SUV ေစ်းကြက္ကို၀င္လာတဲ့ Lamborghini

Luxury Car ေတြ စိတ္၀င္စားတဲ့ ၀ါသနာရွင္ေတြကေတာ့ ဒီသတင္းကို ၾကိဳက္ၾကမွာပါ။

ကမၻာ့ေစ်းအၾကီးဆံုး ျပိဳင္ကားေတြသာ ထုတ္ေလ့ရွိတဲ့ Lamborghini က SUV ေတြထုတ္လုပ္ပါေတာ့မယ္ဆိုၿပီး မေန႕က Beijing မွာ က်င္းပတဲ့ Auto Show မွာ ျပသသြားပါတယ္။ အင္ဂ်င္ပါ၀ါ 600 HP ရွိတဲ့အဆိုပါ SUV ေတြဟာ Lamborghini ရဲ႕ စံအတိုင္းအင္မတန္ျမန္တဲ့ SUV ေတြျဖစ္လာမွာပါ။ Concept name ကေတာ့ Urus လို႕ေခၚၿပီး စပိန္ႏိုင္ငံရဲ႕ ေရွးက်တဲ့ ကြ်ဲရိုင္းသတ္ပြဲေတြထဲက အမည္နာမတစ္ခုကို ယူသံုးထားတာပါ။

ဒီႏွစ္ဟာ Luxury Brands ေတြ SUV စၿပီးထုတ္တဲ့ ထူးျခားတဲ့ႏွစ္တစ္ခုျဖစ္ပါတယ္။ Ferrari က ႏွစ္စမွာ Four-seater FF ကို စတင္ထုတ္လုပ္ခဲ့တယ္။ ေနာက္ Tesla ကလည္း Electric SUV တစ္စီးထုတ္ဖို႕ ေၾကျငာခဲ့ၿပီး Bentley ကလည္း ဒီလအေစာပိုင္းမွာ ေနာက္ဆံုး လုပ္သြားတဲ့ New York Auto Show မွာ သူ႕ရဲ႕ Bentley SUV ကိုျပသခဲ့ပါတယ္။ SUV ေတြဟာ လြတ္လပ္ၿပီး စိတ္လႈပ္ရွားစရာေကာင္းမႈ ကို သရုပ္ေဖာ္တယ္လို႕ Stephan Winkelmann, the president of Automobili Lamborghini က ေျဖၾကားပါတယ္။ Urus ရဲ႕ ကနဦး အဓိက ေစ်းကြက္ေတြကေတာ့ အေမရိကန္၊ ျဗိတိန္၊ ဂ်ာမနီ၊ ရုရွား၊ အေရွ႕အလယ္ပိုင္းနဲ႕ အထူးသျဖင့္ တရုတ္တို႕ပဲျဖစ္ပါတယ္။ တရုတ္ၿပည္မွာ ဇိမ္ခံ SUV ကားေတြ အရမ္းအ၀ယ္လိုက္ေနတဲ့ အခ်ိန္ျဖစ္လို႕ Lamborghini က အခ်ိန္ေကာင္းကို အမွီလိုက္တာပါ။

urus-suv-2-500x311


Lamborghini ရဲ႕ ပင္မကုမၸဏီျဖစ္တဲ့ Volkswagen အေနနဲ႕ အေသးစိတ္အခ်က္အလက္ေတြကို မထုတ္ျပန္ရေသးေသာ္လည္း luxury SUV ေတြၾကားမွာ CO2 emission အနည္းဆံုးျဖစ္ေအာင္ လုပ္မယ္ဆိုၿပီး အဓိကရည္ရြယ္ခ်က္ထားပါတယ္ဟု Chief Designer, Filippo Perini ကေျပာပါတယ္။ Body design က ျမွားပံုလို ခပ္ခြ်န္ခြ်န္ျဖစ္ၿပီး၊ Y-Shaped မီးၾကီးေတြနဲ႕ တပ္ဆင္ထားပါတယ္။ ၿပိဳင္ကားနဲ႕ အလြန္တူတယ္ေျပာရပါမယ္။ LED ႏွင္းခြဲမီးေတြပါ၀င္ၿပီး ဧရာမ ၂၄-လက္မ ဘီးၾကီးေတြလဲပါ၀င္ပါမယ္။

urus-suv-500x280


New York မွာ ျပသခဲ့တဲ့ ပဏာမ ကားပံုစံငယ္ျပပြဲမွာ လာၾကည့္သူ ပညာရွင္ေတြရဲ႕ Review ေတြကေတာ့ အေတာ္ေကာင္းပါတယ္။ Production မွာသာ ဒီအတိုင္းထုတ္ႏိုင္မယ္ဆိုရင္ Lamborghini ရဲ႕ အျမန္ဆံုးေရာင္းထြက္မဲ့ ကားေတြထဲက တစ္စီးျဖစ္လာမွာပါ။ ပထမအသုတ္မွာ အစီး ၃၀၀၀ ေထာင္ စတင္ေရာင္းခ်မယ္လို႕လဲၾကားသိရပါတယ္။ (စိတ္၀င္စားစရာ တစ္ခ်က္အေနနဲ႕ ၁၉၈၀ ၀န္းက်င္က Lamborghini က LM002 ဆိုၿပီး SUV တစ္မ်ိဳးထုတ္ပါေသးတယ္၊ သို႕ေသာ္ အစီး ၃၀၀ သာေရာင္းရၿပီး ၁၉၉၂ မွာ ထုတ္လုပ္မႈကို ရပ္တန္႕လိုက္ပါတယ္။)

Urus ကားကိုေစ်းေတာ့မသတ္မွတ္ရေသးပါဘူး။ သို႕ေသာ္ ေဒၚလာေငြ ၄သိန္းေအာက္မနည္းဘူး ဆိုတာ ေတာ့ MyanmarCarsDB က ယံုၾကည္ပါတယ္။ ထံုးစံအတိုင္း လူနည္းစုသာ စီးႏိုင္မွာကေတာ့ မလြဲေရွာင္သာေပဘူးေပါ့။

 

Reference: Forbes



Unicode Version

Luxury Car တွေ စိတ်ဝင်စားတဲ့ ဝါသနာရှင်တွေကတော့ ဒီသတင်းကို ကြိုက်ကြမှာပါ။

ကမ္ဘာ့စျေးအကြီးဆုံး ပြိုင်ကားတွေသာ ထုတ်လေ့ရှိတဲ့ Lamborghini က SUV တွေထုတ်လုပ်ပါတော့မယ်ဆိုပြီး မနေ့က Beijing မှာ ကျင်းပတဲ့ Auto Show မှာ ပြသသွားပါတယ်။ အင်ဂျင်ပါဝါ 600 HP ရှိတဲ့အဆိုပါ SUV တွေဟာ Lamborghini ရဲ့ စံအတိုင်းအင်မတန်မြန်တဲ့ SUV တွေဖြစ်လာမှာပါ။ Concept name ကတော့ Urus လို့ခေါ်ပြီး စပိန်နိုင်ငံရဲ့ ရှေးကျတဲ့ ကျွဲရိုင်းသတ်ပွဲတွေထဲက အမည်နာမတစ်ခုကို ယူသုံးထားတာပါ။

ဒီနှစ်ဟာ Luxury Brands တွေ SUV စပြီးထုတ်တဲ့ ထူးခြားတဲ့နှစ်တစ်ခုဖြစ်ပါတယ်။ Ferrari က နှစ်စမှာ Four-seater FF ကို စတင်ထုတ်လုပ်ခဲ့တယ်။ နောက် Tesla ကလည်း Electric SUV တစ်စီးထုတ်ဖို့ ကြေငြာခဲ့ပြီး Bentley ကလည်း ဒီလအစောပိုင်းမှာ နောက်ဆုံး လုပ်သွားတဲ့ New York Auto Show မှာ သူ့ရဲ့ Bentley SUV ကိုပြသခဲ့ပါတယ်။ SUV တွေဟာ လွတ်လပ်ပြီး စိတ်လှုပ်ရှားစရာကောင်းမှု ကို သရုပ်ဖော်တယ်လို့ Stephan Winkelmann, the president of Automobili Lamborghini က ဖြေကြားပါတယ်။ Urus ရဲ့ ကနဦး အဓိက စျေးကွက်တွေကတော့ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနဲ့ အထူးသဖြင့် တရုတ်တို့ပဲဖြစ်ပါတယ်။ တရုတ်ပြည်မှာ ဇိမ်ခံ SUV ကားတွေ အရမ်းအဝယ်လိုက်နေတဲ့ အချိန်ဖြစ်လို့ Lamborghini က အချိန်ကောင်းကို အမှီလိုက်တာပါ။

urus-suv-2-500x311


Lamborghini ရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ Volkswagen အနေနဲ့ အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်ရသေးသော်လည်း luxury SUV တွေကြားမှာ CO2 emission အနည်းဆုံးဖြစ်အောင် လုပ်မယ်ဆိုပြီး အဓိကရည်ရွယ်ချက်ထားပါတယ်ဟု Chief Designer, Filippo Perini ကပြောပါတယ်။ Body design က မြှားပုံလို ခပ်ချွန်ချွန်ဖြစ်ပြီး၊ Y-Shaped မီးကြီးတွေနဲ့ တပ်ဆင်ထားပါတယ်။ ပြိုင်ကားနဲ့ အလွန်တူတယ်ပြောရပါမယ်။ LED နှင်းခွဲမီးတွေပါဝင်ပြီး ဧရာမ ၂၄-လက်မ ဘီးကြီးတွေလဲပါဝင်ပါမယ်။

urus-suv-500x280


New York မှာ ပြသခဲ့တဲ့ ပဏာမ ကားပုံစံငယ်ပြပွဲမှာ လာကြည့်သူ ပညာရှင်တွေရဲ့ Review တွေကတော့ အတော်ကောင်းပါတယ်။ Production မှာသာ ဒီအတိုင်းထုတ်နိုင်မယ်ဆိုရင် Lamborghini ရဲ့ အမြန်ဆုံးရောင်းထွက်မဲ့ ကားတွေထဲက တစ်စီးဖြစ်လာမှာပါ။ ပထမအသုတ်မှာ အစီး ၃ဝဝဝ ထောင် စတင်ရောင်းချမယ်လို့လဲကြားသိရပါတယ်။ (စိတ်ဝင်စားစရာ တစ်ချက်အနေနဲ့ ၁၉၈ဝ ဝန်းကျင်က Lamborghini က LM002 ဆိုပြီး SUV တစ်မျိုးထုတ်ပါသေးတယ်၊ သို့သော် အစီး ၃ဝဝ သာရောင်းရပြီး ၁၉၉၂ မှာ ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။)

Urus ကားကိုစျေးတော့မသတ်မှတ်ရသေးပါဘူး။ သို့သော် ဒေါ်လာငွေ ၄သိန်းအောက်မနည်းဘူး ဆိုတာ တော့ MyanmarCarsDB က ယုံကြည်ပါတယ်။ ထုံးစံအတိုင်း လူနည်းစုသာ စီးနိုင်မှာကတော့ မလွဲရှောင်သာပေဘူးပေါ့။

 

Reference: Forbes

Latest News

၂၀၁၈ တြင္ YBS ေငြေပးေခ်မႈစနစ္ကိုု...

Untitled 2 150x150

Zawgyi Version YBS ေငြေပးေခ်မႈ စနစ္ကို ၂၀၁၈ ခုႏွစ္တြင္ ဘဏ္မ်ားျဖင့္ ခ်ိတ္ဆက္ထားေသာ ကဒ္စနစ္ျဖင့္ ေပးေခ်ဖို႔ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း...

Read more »

၂၀၁၈ တြင္ ၂၅ ​ေပ ႏွင့္အထက္...

Image uploaded from ios 1 150x150

Zawgyi Version ၂၀၁၈ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ စည္​ပင္​သာယာနယ္​နမိတ္​အတြင္​း တည္​​ေဆာက္​ရန္​ တင္​ျပထား​ေသာ အထပ္ျမင့္ အေဆာက္အအံုမ်ားကိုု...

Read more »

YBS စနစ္ တစ္​ႏွစ္​အတြင္​း ၇၀ ရာခိုင္​ႏႈန္​းအထိ...

Img 3144 2 150x150

Zawgyi Version ရန္ကုန္ သယ္​ယူပို႔​ေဆာင္​​ေရး YBS စနစ္​ အေကာင္အထည္ေဖာ္သည့္ တစ္​ႏွစ္​တာကာလအတြင္​း ၇၀ ရာခိုင္​ႏႈန္​း ​ေအာင္​ျမင္​ခဲ့ၿပီး...

Read more »

ဝါးတန္​းမီးရထားဘူတာတြင္ ကြန္​တိန္​နာယာဥ္​...

Container burn 150x150

Zawgyi Version ဆိပ္​ကမ္​းၿမိဳ႕နယ္​၊​ ေမာ္​တင္​ရပ္​ကြက္​ ဝါးတန္​းမီးရထားကုန္​႐ုံဘူတာတြင္ ဇန္​နဝါရီလ ၁၆ ၊ နံနက္​ ၁၀ နာရီ ၄၅ မိနစ္​တြင္​​...

Read more »

ျပစ္​မႈျဖစ္​ပြား​ေသာကားမ်ားႏွင့္...

Untitled 1 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​ေဒသႀကီးတြင္​ ျပစ္​မႈက်ဴးလြန္​ထား​ေသာကားမ်ားႏွင့္ တရားမဝင္​ လိုင္​စင္​မဲ့ without ကားမ်ား ကို control...

Read more »