မႏၱေလးသို႔ နယ္ဝင္မေျပာင္းၾကျခင္းမွာ ရန္ကုန္သို႔ ျပန္လည္နယ္ဝင္ေျပာင္းပါက အခက္အခဲမ်ားရွိျခင္းေၾကာင့္ ဟုဆို

ရန္ကုန္ က.ည.န မွတ္ပံုတင္ YGN နံပါတ္ယာဥ္မ်ားသည္ မႏၱေလးတိုင္းေဒသႀကီး က.ည.န သို႔ MDY နံပါတ္ေျပာင္း နယ္ဝင္ျခင္း နည္းပါးရျခင္းမွာ ထိုသို႔ေျပာင္းၿပီးေနာက္ ရန္ကုန္ YGN ျပန္ေျပာင္းပါက အခက္အခဲမ်ားရွိျခင္းေၾကာင့္ ျဖစ္ေၾကာင္း ကားပြဲစားတစ္ဦးက ေျပာသည္.။

နယ္ဝင္ နယ္ေျပာင္းလုပ္တာက လုပ္ငန္းစဥ္အတိုင္း လုပ္ရင္ရပါတယ္.။ ခက္တာက ရန္ကုန္ကေန မႏၱေလးကိုနယ္ဝင္ရင္ လြယ္တယ္.။ က.ည.န လုပ္ငန္းစဥ္အတိုင္းပဲ.။ ဒါေပမယ့္ မႏၱေလး MDY ကေန ရန္ကုန္ YGN ျပန္ေျပာင္းမယ္ဆိုရင္ ရန္ကုန္မွာလုပ္ရတာ ခက္တယ္ ဟု ၎ကေျပာသည္.။

မႏၱေလးၿမိဳ႕မွ ယာဥ္ပိုင္ရွင္မ်ားသည္ YGN (ရန္ကုန္) မွတ္ပံုတင္ယာဥ္အမ်ားဆံုးပိုင္ဆိုင္ ေမာင္းႏွင္ၾက၍ မႏၱေလး (က.ည.န) နယ္ဝင္လွ်င္ လြယ္ကူမႈရွိေသာ္လည္း MDY နယ္ဝင္ၿပီးမွ ရန္ကုန္ (က.ည.န) YGN အျဖစ္ နယ္ဝင္မည္ဆိုပါက ကားပါကင္ေထာက္ခံစာ လိုအပ္ျခင္းသည္ နယ္ဝင္လုပ္ေဆာင္သူအတြက္ ႀကီးမားေသာအခက္အခဲ ျဖစ္ေနသည္ဟု ဆိုသည္.။

ရန္ကုန္ကေန မႏၱေလးကို ေျပာင္းလာတာ။ ေနာက္တစ္ႏွစ္နီးပါးဆိုရင္ ရန္ကုန္ျပန္ေျပာင္းရမယ္ဆိုေတာ့ ကားကို YGN ကေန MDY နယ္ဝင္တာကိစၥမရွိဘူး။ ရန္ကုန္ေျပာင္းရင္ ဒီကားကို YGN ျပန္ေျပာင္းဖို႔ ကားပါကင္ေထာက္ခံခ်က္ဘယ္လိုရေတာ့မလဲ။ ရန္ကုန္ဆိုတာ တိုက္ခန္းေတြမ်ားတာ။ ပါကင္မရွိသေလာက္ျဖစ္လို႔ ကားပါကင္ေစ်းကြက္ေတာင္ ျဖစ္ေနတာေလ ဟု ကုမၸဏီမန္ေနဂ်ာတစ္ဦးက ေျပာသည္.။

မႏၱေလးၿမိဳ႕ေတာ္စည္ပင္မွ ၿမိဳ႕ဝင္ေၾကး အနည္းဆံုးက်ပ္ (၂၀၀၀)မွ စ၍ တန္ခ်ိန္အလိုက္ ေကာက္ခံသြားမည္ဟူေသာ ေၾကညာခ်က္ေၾကာင့္ မႏၱေလး (က.ည.န) သို႔ နယ္ဝင္လာသည့္ ေမာ္ေတာ္ယာဥ္အစီးေရမွာ တစ္ရက္လွ်င္ အစီးေရ (၈၀)မွ ေမလ (၅) ရက္ေနာက္ပိုင္း (၁၅၀)အထိ ရွိလာေၾကာင္း၊ MDY မွတ္ပံုတင္ထားၿပီး အစီးေရမွာ (၁၁၀၀၆၈) စီးရွိေၾကာင္း က.ည.န မွ သိရသည္.။

နယ္ဝင္တယ္ဆိုတာ က.ည.န ပံုမွန္လုပ္ငန္းစဥ္ပါ.။ အရင္ကတည္းက နယ္ဝင္မွတ္ပံုတင္လုပ္ေပးေနတုန္းက တစ္ရက္ကို အစီးေရ (၁၀)စီးေလာက္ပဲရွိတယ္.။ ၿမိဳ႕ဝင္ေၾကး ေကာက္ခံမယ့္ကိစၥေၾကာင့္ ခုရက္ပိုင္းမွာ MDY နယ္ဝင္သူ တအားမ်ားလာတာ။ အရင္က မရွိသေလာက္ပဲ ဟု က.ည.န ဝန္ထမ္းတစ္ဦးက ေျပာသည္.။

ယင္းကဲ့သို႔ ၿမိဳ႕ဝင္ေၾကးေကာက္ခံမႈကို ၿမိဳ႕ေတာ္စည္ပင္က ေမလတစ္လ ေခတၱရပ္ဆိုင္းထားျခင္းျဖစ္ေသာ္လည္း မႏၱေလး (က.ည.န) အေနျဖင့္ က်န္သည့္လမ်ားတြင္လည္း ျမန္ဆန္မႈရွိေအာင္ ဆက္လက္လုပ္ေဆာင္ေပးမည္ဟု ဆိုသည္.။

ခိုင္ဆက္ေဝ (ေမ-၂၂-၂၀၁၅ ထုတ္ Auto World ဂ်ာနယ္မွ ကူးယူေဖာ္ျပသည္)

No. 1 Car Site in Myanmar
www.myanmarcarsdb.com



Unicode Version

ရန်ကုန် က.ည.န မှတ်ပုံတင် YGN နံပါတ်ယာဉ်များသည် မန္တလေးတိုင်းဒေသကြီး က.ည.န သို့ MDY နံပါတ်ပြောင်း နယ်ဝင်ခြင်း နည်းပါးရခြင်းမှာ ထိုသို့ပြောင်းပြီးနောက် ရန်ကုန် YGN ပြန်ပြောင်းပါက အခက်အခဲများရှိခြင်းကြောင့် ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက ပြောသည်.။

နယ်ဝင် နယ်ပြောင်းလုပ်တာက လုပ်ငန်းစဉ်အတိုင်း လုပ်ရင်ရပါတယ်.။ ခက်တာက ရန်ကုန်ကနေ မန္တလေးကိုနယ်ဝင်ရင် လွယ်တယ်.။ က.ည.န လုပ်ငန်းစဉ်အတိုင်းပဲ.။ ဒါပေမယ့် မန္တလေး MDY ကနေ ရန်ကုန် YGN ပြန်ပြောင်းမယ်ဆိုရင် ရန်ကုန်မှာလုပ်ရတာ ခက်တယ် ဟု ၎င်းကပြောသည်.။

မန္တလေးမြို့မှ ယာဉ်ပိုင်ရှင်များသည် YGN (ရန်ကုန်) မှတ်ပုံတင်ယာဉ်အများဆုံးပိုင်ဆိုင် မောင်းနှင်ကြ၍ မန္တလေး (က.ည.န) နယ်ဝင်လျှင် လွယ်ကူမှုရှိသော်လည်း MDY နယ်ဝင်ပြီးမှ ရန်ကုန် (က.ည.န) YGN အဖြစ် နယ်ဝင်မည်ဆိုပါက ကားပါကင်ထောက်ခံစာ လိုအပ်ခြင်းသည် နယ်ဝင်လုပ်ဆောင်သူအတွက် ကြီးမားသောအခက်အခဲ ဖြစ်နေသည်ဟု ဆိုသည်.။

ရန်ကုန်ကနေ မန္တလေးကို ပြောင်းလာတာ။ နောက်တစ်နှစ်နီးပါးဆိုရင် ရန်ကုန်ပြန်ပြောင်းရမယ်ဆိုတော့ ကားကို YGN ကနေ MDY နယ်ဝင်တာကိစ္စမရှိဘူး။ ရန်ကုန်ပြောင်းရင် ဒီကားကို YGN ပြန်ပြောင်းဖို့ ကားပါကင်ထောက်ခံချက်ဘယ်လိုရတော့မလဲ။ ရန်ကုန်ဆိုတာ တိုက်ခန်းတွေများတာ။ ပါကင်မရှိသလောက်ဖြစ်လို့ ကားပါကင်စျေးကွက်တောင် ဖြစ်နေတာလေ ဟု ကုမ္ပဏီမန်နေဂျာတစ်ဦးက ပြောသည်.။

မန္တလေးမြို့တော်စည်ပင်မှ မြို့ဝင်ကြေး အနည်းဆုံးကျပ် (၂ဝဝဝ)မှ စ၍ တန်ချိန်အလိုက် ကောက်ခံသွားမည်ဟူသော ကြေညာချက်ကြောင့် မန္တလေး (က.ည.န) သို့ နယ်ဝင်လာသည့် မော်တော်ယာဉ်အစီးရေမှာ တစ်ရက်လျှင် အစီးရေ (၈ဝ)မှ မေလ (၅) ရက်နောက်ပိုင်း (၁၅ဝ)အထိ ရှိလာကြောင်း၊ MDY မှတ်ပုံတင်ထားပြီး အစီးရေမှာ (၁၁ဝဝ၆၈) စီးရှိကြောင်း က.ည.န မှ သိရသည်.။

နယ်ဝင်တယ်ဆိုတာ က.ည.န ပုံမှန်လုပ်ငန်းစဉ်ပါ.။ အရင်ကတည်းက နယ်ဝင်မှတ်ပုံတင်လုပ်ပေးနေတုန်းက တစ်ရက်ကို အစီးရေ (၁ဝ)စီးလောက်ပဲရှိတယ်.။ မြို့ဝင်ကြေး ကောက်ခံမယ့်ကိစ္စကြောင့် ခုရက်ပိုင်းမှာ MDY နယ်ဝင်သူ တအားများလာတာ။ အရင်က မရှိသလောက်ပဲ ဟု က.ည.န ဝန်ထမ်းတစ်ဦးက ပြောသည်.။

ယင်းကဲ့သို့ မြို့ဝင်ကြေးကောက်ခံမှုကို မြို့တော်စည်ပင်က မေလတစ်လ ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်သော်လည်း မန္တလေး (က.ည.န) အနေဖြင့် ကျန်သည့်လများတွင်လည်း မြန်ဆန်မှုရှိအောင် ဆက်လက်လုပ်ဆောင်ပေးမည်ဟု ဆိုသည်.။

ခိုင်ဆက်ဝေ (မေ-၂၂-၂ဝ၁၅ ထုတ် Auto World ဂျာနယ်မှ ကူးယူဖော်ပြသည်)

No. 1 Car Site in Myanmar
www.myanmarcarsdb.com

Latest News

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »