မြို့တွင်းခရီးသွားဝန်ဆောင်မှု Taxi Company ထူထောင်ရန် စွန့်ဦးသူများအဖွဲ့မှ နိုင်ငံတော်အစိုးရထံသို့ တင်ပြထား









Unicode Version

ခရီးသည်၏ အိမ်ရှေ့(သို့) အိမ်နီးဝင်းကျင်အရောက် ဈေးနှုန်းသက်သာပြီး ၉ဝ% အသက်အန္တရာယ်  ကင်းစွာဖြင့် ကြို/ပို့ ပေးမည့် မြို့တွင်းခရီးသွားဝန်ဆောင်မှု Taxi Company ထူထောင်ရန် နိုင်ငံတော်အစိုးရထံ သို့တင်ပြထားကြောင်း စွန့်ဦးသူများအဖွဲ့၏ ကိုယ်စားဦးဆောင်သူတစ်ဦးဖြစ်သူ ‘မေမေ ဖေဖေ မိသားစု ပြည်သူ့ အကျိုးပြုဝန်ဆောင်မှုကုမ္ပဏီလိမိတက်’ မှ ဦးဝင်းဆွေဦးက သြဂုတ်လ ၃ဝ ရက်နေ့တွင် ရှင်းလင်းပွဲပြုလုပ်၍  ပြောကြားခဲ့သည်။

ခရီးသည်အား Taxi ရှာဖွေမှုမဟုတ်ဘဲ ခရီးသည်မှ Taxi အား ဖုန်းဆက်၍ခေါ်ယူနိုင်သော ဝန်ဆောင်မှု မျိုးဖြင့် Taxi Company ထူထောင်ရန်ဖြစ်ကြောင်း သိရသည်။မြို့တွင်းသွားလာမှုများတွင် ယာဉ်ကြောကျပ် တည်းမှု များလာခြင်းကြောင့် လမ်းပေါ်တွင် Texi ယာဉ်များသွားလာခြင်းပြုမည်မဟုတ်ဘဲ ခရီးသည်၏လိုအပ် ချက်ရှိမှသာ သွားရောက်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

Texi အစီးရေ ၇ဝဝ ဖြင့် ပြေးဆွဲရန်ရာထားပြီး ရင်းနှီးမြှုပ်နှံရန်အတွက် ကျပ်ငွေသိန်း ၃ဝဝဝ လျာထား ကာ မိသားစုဝင်ငွေ လစဉ်ကျပ်နှစ်သိန်းအထက်ရရှိစေမည့် ရေရှည်တည်မြဲသော အလုပ်အကိုင်အခွင့်အလမ်း များပါ တစ်ပါတည်းရရှိစေမည်ဖြစ်ကြောင်း ဦးဝင်းဆွေဦးက ရှင်းလင်းပြောကြားခဲ့သည်။

Business Master Plan များကိုအကောင်အထည်ဖော်ရန် နိုင်ငံတော်မှ ပံ့ပိုပေးရန်အတွက် သြဂုတ်လ ၁၈ ရက်နှင့် ၂၁ ရက်နေ့များတွင် ဝန်ကြီးများသို့တင်ပြခဲ့သော်လည်း အကြောင်းမပြန်သေးသဖြင့် ရှင်းလင်းပွဲပြု လုပ်၍ ပြောကြားရခြင်းဖြစ်ကြောင်းသိရသည်။

ကောင်းမွန်သောနည်းဗျူဟာဖြစ်သောကြောင့်မူပိုင်ခွင့်ရယူနိုင်ရန် မျှော်လင့်ထားပြီး ယာဉ်ဟောင်းပိုင်ရှင် များမှ ယာဉ်သစ်လဲလှယ်ကာ မောင်းနှင်နိုင်စေရန်အတွက် ရည်ရွယ်ထားကြောင်းသိရသည်။ခွင့်ပြုချက်ရရှိပါက  ၇ လတွင်းအကောင်အထည်ဖေါ်နိုင်မည်ဖြစ်ကာဒေတာအချက်အလက်များရယူစုဆောင်းထားပြီးအဓိကအချက် အားဖြင့် မြို့တွင်းခရီးသွားဝန်ဆောင်မှု Texi Company ထူထောင်ရာတွင် လမ်းပေါ်တွင် Texi ယာဉ်များမရှိဘဲ နေရာဒေသအလိုက် Texi ယာဉ်များရပ်နားထားကာ ခရီးသည်မှဖုန်းဆက်ခေါ်ယူလျင် မိနစ် ၃ဝ မှ ၄၅ မိနစ်အ တွင်း ရောက်ရှိဝင်ဆောင်မှုပေးနိုင်သော Master Plan ဖြစ်ကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »