ကားအစီးရေ ခုနစ်ပုံ တစ်ပုံမှာ အငှားယာဉ်များဖြစ်
Ref: Automobile
Unicode Version
ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ သုံးသိန်းခွဲကျော်ရှိရာ ခုနစ်ပုံတစ်ပုံမှာ အငှားများဖြစ်ကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန’မှ သိ ရှိရသည်။
[caption id=attachment_388013 align=alignnone width=500]ADVANCE ADVANCE FOR USE MONDAY, APRIL 29, 2013 AND THEREAFTER - A taxi with 969 logos on the windshield stops for a passenger in Yangon, Myanmar on March 31, 2013. (AP Photo/Gemunu Amarasinghe)[/caption]
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ယနၲရားများ၊ ဘတ်စ်များ၊ မော်တော် ဆိုင်ကယ်များအပါအဝင် ယာဉ်အစီးရေ ငါးသိန်း ကျော်ကို မှတ်ပုံ တင်ပြုလုပ်ပေးရာတွင် လူစီးယာဉ်မှာ ၃၆ဝ,ဝဝဝ ကျော်အထိ ပါဝင်နေသည်။ ထိုလူစီးယာဉ်များထဲတွင် အငှားယာဉ်အရေအတွက်မှာ ၄၇çဝဝဝ ကျော်အထိ ပါဝင်ပြီး AA ၊ BB ၊ CC ၊ DD အက္ခရာဖြင့် အစီးရေ ၂၇,ဝဝဝ ကျော်ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း YGN (ရန်ကုန်လိပ်စာ) အငှားယာဉ်အစီးရေ ၄၇,ဝဝဝ ကျော် ရှိသည်ဖြစ်ပြီး နယ်လိပ်စာ အငှားယာဉ်များပါဝင်ပါက အစီးရေ ခြောက်သောင်းကျော်အထိ ရှိလာမည်ဖြစ်သည်။ ရန်ကုန်မြို့အတွင်း အငှားယာဉ်များ တိုးပွားလာသည်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “မြို့တစ်မြို့ရဲ့အကျယ်အဝန်း၊ လူဦးရေ၊ စက်သုံးဆီအခြေအနေ၊ မော်တော်ယာဉ် အစီးရေ တွေအပေါ် မူတည်ပြီး ရှိသင့်တဲ့အငှားယာဉ်အစီးရေကို ထိန်းချုပ်သင့်ပါတယ်၊ အငှားယာဉ်အစီးရေ တိုးချဲ့မယ်ဆိုရင်လည်း မြို့အနေအထား ကျယ်ဝန်းလာမှ အဆင်ပြေမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးပါမစ်ဖြင့် အငှားယာဉ်ပါမစ်များ ထုတ်ပေးခြင်းကို ခေတ္တရပ် ဆိုင်းထားပြီး မြို့အနေအထားနှင့်အခြားအခြေအနေ အရပ်ရပ်များကိုတွက်ချက်ပြီးမှသာ ပါမစ်များပြန်လည်ထုတ်ပေးဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Ref: Automobile
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...
Latest news1 10 150x150
Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...
Read more »