fb-pageview-tracker
Maserati Levante 2019 Review (International)


Zawgyi Version

Maserati Levante 2019 ဟာ ၾကည့္လို႕အရမ္းမိုက္တဲ့ ပုံစံရွိျပီး ေမာင္းရာမွာလည္း တကယ့္ကို ႏွစ္သက္ျမတ္ႏိုးစရာပါ။ အေနာက္ထိုင္ခုံ က်ယ္ဝန္းမႈမရွိတာနဲ႕ အတြင္းပိုင္းတည္ေဆာက္ပုံ အ့ံအားသင့္ဖြယ္ရာ မျဖစ္တာကေတာ့ အားနည္းခ်က္လို႕ ဆိုႏိုင္ပါတယ္။

အားသာခ်က္

+ လက္ရွိ SUV ေဈးကြက္အတြင္း အလွအပဆုံးကားတစ္စီးဟု လူေျပာမ်ား
+ အေကြ႕အေကာက္မ်ားတြင္ အံ့ၾသဖြယ္ရာ သြက္လက္လ်င္ျမန္
+ အစဥ္တစိုက္ နာမည္ေက်ာ္ခဲ့ျပီး လ်င္ျမန္မႈမွာထိပ္တန္းရွိတဲ့ ဓါတ္ဆီအင္ဂ်င္

အားနည္းခ်က္

x အရပ္ရွည္သူမ်ားအတြက္ ေျခေထာက္မလြတ္ေသာ အေနာက္လူစီးခန္း
x ေပါေခ်ာင္ေကာင္း အရသာကိုေပးတဲ့ တခ်ိဳ႕ ပလတ္စတစ္ေတြ
x အဆင့္ျမင့္ နည္းပညာပိုင္းအားနည္းမႈ

သံုးသပ္ခ်က္

စတိုင္နဲ႕ လ်င္ျမန္မႈက Maserati ရဲ့ အမွတ္အသားပါ။ ဒီလို Maserati ရဲ့ အမွတ္အသားကိုလုိခ်င္သူတစ္ေယာက္ဟာ အေနာက္ခန္းမွာ ကေလးေတြကိုပဲ တင္စီးဖို႕ရည္ရြယ္ခ်က္ရွိရင္ေတာ့ Levante ဟာ သူ႕အတြက္ အလိုအပ္ဆုံး SUV တစ္စီးျဖစ္လာႏုိင္ပါတယ္။
ခပ္က်ဲက်ဲတန္းေတြနဲ႕ grille ၊ သန္မာတဲ့ပုံစံရွိတဲ့ ေခြ ဒီဇုိင္း၊ အေနာက္ကိုဆင္းသြားတဲ့ အမိုးရဲ့ပုံစံေတြဟာ ေတြ႕မိသူေတြရဲ့အၾကည့္ကို sport ကားေတြလိုမ်ိဳး ဖမ္းစားႏိုင္စြမ္းရွိပါတယ္။ ဒါေပမယ့္ sport ကားေတြလိုမ်ိဳးမဟုတ္တဲ့ ခပ္မတ္မတ္ ကိုယ္ထည္ပုံစံကေတာ့ က်ယ္ဝန္းတဲ့ ေနရာလြတ္နဲ႕ ပိုမိုက်ယ္ျပန္႕တဲ့ျမင္ကြင္းေတြကို ေပးစြမ္းႏိုင္ပါလိမ့္မယ္။
အတြင္းခန္းထိုင္ခုံအသားေတြကေတာ့ ပိုးသားလိုေခ်ာေမြ႕တဲ့ သားေရဖုံးေတြနဲ႕ျဖစ္ျပီး ေတာက္ေျပာင္တဲ့ chrome ေတြ၊ carbon fibre trim ေတြကေတာ့ model နဲ႕လိုက္ျပီး အနည္းငယ္ကြဲျပားပါလိမ့္မယ္။
Audi ရဲ့ Q7 မွာက အရည္အေသြးပိုမိုေကာင္းမြန္တဲ့ ပလတ္စတစ္ေတြအသုံးျပဳထားတာနဲ႕ ပိုျပီးအားပါးတရရွိလွတာမွန္ေပမယ့္ Maserati ရဲ့ owner manual မွာ အႏုစိတ္တပ္ဆင္ေပးထားတဲ့ ပစၥည္းေတြအေၾကာင္းကို အေသးစိတ္ ေဖၚျပေပးထားတာမ်ိဳးကေတာ့ ဝယ္ယူစီးနင္းမယ့္သူေတြကို ထူးထူးကဲကဲအဖိုးတန္တဲ့ ခံစားမႈမ်ိဳး ရရွိေစပါတယ္။ ဥပမာ ထုိင္ခုံသားေရဖုံးေတြဆိုရင္ပဲ ပါဝင္တဲ့ အလႊာတစ္လႊာခ်င္းစီအလိုက္ အေသးစိတ္ေဖၚျပေပးထားတာပါ။
ဒါေပမယ့္ infotainment စနစ္ရဲ့ အဆင့္ျမင့္နည္းပညာပိုင္းမွာေတာ့ Levante ဟာ အေပါင္းလကၡဏာ မေဆာင္လွပါဘူး။ သူ႕ရဲ့အေကာင္းဆုံးဆိုတဲ့စနစ္က Audi Q7 အေဟာင္းရဲ့ အေျခခံ model ေလာက္ပဲရွိတာေတြ႕ရတယ္။
Maserati Levante ရဲ့ အားသာခ်က္တစ္ခုက ခ်ိန္ညွိႏိုင္တဲ့ pedals ေတြပါ။ ဒါမ်ိဳးက Maserati ရဲ့ ထုတ္ကုန္ေတြမွာပဲ ပါတာပါ။ ထိုင္ခုံ၊ လက္ကိုင္ေခြ ဒါေတြကိုလည္း အျပည့္အဝခ်ိိန္ညွိႏိုင္တာေတြ႕ရပါတယ္။ ထိုင္လို႕၊ ေမာင္းလို႕ သက္ေသာင့္သက္သာျဖစ္တယ္ဆိုတဲ့ေနရာမွာ ကိုယ္နဲ႕အံဝင္ေအာင္ ခ်ိန္ညွိႏုိင္ျခင္းကလည္း အေရးပါတဲ့အခ်က္တစ္ခုပါပဲ။
အတိုခ်ဳံးသုံးသပ္ရရင္ေတာ့ Maserati Levante အသစ္ဟာ ၾကီးမားတဲ့ SUV ကိုယ္ထည္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ ပိတ္ေလွာင္ထားျပီး sport ကားတစ္စီးလိုမ်ိဳး ေမာင္းႏွင္ႏိုင္စြမ္းရွိတဲ့ အဖိုးတန္ကားတစ္စီးလို႕ပဲ ဆိုရမွာပါ။

အတြင္းခန္း

အတြင္းခန္းနဲ႕ပတ္သက္ရင္ ေျပာစရာျဖစ္တဲ့ အေနာက္ခန္းနဲ႕ ‘စ’ လိုက္ခ်င္ပါတယ္။ တကယ္လို႕သာ Maserati Levante ရဲ့ အေနာက္ခန္းမွာ အရပ္ျမင့္တဲ့သူေတြလိုက္မယ္ဆိုရင္ေတာ့ ျပြတ္သိပ္သလိုျဖစ္ေနေတာ့မယ့္ ပုံမ်ိဳးပါ။ အထူးသျဖင့္ အေရွ႕ထုိင္ခုံမွာ ထုိင္တဲ့သူေတြကလည္း အရပ္ျမင့္တဲ့သူေတြခ်ည္းျဖစ္ေနရင္ေပါ့။ ထူးဆန္းတာက အေနာက္အလယ္မွာထုိင္ရျခင္းဟာ ေဘးတစ္ဖက္တစ္ခ်က္ထက္စာရင္ ပိုျပီးသက္ေသာင့္သက္သာျဖစ္တာ ေတြ႕ရတာပါပဲ။
အတြင္းခန္းအကုန္လုံးကို ၾကည့္မယ္ဆိုရင္ေတာ့ အံ့အားသင့္ဖြယ္ရာ ထူူးျခားမႈ မရွိေပမယ့္ အီတလီထုတ္ကုန္ျဖစ္တဲ့အတိုင္း ဖက္ရွင္က်မႈ၊ အရည္အေသြးေကာင္းမြန္မႈနဲ႕ ဒီဇိုင္းပိုင္းသာလြန္မႈေတြကေတာ့ ရွိေနျမဲပါပဲ။ ဒီဇိုင္းပိုင္းအေနနဲ႕ အီတလီထုတ္ကုန္ျဖစ္တဲ့အတြက္ ပိုျပီးေမွ်ာ္လင့္ထားတာေၾကာင့္ အံအားသင့္ဖြယ္ရာမရွိဘူးလို႕ဆိုလိုတာပါ။ သိတယ္မလား။ ဖက္ရွင္ဒီဇိုင္းမွာေတာ့ အီတလီက ကမၻာေပၚမွာ ဆရာၾကီးပဲေလ။ အီတလီအေျခစိုက္ Maserati ထုတ္ကုန္ေတြမွာက အႏုပညာလက္ရာေျမာက္ ဖက္ရွင္ဒီဇိုင္း အေငြ႕အသက္ေတြက အျပည့္နဲဲဲ႕ပါ။

လက္ေတြ႕ဆိုရင္

Maserati Levante ရဲ့ boot အရြယ္အစားကိုေတာ့ ရက္ရက္ေရာေရာထည့္ေပးထားျပီး ျပန္႕ျပဴးတဲ့အတြက္ အေလးအပင္ေတြကိုတင္ရမွာ လြယ္ကူေစပါတယ္။ အေနာက္ဖုံးတံခါးဟာ ခပ္က်ယ္က်ယ္ဖြင့္ႏိုင္တဲ့အတြက္လည္း ပစၥည္းပစၥယထည့္ရသြင္းရ လြတ္လြတ္လပ္လပ္ရွိတာကို ေတြ႕ရပါတယ္။
ဒါေပမယ့္ ေသခ်ာတာတစ္ခုက ဘယ္သူမွ Maserati Levante ကို လက္ေတြ႕အသုံးက်လွလို႕ဆိုျပီး ဝယ္ယူမွာမဟုတ္ပါဘူး။ စိတ္တက္ၾကြဖြယ္ရာျဖစ္လို႕၊ Maserati အမွတ္တံဆိပ္ကို ခ်စ္ျမတ္ႏိုးလို႕၊ ေက်နပ္ေပ်ာ္ရႊင္စရာေကာင္းလို႕ ဝယ္မယ့္သူေတြခ်ည္း မ်ားေနမွာပါ။ လက္ေတြ႕အသုံးက်ႏိုင္စြမ္းထက္စာရင္ လက္ေတြ႕စြမ္းေဆာင္ရည္ပိုင္းမွာ အေလးသာလွတဲ့ ကားတစ္စီးျဖစ္ေနတာေၾကာင့္ Maserati Levante အသစ္ရဲ့ စြမ္းေဆာင္ရည္ကို ႏွစ္သက္တဲ့ SUV အမ်ိဳးအစား ေမာင္းႏွင္ခ်င္သူေတြအတြက္ေတာ့ သည္းေျခၾကိဳက္ ကားတစ္စီးျဖစ္မွာ အေသအခ်ာပါပဲ။

ေမာင္းႏွင္မႈ

စြမ္းေဆာင္ရည္ပိုင္းမွာ Maserati Levante ဟာ တကယ့္ကို စြမ္းအားအျပည့္နဲ႕စီးပိုင္ေနတာပါပဲ။ သူ႕ရဲ့ steering က ခပ္တင္းတင္းနဲ႕ တိက်လွျပီး ဘရိတ္ကေတာ့ စိတ္ခ်ေလာက္စရာ ျမဲျမံပါတယ္။ ဒါေပမယ့္ ေထာင့္ခ်ိဳးေကြ႕ေတြကို အရွိန္နဲ႕ေကြ႕ျပီး ဘရိတ္နင္းတဲ့အခါမ်ိဳးမွာေတာ့ နည္းနည္းသတိထားရပါလိမ့္မယ္။
Levante အသစ္မွာတပ္ဆင္ေပးထားတဲ့ 430hp ထြက္ရွိတဲ့ 3.0-litre twin-turbocharged V6 အင္ဂ်င္ကေတာ့ တကယ့္ကို အားရစရာပါပဲ။ အားေကာင္းတဲ့ကားျဖစ္တာနဲ႕အညီ ဓါတ္ဆီအင္ဂ်င္နဲ႕ Levante အသစ္ကို ပိုမိုႏွစ္သက္ျပီး အင္ဂ်င္သံကလည္း ခြန္အားျဖစ္ေစမယ့္အသံမ်ိဳးပါ။ အျမန္ဆုံး အင္ဂ်င္ေရြးခ်ယ္မႈအျဖစ္နဲ႕ 0-60mph ကို ၅.၂ စကၠန္႕ထဲနဲ႕ အရွိန္တင္လို႕ရတာကလည္း SUV အမ်ားစုမွာ ေတြ႕ရခဲတဲ့စြမ္းေဆာင္ရည္လို႕ေျပာလို႕ရပါတယ္။
ျမင္ကြင္းပိုင္းအရ အေရွ႕ျခမ္းမွာ ရွင္းလင္းေပမယ့္ အေနာက္ေလကာမွန္က ေဘာင္ေတြကေတာ့ အေနာက္ၾကည့္မွန္ၾကည့္ရာမွာ အခက္အခဲနည္းနည္းရွိမယ့္ပုံပါ။ ဒါေပမယ့္ ၃၆၀ ကင္မရာတပ္ဆင္ေပးထားတာျဖစ္တဲ့အတြက္ ၾကီးမားတဲ့ ျပႆနာၾကီးတစ္ခုေတာ့ မဟုတ္ပါဘူး။
ဘယ္လိုအားနည္းခ်က္ေတြကို ဘယ္လိုပုံစံနဲ႕ပဲေျပာေျပာပါ။ ကားဆိုတာ ေမာင္းဖို႕ျဖစ္ပါတယ္။ Maserati ရဲ့ အရသာမ်ိဳးေမာင္းခ်င္ရင္ေတာ့ Maserati ကိုဝယ္ယူေမာင္းႏွင္မွပဲရမွာပါ။

ပါဝင္တဲ့အခ်က္ေတြ

Maserati Levante မွာ UK trim အေနနဲ႕ Standard ၊ GranLusso ၊ GranSport ၊ S ၊ GranLusso S ၊ GranSport S ဆိုျပီး ၆ မ်ိဳးေတာင္မွရွိတာပါ။

Standard

Standard trim မွာက ၁၈ လက္မ Borea အလြိဳင္းေခြနဲ႕လာတာျဖစ္ျပီး adaptive air suspension ၊ သတၳဳ အေရွ႕ grille ၊ Bi-Xenon အေရွ႕မီးေတြတပ္ဆင္ေပးထားတာေတြ႕ရပါတယ္။ ယာဥ္ေမာင္းသူထုိင္ခုံက electric နဲ႕ခ်ိန္ညွိႏိုင္ျပီး က်န္တာေတြကေတာ့ manual ပါ။ ထိုင္ခုံေတြအားလုံးက သားေရဖုံး အနက္ေရာင္ေတြပါ။ DAB ေရဒီယိုပါဝင္တဲ့ infotainment စနစ္ကေတာ့ ၈.၄ လက္မ မ်က္ႏွာျပင္နဲ႕ျဖစ္ျပီး ျဂိဳဟ္တုလမ္းညႊန္၊ အေနာက္ဖုံး ပါဝါနဲ႕ ၾကမ္းျပင္က ေကာ္ေဇာခင္းထားတာေတြ႕ရပါတယ္။
Standard trim မွာ အင္ဂ်င္ပိုင္းေရြးခ်ယ္စရာ ႏွစ္မ်ိဳးရွိပါတယ္။ V6D Auto နဲ႕ V6 Auto ပါ။ V6D Auto က 3.0 litre ဒီဇယ္အင္ဂ်င္ျဖစ္ျပီး 275hp ထြက္ရွိကာ automatic gearbox နဲ႕ 4WD ပါ။ 0-60mph ကို ၆.၉ စကၠန္႕ထဲနဲ႕အရွိန္တင္ေမာင္းႏွင္ႏုိင္ျပီး ဆီစားႏႈန္းကေတာ့ 34mpg ရွိတယ္ဆိုျပီး Maserati ကဆိုထားပါတယ္။ ထုံးစံအတိုင္း လက္ေတြ႕မွာ 10mpg ေလာက္ေလ်ာ့သြားႏိုင္ပါတယ္။ V6 Auto ကေတာ့ 3.0 litre ဓါတ္ဆီအင္ဂ်င္ျဖစ္ျပီး 350hp အထိ ပါဝါထြက္ရွိႏိုင္ပါတယ္။ Automatic gearbox နဲ႕ 4WD ပါပဲ။ 0-60mph ကို ၆ စကၠန္႕ထဲနဲ႕တင္ႏိုင္တဲ့ကားတစ္စီးျဖစ္လို႕ ေတာ္ေတာ္ျမန္တဲ့ကားတစ္စီးပါ။ ဆီစားႏႈန္းကေတာ့ 23mpg အထိရွိလို႕ 10mpg သာေလ်ာ့တြက္လိုက္မယ္ဆိုရင္ ဆီစားႏႈန္းေတာ္ေတာ္ျမင့္တဲ့ကားတစ္စီးပါပဲ။

GranLusso

GranLusso ဆိုရင္ေတာ့ ၁၉ လက္မ အလြိဳင္းေခြနဲ႕လာမွာပါ။ က်န္တာေတြကေတာ့ Standard အတိုင္းပါလာမွာျဖစ္ျပီး အင္ဂ်င္ပိုင္းကလည္း Standard နဲ႕ကြာျခားမႈမရွိပါဘူး။ Trim တစ္္မ်ိဳးခ်င္းစီမွာ အတြင္းပိုင္း trim စတိုင္ ကြာျခားမႈေတာ့ နည္းနည္းစီရွိပါတယ္။

GranSport

လက္မ ၂၀ အလြိဳင္းေခြနဲ႕ GranSport ကလည္း အင္ဂ်င္ပိုင္းကအစ Standard ၊ GrandLusso တို႕နဲ႕ သိပ္ကြာျခားမႈမရွိတာေတြ႕ရပါတယ္။

S

S trim မွာက ၁၈ လက္မ အလြိဳင္းေခြတပ္ဆင္ေပးထားျပီး ပါဝင္တဲ့ features ေတြကေတာ့ Standard ၊ GranLusso ၊ GranSport ေတြနဲ႕ ကြာျခားမႈသိပ္မရွိလွပါဘူူး။ ဒါေပမယ့္ အင္ဂ်င္ပိုင္းကေတာ့ ေျပာင္းသြားပါျပီ။ တစ္ခုတည္း ေရြးခ်ယ္စရာမရွိပါ။ 3.0L ဓါတ္ဆီ 430hp အထိ အျမင့္ဆုံးပါဝါထုတ္လႊတ္ႏိုင္မယ့္ V6 Auto အင္ဂ်င္ပါ။ 0-60mph ကို ၅.၂ စကၠန္႕ထဲနဲ႕ အရွိန္ျမွင့္တင္ႏိုင္မွာျဖစ္ျပီး ဆီစားႏႈန္းကေတာ့ 24mpg ရွိတယ္လို႕ Maserati ကဆိုထားပါတယ္။

GranLusso S

၁၉ လက္မ အလြိဳင္းေခြနဲ႕ Gran Lusso S ကလည္း ေျပာရမယ္ဆိုရင္ GranLusso ကို S အင္ဂ်င္တပ္ဆင္ေပးထားတာပါပဲ။ အတြင္းပိုင္း trim စတိုင္မွာေတာ့ ေျပာင္းလဲမႈအနည္းငယ္ရွိပါတယ္။

GrandSport S

ထုံးစံအတုိင္းပါပဲ။ လက္မ ၂၀ အလြိဳင္းေခြနဲ႕ GranSport S ဟာ GrandSport ကို S အင္ဂ်င္တပ္ဆင္ေပးထားတာပါ။ ထုံးစံအတိုင္းပါပဲ။ Trim စတိုင္အေျပာင္းအလဲအနည္းငယ္ေတာ့ရွိပါတယ္။

စာေရးသူ : စိုင္းဆိုင္(ရန္ကုန္)
Ref : Maserati Levante Review by Mat Watson


Unicode Version

Maserati Levante 2019 ဟာ ကြည့်လို့အရမ်းမိုက်တဲ့ ပုံစံရှိပြီး မောင်းရာမှာလည်း တကယ့်ကို နှစ်သက်မြတ်နိုးစရာပါ။ အနောက်ထိုင်ခုံ ကျယ်ဝန်းမှုမရှိတာနဲ့ အတွင်းပိုင်းတည်ဆောက်ပုံ အံ့အားသင့်ဖွယ်ရာ မဖြစ်တာကတော့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။

အားသာချက်

+ လက်ရှိ SUV ဈေးကွက်အတွင်း အလှအပဆုံးကားတစ်စီးဟု လူပြောများ
+ အကွေ့အကောက်များတွင် အံ့သြဖွယ်ရာ သွက်လက်လျင်မြန်
+ အစဉ်တစိုက် နာမည်ကျော်ခဲ့ပြီး လျင်မြန်မှုမှာထိပ်တန်းရှိတဲ့ ဓါတ်ဆီအင်ဂျင်

အားနည်းချက်

x အရပ်ရှည်သူများအတွက် ခြေထောက်မလွတ်သော အနောက်လူစီးခန်း
x ပေါချောင်ကောင်း အရသာကိုပေးတဲ့ တချို့ ပလတ်စတစ်တွေ
x အဆင့်မြင့် နည်းပညာပိုင်းအားနည်းမှု

သုံးသပ်ချက်

စတိုင်နဲ့ လျင်မြန်မှုက Maserati ရဲ့ အမှတ်အသားပါ။ ဒီလို Maserati ရဲ့ အမှတ်အသားကိုလိုချင်သူတစ်ယောက်ဟာ အနောက်ခန်းမှာ ကလေးတွေကိုပဲ တင်စီးဖို့ရည်ရွယ်ချက်ရှိရင်တော့ Levante ဟာ သူ့အတွက် အလိုအပ်ဆုံး SUV တစ်စီးဖြစ်လာနိုင်ပါတယ်။
ခပ်ကျဲကျဲတန်းတွေနဲ့ grille ၊ သန်မာတဲ့ပုံစံရှိတဲ့ ခွေ ဒီဇိုင်း၊ အနောက်ကိုဆင်းသွားတဲ့ အမိုးရဲ့ပုံစံတွေဟာ တွေ့မိသူတွေရဲ့အကြည့်ကို sport ကားတွေလိုမျိုး ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် sport ကားတွေလိုမျိုးမဟုတ်တဲ့ ခပ်မတ်မတ် ကိုယ်ထည်ပုံစံကတော့ ကျယ်ဝန်းတဲ့ နေရာလွတ်နဲ့ ပိုမိုကျယ်ပြန့်တဲ့မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
အတွင်းခန်းထိုင်ခုံအသားတွေကတော့ ပိုးသားလိုချောမွေ့တဲ့ သားရေဖုံးတွေနဲ့ဖြစ်ပြီး တောက်ပြောင်တဲ့ chrome တွေ၊ carbon fibre trim တွေကတော့ model နဲ့လိုက်ပြီး အနည်းငယ်ကွဲပြားပါလိမ့်မယ်။
Audi ရဲ့ Q7 မှာက အရည်အသွေးပိုမိုကောင်းမွန်တဲ့ ပလတ်စတစ်တွေအသုံးပြုထားတာနဲ့ ပိုပြီးအားပါးတရရှိလှတာမှန်ပေမယ့် Maserati ရဲ့ owner manual မှာ အနုစိတ်တပ်ဆင်ပေးထားတဲ့ ပစ္စည်းတွေအကြောင်းကို အသေးစိတ် ဖေါ်ပြပေးထားတာမျိုးကတော့ ဝယ်ယူစီးနင်းမယ့်သူတွေကို ထူးထူးကဲကဲအဖိုးတန်တဲ့ ခံစားမှုမျိုး ရရှိစေပါတယ်။ ဥပမာ ထိုင်ခုံသားရေဖုံးတွေဆိုရင်ပဲ ပါဝင်တဲ့ အလွှာတစ်လွှာချင်းစီအလိုက် အသေးစိတ်ဖေါ်ပြပေးထားတာပါ။
ဒါပေမယ့် infotainment စနစ်ရဲ့ အဆင့်မြင့်နည်းပညာပိုင်းမှာတော့ Levante ဟာ အပေါင်းလက္ခဏာ မဆောင်လှပါဘူး။ သူ့ရဲ့အကောင်းဆုံးဆိုတဲ့စနစ်က Audi Q7 အဟောင်းရဲ့ အခြေခံ model လောက်ပဲရှိတာတွေ့ရတယ်။
Maserati Levante ရဲ့ အားသာချက်တစ်ခုက ချိန်ညှိနိုင်တဲ့ pedals တွေပါ။ ဒါမျိုးက Maserati ရဲ့ ထုတ်ကုန်တွေမှာပဲ ပါတာပါ။ ထိုင်ခုံ၊ လက်ကိုင်ခွေ ဒါတွေကိုလည်း အပြည့်အဝချိန်ညှိနိုင်တာတွေ့ရပါတယ်။ ထိုင်လို့၊ မောင်းလို့ သက်သောင့်သက်သာဖြစ်တယ်ဆိုတဲ့နေရာမှာ ကိုယ်နဲ့အံဝင်အောင် ချိန်ညှိနိုင်ခြင်းကလည်း အရေးပါတဲ့အချက်တစ်ခုပါပဲ။
အတိုချုံးသုံးသပ်ရရင်တော့ Maserati Levante အသစ်ဟာ ကြီးမားတဲ့ SUV ကိုယ်ထည်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားပြီး sport ကားတစ်စီးလိုမျိုး မောင်းနှင်နိုင်စွမ်းရှိတဲ့ အဖိုးတန်ကားတစ်စီးလို့ပဲ ဆိုရမှာပါ။

အတွင်းခန်း

အတွင်းခန်းနဲ့ပတ်သက်ရင် ပြောစရာဖြစ်တဲ့ အနောက်ခန်းနဲ့ ‘စ’ လိုက်ချင်ပါတယ်။ တကယ်လို့သာ Maserati Levante ရဲ့ အနောက်ခန်းမှာ အရပ်မြင့်တဲ့သူတွေလိုက်မယ်ဆိုရင်တော့ ပြွတ်သိပ်သလိုဖြစ်နေတော့မယ့် ပုံမျိုးပါ။ အထူးသဖြင့် အရှေ့ထိုင်ခုံမှာ ထိုင်တဲ့သူတွေကလည်း အရပ်မြင့်တဲ့သူတွေချည်းဖြစ်နေရင်ပေါ့။ ထူးဆန်းတာက အနောက်အလယ်မှာထိုင်ရခြင်းဟာ ဘေးတစ်ဖက်တစ်ချက်ထက်စာရင် ပိုပြီးသက်သောင့်သက်သာဖြစ်တာ တွေ့ရတာပါပဲ။
အတွင်းခန်းအကုန်လုံးကို ကြည့်မယ်ဆိုရင်တော့ အံ့အားသင့်ဖွယ်ရာ ထူူးခြားမှု မရှိပေမယ့် အီတလီထုတ်ကုန်ဖြစ်တဲ့အတိုင်း ဖက်ရှင်ကျမှု၊ အရည်အသွေးကောင်းမွန်မှုနဲ့ ဒီဇိုင်းပိုင်းသာလွန်မှုတွေကတော့ ရှိနေမြဲပါပဲ။ ဒီဇိုင်းပိုင်းအနေနဲ့ အီတလီထုတ်ကုန်ဖြစ်တဲ့အတွက် ပိုပြီးမျှော်လင့်ထားတာကြောင့် အံအားသင့်ဖွယ်ရာမရှိဘူးလို့ဆိုလိုတာပါ။ သိတယ်မလား။ ဖက်ရှင်ဒီဇိုင်းမှာတော့ အီတလီက ကမ္ဘာပေါ်မှာ ဆရာကြီးပဲလေ။ အီတလီအခြေစိုက် Maserati ထုတ်ကုန်တွေမှာက အနုပညာလက်ရာမြောက် ဖက်ရှင်ဒီဇိုင်း အငွေ့အသက်တွေက အပြည့်နဲဲ့ပါ။

လက်တွေ့ဆိုရင်

Maserati Levante ရဲ့ boot အရွယ်အစားကိုတော့ ရက်ရက်ရောရောထည့်ပေးထားပြီး ပြန့်ပြူးတဲ့အတွက် အလေးအပင်တွေကိုတင်ရမှာ လွယ်ကူစေပါတယ်။ အနောက်ဖုံးတံခါးဟာ ခပ်ကျယ်ကျယ်ဖွင့်နိုင်တဲ့အတွက်လည်း ပစ္စည်းပစ္စယထည့်ရသွင်းရ လွတ်လွတ်လပ်လပ်ရှိတာကို တွေ့ရပါတယ်။
ဒါပေမယ့် သေချာတာတစ်ခုက ဘယ်သူမှ Maserati Levante ကို လက်တွေ့အသုံးကျလှလို့ဆိုပြီး ဝယ်ယူမှာမဟုတ်ပါဘူး။ စိတ်တက်ကြွဖွယ်ရာဖြစ်လို့၊ Maserati အမှတ်တံဆိပ်ကို ချစ်မြတ်နိုးလို့၊ ကျေနပ်ပျော်ရွှင်စရာကောင်းလို့ ဝယ်မယ့်သူတွေချည်း များနေမှာပါ။ လက်တွေ့အသုံးကျနိုင်စွမ်းထက်စာရင် လက်တွေ့စွမ်းဆောင်ရည်ပိုင်းမှာ အလေးသာလှတဲ့ ကားတစ်စီးဖြစ်နေတာကြောင့် Maserati Levante အသစ်ရဲ့ စွမ်းဆောင်ရည်ကို နှစ်သက်တဲ့ SUV အမျိုးအစား မောင်းနှင်ချင်သူတွေအတွက်တော့ သည်းခြေကြိုက် ကားတစ်စီးဖြစ်မှာ အသေအချာပါပဲ။

မောင်းနှင်မှု

စွမ်းဆောင်ရည်ပိုင်းမှာ Maserati Levante ဟာ တကယ့်ကို စွမ်းအားအပြည့်နဲ့စီးပိုင်နေတာပါပဲ။ သူ့ရဲ့ steering က ခပ်တင်းတင်းနဲ့ တိကျလှပြီး ဘရိတ်ကတော့ စိတ်ချလောက်စရာ မြဲမြံပါတယ်။ ဒါပေမယ့် ထောင့်ချိုးကွေ့တွေကို အရှိန်နဲ့ကွေ့ပြီး ဘရိတ်နင်းတဲ့အခါမျိုးမှာတော့ နည်းနည်းသတိထားရပါလိမ့်မယ်။
Levante အသစ်မှာတပ်ဆင်ပေးထားတဲ့ 430hp ထွက်ရှိတဲ့ 3.0-litre twin-turbocharged V6 အင်ဂျင်ကတော့ တကယ့်ကို အားရစရာပါပဲ။ အားကောင်းတဲ့ကားဖြစ်တာနဲ့အညီ ဓါတ်ဆီအင်ဂျင်နဲ့ Levante အသစ်ကို ပိုမိုနှစ်သက်ပြီး အင်ဂျင်သံကလည်း ခွန်အားဖြစ်စေမယ့်အသံမျိုးပါ။ အမြန်ဆုံး အင်ဂျင်ရွေးချယ်မှုအဖြစ်နဲ့ 0-60mph ကို ၅.၂ စက္ကန့်ထဲနဲ့ အရှိန်တင်လို့ရတာကလည်း SUV အများစုမှာ တွေ့ရခဲတဲ့စွမ်းဆောင်ရည်လို့ပြောလို့ရပါတယ်။
မြင်ကွင်းပိုင်းအရ အရှေ့ခြမ်းမှာ ရှင်းလင်းပေမယ့် အနောက်လေကာမှန်က ဘောင်တွေကတော့ အနောက်ကြည့်မှန်ကြည့်ရာမှာ အခက်အခဲနည်းနည်းရှိမယ့်ပုံပါ။ ဒါပေမယ့် ၃၆၀ ကင်မရာတပ်ဆင်ပေးထားတာဖြစ်တဲ့အတွက် ကြီးမားတဲ့ ပြဿနာကြီးတစ်ခုတော့ မဟုတ်ပါဘူး။
ဘယ်လိုအားနည်းချက်တွေကို ဘယ်လိုပုံစံနဲ့ပဲပြောပြောပါ။ ကားဆိုတာ မောင်းဖို့ဖြစ်ပါတယ်။ Maserati ရဲ့ အရသာမျိုးမောင်းချင်ရင်တော့ Maserati ကိုဝယ်ယူမောင်းနှင်မှပဲရမှာပါ။

ပါဝင်တဲ့အချက်တွေ

Maserati Levante မှာ UK trim အနေနဲ့ Standard ၊ GranLusso ၊ GranSport ၊ S ၊ GranLusso S ၊ GranSport S ဆိုပြီး ၆ မျိုးတောင်မှရှိတာပါ။

Standard

Standard trim မှာက ၁၈ လက်မ Borea အလွိုင်းခွေနဲ့လာတာဖြစ်ပြီး adaptive air suspension ၊ သတ္ထု အရှေ့ grille ၊ Bi-Xenon အရှေ့မီးတွေတပ်ဆင်ပေးထားတာတွေ့ရပါတယ်။ ယာဉ်မောင်းသူထိုင်ခုံက electric နဲ့ချိန်ညှိနိုင်ပြီး ကျန်တာတွေကတော့ manual ပါ။ ထိုင်ခုံတွေအားလုံးက သားရေဖုံး အနက်ရောင်တွေပါ။ DAB ရေဒီယိုပါဝင်တဲ့ infotainment စနစ်ကတော့ ၈.၄ လက်မ မျက်နှာပြင်နဲ့ဖြစ်ပြီး ဂြိုဟ်တုလမ်းညွှန်၊ အနောက်ဖုံး ပါဝါနဲ့ ကြမ်းပြင်က ကော်ဇောခင်းထားတာတွေ့ရပါတယ်။
Standard trim မှာ အင်ဂျင်ပိုင်းရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ V6D Auto နဲ့ V6 Auto ပါ။ V6D Auto က 3.0 litre ဒီဇယ်အင်ဂျင်ဖြစ်ပြီး 275hp ထွက်ရှိကာ automatic gearbox နဲ့ 4WD ပါ။ 0-60mph ကို ၆.၉ စက္ကန့်ထဲနဲ့အရှိန်တင်မောင်းနှင်နိုင်ပြီး ဆီစားနှုန်းကတော့ 34mpg ရှိတယ်ဆိုပြီး Maserati ကဆိုထားပါတယ်။ ထုံးစံအတိုင်း လက်တွေ့မှာ 10mpg လောက်လျော့သွားနိုင်ပါတယ်။ V6 Auto ကတော့ 3.0 litre ဓါတ်ဆီအင်ဂျင်ဖြစ်ပြီး 350hp အထိ ပါဝါထွက်ရှိနိုင်ပါတယ်။ Automatic gearbox နဲ့ 4WD ပါပဲ။ 0-60mph ကို ၆ စက္ကန့်ထဲနဲ့တင်နိုင်တဲ့ကားတစ်စီးဖြစ်လို့ တော်တော်မြန်တဲ့ကားတစ်စီးပါ။ ဆီစားနှုန်းကတော့ 23mpg အထိရှိလို့ 10mpg သာလျော့တွက်လိုက်မယ်ဆိုရင် ဆီစားနှုန်းတော်တော်မြင့်တဲ့ကားတစ်စီးပါပဲ။

GranLusso

GranLusso ဆိုရင်တော့ ၁၉ လက်မ အလွိုင်းခွေနဲ့လာမှာပါ။ ကျန်တာတွေကတော့ Standard အတိုင်းပါလာမှာဖြစ်ပြီး အင်ဂျင်ပိုင်းကလည်း Standard နဲ့ကွာခြားမှုမရှိပါဘူး။ Trim တစ်မျိုးချင်းစီမှာ အတွင်းပိုင်း trim စတိုင် ကွာခြားမှုတော့ နည်းနည်းစီရှိပါတယ်။

GranSport

လက်မ ၂၀ အလွိုင်းခွေနဲ့ GranSport ကလည်း အင်ဂျင်ပိုင်းကအစ Standard ၊ GrandLusso တို့နဲ့ သိပ်ကွာခြားမှုမရှိတာတွေ့ရပါတယ်။

S

S trim မှာက ၁၈ လက်မ အလွိုင်းခွေတပ်ဆင်ပေးထားပြီး ပါဝင်တဲ့ features တွေကတော့ Standard ၊ GranLusso ၊ GranSport တွေနဲ့ ကွာခြားမှုသိပ်မရှိလှပါဘူူး။ ဒါပေမယ့် အင်ဂျင်ပိုင်းကတော့ ပြောင်းသွားပါပြီ။ တစ်ခုတည်း ရွေးချယ်စရာမရှိပါ။ 3.0L ဓါတ်ဆီ 430hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်မယ့် V6 Auto အင်ဂျင်ပါ။ 0-60mph ကို ၅.၂ စက္ကန့်ထဲနဲ့ အရှိန်မြှင့်တင်နိုင်မှာဖြစ်ပြီး ဆီစားနှုန်းကတော့ 24mpg ရှိတယ်လို့ Maserati ကဆိုထားပါတယ်။

GranLusso S

၁၉ လက်မ အလွိုင်းခွေနဲ့ Gran Lusso S ကလည်း ပြောရမယ်ဆိုရင် GranLusso ကို S အင်ဂျင်တပ်ဆင်ပေးထားတာပါပဲ။ အတွင်းပိုင်း trim စတိုင်မှာတော့ ပြောင်းလဲမှုအနည်းငယ်ရှိပါတယ်။

GrandSport S

ထုံးစံအတိုင်းပါပဲ။ လက်မ ၂၀ အလွိုင်းခွေနဲ့ GranSport S ဟာ GrandSport ကို S အင်ဂျင်တပ်ဆင်ပေးထားတာပါ။ ထုံးစံအတိုင်းပါပဲ။ Trim စတိုင်အပြောင်းအလဲအနည်းငယ်တော့ရှိပါတယ်။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref : Maserati Levante Review by Mat Watson

Latest News

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အစြန္းဆုံးနဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »