ကညနမှ 7G အက္ခရာများကို မတ် ၂၅ ရက်တွင် စတင်ထုတ်ပေးပြီး အပူးနံပါတ် သုံးခုရောင်းချပြီးဖြစ်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မတ် ၂၄ ရက် တွင် 6G အက္ခရာများ ကုန်ဆုံးသွားပြီးနောက် 7G အက္ခရာများကို မတ် ၂၅ ရက်တွင် စတင်ထုတ်ပေး ခဲ့ရာ 7G အပူးနံပါတ် သုံးခုအထိရောင်းချပြီးဖြစ်ကြောင်း ‘မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန’ မှ သိရသည်။

Untitled

ကညနမှ ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန် စိတ်ကြိုက်နံပါတ်များ ရွေးချယ်ဝယ်ယူခွင့်ပြုထားရာ အပူးအက္ခရာများမှာ လူကြိုက်အများဆုံးဖြစ်ပြီး ရွေးချယ်ဝယ်ယူသူများ ပြားလျက် ရှိသည်။ လက်ရှိအချိန်တွင် ရောက်ရှိအက္ခရာ 7G အပူးနံပါတ်များထဲမှ အပူးနံပါတ် သုံးခုအထိ ရောင်းချပြီးဖြစ်ကာ နောင်လာမည့် 9G အက္ခရာ အပူး နံပါတ် လေးခုမှာလည်း ရောင်းချ ပြီးဖြစ်ကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်စိတ်ကြိုက် 7G အက္ခရာ အပူး နံပါတ်ဝယ်ယူမှုတွင် 7G/3333 ကို ကျပ် ၂၄ သိန်း၊ 7G/6666 ကို ကျပ် ၃၆ သိန်း၊ 7G/8888 ကို ကျပ် ၄၂ သိန်းဖြင့် ရောင်းချပြီး ဖြစ်သည်။ ထို့ပြင် နံပါတ်တစ်ခုကျော် ၀ယ်ယူမှုတွင် 9G/1111 ကို ကျပ် ၃၈ သိန်း၊ 9G/7777 ကို ကျပ် ၅၄ သိန်း၊ 9G/8888 ကို ကျပ် ၅၆ သိန်း၊ 9G/9999 ကို ကျပ် ၈၆ သိန်းဖြင့် ရောင်းချပြီး ဖြစ်ကြောင်း မြင်သာကညနရုံးမှ သိရှိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် မော်တော်ယာဉ်များကို ကနဦးမှတ်ပုံတင်များ ပြုလုပ်ပေးလျက်ရှိရာ မတ် ၂၅ ရက်အထိ ရောက်ရှိ အက္ခရာများမှာ 7G/1160 နှင့် DD/8128 တို့ဖြစ်ကြောင်း သိရ သည်။


Ref: Automobile

Latest News

လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »

လမ်း​​ဘေး​ပလပ်ဖောင်း ပြုပြင်ရေးနှင့်...

11111 1 150x150

Photo Credit လမ်း​ဘေးပလက်​​ဖောင်းများနဲ့ ကားမှတ်​တိုင်တည်​​ဆောက်​ခြင်းများကိုကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၁၀ဝဖြင့် ရန်ကုန်မြို့ ရေကြီးရေလျှံ...

Read more »
Download Android App