Grade အနိမ့် HIACE Van ကဲ့သို့ ချောပို့ နောက်ခန်းအလုံပိတ် ကားများကို လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်ကောက်ခံမည်
Ref: Automobile
Unicode Version
Grade အနိမ့် HIACE ကဲ့သို့သော ချောပို့နောက်ခန်း အလုံပိတ်ကားများကို လုပ်ငန်းသုံးယာဉ်အတိုင်း ၁၃ ရာခိုင်နှုန်းဖြင့်အခွန်ကောက်ခံရန် စီစဉ်ထားကြောင်း 'စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိရသည်။
                       Toyota_Hiace_100_long_van_001
ထိုကားများသည် အခြားနိုင်ငံများ၌ DHL ချောပို့ကားများအဖြစ် အသုံးပြုနေပြီး မြန်မာနိုင်ငံသို့ တင်သွင်းပါက လုပ်ငန်းသုံးယာဉ်များ ကောက်ခံသည့် အခွန်နှုန်းအတိုင်းသာ ကောက်ခံမည် ဖြစ်သည်။ “Grade အနိမ့် HIACE Van နဲ့ Super Custom Commuter ကားလိုမျိုး နောက်ခန်းအလုံပိတ် ကားတွေကို လုပ်ငန်းသုံးယာဉ်အတိုင်း အခွန် ကောက်ခံဖို့ စီစဉ်ထားပါတယ်၊ ဒီကားတွေက အနောက်ခန်းမှာ မှန်မပါဘဲ အလုံပိတ်ဖြစ်သလို ဇိမ်ခံကားမဟုတ်တဲ့အတွက် လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါ တယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ချောပို့အနောက်ခန်း အလုံပိတ်ကားများသည် မြန်မာနိုင်ငံ၌ အသုံး ပြုမှု နည်းပါးပြီး HIACE Van ကားများသည် ၂ဝဝ၄ မိုဒယ် အထက်မှ စတင်ထုတ်လုပ်ခဲ့ပြီး အခွန် သက်သာလာသောကြောင့် စျေးကွက်ဝယ်လိုအား မြင့်တက်လာဖွယ် ရှိ နေသည်။ ထိုကားများသည် ကုန်စည် အပေါ့စားများ သယ်ယူခြင်းအတွက် အသုံးဝင်သောကြောင့် ကုမ္ပဏီများ ဝယ်ယူအသုံးပြုလာဖွယ်ရှိကြောင်း ကားအရောင်းစင်တာ တစ်ခုမှ ဒါရိုက်တာ တစ်ဦးက ပြောပြခဲ့သည်။
Ref: Automobile
Latest News
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »
အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...
23825675 2163404850378933 415467733 o 150x150
Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...
Read more »