မူဝါဒများ ထပ်မံပြောင်းလဲရန် မရှိတော့ဟု ဝန်ကြီးမှ ပြောကြား
ဧပြီလ ၁ရက်နေ့မှစ၍ အခွန်နှုန်းထားအချို့ လျှော့ချပေးခြင်းအပြင် ယခုပြောကြားချက်ကြောင့် ကားအရောင်းအဝယ်ဈေးကွက်မှာ ပိုမိုအားကောင်းလာနိုင်ကြောင်း ကားအကျိုးဆောင် ဦးအောင်သန်းဝင်းမှ ပြောကြားခဲ့ပါသည်။
Ref - Myanmar Times
Unicode Version
အစိုးရအနေဖြင့် လက်ရှိ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒများကို အပြောင်းအလဲထပ်မံပြုလုပ်ရန် အစီအစဉ်မရှိတော့ပါဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်မှ ကတိပြု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
၂ဝ၁၁ ခုနှစ်မှစတင်၍ မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒများ ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် ယခင်ကထက် ပိုမိုသစ်သော ကားများကို စျေးသက်သာစွာ တင်သွင်းစီးနင်းခွင့်များ ရရှိလာခဲ့ပြီး ကားဟောင်း အရောင်းစင်တာများစွာ ပေါ်ပေါက်လာခဲ့သည့်အပြင် နိုင်ငံတကာမှ ကားအသစ် အရောင်းပြခန်းများလည်း လာရောက်ဖွင့်လှစ်ခဲ့ပါသည်။ ထိုမူဝါဒ စတင်ပြောင်းလဲခဲ့ချိန်မှစ၍ မော်တော်ယာဉ် အစီးရေပေါင်း ၃သိန်းကျော်ခန့် တင်သွင်းခဲ့ပြီးဖြစ်ပြီး အများစုမှာ ရန်ကုန်မြို့တွင်စီးနင်းနေခြင်း ဖြစ်ပါသည်။
ယခင်ကဆိုရင် ကားစျေးတွေက အရမ်းကြီးပြီး ကားတင်သွင်းခွင့်ရဖို့ဟာ အလွန်ခက်ခဲပါတယ်။ ကျွန်တော် ဝန်ကြီးအဖြစ် တာဝန်ယူပြီး နောက်ပိုင်းမှာ အစိုးရကနေ ကားတင်သွင်းခွင့် မူဝါဒတွေကို ၈ ကြိမ်တိုင် ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီမူဝါဒတွေကို ထပ်မံပြောင်းလဲဖို့ အစီအစဉ် မရှိတော့ပါဘူး ဟု ဝန်ကြီး ဦးဝင်းမြင့်မှ ပြောကြားခဲ့ပါသည်။
အဆိုပါပြောကြားချက်ကြောင့် ကားအရောင်းအဝယ်များ ပိုမိုကောင်းလာနိုင်မည်ဟု မျှော်လင့်နိုင်ကြောင်း ကားရောင်းဝယ်သူအချို့မှ မှတ်ချက်ချကြပါသည်။ ဒါဟာ သတင်းကောင်းတစ်ခုပါပဲ။ ကားစျေးကွက် ပိုမိုတည်ငြိမ်လာနိုင်ပြီး ဝယ်ယူမယ့်သူများအနေနဲ့လည်း အပူအပင်နည်းနည်းနဲ့ ဝယ်လာနိုင်မှာဖြစ်ပါတယ်။ ဟု Farmer Auto မှ ဦးစိုးထွန်းက ပြောကြားပါသည်။
ဧပြီလ ၁ရက်နေ့မှစ၍ အခွန်နှုန်းထားအချို့ လျှော့ချပေးခြင်းအပြင် ယခုပြောကြားချက်ကြောင့် ကားအရောင်းအဝယ်စျေးကွက်မှာ ပိုမိုအားကောင်းလာနိုင်ကြောင်း ကားအကျိုးဆောင် ဦးအောင်သန်းဝင်းမှ ပြောကြားခဲ့ပါသည်။
သို့သော်လည်း အဆိုပါပြောကြားချက်သည် အပြည့်အဝ ယုံကြည်၍မရကြောင်း ASE Auto မှ ကိုခန့်ဝင်းမှ ပြောကြားခဲ့သည်။ ယျေဘူယျအားဖြင့် အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင်မှုဖြစ်သော်လည်း ယခုလက်ရှိမူဝါဒများ၏ ပြုပြင်ရန်လိုအပ်နေသေးသော အချက်များကို မပြောင်းလဲပဲ ထားရှိမည်ဟု သဘောသက်ရောက်ကြောင်း လည်းကောင်းမှ ပြောကြားခဲ့ပါသည်။
Ref - Myanmar Times
Latest News
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »