LPG တပ်ဆင်မှု နည်းပညာ အရည်အသွေးမြင့်မားရန် အမေရိကန်မှ သင်တန်းလာရောက်ပို့ချမည်

မော်တော်ယာဉ်များ၌ LPG စနစ်တပ်ဆင်အသုံးပြုသည့် နည်းပညာအရည်အသွေး မြင့်မားရန်အမေရိကန်မှ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGe)နှင့်ပူးပေါင်း ၍ သင်တန်းလာရောက်ပို့ချမည် ဖြစ်ကြောင်း ‘Powertek Engineering Group’ မှ သတင်း ရရှိသည်။

                   ENGEN-Service-Station


အဆိုပါသင်တန်းကို မြန်မာ့ရေနံနှင့်ဓာတုဗေဒသင်တန်းကျောင်းတွင် ပို့ချမည်ဖြစ်ပြီး အမေရိကန်မှ LPG နည်းပညာကျွမ်းကျင် ပညာရှင်ဆရာမင်းဇော်မွန်နှင့် နိုင်ငံခြားသား ပညာရှင်များ လာရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ “သင်တန်းကို အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေ လာသင်ပေးမှာပါ၊ ထပ်ပြီးတော့လည်း သင်တန်း အပြင် MOGE နဲ့ပူးပေါင်းပြီး LPG အသုံးပြုရာမှာ လိုအပ်တဲ့ Rule & Regulation တွေ ရေးဆွဲဖို့ရှိတယ်၊ MOGE ဘက်ကလည်း ပြည်သူလူထု အကျိုးပြုတဲ့ လုပ်ငန်းဆိုတဲ့ အတွက် ကူညီထောက်ပံ့ပေးမယ်လို့ ပြောပါတယ်” ဟု Powertek Engineering Group မန်နေဂျင်း ဒါရိုက်တာဦးနေ၀င်းက ပြောသည်။ အမေရိကန်တွင် အသုံးပြုလျက် ရှိသည့် နိုင်ငံတကာအဆင့်မီ MOGE ဆက်စပ်ပစ္စည်းများကို Powertek Engineering Group မှ ပြည်တွင်းသို့ တင်သွင်းလျက်ရှိပြီး အဆိုပါကုမ္ပဏီနှင့် MOGE ပူးပေါင်း ဖွင့်လှစ်မည့် LPG အသုံးပြုမှု နည်းပညာသင်တန်းသို့ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ ခရီးသည် တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်အကူများအပြင် ဌာနဆိုင်ရာမှ စိတ်ဝင်စားသူ တိုင်း တက်ရောက်နိုင်ပြီး အချက်အလက်များကို မြန်မာ့ရေနံ နှင့် ဓာတုဗေဒ သင်တန်းကျောင်းတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


 

Ref  ; Automobile

Latest News

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »

လမ်း​​ဘေး​ပလပ်ဖောင်း ပြုပြင်ရေးနှင့်...

11111 1 150x150

Photo Credit လမ်း​ဘေးပလက်​​ဖောင်းများနဲ့ ကားမှတ်​တိုင်တည်​​ဆောက်​ခြင်းများကိုကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၁၀ဝဖြင့် ရန်ကုန်မြို့ ရေကြီးရေလျှံ...

Read more »

ဇူလိုင်​ ၁ ရက်​မှစ၍ ၁၉၉၅ မိုဒယ်ေ​အာက်...

1111 2 150x150

Photo Credit ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေသည့်​ ၁၉၉၅ မိုဒယ်ေ​အာက် ခရီးသည်​တင်​ယာဉ်​များကို CNG ထုတ်​​ပေးမှူကို ယဇူလိုင်​လ ၁ ရက်​တွင်​...

Read more »
Download Android App