ေျမေနရာ အလြန္ရွားသည့္အတြက္ ဤသို႔ထိမ္းခ်ဳပ္ထားျခင္းျဖစ္သည္။ ယခုကဲ့သို႔ အျမင္အမ်ိဳးမ်ိဳး ရွိေနေသာ္လည္း ျမန္မာႏိုင္ငံကဲ့သို႔ နယ္ေျမက်ယ္ဝန္းေသာႏိုင္ငံ တစ္ႏိုင္ငံအတြက္ လူအမ်ားစု ကားစီးႏိုင္ေရးမွာလည္း အေရးပါေသာ အခ်က္တစ္ခ်က္ျဖစ္ေၾကာင္း ထင္ျမင္မိပါသည္။



Unicode Version

ကားဟောင်းများ အပ်နှံ၍ ကားအသစ်တင်သွင်းခွင့်ပြုရာတွင် ကညနမှ ကောက်ခံနေသော ယာယီမှတ်ပုံတင်ခ ၁ဝဝ ရာခိုင်နှုန်းသည် တရားမဝင်ယဉ်များကို ဒဏ်ကြေးပေးဆောင်စေသကဲ့သို့ ဖြစ်နေပြီး ဥပဒေနှင့်အညီ ပြန်လည် သုံးသပ်နိုင်ရန် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးမောင်မောင်သိမ်းက အဆိုတင်သွင်းခံကြောင်း Eleven Media Group အရသိရှိရသည်။

ထို့အပြင် ကားများတင်သွင်းခွင့်ပြုရာ အစပိုင်းတွင် သတ်မှတ်ချက်များ သိပ်မများသော်လည်း ယခုနောက်ပိုင်းတွင် ကန့်သတ်ချက်များ ပိုမိုများပြားလာပြီး အခက်အခဲများ ရှိနေသည်ဟု ဦးမောင်မောင်သိမ်းမှ ပြောကြားသည်။ ယခုနောက်ပိုင်း အချို့ သတ်မှတ်ချက်များတွင် ဘယ်မောင်းဖြစ်ရမည်ဆိုသောအချက်လည်း ထွက်ပေါ်လာပြီး ထိုကန့်သတ်ချက်ကို ပယ်ဖျက်ပေးစေလိုကြောင်းလည်း ပြောကြားခဲ့သည်။ ဦးမောင်မောင်သိမ်း၏ အဆိုကို ပြည်သူ့လွှတ်တော်သို့ မတင်ပြမီ သက်ဆိုင်ရာ ဝန်ကြီးများ၊ တာဝန်ရှိအဖွဲ့အစည်းများနှင့် အရင်ဦးစွာ ကြိုတင်ညှိနှိုင်းပြီး ညှိနှိုင်းမရနိုင်သည့် ကိစ္စများကိုသာ လွှတ်တော်သို့တင်ပြရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအဆိုပြုချက်နှင့်ပတ်သက်ပြီး လူများအကြား အမြင်အမျိုးမျိုးဖြစ်ပေါ်လျှက်ရှိကာ ထောက်ခံသူများရှိသလို ထိုအဆိုကို မကြိုက်ကြသူများလည်း ရှိနေကြသည်။ ထိုအခွန် ၁ဝဝ ရာခိုင်နှုန်းကို ပယ်ဖျက်ပေးလိုက်လျှင် ငွေပိုနေသာ ချမ်းသာသူများသာ အကျိုးရှိနိုင်လိမ့်မည်ဟု စီးပွားရေးဆိုင်ရာများ လေ့လာသုံးသပ်နေသူတစ်ဦးက ပြောကြားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ခရီးသည်တင်၊ ကုန်တင်ယာဉ်တွေလို အများပြည်သူအတွက် မဖြစ်မနေ လိုအပ်တဲ့ ကားတွေကလွဲလို့ အင်ဂျင်ပါဝါ ၁၅ဝဝ အထက်ကားတွေ ဆိုတာ Luxury တွေပါ။ စင်ကာပူမှာ ဆိုရင် အခွန် ၃ဝဝ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားမှာဆိုရင် အခွန် ၄ဝဝ ရာခိုင်နှုန်း ကောက်တယ်လို့ သိရပါတယ်။ ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။ သို့သော် စင်ကာပူ၊ အင်ဒိုနီးရှားတို့တွင် အခွန် ၃ဝဝ၊ ၄ဝဝ ရာခိုင်နှုန်းကောက်ခံချင်းမှာ ကားသစ်များကို ကောက်ခံခြင်းဖြစ်ပြီး စင်ကာပူဆိုလျှင်နိုင်ငံသေးပြီး မြေနေရာ အလွန်ရှားသည့်အတွက် ဤသို့ထိမ်းချုပ်ထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အမြင်အမျိုးမျိုး ရှိနေသော်လည်း မြန်မာနိုင်ငံကဲ့သို့ နယ်မြေကျယ်ဝန်းသောနိုင်ငံ တစ်နိုင်ငံအတွက် လူအများစု ကားစီးနိုင်ရေးမှာလည်း အရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်း ထင်မြင်မိပါသည်။

Latest News

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »

The Pizza Company မွ သိန္း၅၀၀တန္ဖိုးရွိ...

Pizza 150x150

Zawgyi Version The Pizza Company သည္ ႏွစ္သစ္ကူးကာလ အေရာင္းျမင့္တင္သည့္အေနျဖင့္ The Pizza Company ဆုိင္ခြဲ တိုင္းတြင္တြင္ ၂၉၀၀၀ က်ပ္ဖိုး...

Read more »

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »