၂၀၀၇ ေမာ္ဒယ္အထက္ ကားမ်ား ပါမစ္မလုိပဲ သြင္းခြင့္ေပးမည္

၂၀၀၇ ခုႏွစ္ေမာ္ဒယ္အထက္ ကားမ်ားကို ႏိုင္ငံျခားမွ တင္သြင္းမည္ဆိုပါက ပါမစ္မလိုပဲ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း Eleven Media Group မွသတင္းအရ သိရပါသည္။ ဘဏ္စာရင္း ဖြင့္ခြင့္ျပဳသည့္ အသက္အရြယ္ေရာက္သူတိုင္း ႏိုင္ငံျခားေငြျဖင့္ ဘဏ္စာရင္းဖြင့္ထားပါက ထိုပမာဏသည္ ကားတင္သြင္းမွဳအတြက္ ကိုက္ညီသည္ဆိုလွ်င္ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၀၇ ေမာ္ဒယ္ႏွင့္အထက္ ကားမ်ားအား ဦးစြာတင္သြင္းခြင့္ ျပဳသြားမည္ျဖစ္ၿပီး အခြန္ႏွဳန္းမွာ လက္ရွိေကာက္ခံေနသည့္ႏွဳန္းအတိုင္း ေကာက္ခံသြားမည္ျဖစ္သည္။ CIF ေစ်းႏွဳန္းမ်ားမွာလည္း လက္ရွိ ၂၀၀၇ ေမာ္ဒယ္အထက္ ကားေစ်းႏွဳန္းမ်ားအတိုင္း သတ္မွတ္မည္ျဖစ္ၿပီး စတင္မည့္အခ်ိန္ကိုမူ မသိရွိရေသးပါ။

အဆိုပါ ပါမစ္မလိုပဲ ကားသြင္းခြင့္ေပးမည့္ အစီအစဥ္ႏွင့္ ကားအေရာင္းျပခန္းမ်ား ေရွ႕ဆက္၍ မည္သို႔လုပ္ေဆာင္သြားရမည္ဆိုသည့္ ကိစၥမ်ားႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္းႏွင့္ မီဒီယာမ်ားအား ရွင္းလင္းမည့္ အခမ္းအနားကို ယေန႔ ေမလ ၇ ရက္ေန႔တြင္ ေနျပည္ေတာ္၌ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရပါသည္။ ၿပီးခဲ့သည့္ ၂၀၁၁ ခုႏွစ္မွ စတင္၍ ကားမ်ားကို တင္သြင္းခြင့္ျပဳခဲ့ရာတြင္ ယခုကဲ့သို႔ မူဝါဒအေျပာင္းအလဲ ၆ ႀကိမ္ထိ ေျပာင္းလဲခဲ့ပါသည္။ ထိုသို႔ မၾကာခဏ တင္သြင္းခြင့္ မူဝါဒမ်ား ေျပာင္းလဲေသာေၾကာင့္ နစ္နာသူမ်ားရွိခဲ့ၿပီး ေနာင္တြင္ တိက်ခိုင္မာေသာ မူဝါဒမ်ားကိုသာ ခ်မွတ္ေပးရန္ လူအမ်ားကလိုလားလ်က္ရွိပါသည္။

800px-01-yangon-calles-d02-500x375

(photo wikipedia)

ပါမစ္မလိုပဲ ကားသြင္းခြင့္ျပဳျခင္းသည္ ႀကိဳဆိုသင့္ေသာ ကိစၥျဖစ္ေသာ္လည္း လက္ရွိ ကားပါကင္မ်ား မလံုေလာက္မွဳႏွင့္ ကားလမ္းမ်ားပိတ္ဆို႔မွဳတို႔ ပိုမိုဆိုးရြားလာႏိုင္ေၾကာင္း လူအခ်ိဳ႕ ကသံုးသပ္ၾကသည္။ သို႔ေသာ္လည္း ျမန္မာႏိုင္ငံ၏ ကားလိုအပ္ခ်က္မွာ ရန္ကုန္ႏွင့္ မႏၱေလးကဲ့သို႔ ၿမိဳ႕ႀကီးမ်ားတြင္သာမက တစ္ႏိုင္ငံလံုးအတိုင္းအတာႏွင့္ျဖစ္ရာ နယ္ၿမိဳ႕မ်ားမွ ကားလိုအပ္ေနသူမ်ားအတြက္ေတာ့ သတင္းေကာင္းတစ္ရပ္ ျဖစ္ပါသည္။ ထို႔အျပင္ လက္ရွိရန္ကုန္ၿမိဳ႕ရွိ ယဥ္ေၾကာပိတ္ဆို႔မွဳမ်ားမွာ ကားမ်ား မ်ားျပားလာျခင္းတစ္ခုတည္းေၾကာင့္မဟုတ္ပဲ မရွိမျဖစ္လိုအပ္ေသာ အေျခခံအေဆာက္အဦးမ်ားျဖစ္သည့္ ကားပါကင္မ်ားနည္းပါးျခင္း၊ ကားလမး္မ်ား က်ဥ္းေျမာင္းျခင္း၊ ယဥ္မ်ား စည္းကမ္းမဲ့စြာ ေမာင္းႏွင္ရပ္နားျခင္းႏွင့္ လမ္းသြားလမ္းလာမ်ား စည္းကမ္းမဲ့စြာ လမ္းျဖတ္ကူးၾကျခင္းတို႔ေၾကာင့္လည္း ကားမ်ားပိတ္ဆို႔ေနရျခင္းျဖစ္ပါသည္။ ထို႔အတြက္ တာဝန္ရွိသူ မ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕ကဲ့သို႔ ၿမိဳ႕ႀကီးမ်ားတြင္ လုိအပ္ေနေသာ အေျခခံအေဆာက္အအံု (infrastructure) မ်ားကိုလည္း တိုးတက္ေအာင္တည္ေဆာက္သြားဖို႔ လိုအပ္ပါသည္။



Unicode Version

၂ဝဝ၇ ခုနှစ်မော်ဒယ်အထက် ကားများကို နိုင်ငံခြားမှ တင်သွင်းမည်ဆိုပါက ပါမစ်မလိုပဲ ခွင့်ပြုသွားမည်ဖြစ်ကြောင်း Eleven Media Group မှသတင်းအရ သိရပါသည်။ ဘဏ်စာရင်း ဖွင့်ခွင့်ပြုသည့် အသက်အရွယ်ရောက်သူတိုင်း နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းဖွင့်ထားပါက ထိုပမာဏသည် ကားတင်သွင်းမှုအတွက် ကိုက်ညီသည်ဆိုလျှင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝဝ၇ မော်ဒယ်နှင့်အထက် ကားများအား ဦးစွာတင်သွင်းခွင့် ပြုသွားမည်ဖြစ်ပြီး အခွန်နှုန်းမှာ လက်ရှိကောက်ခံနေသည့်နှုန်းအတိုင်း ကောက်ခံသွားမည်ဖြစ်သည်။ CIF စျေးနှုန်းများမှာလည်း လက်ရှိ ၂ဝဝ၇ မော်ဒယ်အထက် ကားစျေးနှုန်းများအတိုင်း သတ်မှတ်မည်ဖြစ်ပြီး စတင်မည့်အချိန်ကိုမူ မသိရှိရသေးပါ။

အဆိုပါ ပါမစ်မလိုပဲ ကားသွင်းခွင့်ပေးမည့် အစီအစဉ်နှင့် ကားအရောင်းပြခန်းများ ရှေ့ဆက်၍ မည်သို့လုပ်ဆောင်သွားရမည်ဆိုသည့် ကိစ္စများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းနှင့် မီဒီယာများအား ရှင်းလင်းမည့် အခမ်းအနားကို ယနေ့ မေလ ၇ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ကားများကို တင်သွင်းခွင့်ပြုခဲ့ရာတွင် ယခုကဲ့သို့ မူဝါဒအပြောင်းအလဲ ၆ ကြိမ်ထိ ပြောင်းလဲခဲ့ပါသည်။ ထိုသို့ မကြာခဏ တင်သွင်းခွင့် မူဝါဒများ ပြောင်းလဲသောကြောင့် နစ်နာသူများရှိခဲ့ပြီး နောင်တွင် တိကျခိုင်မာသော မူဝါဒများကိုသာ ချမှတ်ပေးရန် လူအများကလိုလားလျက်ရှိပါသည်။

800px-01-yangon-calles-d02-500x375

(photo wikipedia)

ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခြင်းသည် ကြိုဆိုသင့်သော ကိစ္စဖြစ်သော်လည်း လက်ရှိ ကားပါကင်များ မလုံလောက်မှုနှင့် ကားလမ်းများပိတ်ဆို့မှုတို့ ပိုမိုဆိုးရွားလာနိုင်ကြောင်း လူအချို့ ကသုံးသပ်ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ကားလိုအပ်ချက်မှာ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဖြစ်ရာ နယ်မြို့များမှ ကားလိုအပ်နေသူများအတွက်တော့ သတင်းကောင်းတစ်ရပ် ဖြစ်ပါသည်။ ထို့အပြင် လက်ရှိရန်ကုန်မြို့ရှိ ယဉ်ကြောပိတ်ဆို့မှုများမှာ ကားများ များပြားလာခြင်းတစ်ခုတည်းကြောင့်မဟုတ်ပဲ မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အဦးများဖြစ်သည့် ကားပါကင်များနည်းပါးခြင်း၊ ကားလမး်များ ကျဉ်းမြောင်းခြင်း၊ ယဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင်ရပ်နားခြင်းနှင့် လမ်းသွားလမ်းလာများ စည်းကမ်းမဲ့စွာ လမ်းဖြတ်ကူးကြခြင်းတို့ကြောင့်လည်း ကားများပိတ်ဆို့နေရခြင်းဖြစ်ပါသည်။ ထို့အတွက် တာဝန်ရှိသူ များအနေဖြင့် ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင် လိုအပ်နေသော အခြေခံအဆောက်အအုံ (infrastructure) များကိုလည်း တိုးတက်အောင်တည်ဆောက်သွားဖို့ လိုအပ်ပါသည်။

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »