ရက်လွန်ဒဏ်ကြေး အများဆုံးသတ်မှတ်ချက် ပယ်ဖျက်ပြီးနောက်ပိုင်း ကနဦးမော်တော်ယာဉ်စစ်ဆေးခြင်း ထက်ဝက်ကျဆင်း

ရန်ကုန်၊ မတ် ၃

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကနဦးမော်တော်ယာဉ်စစ်ဆေးခြင်း ရက်လွန်ဒဏ်ကြေး အများဆုံးသတ်မှတ်ချက် ပယ်ဖျက်ပြီးနောက်ပိုင်း လာရောက်စစ်ဆေးသည့် ယာဉ်စီးရေထက်ဝက်ကျော် ကျဆင်းကြောင်း ကနဦးယာဉ်စစ်ဆေးရေးဌာန (ထောက်ကြန့်) ထံမှ သိရသည်.။

 

ရက်လွန်ဒဏ်ကြေး အများဆုံးသတ်မှတ်ချက် မပယ်ဖျက်မီ ဇန်နဝါရီလ အတွင်းက တစ်ရက်လျှင် အစီးရေ ၁၁၀၀ ကျော်အထိ လာရောက်စစ်ဆေးခဲ့ရာမှ ဒဏ်ကြေးပယ်ဖျက်ပြီး နောက်ပိုင်း တစ်ရက်လျှင် အစီးရေ ၄၀၀ ကျော်သာလာရောက်စစ်ဆေးကြောင်း အဆိုပါဌာနထံမှ သိရသည်.။

 

ရက်လွန်ဒဏ်ကြေး မတိုးမြှင့်မီကာလအတွင်းက ကညန (ထောက်ကြန့်) ရုံးတွင် အစိုးရရုံးပိတ်ရက်များပါ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရသည်အထိ ယာဉ်လာစစ်သည့် အစီးရေ များပြားခဲ့ပြီး ဒဏ်ကြေးမတိုးမြှင့်မီကာလအတွင်းက လာရောက်စစ်ဆေးသည့် မော်တော်ယာဉ်များသည် ထောက်ကြန့်လမ်းဆုံမှ ကညနဝင်းအတွင်းအထိ ရှည်လျားခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်.။

 

ဒဏ်ကြေးပြောင်းလဲကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကောက်ခံခြင်းဖြစ်ပြီး ယခင်က တစ်ရက်လျှင် ဒဏ်ကြေးကျပ် ၅၀၀၀ မှ အများဆုံး ဒဏ်ကြေး တစ်သိန်းကောက်ခံခြင်းကို ပယ်ဖျက်၍ တစ်ရက်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ယာဉ်လာရောက်စစ်ဆေးမှု မပြုမချင်း ရုံးပိတ်ရက်များအပါအဝင် သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ကြေညာထားသည်.။

 

ယင်းသို့ ဒဏ်ကြေးပြောင်းလဲကောက်ခံခြင်းကြောင့် တစ်ဦးချင်း မော်တော်ယာဉ်ဝယ်ရောင်းများအတွက် အခက်အခဲဖြစ်ပေါ်စေပြီး မော်တော်ယာဉ်နံပါတ်အသစ် ရရှိရန် ခက်ခဲကာ အရောင်းအဝယ်အနည်းငယ် ခက်ခဲလာနိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်.။

 

ဒဏ်ကြေးမတိုးမြှင့်မီ ဇန်နဝါရီလတစ်လအတွင်း လာရောက်စစ်ဆေးသည့် မော်တော်ယာဉ်အစီးရေသည် ၁၄၈၀၀ စီးအထိရှိကြောင်း ကနဦးယာဉ်စစ်ဆေးရေးဌာန (ထောက်ကြန့်) ထံမှ သိရသည်.။ ။

 

The Voice (Wed: March 4, 2015) မှ ကူးယူဖော်ပြသည်.။

 

No.1 Car Site in Myanmar

www.myanmarcarsdb.com

Latest News

သင်္ကြန်​ရက်​များတွင်​ ကားတင်​သွင်းသည့်​...

Gege 150x150

ကားတင်​သွင်းသည့်​ လိုင်​စင်လျှောက်​ထားခြင်း သင်္ကြန်​ရက်​များတွင်​လည်း လုပ်​​ဆောင်​​​​​ပေးသွားမည်​ဖြစ်​တယ်​လို့...

Read more »

သင်္ကြန်ကာလအဝေးပြေးခရီးယာဉ်များနှင့် YBS ယာဉ်များ...

2012 yangon thingyan yelwinoo 18 150x150

သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးတွင်​ ​ပြေးဆွဲ​နေသည့်​ အဝေးပြေး ခရီးသည် တင်ယာဉ်များနှင့် YBS ယာဉ်များကို မူလသတ်မှတ် ဈေးနှုန်းထား အတိုင်း...

Read more »

စက်သုံးဆီလုပ်ငန်းများကို ...

Petrol 150x150

စက်သုံးဆီလုပ်ငန်းများကိုပြည်ပစီးပွားရေးလုပ်ငန်းရှင်များအား မကြာခင် လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မြန်မာ့ရင်းနှီးမြုပ်နှံမှူ ကော်မရှင်က...

Read more »

ကညနနှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်းကို...

Car exchange auto yangon ka nya na 150x150

ကညန နှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်း ပုဂ္ဂလိကအား သတ်​မှတ်​ချက်​နဲ့အညီ ​လုပ်​ကိုင်​ခွင့်​ပြုသွားမည်​ဖြစ်​​တယ်လို့...

Read more »

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »
Download Android App