ယာဉ်အရောင်းပြခန်းတွင် ၂၀၁၂ မော်ဒယ်လ်များ ရောင်းခွင့်ပြုရန်စီစဉ်

မော်တော်ယာဉ်အရောင်းပြခန်းများတွင် ၂၀၁၂ မော်ဒယ်လ်ယာဉ်များကို ဝယ်သူအမည်ပေါက်ဖြင့် တရားဝင်ရောင်းချခွင့်ပြုရန် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီက စီစဉ်နေကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များအသင်း အကြီးတန်းအရာရှိတစ်ဦးမှ ပြောကြားသည်။

0000-2012-bmw-3-series-1318619011-500x333

လက်ရှိတွင် ပြည်ပမှအသုံးပြုပြီး ၁၉၉၇ မှ ၂၀၀၈ မော်ဒယ်လ် တစ်ပတ်ရစ်မော်တော်ယာဉ်များကို အပ်ကုန်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားခြင်းဖြစ်ပြီး ၂၀၀၈ မော်ဒယ်လ်မော်တော်ကားများကိုမူ အခြားလူများ၏ အမည်ဖြင့် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရှိရသည်။

၂၀၁၂ မော်ဒယ်လ်ယာဉ်များကို မော်တော်ယာဉ်အရောင်းပြခန်းများက Letter Of Credit စနစ်ဖြင့် အရောင်းပြခန်းတစ်ခုကို တစ်ကြိမ်လျှင် အစီး ၅၀ ခန့် တင်သွင်းရောင်းချခွင့်ပြုမည်ဖြစ်ပြီး အမည်ပျက်ရှိသည့်ကုမ္ပဏီများနှင့် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသည့် အရောင်းပြခန်းများကိုမူ အစီး ၅၀ အပြည့် တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း ယင်းအသင်း အကြီးတန်းအရာရှိက ပြောကြားသည်။

မော်တော်ယာဉ်ဝယ်ယူသူများက မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်လျှောက်ကာ အရောင်းပြခန်းများတွင် ၂၀၀၈ မော်ဒယ်လ်နှင့်အထက် မော်ဒယ်လ်မော်တော်ယာဉ်များကို ဝယ်သူအမည်ပေါက်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
the_voice

The Voice Daily မှ ကူးယူဖော်ပြသည်။

Latest News

Bangkok International Motor Show 2017

34qtq34t3q4t3q4 150x150

2017, March 29 မှ April 9 ရက်နေ့အထိကျင်းပတဲ့ 12 ရက်ကြာ Bangkok International Motor Show concept ကို ကျွန်တော်တို့ CarsDB မှအဖွဲ့ဝင်များ...

Read more »

(၁၁) ကြိမ်မြောက် TOYOTA...

G 4 150x150

Toyota Motor Asia Pacific PTE LTD (Toyota) သည် “Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ - နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား...

Read more »

"လမ်းအန္တရာယ်ကင်းရှင်းဖို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »

အခွန်​နှူန်းထားများတိုးမြှင့် ချက်ေ​ကြာင့်...

Car shipping 150x150

ပြည်​ပမှတင်​သွင်းလာ​သည့်​ ​မော်​​တော်​ယာဉ်​များကို ဆိပ်​ကမ်း​ရောက်​တန်​ဖိုးမြင့်​လာခြင်း၊ မိုဒယ်​သတ်​မှတ်​ချက်​အရ ဘယ်​​မောင်း...

Read more »

လိုက်ထရပ် ​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ...

Sfdgrgr 150x150

လိုက်ထရပ်​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ လက်​ကျန်​အင်​ဂျင်​ ၂၀၀ ​ကျော်​ရှိရာ ထိုကားများကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်ဖြစ်​၍...

Read more »
Download Android App