fb-pageview-tracker
ယာဉ်အပိုပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာစက်မှုကုန်စည်ပြပွဲကြီး (MYANAUTO’ 17) ကို ယနေ့ ကျင်းပပြုလုပ်
             carsdb
Zawgyi Version
မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ ကုန်ည်ပြပွဲအား ယနေ့ (နိုဝင်ဘာ ၁၇) တွင် Myanmar Event Park (Mindama Rd) ၌ နံနက် ၁၀ နာရီမှစတင်ကာကျင်းပပြုလုပ်ပေးခဲ့သည်။
             carsdb
ပြပွဲကို AMBTarsus Event Group က ဦးစီးကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေကြီးဆိုင်ရာ ရခိုင်တိုင်း ရင်းသား ဝန်ကြီး ဦးဇော်အေးမောင်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
        carsdb
“ဒီပွဲကိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ Automotive market မှာ အရင်တုန်းက အပိုပစ္စည်းပိုင်းကို နိုင်ငံခြားက တိုက်ရိုက်သွင်းကြတာနည်းတယ်။ များသောအားဖြင့် နိုင်ငံခြားသွားဝယ်ရင်လည်းဝယ်၊ မဝယ်ရင် မြန်မာနိုင်ငံမှာ reuse တွေကို ပြန်ပြီးသုံးကြတာများတယ်။ ၂၀၁၃ ကတည်းက ဒီလိုပြပွဲမျိုးကို လုပ်လာတာ ဒီနှစ်နဲ့ဆို ၅ နှစ်မြောက်ရှိပါပြီ။ အဲ့ဒီအချိန်အတွင်းမှာ brand new car parts market ကို အတော်အသင့် ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်။ အခု ဒီပြပွဲမှာ နိုင်ငံခြားက လာပြ တဲ့ လုပ်ငန်းတွေရော၊ ပြည်တွင်းမှာရှိတဲ့ distributors တွေရော အကုန်လုံးအချိက်အဆက်မိနေပါပြီ။” ဟု ပွဲကို ဦးစီးကျင်းပသည့် AMBTarsus Event Group ၏ ပရောဂျက် မန်နေဂျာ ဒေါ်စောရတနာလင်း က ပြောကြားသည်။
         carsdb
၂၀၁၃ စပြီးလုပ်စဉ်က နိုင်ငံခြားမှ လာရောက်ပြသသည့် လုပ်ငန်းပေါင်း ၉၀ ရှိကြောင်း၊ ဒီမှာ distributor လာရောက်ရှာကြခြင်းဖြစ်ကြောင်း၊ ယခု ၂၀၁၇ အချိန်မှာတော့ ပြည်တွင်းလုပ်ငန်းတွေပိုပြီး များလာ ကြောင်း၊ အရင်တုန်းက မြန်မာနိုင်ငံမှာ ဒီပြည်တွင်းလုပ်ငန်းတွေဟာ distributor ရထားခြင်း မရှိ ကြောင်း၊ ယခုဆိုလျှင် ပြည်တွင်းလုပ်ငန်းတွေ များစွာရှိလာပြီဖြစ်သည့်အတွက် အကျိုးကျေးဇူးများ စွာဖြစ်ထွန်းကြောင်း ဒေါ်စောရတနာလင်းက ဆိုသည်။
             carsdb
ပြပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြခန်းပေါင်း ၂၅၀ ကျော်မှ ကား၊ ဘတ်စ်ကား၊ ကုန်တင်ကားနှင့် ပတ်သက်သော ယာဉ်အပိုပစ္စည်း အသစ်များစွာ ပြသကြောင်း သိရသည်။
ပွဲကို လာရောက်ကြည့်ရှုသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြတ်ငြိမ်းကလည်း “ပြီးခဲ့တဲ့အပတ်က တည်း ဒီပြပွဲကို ပြုလုပ်မယ်ဆိုတာ မီဒီယာတွေမှာ တွေ့ရတယ်။ ကျွန်တော်ကတော့ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်မှုရှိတဲ့ Truck ကားတွေကို လိုက်ကြည့်နေတုန်းပါပဲ။ တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ပွဲပါ။ ဒီလို ပွဲမျိုးကို customer တွေအတွက် များများလုပ်ပေးနိုင်လေကောင်းလေပဲ” ဟု ပြောကြားသွားခဲ့သည်။
ပြပွဲတွင် Top Mechanic Challenge 2017 ပြိုင်ပွဲ အစီအစဉ်လည်း ပါဝင်ပြီး Automan Quick Service Center မှ နှစ်ဖွဲ့နှင့် Tokyo Auto Service မှ နှစ်ဖွဲ့ စုစုပေါင်း လေးဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြပွဲကို နိုဝင်ဘာ ၁၇၊ ၁၈၊ ၁၉ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
S-01
Unicode Version
မြန်မာနိုုင်ငံ၏ အကြီးကျယ်ဆုံုးသော ယာဉ်အပိုုပစ္စည်းများနှင့် ဝန်ဆောင်မှုလုုပ်ငန်းများဆိုုင်ရာ နိုုင်ငံ တကာ ကုုန်ည်ပြပွဲအား ယနေ့ (နိုုဝင်ဘာ ၁၇) တွင် Myanmar Event Park (Mindama Rd) ၌ နံနက် ၁၀ နာရီမှစတင်ကာကျင်းပပြုလုုပ်ပေးခဲ့သည်။
ပြပွဲကိုု AMBTarsus Event Group က ဦးစီးကျင်းပခြင်းဖြစ်ပြီး ရန်ကုုန်တိုုင်းဒေကြီးဆိုုင်ရာ ရခိုုင်တိုုင်း ရင်းသား ဝန်ကြီး ဦးဇော်အေးမောင်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
“ဒီပွဲကိုုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ Automotive market မှာ အရင်တုုန်းက အပိုုပစ္စည်းပိုုင်းကိုု နိုုင်ငံခြားက တိုုက်ရိုုက်သွင်းကြတာနည်းတယ်။ များသောအားဖြင့် နိုုင်ငံခြားသွားဝယ်ရင်လည်းဝယ်၊ မဝယ်ရင် မြန်မာနိုုင်ငံမှာ reuse တွေကိုု ပြန်ပြီးသုံုးကြတာများတယ်။ ၂၀၁၃ ကတည်းက ဒီလိုုပြပွဲမျိုးကိုု လုုပ်လာတာ ဒီနှစ်နဲ့ဆိုု ၅ နှစ်မြောက်ရှိပါပြီ။ အဲ့ဒီအချိန်အတွင်းမှာ brand new car parts market ကိုု အတော်အသင့် ဖွံ့ဖြိုးအောင် လုုပ်ပေးနိုုင်တယ်လိုု့ ယုံုကြည်ပါတယ်။ အခုု ဒီပြပွဲမှာ နိုုင်ငံခြားက လာပြ တဲ့ လုုပ်ငန်းတွေရော၊ ပြည်တွင်းမှာရှိတဲ့ distributors တွေရော အကုုန်လုံုးအချိက်အဆက်မိနေပါပြီ။” ဟုု ပွဲကိုု ဦးစီးကျင်းပသည့် AMBTarsus Event Group ၏ ပရောဂျက် မန်နေဂျာ ဒေါ်စောရတနာလင်း က ပြောကြားသည်။
၂၀၁၃ စပြီးလုုပ်စဉ်က နိုုင်ငံခြားမှ လာရောက်ပြသသည့် လုုပ်ငန်းပေါင်း ၉၀ ရှိကြောင်း၊ ဒီမှာ distributor လာရောက်ရှာကြခြင်းဖြစ်ကြောင်း၊ ယခုု ၂၀၁၇ အချိန်မှာတော့ ပြည်တွင်းလုုပ်ငန်းတွေပိုုုပြီး များလာ ကြောင်း၊ အရင်တုုန်းက မြန်မာနိုုင်ငံမှာ ဒီပြည်တွင်းလုုပ်ငန်းတွေဟာ distributor ရထားခြင်း မရှိ ကြောင်း၊ ယခုုဆိုုလျှင် ပြည်တွင်းလုုပ်ငန်းတွေ များစွာရှိလာပြီဖြစ်သည့်အတွက် အကျိုးကျေးဇူးများ စွာဖြစ်ထွန်းကြောင်း ဒေါ်စောရတနာလင်းက ဆိုုသည်။
ပြပွဲတွင် နိုုင်ငံပေါင်း ၁၈ နိုုင်ငံမှ ပြခန်းပေါင်း ၂၅၀ ကျော်မှ ကား၊ ဘတ်စ်ကား၊ ကုုန်တင်ကားနှင့် ပတ်သက်သော ယာဉ်အပိုုပစ္စည်း အသစ်များစွာ ပြသကြောင်း သိရသည်။
“ကျွန်တော်တိုု့က ဒီပွဲမှာ Toyota HiACE၊ HiLUX double cab ကားတွေကိုု လာရောက်ပြသတာပါ။ ဒီလိုုပွဲကိုု ကျင်းပပြုလုုပ်တာ အရမ်းကောင်းပါတယ်။ customer တွေ အတွေ့အကြုံအများကြီးရတဲ့ ပွဲမျိုးပါ။” ဟုု TTAS ၏ ဒါရိုုက်တာ ဦးမျိုးအေးဇော် ကဆိုုသည်။
ပွဲကိုု လာရောက်ကြည့်ရှုသည့် လုုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြတ်ငြိမ်းကလည်း “ပြီးခဲ့တဲ့အပတ်က တည်း ဒီပြပွဲကိုု ပြုလုုပ်မယ်ဆိုုတာ မီဒီယာတွေမှာ တွေ့ရတယ်။ ကျွန်တော်ကတော့ ကိုုယ့်လုုပ်ငန်းနဲ့ ဆက်စပ်မှုရှိတဲ့ Truck ကားတွေကိုု လိုုက်ကြည့်နေတုုန်းပါပဲ။ တကယ့်ကိုု ဆွဲဆောင်မှုရှိတဲ့ပွဲပါ။ ဒီလိုု ပွဲမျိုးကိုု customer တွေအတွက် များများလုုပ်ပေးနိုုင်လေကောင်းလေပဲ” ဟုု ပြောကြားသွားခဲ့သည်။
ပြပွဲတွင် Top Mechanic Challenge 2017 ပြိုင်ပွဲ အစီအစဉ်လည်း ပါဝင်ပြီး Automan Quick Service Center မှ နှစ်ဖွဲ့နှင့် Tokyo Auto Service မှ နှစ်ဖွဲ့ စုုစုုပေါင်း လေးဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြပွဲကိုု နိုုဝင်ဘာ ၁၇၊ ၁၈၊ ၁၉ သုံုးရက်တိုုင်တိုုင်ကျင်းပပြုလုုပ်သွားမည်ဖြစ်သည်။
S-01
Latest News
၂၀၁၉ မော်တော်ယာဉ်တင်သွင်းခြင်းကို...
 (Zawgyi Version) လာမည့်​နှစ်​၂၀၁၉ ခုနှစ်​အတွက်​ ပြည်ပမှ ​​မော်​​တော်​ယာဉ်​များ တင်​သွင်းခွင့်​ပြုရာတွင်​ လက်​ရှိမိုဒယ်​သတ်​မှတ်​ချက်​...
Read more »
ရန်ကုန်မိုးပျံလမ်းမကြီးစီမံကိန်းအပိုင်း...
Zawgyi Version ရန်ကုန်မိုးပျံလမ်းမကြီးစီမံကိန်းအပိုင်း ဆန်ကာတင်အရေအသွေးပြည့်မှီမှုလျှောက်လွှာတင်သွင်းရက်ကို အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁၃...
Read more »
ကားအရောင်းစင်တာ ၂၀၀ ခန့်​တွင်​ အ​ရောင်းစင်​တာ...
Zawgyi Version ​ပြည်​ပမှ ​မော်​​တော်​ယာဉ်​တင်​သွင်းခွင့်​မူဝါဒသတ်​မှတ်​ချက်​တွင်​ ၂၀၁၈ ခုနှစ်​မှစ၍ ဘယ်မောင်းကားများကိုသာ...
Read more »
ယာဉ်​ရပ်​နားခများ ​ကောက်​ခံမှု...
Zawgyi Version ရန်​ကုန်​မြို့တွင်း ၆ မြို့နယ်​အတွင်း ယာဉ်​ရပ်​နားခများ​ကောက်​ခံခြင်းကို ​အောက်​တိုဘာလ ၁ ရက်​မှစတင်​​ကောက်​မည်​ဆိုကာ...
Read more »
စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့်...
Zawgyi Version ပြည်တွင်း​​စက်သုံးဆီဈေးနှုန်းမြင့်တက်မှု နှင့်ကုန်စည်ရရှိမှုနည်းပါးခြင်းကြောင့် တွက်ခြေမကိုက်၍ ရပ်နားထားရသည့်...
Read more »