တန်ဖိုးမြင့်စလစ်ကပ်ကားများနှင့် တစ်တန်ခွဲလုပ်ငန်းသုံးကားများ အရောင်းအဝယ်ထင်သလောက်မဖြစ်

ရန်ကုန်ကားဈေးကွက်တွင် ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိသည့် စလစ်ကပ်ကားများနှင့် လုပ်ငန်းသုံးကားကြီးများ အရောင်းအဝယ်အေးနေကြောင်း လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းရှိ ဝါရင့်ကားဝယ်ရောင်းများထံမှ စုံစမ်းသိရှိရသည်.။

"လုပ်ငန်းသုံးကားကြီးတွေ အရောင်းအဝယ်အေးနေတာက ဒီနှစ်တစ်လပိုင်းကနေပြီး ယခုလအထိ ပါကင်အခက်အခဲတွေကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာတော့ ဝယ်ယူသူနည်းသွားတယ်။ စလစ်ကပ်ကားတွေကျတော့ ပါကင်ထောက်ခံချက်မလိုဘူးဆိုပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဝယ်တဲ့သူနည်းသွားတယ်" ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းရှိ ဝါရင့်ကားဝယ်ရောင်း ကိုအေးကျော်က ပြောသည်.။

ရန်ကုန်ကားဈေးကွက်တွင် ကျပ်သိန်း ၂၀၀ ကျော်ဝန်းကျင်ရှိသည့် စလစ်ကပ်ကားအမျိုးအစားများဖြစ်သည့် Toyota ကုမ္ပဏီမှထုတ်လုပ်သည့် Rav4, Alphard, Crown, Mark X စသည့် ကျပ်သိန်း ၂၀၀ ကျော်ဝန်းကျင်ရှိ စလစ်ကပ်ကားအမျိုးအစားများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေပြီးသွားသော်လည်း ထင်သလောက် အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်.။

ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ အရောင်းအဝယ်အနည်းငယ်သာ ဖြစ်နေသည့် ပါကင်ထောက်ခံချက်လိုသော လုပ်ငန်းသုံး ၁၀ပေ၊ ၁၂ပေ၊ Mitsubishi Canter, Toyota Dyna စသည့် အင်ဂျင်ပါဝါမြင့် ဒီဇယ်တစ်တန်ခွဲ ကျပ်သိန်း ၁၇၀ ဝန်းကျင်ရှိ လုပ်ငန်းသုံးကားကြီးများသည်လည်း ယခုအချိန်ထိ ဝယ်ယူသူနည်းပါးနေပြီး အရောင်းအဝယ်အေးနေကြောင်း စုံစမ်းသိရှိရသည်.။

 

AutoCar Buyers' Guide (April 4, 2015) မှ ကူးယူဖော်ပြသည်.။

Latest News

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Ggege 150x150

Photo Credit ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​ ယာဉ်မှတ်ပုံတင်...

Read more »

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »
Download Android App