စက္မႈဇုန္ထုတ္ေမာ္ေတာ္ယာဥ္ အပ္ႏွံခြင့္ရပ္ဆိုင္းမႈ ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္မ်ား အျမင္ကြဲျပား

ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနက စက္မႈဇုန္ထုတ္ ေမာ္ေတာ္ယာဥ္မ်ား အပ္ႏွံခြင့္ ရပ္ဆိုင္းလိုက္ျခင္းကို ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္ အသိုင္းအဝိုင္းအတြင္း အျမင္ကြဲျပားမႈမ်ား ျဖစ္ေပၚလွ်က္ရွိေၾကာင္း ၄င္းတို႔ထံမွ သိရသည္.။

 

စက္မႈဇုန္ထုတ္ေမာ္ေတာ္ယာဥ္မ်ားအပ္ႏွံရာတြင္ မသမာမႈမ်ားရွိေနသည့္အတြက္ အပ္ႏွံခြင့္ရုပ္သိမ္းခဲ့ျခင္းျဖစ္ၿပီး ယင္းမွာ မွန္မွန္ကန္ကန္လုပ္ေဆာင္သူမ်ားကို ထိခိုက္နစ္နာေစေၾကာင္း ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္အခ်ိဳ႕က ေျပာဆိုကာ အခ်ိဳ႕ကမူ ေခတၱခဏသာအပ္ႏွံခြင့္ ရပ္ဆိုင္းျခင္းျဖစ္သည့္အတြက္ မွန္မွန္ကန္ကန္ လုပ္ေဆာင္သူမ်ားကို ထိခိုက္နစ္နာေစမည္မဟုတ္ေၾကာင္း ၄င္းတို႔က ေျပာဆိုသည္.။

 

MyanmarCarsDB မွွ Sedan ကားမ်ားကိုၾကည့္ရန္

 

ဒီလိုပိတ္လိုက္တာေၾကာင့္ မွန္မွန္ကန္ကန္ လုပ္ေဆာင္တဲ့သူေတြအတြက္ အရမ္းထိခိုက္နစ္နာေစပါတယ္.။ ဒီလိုျဖစ္ရတာက မသမာသူ လူတစ္စုေၾကာင့္ ျဖစ္ရတာပါ.။ တာဝန္ရွိသူမ်ားအေနနဲ႔ ဒါကို ျပန္စဥ္းစားသင့္ပါတယ္ ဟု ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရးအသင္း အတြင္းေရးမႈး ဦးမ်ိဳးဇင္ဝင္းက ေျပာၾကားသည္.။

 

ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနက ၂၀၁၄ ခုႏွစ္ဇူလိုင္လ ၁၄ရက္ေန႔မွ ဇုန္ထုတ္ေမာ္ေတာ္ယာဥ္မ်ား စတင္အပ္ႏွံခြင့္ျပဳခဲ့ၿပီး ယခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ဆံုးပတ္အတြင္း အပ္ႏွံခြင့္ ရုပ္သိမ္းခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါဌာနထံမွ သိရသည္.။

 

ကားအသစ္ပါဆိုၿပီး အခုပဲကညနမွာ အံုနာဘုတ္ယူတယ္.။ ၿပီးေတာ့ ကားအေဟာင္းပါဆိုၿပီး လာအပ္တယ္.။ ဒါကလုပ္စားတဲ့သေဘာႀကီး ျဖစ္ေနပါတယ္.။ ထုတ္တဲ့သူေတြကလည္း ဒီလိုလုပ္စားဖို႔ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ေရာင္းစားဖို႔အတြက္ ျဖစ္ေနပါတယ္.။ တကယ္ေတာ့ မွန္မွန္ကန္ကန္လုပ္တဲ့သူေတြ ဘာမွမထိခိုက္ႏိုင္ပါဘူး.။ ထိခိုက္တဲ့သူေတြကေတာ့ အဲလို ကားသစ္စလစ္ေတြကို ဝယ္မိတဲ့သူေတြကေတာ့ နစ္နာေစပါတယ္.။ အဲဒီစလစ္နဲ႔ သြင္းကုန္လိုင္စင္သြားေလွ်ာက္ရင္ ခြင့္ျပဳခ်က္မရေတာ့လို႔ပါ ဟု ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္ ဦးေအာင္ေဇာ္ဦး (အရည္က်ိဳ)က မွတ္ခ်က္ျပဳေျပာဆုိသည္.။

 

ဇုန္ထုတ္ယာဥ္မ်ား အပ္ႏွံခြင့္ ရပ္ဆိုင္းခဲ့ေသာ္လည္း ဇုန္စလစ္ေစ်းႏႈန္းမ်ားသည္ ပံုမွန္ေစ်းႏႈန္းမ်ားအျဖစ္သာ ဆက္လက္တည္ရွိေနၿပီး စလစ္ေစ်းကြက္ အေျပာင္းအလဲမျဖစ္ေပၚခဲ့ေၾကာင္း၊ အေၾကာင္းရင္းမွာ ယခုႏွစ္ မတ္လ ၃၁ ရက္ေန႔အထိသာ ကညနခြန္ ေလွ်ာ့ေပါ့တင္သြင္းခြင့္ ရရွိမည္ျဖစ္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္မ်ား ထံမွ သိရသည္.။

 

Monday, March 9, 2015 ေန႔ထုတ္ The Voice သတင္းစာမွ ကူးယူေဖာ္ျပသည္.။



Unicode Version

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ အပ်နှံခွင့် ရပ်ဆိုင်းလိုက်ခြင်းကို မော်တော်ယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်းအတွင်း အမြင်ကွဲပြားမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ၄င်းတို့ထံမှ သိရသည်.။

 

စက်မှုဇုန်ထုတ်မော်တော်ယာဉ်များအပ်နှံရာတွင် မသမာမှုများရှိနေသည့်အတွက် အပ်နှံခွင့်ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းမှာ မှန်မှန်ကန်ကန်လုပ်ဆောင်သူများကို ထိခိုက်နစ်နာစေကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်အချို့က ပြောဆိုကာ အချို့ကမူ ခေတ္တခဏသာအပ်နှံခွင့် ရပ်ဆိုင်းခြင်းဖြစ်သည့်အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်သူများကို ထိခိုက်နစ်နာစေမည်မဟုတ်ကြောင်း ၄င်းတို့က ပြောဆိုသည်.။

 

MyanmarCarsDB မှ Sedan ကားများကိုကြည့်ရန်

 

ဒီလိုပိတ်လိုက်တာကြောင့် မှန်မှန်ကန်ကန် လုပ်ဆောင်တဲ့သူတွေအတွက် အရမ်းထိခိုက်နစ်နာစေပါတယ်.။ ဒီလိုဖြစ်ရတာက မသမာသူ လူတစ်စုကြောင့် ဖြစ်ရတာပါ.။ တာဝန်ရှိသူများအနေနဲ့ ဒါကို ပြန်စဉ်းစားသင့်ပါတယ် ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှုး ဦးမျိုးဇင်ဝင်းက ပြောကြားသည်.။

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ၂ဝ၁၄ ခုနှစ်ဇူလိုင်လ ၁၄ရက်နေ့မှ ဇုန်ထုတ်မော်တော်ယာဉ်များ စတင်အပ်နှံခွင့်ပြုခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အပ်နှံခွင့် ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်.။

 

ကားအသစ်ပါဆိုပြီး အခုပဲကညနမှာ အုံနာဘုတ်ယူတယ်.။ ပြီးတော့ ကားအဟောင်းပါဆိုပြီး လာအပ်တယ်.။ ဒါကလုပ်စားတဲ့သဘောကြီး ဖြစ်နေပါတယ်.။ ထုတ်တဲ့သူတွေကလည်း ဒီလိုလုပ်စားဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရောင်းစားဖို့အတွက် ဖြစ်နေပါတယ်.။ တကယ်တော့ မှန်မှန်ကန်ကန်လုပ်တဲ့သူတွေ ဘာမှမထိခိုက်နိုင်ပါဘူး.။ ထိခိုက်တဲ့သူတွေကတော့ အဲလို ကားသစ်စလစ်တွေကို ဝယ်မိတဲ့သူတွေကတော့ နစ်နာစေပါတယ်.။ အဲဒီစလစ်နဲ့ သွင်းကုန်လိုင်စင်သွားလျှောက်ရင် ခွင့်ပြုချက်မရတော့လို့ပါ ဟု မော်တော်ယာဉ်လုပ်ငန်းရှင် ဦးအောင်ဇော်ဦး (အရည်ကျို)က မှတ်ချက်ပြုပြောဆိုသည်.။

 

ဇုန်ထုတ်ယာဉ်များ အပ်နှံခွင့် ရပ်ဆိုင်းခဲ့သော်လည်း ဇုန်စလစ်စျေးနှုန်းများသည် ပုံမှန်စျေးနှုန်းများအဖြစ်သာ ဆက်လက်တည်ရှိနေပြီး စလစ်စျေးကွက် အပြောင်းအလဲမဖြစ်ပေါ်ခဲ့ကြောင်း၊ အကြောင်းရင်းမှာ ယခုနှစ် မတ်လ ၃၁ ရက်နေ့အထိသာ ကညနခွန် လျှော့ပေါ့တင်သွင်းခွင့် ရရှိမည်ဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များ ထံမှ သိရသည်.။

 

Monday, March 9, 2015 နေ့ထုတ် The Voice သတင်းစာမှ ကူးယူဖော်ပြသည်.။

Latest News

သယ္ယူပိုု႔ေဆာင္ေရးမူဝါဒႏွင့္...

Img 4279 150x150

Zawgyi Version • ျမန္မာတစ္ႏိုင္ငံလံုးအတိုင္းအတာအရ လိုင္စင္မဲ့ without ကားမ်ားကို ဖမ္းဆီးရ႐ွိမႈမွာ ၂၀၁၇ ဒီဇင္ဘာလတြင္ လိုင္စင္မဲ့ကား ၁၆...

Read more »

Suzuki Ciaz brand new ကားဝယ္​ယူရန္​...

Ciaz 150x150

Zawgyi Version ျမန္​မာႏိုင္​ငံတြင္​ SKD စနစ္​ျဖင့္ တပ္ဆင္​ထုတ္​လုပ္​​ေနသည့္ Suzuki ကားထုတ္​လုပ္​သည့္ စက္ရံုမွ Suzuki Ciaz brand new...

Read more »

တစ္​ႏိုင္​ငံလံုး ဒီဇင္​ဘာလအတြင္​း...

Zawgyi Version ျမန္​မာတစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ လိုင္​စင္​မဲ့ without ကားမ်ားကို ဖမ္​းဆီးရ႐ွိမႈမွာ ၂၀၁၇ ဒီဇင္​ဘာလတြင္​...

Read more »

ရိုုးမ ရန္ကုုန္အျပည္ျပည္ဆုုိင္ရာ...

Yyim 2017 participants cross the finish line image credit to yoma strategic holdings ltd 150x150

Zawgyi Version Yoma Strategic Holdings၊ First Myanmar Investment (FMI) ႏွင့္ ရန္ကုုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတိုု႔ ဦးစီး က်င္းပသည့္...

Read more »

ရန္ကုန္တြင္ ေျမေအာက္လူကူးလမ္း တည္​​ေဆာက္​မည့္...

Latest news1 1 150x150

Zawgyi Version ရန္ကုန္ျမိဳ႕ လူစည္​ကားရာ​ေနရာမ်ားတြင္​ တည္​​ေဆာက္​မည့္ ေျမေအာက္လူကူးလမ္း(underpass) စီမံကိန္​း ၃ ခုကို တင္ဒါေခၚယူမႈ...

Read more »