fb-pageview-tracker
ယခင္​႐ုပ္​​ေျပာင္​းကားမ်ားကို ခြြင္​့ျပဳ​ေပးထားၿပီးျဖစ္​၍ ထပ္​မံတင္​သြင္​းလာ​ေသာ ကားမ်ားကုိလည္​း နံပါတ္​ယူ ယာဥ္​မွတ္​ပံုတင္​ခြင္​့ျပဳ​ေပးသင္​့ဟုဆို ​


Zawgyi Version

ယခင္​႐ုပ္​​ေျပာင္​းကားမ်ားကို ခြင္​့ျပဳ​ေပးထားၿပီးျဖစ္​၍ ထပ္​မံတင္​သြင္​းလာ​ေသာ ကားမ်ားကုိလည္​း နံပါတ္​ယူ ယာဥ္​မွတ္​ပံုတင္​ခြင္​့ျပဳ​ေပးသင္​့ပါ​ေၾကာင္​း ေမာ္ဒယ္​အျမင့္ ကားသြင္​းသူမ်ားက ​ေဝဖန္​​ေျပာဆို​ေနၾကသည္။ ေမာ္ဒယ္​အျမင္​့ ရုပ္​ေျပာင္​းကားမ်ားကုိ ယခင္​က ယာဥ္​မွတ္​ပံုတင္​ခြင္​့ျပဳ​ေပးခဲ့ၿပီးျဖစ္​၍ ယခုအသစ္​တင္​သြင္​းလာ​ေသာ ရုပ္​​ေျပာင္​းကားမ်ားအား မူလစက္​ရံုထုတ္​အတိုင္​း ျပန္​ျပင္​ရန္​သတ္​မွတ္​ထားျခင္​းမွာ မျဖစ္​နိုင္ဘဲ နံပါတ္​ယူယာဥ္​မွတ္​ပံုတင္​ခြင္​့မ​ေပးဘဲ အခ်ိန္​ၾကာျမင္​့​ေနလ်က္​ရွိရာ ကားပုိင္​ရွင္​မ်ားမွာ နစ္​နာမႈမ်ားရွိ​ေနၿပီး တိက်​ေသာ မူဝါဒထုတ္​ျပန္​​ေပးရန္ ​လိုအပ္​​ေနလ်က္​ရွိ​ေၾကာင္​းသိရသည္​။

“အရင္​က​ေတာ့ ေမာ္ဒယ္​လြဲ​ေနတဲ့ရုပ္​​ေျပာင္​းကား​ေတြကို ယာဥ္​မွတ္​ပံုတင္​ခြင္​့ျပဳ​ေပးထားခဲ့တယ္​။ အခု​ေနာက္​ပိုင္​းကမွ သြင္​းလာတဲ့ကား​ေတြကို ခြင္​့မျပဳ​ေတာ့ဘူး၊ မူလစက္​ရံုထုတ္အတိုင္း ​ျပန္​ျပင္​ရမယ္​ဆိုတာ မျဖစ္​သင္​့ပါဘူး။ အမိန္​႔မထြက္​ခင္​က သြင္​းလာတဲ့ကား​ေတြပါ ယာဥ္​မွတ္​ပံုတင္​မ​ေပးဘူးဆို​ေတာ့ ကားပို္​င္​ရွင္​​ေတြနစ္​နာပါတယ္​။ ဒီကား​ေတြကို ဘယ္​လိုလုပ္​ရမယ္​ဆိုတာ တိက်တဲ့အမိန္​႔တစ္​ခု ထုတ္​​ေပးသင္​့တယ္​။ အခုက ဒီကား​ေတြ​က တရားဝင္အခြန္​နဲ႔သြင္​းထားတာ၊ လိုင္​စင္​မဲ့ကားပဲ လုပ္​ရမလိုျဖစ္​​ေနၿပီ။ “ ဟု ေမာ္ဒယ္​ျမင္​့ ကားသြင္​းထားသူ ဦးလွ​ေမာင္​က ​ေျပာသည္​။

ကနဦးမွတ္​ပံုတင္ ယာဥ္​နံပါတ္​ယူျပဳလုပ္​ထားၿပီး​ေသာ ႐ုပ္​​ေျပာင္​းလဲထား​သည့္ကားမ်ားကို ယခင္​မွတ္ပံုတင္ထားသည့္​​​အတိုင္​း တိုက္​ဆိုင္​စစ္​​ေဆး၍ ခြင္​့ျပဳ​ေပးမည္ျဖစ္​​ေသာ္​လည္​း အသစ္​တင္​သြင္​းထား​ေသာ ေမာ္ဒယ္​လြဲ႐ုပ္​​ေျပာင္​းကားမ်ားမွာ သိသာထင္​႐ွား​ေသာ ႐ုပ္​​ေျပာင္​းကားမ်ား ျဖစ္​​ေနသည့္အတြက္​ ကားအ​ေရာင္​းအဝယ္​ျပဳလုပ္​ရာတြင္​ အခက္​အခဲမ်ားျဖစ္​​ေပၚ​ေနလ်က္​႐ွိရာ ကားတင္​သြင္​းထားသည္​့ မူလတင္​သြင္​းစက္​ရံုထုတ္ ​ဟုတ္​/မဟုတ္​အား တိုက္​ဆိုင္​စစ္​​ေဆးမႈမ်ားျပဳလုပ္​​မည္ျဖစ္​ေသာေၾကာင့္ မူလစက္​ရံုထုတ္​ပံုစံမဟုတ္​ဘဲ ေမာ္ဒယ္​ကို modify ျပန္​လည္​လုပ္​​ေဆာင္ထားေသာ ​႐ုပ္​​ေျပာင္​းကားမ်ားကို ယာဥ္​မွတ္​ပံုတင္​ခြင္​့ျပဳမည္​ မဟုတ္​​ေၾကာင္​း သိရသည္။


Unicode Version

ယခင်ရုပ်ပြောင်းကားများကို ခွင့်ပြုပေးထားပြီးဖြစ်၍ ထပ်မံတင်သွင်းလာသော ကားများကိုလည်း နံပါတ်ယူ ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးသင့်ပါကြောင်း မော်ဒယ်အမြင့် ကားသွင်းသူများက ဝေဖန်ပြောဆိုနေကြသည်။ မော်ဒယ်အမြင့် ရုပ်ပြောင်းကားများကို ယခင်က ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီးဖြစ်၍ ယခုအသစ်တင်သွင်းလာသော ရုပ်ပြောင်းကားများအား မူလစက်ရုံထုတ်အတိုင်း ပြန်ပြင်ရန်သတ်မှတ်ထားခြင်းမှာ မဖြစ်နိုင်ဘဲ နံပါတ်ယူယာဉ်မှတ်ပုံတင်ခွင့်မပေးဘဲ အချိန်ကြာမြင့်နေလျက်ရှိရာ ကားပိုင်ရှင်များမှာ နစ်နာမှုများရှိနေပြီး တိကျသော မူဝါဒထုတ်ပြန်ပေးရန် လိုအပ်နေလျက်ရှိကြောင်းသိရသည်။

“အရင်ကတော့ မော်ဒယ်လွဲနေတဲ့ရုပ်ပြောင်းကားတွေကို ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးထားခဲ့တယ်။ အခုနောက်ပိုင်းကမှ သွင်းလာတဲ့ကားတွေကို ခွင့်မပြုတော့ဘူး၊ မူလစက်ရုံထုတ်အတိုင်း ပြန်ပြင်ရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အမိန့်မထွက်ခင်က သွင်းလာတဲ့ကားတွေပါ ယာဉ်မှတ်ပုံတင်မပေးဘူးဆိုတော့ ကားပိုင်ရှင်တွေနစ်နာပါတယ်။ ဒီကားတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ တိကျတဲ့အမိန့်တစ်ခု ထုတ်ပေးသင့်တယ်။ အခုက ဒီကားတွေက တရားဝင်အခွန်နဲ့သွင်းထားတာ၊ လိုင်စင်မဲ့ကားပဲ လုပ်ရမလိုဖြစ်နေပြီ။ “ ဟု မော်ဒယ်မြင့် ကားသွင်းထားသူ ဦးလှမောင်က ပြောသည်။

ကနဦးမှတ်ပုံတင် ယာဉ်နံပါတ်ယူပြုလုပ်ထားပြီးသော ရုပ်ပြောင်းလဲထားသည့်ကားများကို ယခင်မှတ်ပုံတင်ထားသည့်အတိုင်း တိုက်ဆိုင်စစ်ဆေး၍ ခွင့်ပြုပေးမည်ဖြစ်သော်လည်း အသစ်တင်သွင်းထားသော မော်ဒယ်လွဲရုပ်ပြောင်းကားများမှာ သိသာထင်ရှားသော ရုပ်ပြောင်းကားများ ဖြစ်နေသည့်အတွက် ကားအရောင်းအဝယ်ပြုလုပ်ရာတွင် အခက်အခဲများဖြစ်ပေါ်နေလျက်ရှိရာ ကားတင်သွင်းထားသည့် မူလတင်သွင်းစက်ရုံထုတ် ဟုတ်/မဟုတ်အား တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်သောကြောင့် မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ မော်ဒယ်ကို modify ပြန်လည်လုပ်ဆောင်ထားသော ရုပ်ပြောင်းကားများကို ယာဉ်မှတ်ပုံတင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »