fb-pageview-tracker
ကားေဘာနက္ ဟစိ နဲ႕ heat တက္တဲ့ အယူအဆ အမွားမ်ား


Zawgyi Version

အခု ရန္ကုန္က taxi တခ်ဳိ႕ car bonnet ကို lock က်ေအာင္ မပိတ္ဘဲ ဟစိေလးလုပ္ၿပီး ေမာင္းေနတာေတြ႕ရတယ္ဗ်။ အရင္က အဲ့ဒါမ်ဳိးေတြ႕ရနည္းၿပီး၊ အခုေနာက္ပိုင္း taxi ေတြေရာ အိမ္စီးကား တခ်ဳိ႕လည္း ေဘာနက္ကို ဟစိေလးဖြင့္ေမာင္းေနတာ ေတြ႕ရတယ္။ အဲဒါနဲ႔ ဘာလို႔ ဟစိေလးလုပ္ထားရတာလဲ ေမးၾကည့္ေတာ့ အျပင္မွာေနပူလို႔ အင္ဂ်င္ heat တက္ သက္သာေအာင္ဖြင့္ထားတာတဲ့။ အခုရက္ပုိင္း ရာသီဥတုကလည္း အရမ္းပူေတာ့ ဘယ္သူက စထြင္လုိက္တယ္မသိ၊ ေဘာနက္ ဟစိေလးဖြင့္ေမာင္းတာ ေတာ္ေတာ္ေလးေတြ႕လာရလုိ႕ ဒီအယူအဆနဲ႕ပတ္သတ္ျပီး ေဆြးေႏြးတင္ျပလုိပါတယ္။

ပထမဆံုး ေျပာခ်င္တာက အဲဒီအယူအဆ လံုးဝ(လံုးဝ) မွားပါတယ္။
ဘာလို႔မွားလဲ က်ေတာ္ နည္းပညာအယူအဆအရ ရွင္းျပပါမယ္။

Engine မွာ အေျခခံအားျဖင့္ အမ်ဳိးအစား ႏွစ္မ်ဳိးရွိပါတယ္။

(1) internal combustion engine (အတြင္းပူအင္ဂ်င္)

(2) external combustion engine  (အျပင္ပူအင္ဂ်င္)

ဆိုၿပီးေတာ့ ၂ မ်ဳိးပါ။

အခု က်ေနာ္တို႔ ပတ္ဝန္းက်င္မွာ ေတြ႕ေနရတဲ့ engine ေတြအကုန္လံုးနီးပါးဟာ internal combustion engine ျဖစ္တဲ့ အတြင္းပိုင္းမီးေလာင္ေပါက္ကြဲမႈနဲ႔ လည္ပတ္ရတဲ့အင္ဂ်င္ေတြပါ။ 
ဒီအင္ဂ်င္ေတြလည္ပတ္ႏိုင္ဖို႔ NOT (Normal Operating Temperature) ဆိုတဲ့ သတ္မွတ္ 
အပူခ်ိန္ တစ္ခုလိုပါတယ္။

ဒီေတာ့ တခ်ဳိ႕လူေတြထင္သလို အင္ဂ်င္ေအးလြန္းရင္ေကာင္းတယ္ဆိုတဲ့ အယူအဆဟာလံုးဝမွားပါတယ္။ 
အင္ဂ်င္ဟာ မေအးလြန္း မပူလြန္းဘဲ သတ္မွတ္အပူခ်ိန္ စင္တီဂရိတ္ၾကားမွာရွိေနမွ ဒီအင္ဂ်င္လည္ပတ္ႏိုင္သလို၊ အင္ဂ်င္သက္တမ္းလည္းၾကာရွည္ခံပါမယ္။

ေအးလြန္းရင္ အင္ဂ်င္ မလည္ပတ္ႏိုင္သလို (ေအးေသာရာသီမွာ ဆိုင္ကယ္၊ ကားအင္ဂ်င္ေတြ ႏႈိးရခက္တာ သတိရပါ)၊ ပူလြန္းရင္ အင္ဂ်င္ထဲက စလစ္ (sleeve) ဟာ ပြလာၿပီး စလစ္ ရဲ႕အခ်င္း diameter ေတြက်ဥ္းသြားပါမယ္။ စလစ္ထဲမွာ အတက္အဆင္းလုပ္ရတဲ့ piston (ပစ္စတင္) ေတြပြလာၿပီး အခ်င္း diameter က်ယ္လာပါမယ္။ အဲဒီမွာ piston နဲ႔ sleeve ဖမ္းၿပီး အင္ဂ်င္ပ်က္စီးပါမယ္။

ေနာက္ engine head နဲ႔ engine block ၾကားက gasket ပ်က္ပါမယ္။ ေနာက္ထပ္ engine head ခံုးတာ ေကာ့တာ လိမ္တာျဖစ္ႏိုင္ပါေသးတယ္။ ဒီလို မျဖစ္ရေအာင္ ကားအင္ဂ်င္ထုတ္လုပ္တဲ့ ကုမၸဏီေတြက Normal Operating Temperature တစ္ခုသတ္မွတ္ေပးၿပီး သတ္မွတ္အပူခ်ိန္ မေက်ာ္လြန္ေအာင္ အေအးေပးစနစ္ေတြ သံုးၿပီးထိန္းခ်ဳပ္ပါတယ္။

Normal Operating Temperature ကိုေတာ့ ကားကုမၸဏီေတြရဲ႕ engineering design အေပၚမူတည္ၿပီး ေယဘုယ်အားျဖင့္ 80˚Celsius ကေန 95˚Celsius အထိအပူခ်ိန္သတ္မွတ္ေပးထားပါတယ္။ (အင္ဂ်င္ဒီဇိုင္းေပၚမူတည္ၿပီး သတ္မွတ္အပူခ်ိန္ အတိအက်ကေတာ့ ကြဲျပားပါတယ္)။

အဲဒီလို NOT အပူအတြင္းရွိေအာင္ ဘာနဲ႔ ထိန္းခ်ဳပ္သလဲဆိုရင္ cooling system ဆိုတဲ့ အေအးေပးစနစ္နဲ႔ ထိန္းခ်ဳပ္ပါတယ္။ Cooling system မွာ

(1) Air cool

(2) Water cool ဆိုၿပီး အေျခခံ အေအးေပးစနစ္ႏွစ္မ်ဳိးရွိပါတယ္။

ယခုေခတ္ ကားေတြမွာ အသံုးျပဳေနတာက ေရတိုင္ကီလို႔ ေခၚတဲ့ radiator ေတြထဲကေရေတြကို impeller pump နဲ႔ circulation လုပ္ၿပီး အေအးခံတဲ့ water cool system ပါ။ ဒါေၾကာင့္ ေဘာနက္ ဟစိပဲလုပ္လုပ္/မလုပ္လုပ္၊ အျပင္ေနပူပူ/မပူပူ အင္ဂ်င္ပူတာ/မပူတာ ဘာမွ ကြာျခားမႈမရွိပါဘူး။ ဘာျဖစ္လုိ႕လဲဆုိရင္ အင္ဂ်င္ရဲ့ ေဘာနက္ ေရွ႕ဘန္ဘာမွာပါတဲ့ (ျမန္မာႏုိင္ငံ အေခၚအေဝၚ ေရွ႕ ရွဲမွာ) အင္ဂ်င္ရဲ့ ေရတုိင္ကီေတြကုိ အေအးေပးဖုိ႕အေပါက္ေတြပါျပီးသားမလို႕ပါ။ ဒီအေပါက္ေတြ ဘယ္ေလာက္ေဖာက္ရမယ္၊ ေလဘယ္ေလာက္ဝင္မယ္ ဆုိတာေတြဟာ ရမ္းသမ္းလုပ္ထားတာမဟုတ္ဘဲ၊ အကုန္ engineering design အရလုပ္ထားတာေၾကာင့္ပါ။ ဒါေၾကာင့္ အင္ဂ်င္ရဲ့ cooling system မွာရွိတဲ့ ပစၥည္းေတြအကုန္ေကာင္းၿပီး သူတို႔ရဲ႕ mechanism ေတြ တိက်မွန္ကန္စြာ အလုပ္လုပ္ေနသ၍ အင္ဂ်င္ဟာ မပူလြန္း မေအးလြန္းဘဲ Normal Operating Temperature အတြင္းမွာပဲရွိေနမွာပါ။

ေဘာနက္ဟစိလုပ္လို႔ ဒီ အပူခ်ိန္ က်မသြားသလို ၊ ေဘာနက္ပိတ္ထားလို႔လဲ ပိုမပူပါဘူး။

သတ္မွတ္အပူခ်ိန္ 80˚ to 85˚ ေလာက္ျဖစ္လာရင္ အင္ဂ်င္မွာရွိတဲ့ thermostat ဆိုတဲ့ ဘားကပြင့္မယ္။ ေရတိုင္ကီနဲ႔ အင္ဂ်င္ထဲက ေရေတြ လည္ပတ္မယ္။ 85˚ ကေန 90˚ ေက်ာ္လာရင္ radiator မွာရွိတဲ့ fan က ထလည္ၿပီး ေရတိုင္ကီကို အေအးခံမယ္။ ေရတိုင္ကီျပန္ေအးရင္ သာမိုစတတ္ျပန္ပိတ္မယ္။ ျပန္ပူလာမယ္။ အစရွိသျဖင့္ အေအးေပးစနစ္ သံသရာလည္ပါမယ္။

ေဘာနက္ဟစိလုပ္လို႔ ဘာမွမထူးျခားပါ။ ေနာက္ပိုင္းဘယ္ကားကုမၸဏီမွ အပူခ်ိန္ သက္သာေအာင္ ေဘာနက္ဖြင့္ေမာင္းရမယ္ဆိုၿပီး recommendation ေပးထားတာ မေတြ႕ဖူးပါ။ ဂ်ပန္ႏုိင္ငံက ကားဟာ ျမန္မာႏုိင္ငံေရာက္သြားရင္ ဒါမွ မဟုတ္ ဒီထက္ပူတဲ့ အေရွ႕အလည္ပုိင္းေဒသေတြေရာက္သြားရင္ အပူခ်ိန္သက္သာေအာင္ ကားေဘာနပ္ေတာ့့ "ဟ" ျပီးေမာင္းရမယ္လုိ႕ ဘယ္ ကားကုမၸဏီကမွ ဒီလုိ အၾကံျပဳတာ၊ တင္ျပထားတာမရွိပါဘူး။ ဒီေတာ့ ေဘာနက္ဖြင့္ေမာင္းလို႔ အပူသက္သာတယ္ဆိုတာ လံုးဝမွားပါတယ္။

ျမိဳ႕ထဲမွာ ေမာင္းေနရင္း ေဘာနက္ဟစိလုပ္တာ မသိသာေပမယ့္၊ အေဝးေျပးလမ္းမေပၚတက္လို႔ ေဘာနက္ lock က်ေအာင္မပိတ္ဘဲ ဟစိေလးဖြင့္ေမာင္းေနရင္ 100 Km/h ႏႈန္းေလာက္နဲ႔ ေမာင္းေနခ်ိန္ lock ျပဳတ္ၿပီး ေလတိုးအားအရွိန္နဲ႔ ေဘာနက္ထပြင့္ရင္ ေရွ႕ျမင္ကြင္းကြယ္ၿပီး အားလံုးဒုကၡေရာက္ႏိုင္ပါတယ္။

ေနာက္ထပ္ကားကို ေတာက္ေလွ်ာက္ေမာင္းလို႔ အင္ဂ်င္ပူေနခ်ိန္၊ အင္ဂ်င္ကိုေရေလာင္းတာလည္း နည္းစနစ္မွားပါတယ္။အင္ဂ်င္ေတြဟာ သတၱဳအင္ဂ်င္၊ သံအင္ဂ်င္ေတြပါ။ သတၱဳေတြ၊ သံေတြဟာ အရမ္းပူေနခ်ိန္ ခ်က္ျခင္း ႐ုတ္တ႐ုတ္ေအးတာ၊ အရမ္းေအးေနခ်ိန္ ႐ုတ္တရက္ပူတာမ်ဳိးျဖစ္ရင္ သတၱဳ အဆြဲအၾကံဳ႕သေဘာအရ crack ျဖစ္ၿပီး ကြဲတတ္ပါတယ္။

တခ်ိဳ႕မိတ္ေဆြေတြကလည္း ေျပာၾကပါေသးတယ္။ တခ်ိဳ႕ကားေတြမွာ ကားေဘာနပ္ေပၚက ႏွာေခါင္းေပါက္၊ ေလဝင္ေပါက္ေတြပါတယ္။ အဲဒါအင္ဂ်င္ပုိေအးေအာင္လုပ္ထားတာ။ ဒါေၾကာင့္ သူတုိ႕လည္းသူတုိ႕ကားေတြပုိေအးေအာင္ ေဘာနက္ "ဟ" တယ္ဆုိျပီး ေျပာၾကပါေသးတယ္။ အဲဒီလုိဟာကုိ
bonnet scoop လုိ႕ေခၚျပီး intercooler turbo ပါတဲ့ ကားေတြအတြက္ သီးသန္႕ဒီဇုိင္းလုပ္ထားတာပါ။ ဒီအတုိင္း ပံုမွန္ ကားေတြမွာ ဒီလုိေလအပုိဝင္စရာဘာမွမလုိပါဘူးခင္ဗ်ာ။

ဒါ့ထက္ သိလုိေသးရင္ အခုကားေတြမွာပါတဲ့ OBD2 ေပါက္မွာ ကြန္ပ်ဴတာစက္ထုိး live data (data stream) ၾကည့္ျပီး ကားေဘာနပ္ "ဟ" ေမာင္းတာနဲ႕ ဒီအတုိင္းပိတ္ေမာင္းတာရဲ့ အင္ဂ်င္အပူခ်ိန္ကြာျခားခ်က္ေတြကုိ မ်က္ျမင္ကုိယ္ေတြ႕ လုိက္ၾကည့္လုိ႕ရပါေသးတယ္။ Cooling system ရဲ့ အလုပ္လုပ္ရတဲ့ ေရတုိင္ကီ၊ fan motor အစရွိတဲ့ ပစၥည္းအစိတ္အပုိင္းေတြ အကုန္ေကာင္းေနတဲ့ ပံုမွန္ အင္ဂ်င္ရဲ႕ NOT ဟာ ေဘာနက္ "ဟ" ေမာင္းလုိ႕ ဘာမွထူးျခားေျပာင္းလဲမႈ မရွိတာကုိ ျမင္ေတြ႕ရမွာပါ။

ကား heat မတက္ခ်င္ရင္ ကား heat တက္တာနဲ႕ သက္ဆုိင္တဲ့ cooling system က အဓိက ပစၥည္းေတြကုိ ဂရုတစုိက္ ထိန္းသိမ္းျပဳျပင္ျပီး ကား heat တက္ျခင္းကေန ကာကြယ္ရမွာပါ။

ဒီေလာက္ဆို မိတ္ေဆြေတြရဲ့ မွားေနတဲ့ အယူအဆအမွားတခ်ဳိ႕ ေၾကပ်က္ေလာက္မယ္ထင္ပါတယ္။

ဒီလုိ ကားေဘာနက္ "ဟ" ေမာင္းတာဟာ နည္းပညာအရေရာ၊ ယာဥ္စည္းကမ္းလမ္းစည္းကမ္းအရေရာ၊ ႏုိင္ငံတကာ စံခ်ိန္စံညႊန္းေတြအရေရာ ဘယ္လုိမွ မကုိက္ညီတာမလို႕ မိတ္ေဆြတုိ႕အႏၱရာယ္ကင္း ေဘးရွင္းပါေစေၾကာင္း ေစတနာထားတင္ျပလုိက္ရပါတယ္ခင္ဗ်ာ။

စာေရးသူ : Lynn Za Nee (P.T.U)


Unicode Version

အခု ရန်ကုန်က taxi တချို့ car bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး မောင်းနေတာတွေ့ရတယ်ဗျ။ အရင်က အဲ့ဒါမျိုးတွေ့ရနည်းပြီး၊ အခုနောက်ပိုင်း taxi တွေရော အိမ်စီးကား တချို့လည်း ဘောနက်ကို ဟစိလေးဖွင့်မောင်းနေတာ တွေ့ရတယ်။ အဲဒါနဲ့ ဘာလို့ ဟစိလေးလုပ်ထားရတာလဲ မေးကြည့်တော့ အပြင်မှာနေပူလို့ အင်ဂျင် heat တက် သက်သာအောင်ဖွင့်ထားတာတဲ့။ အခုရက်ပိုင်း ရာသီဥတုကလည်း အရမ်းပူတော့ ဘယ်သူက စထွင်လိုက်တယ်မသိ၊ ဘောနက် ဟစိလေးဖွင့်မောင်းတာ တော်တော်လေးတွေ့လာရလို့ ဒီအယူအဆနဲ့ပတ်သတ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။

ပထမဆုံး ပြောချင်တာက အဲဒီအယူအဆ လုံးဝ(လုံးဝ) မှားပါတယ်။
ဘာလို့မှားလဲ ကျတော် နည်းပညာအယူအဆအရ ရှင်းပြပါမယ်။

Engine မှာ အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးရှိပါတယ်။

(1) internal combustion engine (အတွင်းပူအင်ဂျင်)

(2) external combustion engine  (အပြင်ပူအင်ဂျင်)

ဆိုပြီးတော့ ၂ မျိုးပါ။

အခု ကျနော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ engine တွေအကုန်လုံးနီးပါးဟာ internal combustion engine ဖြစ်တဲ့ အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုနဲ့ လည်ပတ်ရတဲ့အင်ဂျင်တွေပါ။ 
ဒီအင်ဂျင်တွေလည်ပတ်နိုင်ဖို့ NOT (Normal Operating Temperature) ဆိုတဲ့ သတ်မှတ် 
အပူချိန် တစ်ခုလိုပါတယ်။

ဒီတော့ တချို့လူတွေထင်သလို အင်ဂျင်အေးလွန်းရင်ကောင်းတယ်ဆိုတဲ့ အယူအဆဟာလုံးဝမှားပါတယ်။ 
အင်ဂျင်ဟာ မအေးလွန်း မပူလွန်းဘဲ သတ်မှတ်အပူချိန် စင်တီဂရိတ်ကြားမှာရှိနေမှ ဒီအင်ဂျင်လည်ပတ်နိုင်သလို၊ အင်ဂျင်သက်တမ်းလည်းကြာရှည်ခံပါမယ်။

အေးလွန်းရင် အင်ဂျင် မလည်ပတ်နိုင်သလို (အေးသောရာသီမှာ ဆိုင်ကယ်၊ ကားအင်ဂျင်တွေ နှိုးရခက်တာ သတိရပါ)၊ ပူလွန်းရင် အင်ဂျင်ထဲက စလစ် (sleeve) ဟာ ပွလာပြီး စလစ် ရဲ့အချင်း diameter တွေကျဉ်းသွားပါမယ်။ စလစ်ထဲမှာ အတက်အဆင်းလုပ်ရတဲ့ piston (ပစ်စတင်) တွေပွလာပြီး အချင်း diameter ကျယ်လာပါမယ်။ အဲဒီမှာ piston နဲ့ sleeve ဖမ်းပြီး အင်ဂျင်ပျက်စီးပါမယ်။

နောက် engine head နဲ့ engine block ကြားက gasket ပျက်ပါမယ်။ နောက်ထပ် engine head ခုံးတာ ကော့တာ လိမ်တာဖြစ်နိုင်ပါသေးတယ်။ ဒီလို မဖြစ်ရအောင် ကားအင်ဂျင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက Normal Operating Temperature တစ်ခုသတ်မှတ်ပေးပြီး သတ်မှတ်အပူချိန် မကျော်လွန်အောင် အအေးပေးစနစ်တွေ သုံးပြီးထိန်းချုပ်ပါတယ်။

Normal Operating Temperature ကိုတော့ ကားကုမ္ပဏီတွေရဲ့ engineering design အပေါ်မူတည်ပြီး ယေဘုယျအားဖြင့် 80˚Celsius ကနေ 95˚Celsius အထိအပူချိန်သတ်မှတ်ပေးထားပါတယ်။ (အင်ဂျင်ဒီဇိုင်းပေါ်မူတည်ပြီး သတ်မှတ်အပူချိန် အတိအကျကတော့ ကွဲပြားပါတယ်)။

အဲဒီလို NOT အပူအတွင်းရှိအောင် ဘာနဲ့ ထိန်းချုပ်သလဲဆိုရင် cooling system ဆိုတဲ့ အအေးပေးစနစ်နဲ့ ထိန်းချုပ်ပါတယ်။ Cooling system မှာ

(1) Air cool

(2) Water cool ဆိုပြီး အခြေခံ အအေးပေးစနစ်နှစ်မျိုးရှိပါတယ်။

 

ယခုခေတ် ကားတွေမှာ အသုံးပြုနေတာက ရေတိုင်ကီလို့ ခေါ်တဲ့ radiator တွေထဲကရေတွေကို impeller pump နဲ့ circulation လုပ်ပြီး အအေးခံတဲ့ water cool system ပါ။ ဒါကြောင့် ဘောနက် ဟစိပဲလုပ်လုပ်/မလုပ်လုပ်၊ အပြင်နေပူပူ/မပူပူ အင်ဂျင်ပူတာ/မပူတာ ဘာမှ ကွာခြားမှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အင်ဂျင်ရဲ့ ဘောနက် ရှေ့ဘန်ဘာမှာပါတဲ့ (မြန်မာနိုင်ငံ အခေါ်အဝေါ် ရှေ့ ရှဲမှာ) အင်ဂျင်ရဲ့ ရေတိုင်ကီတွေကို အအေးပေးဖို့အပေါက်တွေပါပြီးသားမလို့ပါ။ ဒီအပေါက်တွေ ဘယ်လောက်ဖောက်ရမယ်၊ လေဘယ်လောက်ဝင်မယ် ဆိုတာတွေဟာ ရမ်းသမ်းလုပ်ထားတာမဟုတ်ဘဲ၊ အကုန် engineering design အရလုပ်ထားတာကြောင့်ပါ။ ဒါကြောင့် အင်ဂျင်ရဲ့ cooling system မှာရှိတဲ့ ပစ္စည်းတွေအကုန်ကောင်းပြီး သူတို့ရဲ့ mechanism တွေ တိကျမှန်ကန်စွာ အလုပ်လုပ်နေသ၍ အင်ဂျင်ဟာ မပူလွန်း မအေးလွန်းဘဲ Normal Operating Temperature အတွင်းမှာပဲရှိနေမှာပါ။

ဘောနက်ဟစိလုပ်လို့ ဒီ အပူချိန် ကျမသွားသလို ၊ ဘောနက်ပိတ်ထားလို့လဲ ပိုမပူပါဘူး။

သတ်မှတ်အပူချိန် 80˚ to 85˚ လောက်ဖြစ်လာရင် အင်ဂျင်မှာရှိတဲ့ thermostat ဆိုတဲ့ ဘားကပွင့်မယ်။ ရေတိုင်ကီနဲ့ အင်ဂျင်ထဲက ရေတွေ လည်ပတ်မယ်။ 85˚ ကနေ 90˚ ကျော်လာရင် radiator မှာရှိတဲ့ fan က ထလည်ပြီး ရေတိုင်ကီကို အအေးခံမယ်။ ရေတိုင်ကီပြန်အေးရင် သာမိုစတတ်ပြန်ပိတ်မယ်။ ပြန်ပူလာမယ်။ အစရှိသဖြင့် အအေးပေးစနစ် သံသရာလည်ပါမယ်။

ဘောနက်ဟစိလုပ်လို့ ဘာမှမထူးခြားပါ။ နောက်ပိုင်းဘယ်ကားကုမ္ပဏီမှ အပူချိန် သက်သာအောင် ဘောနက်ဖွင့်မောင်းရမယ်ဆိုပြီး recommendation ပေးထားတာ မတွေ့ဖူးပါ။ ဂျပန်နိုင်ငံက ကားဟာ မြန်မာနိုင်ငံရောက်သွားရင် ဒါမှ မဟုတ် ဒီထက်ပူတဲ့ အရှေ့အလည်ပိုင်းဒေသတွေရောက်သွားရင် အပူချိန်သက်သာအောင် ကားဘောနပ်တော့ "ဟ" ပြီးမောင်းရမယ်လို့ ဘယ် ကားကုမ္ပဏီကမှ ဒီလို အကြံပြုတာ၊ တင်ပြထားတာမရှိပါဘူး။ ဒီတော့ ဘောနက်ဖွင့်မောင်းလို့ အပူသက်သာတယ်ဆိုတာ လုံးဝမှားပါတယ်။

မြို့ထဲမှာ မောင်းနေရင်း ဘောနက်ဟစိလုပ်တာ မသိသာပေမယ့်၊ အဝေးပြေးလမ်းမပေါ်တက်လို့ ဘောနက် lock ကျအောင်မပိတ်ဘဲ ဟစိလေးဖွင့်မောင်းနေရင် 100 Km/h နှုန်းလောက်နဲ့ မောင်းနေချိန် lock ပြုတ်ပြီး လေတိုးအားအရှိန်နဲ့ ဘောနက်ထပွင့်ရင် ရှေ့မြင်ကွင်းကွယ်ပြီး အားလုံးဒုက္ခရောက်နိုင်ပါတယ်။

နောက်ထပ်ကားကို တောက်လျှောက်မောင်းလို့ အင်ဂျင်ပူနေချိန်၊ အင်ဂျင်ကိုရေလောင်းတာလည်း နည်းစနစ်မှားပါတယ်။အင်ဂျင်တွေဟာ သတ္တုအင်ဂျင်၊ သံအင်ဂျင်တွေပါ။ သတ္တုတွေ၊ သံတွေဟာ အရမ်းပူနေချိန် ချက်ခြင်း ရုတ်တရုတ်အေးတာ၊ အရမ်းအေးနေချိန် ရုတ်တရက်ပူတာမျိုးဖြစ်ရင် သတ္တု အဆွဲအကြုံ့သဘောအရ crack ဖြစ်ပြီး ကွဲတတ်ပါတယ်။

တချို့မိတ်ဆွေတွေကလည်း ပြောကြပါသေးတယ်။ တချို့ကားတွေမှာ ကားဘောနပ်ပေါ်က နှာခေါင်းပေါက်၊ လေဝင်ပေါက်တွေပါတယ်။ အဲဒါအင်ဂျင်ပိုအေးအောင်လုပ်ထားတာ။ ဒါကြောင့် သူတို့လည်းသူတို့ကားတွေပိုအေးအောင် ဘောနက် "ဟ" တယ်ဆိုပြီး ပြောကြပါသေးတယ်။ အဲဒီလိုဟာကို
bonnet scoop လို့ခေါ်ပြီး intercooler turbo ပါတဲ့ ကားတွေအတွက် သီးသန့်ဒီဇိုင်းလုပ်ထားတာပါ။ ဒီအတိုင်း ပုံမှန် ကားတွေမှာ ဒီလိုလေအပိုဝင်စရာဘာမှမလိုပါဘူးခင်ဗျာ။

ဒါ့ထက် သိလိုသေးရင် အခုကားတွေမှာပါတဲ့ OBD2 ပေါက်မှာ ကွန်ပျူတာစက်ထိုး live data (data stream) ကြည့်ပြီး ကားဘောနပ် "ဟ" မောင်းတာနဲ့ ဒီအတိုင်းပိတ်မောင်းတာရဲ့ အင်ဂျင်အပူချိန်ကွာခြားချက်တွေကို မျက်မြင်ကိုယ်တွေ့ လိုက်ကြည့်လို့ရပါသေးတယ်။ Cooling system ရဲ့ အလုပ်လုပ်ရတဲ့ ရေတိုင်ကီ၊ fan motor အစရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ အကုန်ကောင်းနေတဲ့ ပုံမှန် အင်ဂျင်ရဲ့ NOT ဟာ ဘောနက် "ဟ" မောင်းလို့ ဘာမှထူးခြားပြောင်းလဲမှု မရှိတာကို မြင်တွေ့ရမှာပါ။

ကား heat မတက်ချင်ရင် ကား heat တက်တာနဲ့ သက်ဆိုင်တဲ့ cooling system က အဓိက ပစ္စည်းတွေကို ဂရုတစိုက် ထိန်းသိမ်းပြုပြင်ပြီး ကား heat တက်ခြင်းကနေ ကာကွယ်ရမှာပါ။

ဒီလောက်ဆို မိတ်ဆွေတွေရဲ့ မှားနေတဲ့ အယူအဆအမှားတချို့ ကြေပျက်လောက်မယ်ထင်ပါတယ်။

ဒီလို ကားဘောနက် "ဟ" မောင်းတာဟာ နည်းပညာအရရော၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရရော၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေအရရော ဘယ်လိုမှ မကိုက်ညီတာမလို့ မိတ်ဆွေတို့အန္တရာယ်ကင်း ဘေးရှင်းပါစေကြောင်း စေတနာထားတင်ပြလိုက်ရပါတယ်ခင်ဗျာ။

စာရေးသူ : Lynn Za Nee (P.T.U)

Latest News

ရန္ကုန္လိုင္စင္ကို စနစ္တစ္ခုျဖင့္ ယခုနွစ္အတြင္း...

Zawgyi Version လိုင္စင္ကို Yangon Vehicle Quota Certificate (YVQC) စနစ္ျဖင့္ တန္ဖိုးသတ္မွတ္၍ ယခုနွစ္အတြင္း ခြင့္ျပဳခ်ထားေပးရန္...

Read more »

Lexus RX 2019 Review (International)

Zawgyi Version တည္ေဆာက္ပုံေကာင္းမြန္ျပီး ေမာင္းႏွင္ရတာ ဇိမ္က်တဲ့ Lexus RX 2019 ကေတာ့ hybrid အင္ဂ်င္နဲ႕ပဲ အေကာင္းဆုံးဝယ္ယူရရွိႏိုင္ပါတယ္။...

Read more »

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »