ဆုိင္ကယ္စီးနင္းခြင့္ ကန္႔သတ္ထားေသာ စည္ပင္သာယာနယ္နိမိတ္ ဧရိယာအတြင္း၌ ႏွစ္လအတြင္း ဆိုင္ကယ္မေတာ္တဆမႈ ၅၃ မႈအထိ ျဖစ္ပြားခဲ့

ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာ နယ္နိမိတ္ဧရိယာ၌ ၂၀၁၄ ခုႏွစ္ ႏွစ္လတာ ကာလအတြင္း ဆိုင္ကယ္ေၾကာင့္ ယာဥ္မေတာ္တဆမႈ ၅၃ မႈ ျဖစ္ပြားခဲ့ေၾကာင္း ‘အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံး(ရန္ကုန္)’မွ သတင္းရရွိသည္။

Circles

ယခုႏွစ္ ဇန္န၀ါရီ ၁ ရက္ မွ ေဖေဖာ္၀ါရီ ၂၈ ရက္အထိ ဆိုင္ကယ္ေၾကာင့္ ယာဥ္မေတာ္တဆမႈ ၅၃ မႈ ျဖစ္ပြားခဲ့ၿပီး ေသဆံုးသူ ၁၁ ဦး၊ ဒဏ္ရာရရွိသူဦးေရ ခုနစ္ဆယ္အထိ ရွိခဲ့ေၾကာင္း သိရသည္။ “ျဖစ္ပြားတဲ့ ျဖစ္စဥ္ေတြမွာ ဆိုင္ကယ္ကေန လူကို၀င္တုိက္မိတဲ့ ျဖစ္စဥ္ေတြက ပိုမ်ားပါတယ္၊ ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာနယ္နိမိတ္ ဧရိယာျဖစ္တဲ့ ၿမဳိ႕နယ္ေတြမွာ ဆုိင္ကယ္စီးခြင့္မရွိပါဘူး”ဟု အမွတ္-၂ ယာဥ္ ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ုံးမွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။ စည္ပင္သာယာ နယ္နိမိတ္ဧရိယာ အတြင္း စီးနင္းသည့္ဆိုင္ကယ္မ်ားအား စစ္ေဆးဖမ္းဆီး အေရးယူေဆာင္ရြက္လ်က္ရွိၿပီး ယခုႏွစ္ ဇန္န၀ါရီ ၁ ရက္မွ မတ္ ၁၅ ရက္အထိ ဆိုင္ကယ္အစီးေရ ၇၈၀ အား စစ္ေဆးဖမ္းဆီး အေရးယူခဲ့ကာ ယင္းတြင္ လိုင္စင္ရွိ ဆိုင္ကယ္စီးေရ ၅၆၃ စီး၊ လိုင္စင္မဲ့ ဆိုင္ကယ္ ၁၁၇ စီးတို႔ ျဖစ္ေၾကာင္း သိရသည္။ စည္ပင္သာယာနယ္နိမိတ္ ဧရိယာ ၃၁ ၿမဳိ႕နယ္၌ ဆိုင္ကယ္စီးနင္းမႈကို တားျမစ္ကန္႔သတ္ထားၿပီး ယင္းဧရိယာအတြင္း ဆိုင္ကယ္စီးနင္းပါက လိုင္စင္ရွိသည့္ ဆိုင္ကယ္ျဖစ္လွ်င္ နယ္ေက်ာ္စီးနင္းမႈျဖင့္ အေရးယူ ေဆာင္ရြက္ၿပီး လိုင္စင္မဲ့ဆိုင္ကယ္ျဖစ္ပါက ပို႔ကုန္၊ သြင္းကုန္ ဥပေဒပုဒ္မ-၈ အရ အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။


Ref: Automobile


Unicode Version

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ဧရိယာ၌ ၂ဝ၁၄ ခုနှစ် နှစ်လတာ ကာလအတွင်း ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု ၅၃ မှု ဖြစ်ပွားခဲ့ကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)’မှ သတင်းရရှိသည်။

Circles

ယခုနှစ် ဇန်နဝါရီ ၁ ရက် မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု ၅၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူဦးရေ ခုနစ်ဆယ်အထိ ရှိခဲ့ကြောင်း သိရသည်။ “ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေမှာ ဆိုင်ကယ်ကနေ လူကိုဝင်တိုက်မိတဲ့ ဖြစ်စဉ်တွေက ပိုများပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် ဧရိယာဖြစ်တဲ့ မြို့နယ်တွေမှာ ဆိုင်ကယ်စီးခွင့်မရှိပါဘူး”ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ စည်ပင်သာယာ နယ်နိမိတ်ဧရိယာ အတွင်း စီးနင်းသည့်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၁၅ ရက်အထိ ဆိုင်ကယ်အစီးရေ ၇၈ဝ အား စစ်ဆေးဖမ်းဆီး အရေးယူခဲ့ကာ ယင်းတွင် လိုင်စင်ရှိ ဆိုင်ကယ်စီးရေ ၅၆၃ စီး၊ လိုင်စင်မဲ့ ဆိုင်ကယ် ၁၁၇ စီးတို့ ဖြစ်ကြောင်း သိရသည်။ စည်ပင်သာယာနယ်နိမိတ် ဧရိယာ ၃၁ မြို့နယ်၌ ဆိုင်ကယ်စီးနင်းမှုကို တားမြစ်ကန့်သတ်ထားပြီး ယင်းဧရိယာအတွင်း ဆိုင်ကယ်စီးနင်းပါက လိုင်စင်ရှိသည့် ဆိုင်ကယ်ဖြစ်လျှင် နယ်ကျော်စီးနင်းမှုဖြင့် အရေးယူ ဆောင်ရွက်ပြီး လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ပါက ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ-၈ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Ref: Automobile

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »