fb-pageview-tracker
မဂၤလာဒံုဥယ်ာဥ္အိမ္ရာ ဂိတ္ေပါက္မ်ားတြင္ ယာဥ္ျဖတ္သန္းခေကာက္ခံေနမႈ စည္ပင္သာယာေရး ဥပေဒႏွင့္အညီ တားျမစ္ေဆာင္ရြက္မည္

Zawgyi Version

ေဇကမာၻဝင္းအတြင္းရွိ မဂၤလာဒံုဥယ်ာဥ္အိမ္ရာ ဂိတ္ေပါက္မ်ားတြင္ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနမႈအား ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးဥပေဒႏွင့္အညီ တားျမစ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးမွ ဒုတိယအႀကိမ္၊ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္၊ အ႒မေျမာက္ ပံုမွန္အစည္းအေဝးတြင္​ ေျပာဆိုခဲ့သည္။

အဆိုပါ အစည္းအေဝးတြင္ ေျမာက္ဥကၠလာျမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္လြင္က ​ေရႊေပါက္ကံၿမိဳ႕သစ္ရပ္ကြက္၊ အဓိက ဝင္ေပါက္/ထြက္ေပါက္မ်ားျဖစ္သည့္ ဗိုလ္ေတဇလမ္း (A1) ထိပ္ဂိတ္၊ မဂၤလာဒံုဥယ်ာဥ္အိမ္ရာဂိတ္၊ အိုးအိမ္ဂိတ္ႏွင့္ ေညာင္ရမ္းလမ္းထိပ္ဂိတ္မ်ားတြင္ စည္းကမ္းမဲ့စြာ ကားျဖတ္သန္းခေငြေၾကးမ်ား ေကာက္ခံေနမႈကို စစ္ေဆးတားျမစ္ရန္ အစီအစဥ္ရွိ/မရွိကိုသိလိုပါေၾကာင္း ေမးျမန္းခဲ့ရာတြင္​ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က "ကြ်န္ေတာ္တို႔စိစစ္ခ်က္မ်ားအရ ေဇကမာၻဝင္း၊ မဂၤလာဒံုဥယ်ာဥ္အိမ္ရာအတြင္းမွာ ယာဥ္ျဖတ္သန္းခမ်ား ေကာက္ခံလ်က္ရွိတာကို ေတြ႔ရပါတယ္။ အသစ္ျပ႒ာန္းခဲ့တဲ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ (၃၁၄)၊ အခြန္အခမ်ား စည္းၾကပ္ေကာက္ခံျခင္းဆိုင္ရာ တားျမစ္ခ်က္ရဲ႕ ပုဒ္မခြဲ (က) အရ မည္သူမွ် ေကာ္မတီမွတာဝန္ေပးအပ္ျခင္းမရွိဘဲ ၿမိဳ႕ေတာ္ နယ္နိမိတ္အတြင္း စည္ပင္သာယာဆိုင္ရာ အခြန္အခမ်ား ေကာက္ခံျခင္း မျပဳရလို႔ ျပ႒ာန္းထားပါတယ္။ ဒီအတြက္ ေဇကမာၻဝင္း၊ မဂၤလာဒံုဥယ်ာဥ္အိမ္ရာ ဂိတ္ေပါက္မ်ားတြင္ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနမႈကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒနဲ႔အညီ တားျမစ္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။" ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ဒုတိယအႀကိမ္၊ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္၊ အ႒မေျမာက္ပံုမွန္ အစည္းအေဝးတြင္​ ျပန္​လည္​​ေျဖၾကားခဲ့သည္​။

ရန္ကုန္တုိင္းေဒသၾကီး ေဇကမာၻဝင္းအတြင္းရွိ မဂၤလာဒံုဥယ်ာဥ္အိမ္ရာ ဂိတ္ေပါက္မ်ားတြင္ ယာဥ္ျဖတ္သန္းခ ေကာက္ခံ​ေနမႈအတြက္ ​ေဇကမၻာဥကၠ႒အား ျဖတ္​သန္​းခမေကာက္ခံရန္ ႏို႕တစ္စာ ထုတ္၍​ေပးပို႔ထားျပီးျဖစ္ရာ ဆက္လက္လုပ္ေဆာင္ေနပါက ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒႏွင့္အညီ တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးမွ ဆက္​လက္​​ေျပာဆိုသြားခဲ့သည္​။

Unicode Version

ဇေကမ္ဘာဝင်းအတွင်းရှိ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ ဂိတ်ပေါက်များတွင် ယာဉ်ဖြတ်သန်းခ ကောက်ခံနေမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ တားမြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဋ္ဌမမြောက် ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြောက်ဥက္ကလာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်က ရွှေပေါက်ကံမြို့သစ်ရပ်ကွက်၊ အဓိက ဝင်ပေါက်/ထွက်ပေါက်များဖြစ်သည့် ဗိုလ်တေဇလမ်း (A1) ထိပ်ဂိတ်၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာဂိတ်၊ အိုးအိမ်ဂိတ်နှင့် ညောင်ရမ်းလမ်းထိပ်ဂိတ်များတွင် စည်းကမ်းမဲ့စွာ ကားဖြတ်သန်းခငွေကြေးများ ကောက်ခံနေမှုကို စစ်ဆေးတားမြစ်ရန် အစီအစဉ်ရှိ/မရှိကိုသိလိုပါကြောင်း မေးမြန်းခဲ့ရာတွင် ရန်ကုန်မြို့တော်ဝန်က "ကျွန်တော်တို့စိစစ်ချက်များအရ ဇေကမ္ဘာဝင်း၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာအတွင်းမှာ ယာဉ်ဖြတ်သန်းခများ ကောက်ခံလျက်ရှိတာကို တွေ့ရပါတယ်။ အသစ်ပြဋ္ဌာန်းခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၃၁၄)၊ အခွန်အခများ စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက်ရဲ့ ပုဒ်မခွဲ (က) အရ မည်သူမျှ ကော်မတီမှတာဝန်ပေးအပ်ခြင်းမရှိဘဲ မြို့တော် နယ်နိမိတ်အတွင်း စည်ပင်သာယာဆိုင်ရာ အခွန်အခများ ကောက်ခံခြင်း မပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ ဒီအတွက် ဇေကမ္ဘာဝင်း၊ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ ဂိတ်ပေါက်များတွင် ယာဉ်ဖြတ်သန်းခ ကောက်ခံနေမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့အညီ တားမြစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု ရန်ကုန်မြို့တော်ဝန်က ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမမြောက်ပုံမှန် အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဇေကမ္ဘာဝင်းအတွင်းရှိ မင်္ဂလာဒုံဥယျာဉ်အိမ်ရာ ဂိတ်ပေါက်များတွင် ယာဉ်ဖြတ်သန်းခ ကောက်ခံနေမှုအတွက် ဇေကမ္ဘာဥက္ကဋ္ဌအား ဖြတ်သန်းခမကောက်ခံရန် နို့တစ်စာ ထုတ်၍ပေးပို့ထားပြီးဖြစ်ရာ ဆက်လက်လုပ်ဆောင်နေပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ဆက်လက်ပြောဆိုသွားခဲ့သည်။

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »