Maximus Racing မွ James Lee ႏွင့္ အင္တာဗ်ဴး

Maximus Racing Private Limited ကို 2005 ခုႏွစ္က စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္.။ စကၤာပူႏိုင္ငံအေျခစိုက္ one stop car service workshop အျဖစ္ စတင္ခဲ့တာျဖစ္ၿပီး super car မ်ားမွအစ မိသားစုသံုးကားမ်ားအထိ အာမခံနဲ႔ ျပဳျပင္ေပးေနတဲ့ ကုမၸဏီတစ္ခုလည္းျဖစ္ပါတယ္.။ ျမန္မာႏိုင္ငံမွာလဲ လုပ္ငန္းေတြစတင္လုပ္ေဆာင္ေနၿပီျဖစ္တဲ့ Maximus Racing ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ James Lee နဲ႔ အင္တာဗ်ဴးျဖစ္ခဲ့ပံုမ်ားကို MyanmarCarsDB ပရိသတ္မ်ားအတြက္ တင္ဆက္ေပးလိုက္ပါတယ္.။

ေမး။ ။ Maximus Racing ကို စကၤာပူမွာ စတင္တည္ေထာင္ခဲ့တယ္လို႔သိရပါတယ္.။ အခု ျမန္မာျပည္မွာလဲ လုပ္ငန္းေတြလုပ္ကိုင္ေနၿပီလို႔ သိရပါတယ္.။ ဘယ္လိုပံုစံမ်ိဳးနဲ႔ လုပ္ငန္းလုပ္ကိုင္ေနလဲဆိုတာ သိပါရေစ.။

ျမန္မာျပည္မွာ လာေရာက္လုပ္ကိုင္ဖို႔ ျဖစ္လာတာကေတာ့ ကြ်န္ေတာ္တို႔ရဲ႕ client တစ္ေယာက္က စတာပါ.။ သူက စကၤာပူကို အလုပ္ကိစၥနဲ႔ ေရာက္လာတဲ့အခါမွာ သူ႔ကားကို ကြ်န္ေတာ္တို႔က ျပဳျပင္ေပးခဲ့ရပါတယ္.။ ေနာက္ပိုင္းသူက ရန္ကုန္မွာ သူ႔စီးပြားေရးလုပ္ငန္းကို အေျခခ်တဲ့အခါ သူ႔အိမ္က ၿပိဳင္ကားေတြကို ေသေသခ်ာခ်ာျပဳျပင္ေပးႏိုင္မယ့္ အေတြ႕အႀကံဳ ရွိတဲ့ team တစ္ခု လိုလာပါတယ္.။ ကြ်န္ေတာ္တို႔နဲ႔ အလုပ္လုပ္ကိုင္ခဲ့ရာမွာ အဆင္ေျပတဲ့အခါက်ေတာ့ သူ႔ကားေတြကို ဆက္ၿပီး ျပင္ေစခ်င္တယ္ေပါ့ေလ.။ ဒါနဲ႔ပဲ သူ႔ကားေတြကို ျပဳျပင္ေပးရင္း သူ႔ဆီက အဆက္အသြယ္ေတြေရာ ေနာက္ Facebook ကလဲ အဆက္အသြယ္ေတြ ရလာတဲ့အတြက္ ရန္ကုန္ကို တိုးခ်ဲ႕ျဖစ္လာတာျဖစ္ပါတယ္.။

ေမး။ ။ ဘာေၾကာင့္ ျမန္မာႏိုင္ငံမွာ လုပ္ငန္းလုပ္ကိုင္ဖို႔ စိတ္ကူးရပါသလဲ။ ႀကံဳရတဲ့အခက္အခဲေတြ ဘာေတြရွိလဲ။

ကြ်န္ေတာ္တို႔ရဲ႕ Customer ေတြကလဲ ဖိတ္ေခၚတာေရာ ေနာက္ ကြ်န္ေတာ္တို႔ရဲ႕ အနွစ္သက္ဆံုး အျမတ္ႏိုးဆံုးအလုပ္ကို လုပ္ရမွာေရာေၾကာင့္ပါ.။ ႀကံဳရတဲ့ အခက္အခဲေတြထဲမွာ အႀကီးဆံုးကေတာ့ ကြ်န္ေတာ္တို႔ စကၤာပူမွာ အသံုးျပဳခဲ့တဲ့ ပစၥည္းကိရိယာေတြ အစံုအလင္ မရွိျခင္းပါပဲ.။ ကြ်န္ေတာ္တို႔ စကၤာပူကေန ဒီကိုလာတိုင္း ပစၥည္းနဲ႔ ကြန္ပ်ဴတာေတြ သယ္လာေပမယ့္ limit ေတြရွိတဲ့အခါက်ေတာ့ မျပည့္စံုေသးပါဘူး.။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ရဲ႕ Customer ေတြက ကြ်န္ေတာ္တို႔ အလုပ္လုပ္ႏိုင္ဖို႔ workshop ေတြငွားရမ္းေပးသလို ျမန္မာျပည္မွာရွိတဲ့ workshop ပိုင္ရွင္ေတြကလဲ ေဖာ္ေဖာ္ေရြေရြနဲ႔ ကြ်န္ေတာ္တို႔ လိုအပ္သမွ်ကို အတတ္ႏိုင္ဆံုး ကူညီေပးၾကပါတယ္.။
ေမး။ ။ Maximus Racing ရဲ႕ Facebook Page မွာေတာ့ super ၿပိဳင္ကားေတြကို ျပဳျပင္ေပးေနတယ္ဆိုတာ ေတြ႕ရပါတယ္.။ အျခား ဘယ္လိုကားအမ်ိဳးအစားေတြကို ျပဳျပင္ေပးပါသလဲ။ ဘယ္လိုအာမခံခ်က္မ်ိဳးေတြရွိလဲ။ ဘယ္လိုဝန္ေဆာင္မႈမ်ိဳးေတြ အဓိကေဆာင္ရြက္ပါသလဲ။

ကြ်န္ေတာ္တို႔ရဲ႕ customer ေတြ ကြ်န္ေတာ္တို႔ကို သိလာတာက super ၿပိဳင္ကားေတြျပဳျပင္တယ္ေပါ့ေလ.။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ စကၤာပူမွာဆိုရင္ အိမ္စီးကားေတြကိုလဲ ျပဳျပင္ထိန္းသိမ္းေပးပါတယ္.။ ပံုမွန္အားျဖင့္ ကြ်န္ေတာ္တို႔က ကားေတြျပဳျပင္ရတာ ႀကိဳက္တယ္ဆုိေတာ့ ဘယ္လိုကားမ်ိဳးပဲျဖစ္ျဖစ္ စိတ္တိုင္းက်ျဖစ္တဲ့အထိ ျပဳျပင္ေပးပါတယ္.။ ကြ်န္ေတာ္တို႔အေနနဲ႔ ပံုမွန္ထိန္းသိမ္းမႈမွသည္ အင္ဂ်င္တစ္လံုးလံုးကို လံုးဝျပဳျပင္ထိန္းသိမ္းတဲ့အထိ လုပ္ကိုင္ေပးႏိုင္ပါတယ္.။

ကြ်န္ေတာ္တို႔ အားလံုးသိ၊ အားလံုးတတ္တယ္လို႔ေတာ့ မဆိုလိုပါဘူး.။ ကားေတြဟာ နည္းပညာအသစ္ေတြနဲ႔ အၿမဲတိုးတက္ ေျပာင္းလဲေနတာဆိုေတာ့ နားလည္တတ္ကြ်မ္းဖို႔အတြက္ အခ်ိန္ နဲ႔ ကုန္က်စားရိတ္ေတြ အမ်ားႀကီးရွိပါတယ္.။ ကြ်န္ေတာ္တို႔ကေတာ့ ဒီစိန္ေခၚမႈေတြကို ႀကိဳက္လဲႀကိဳက္တယ္၊ ကြ်န္ေတာ္တို႔ရဲ႕ ျပဳျပင္ထိန္းသိမ္းေပးမႈကို customer ေတြ ႀကိဳက္တယ္၊ ေက်နပ္တယ္ဆိုရင္ ကြ်န္ေတာ္တို႔လဲ ေပ်ာ္တယ္.။ ကြ်န္္ေတာ္တို႔အလုပ္ေတြကို သူမ်ားကို ျပန္အပ္တာမ်ိဳး မရွိသလို ေနာက္ဆံုးေပၚ ပစၥည္းကိရိယာေတြ၊ နည္းပညာပိုင္းဆိုင္ရာေတြနဲ႔ ကြန္ပ်ဴတာပစၥည္းေတြကို အၿမဲဆန္းသစ္ေနေအာင္ ရင္းႏွီးျမႈပ္ႏွံမႈေတြ လုပ္ပါတယ္.။ အကယ္၍ အရင္က ကြ်န္ေတာ္တို႔ မကိုင္ဖူးတဲ့ ေမာ္ဒယ္အသစ္ကားတစ္စီး လာအပ္ၿပီဆိုရင္ ကြ်န္ေတာ္တို႔ အရင္ဆံုး ဂရုတစိုက္နဲ႔ Research လုပ္ၿပီး ကားထုတ္လုပ္တဲ့စက္ရံုက နည္းပညာပိုင္းဆိုင္ရာ အခ်က္အလက္ေတြ စုေဆာင္းၿပီးမွ ျပဳျပင္ထိန္းသိမ္းမႈ စလုပ္ပါတယ္.။ တကယ္ေတာ့ ဒီလိုလုပ္တာဟာ အရမ္းကုန္က်စားရိတ္မ်ားပါတယ္.။ အရင္ကလို စာရြက္နဲ႔ Manual ေတြ မရႏိုင္ေတာ့ပါဘူး.။ Online ကေန subscription လုပ္ၿပီးမွ ရယူႏိုင္တာမ်ိဳးေတြပဲ ရွိပါေတာ့တယ္.။ ေနာက္ဆံုးေပၚ ကားအေကာင္းစား တစ္စီးရဲ႕ Manual ေတြကို တစ္ႏွစ္စာ subscription လုပ္ရတဲ့ ေစ်းႏႈန္းခ်ည္းပဲ ေဒၚလာ ေထာင္ဂဏန္း ရွိပါတယ္.။ ဒါေတာင္မွ ကန္႔သတ္ခ်က္ေတြ အမ်ားႀကီးၾကားထဲက ရယူရတာျဖစ္ပါတယ္.။

ကြ်န္ေတာ္တို႔အေနနဲ႔ performance upgrades ေတြလဲ လုပ္ပါတယ္.။ ျမန္မာႏိုင္ငံမွာ အဲဒီလို အဆင့္ျမွင့္တင္ေပးရတဲ့ ကားေတြထဲမွာ ေပၚျပဴလာအျဖစ္ဆံုးကားကေတာ့ Nissan R35 GTR ပါ.။ ECU/Gearbox အဆင့္ျမွင့္တင္မႈေတြကိုလဲ ကားေမာ္ဒယ္အမ်ိဳးမ်ိဳးအတြက္ ျပဳလုပ္ေပးပါတယ္.။

ေမး။ ။ အနာဂတ္မွာေရာ ျမန္မာႏိုင္ငံမွာ ဘယ္လိုမ်ိဳးလုပ္ငန္းတိုးခ်ဲ႕လုပ္ကိုင္သြားဖို႔ စီစဥ္ထားပါသလဲ။

ေလာေလာဆယ္ေတာ့ ကြ်န္ေတာ္တို႔ကို ေခၚယူတဲ့အခါမွ လိုက္လံျပဳျပင္ေပးတာမ်ိဳးပဲ ေဆာင္ရြက္ေနပါေသးတယ္.။ Customer ေတြက ျပဳျပင္ခ်င္တဲ့ကားေတြကို စုစည္းေပးထားတယ္.။ ကြ်န္္ေတာ္တို႔က လိုအပ္တဲ့ ပစၥည္းေတြကို မွာယူေပးၿပီး ျပဳျပင္ထိန္းသိမ္းေပးမယ့္ ရက္သတ္မွတ္တယ္.။ အဲဒီလိုပံုစံမ်ိဳးနဲ႔ သြားေနပါတယ္.။ ရန္ကုန္မွာ workshop ဖြင့္ဖို႔ အစီအစဥ္ရွိေပမယ့္ စီစဥ္ေနတုန္းပဲရွိပါေသးတယ္.။ ဒါေၾကာင့္ ဒီအခ်ိန္မွာေတာ့ ေသေသခ်ာခ်ာ မေျပာႏိုင္ေသးဘူးေပါ့.။
ေမး။ ။ ကြ်န္ေတာ္တို႔ရဲ႕ MyanmarCarsDB ကို အသံုးျပဳသူေတြအေနနဲ႔ Maximus Racing ကို ဆက္သြယ္ၿပီး ကားေတြျပဳျပင္ထိန္းသိမ္းဖို႔ အပ္ခ်င္တယ္ဆိုရင္ ဘယ္လိုဆက္သြယ္ႏိုင္မလဲ.။

ဆက္သြယ္ရမယ့္လိပ္စာကေတာ့

Maximus Racing Pte Ltd.
MR Performance Centre.
No.7 Soon Lee Street
#05-05. iSPACE.
Singapore 627608.

ျဖစ္ပါတယ္.။ Facebook Page ကေနတဆင့္လဲ ဆက္သြယ္ႏိုင္ပါတယ္.။

Maximus Racing ရဲ႕ website လိပ္စာကေတာ့ http://www.maximusracing.com/ ျဖစ္ၿပီး Facebook Page ကေတာ့ https://www.facebook.com/MaximusRacingSG/ ျဖစ္ပါတယ္.။

www.myanmarcarsdb.com
No. 1 Car Site in Myanmar



Unicode Version

Maximus Racing Private Limited ကို 2005 ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်.။ စင်္ကာပူနိုင်ငံအခြေစိုက် one stop car service workshop အဖြစ် စတင်ခဲ့တာဖြစ်ပြီး super car များမှအစ မိသားစုသုံးကားများအထိ အာမခံနဲ့ ပြုပြင်ပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်.။ မြန်မာနိုင်ငံမှာလဲ လုပ်ငန်းတွေစတင်လုပ်ဆောင်နေပြီဖြစ်တဲ့ Maximus Racing ရဲ့ ပြောရေးဆိုခွင့်ရှိသူ James Lee နဲ့ အင်တာဗျူးဖြစ်ခဲ့ပုံများကို MyanmarCarsDB ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်.။

မေး။ ။ Maximus Racing ကို စင်္ကာပူမှာ စတင်တည်ထောင်ခဲ့တယ်လို့သိရပါတယ်.။ အခု မြန်မာပြည်မှာလဲ လုပ်ငန်းတွေလုပ်ကိုင်နေပြီလို့ သိရပါတယ်.။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ငန်းလုပ်ကိုင်နေလဲဆိုတာ သိပါရစေ.။

မြန်မာပြည်မှာ လာရောက်လုပ်ကိုင်ဖို့ ဖြစ်လာတာကတော့ ကျွန်တော်တို့ရဲ့ client တစ်ယောက်က စတာပါ.။ သူက စင်္ကာပူကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့အခါမှာ သူ့ကားကို ကျွန်တော်တို့က ပြုပြင်ပေးခဲ့ရပါတယ်.။ နောက်ပိုင်းသူက ရန်ကုန်မှာ သူ့စီးပွားရေးလုပ်ငန်းကို အခြေချတဲ့အခါ သူ့အိမ်က ပြိုင်ကားတွေကို သေသေချာချာပြုပြင်ပေးနိုင်မယ့် အတွေ့အကြုံ ရှိတဲ့ team တစ်ခု လိုလာပါတယ်.။ ကျွန်တော်တို့နဲ့ အလုပ်လုပ်ကိုင်ခဲ့ရာမှာ အဆင်ပြေတဲ့အခါကျတော့ သူ့ကားတွေကို ဆက်ပြီး ပြင်စေချင်တယ်ပေါ့လေ.။ ဒါနဲ့ပဲ သူ့ကားတွေကို ပြုပြင်ပေးရင်း သူ့ဆီက အဆက်အသွယ်တွေရော နောက် Facebook ကလဲ အဆက်အသွယ်တွေ ရလာတဲ့အတွက် ရန်ကုန်ကို တိုးချဲ့ဖြစ်လာတာဖြစ်ပါတယ်.။

မေး။ ။ ဘာကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ စိတ်ကူးရပါသလဲ။ ကြုံရတဲ့အခက်အခဲတွေ ဘာတွေရှိလဲ။

ကျွန်တော်တို့ရဲ့ Customer တွေကလဲ ဖိတ်ခေါ်တာရော နောက် ကျွန်တော်တို့ရဲ့ အနှစ်သက်ဆုံး အမြတ်နိုးဆုံးအလုပ်ကို လုပ်ရမှာရောကြောင့်ပါ.။ ကြုံရတဲ့ အခက်အခဲတွေထဲမှာ အကြီးဆုံးကတော့ ကျွန်တော်တို့ စင်္ကာပူမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းကိရိယာတွေ အစုံအလင် မရှိခြင်းပါပဲ.။ ကျွန်တော်တို့ စင်္ကာပူကနေ ဒီကိုလာတိုင်း ပစ္စည်းနဲ့ ကွန်ပျူတာတွေ သယ်လာပေမယ့် limit တွေရှိတဲ့အခါကျတော့ မပြည့်စုံသေးပါဘူး.။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Customer တွေက ကျွန်တော်တို့ အလုပ်လုပ်နိုင်ဖို့ workshop တွေငှားရမ်းပေးသလို မြန်မာပြည်မှာရှိတဲ့ workshop ပိုင်ရှင်တွေကလဲ ဖော်ဖော်ရွေရွေနဲ့ ကျွန်တော်တို့ လိုအပ်သမျှကို အတတ်နိုင်ဆုံး ကူညီပေးကြပါတယ်.။
မေး။ ။ Maximus Racing ရဲ့ Facebook Page မှာတော့ super ပြိုင်ကားတွေကို ပြုပြင်ပေးနေတယ်ဆိုတာ တွေ့ရပါတယ်.။ အခြား ဘယ်လိုကားအမျိုးအစားတွေကို ပြုပြင်ပေးပါသလဲ။ ဘယ်လိုအာမခံချက်မျိုးတွေရှိလဲ။ ဘယ်လိုဝန်ဆောင်မှုမျိုးတွေ အဓိကဆောင်ရွက်ပါသလဲ။

ကျွန်တော်တို့ရဲ့ customer တွေ ကျွန်တော်တို့ကို သိလာတာက super ပြိုင်ကားတွေပြုပြင်တယ်ပေါ့လေ.။ ဒါပေမယ့် ကျွန်တော်တို့ စင်္ကာပူမှာဆိုရင် အိမ်စီးကားတွေကိုလဲ ပြုပြင်ထိန်းသိမ်းပေးပါတယ်.။ ပုံမှန်အားဖြင့် ကျွန်တော်တို့က ကားတွေပြုပြင်ရတာ ကြိုက်တယ်ဆိုတော့ ဘယ်လိုကားမျိုးပဲဖြစ်ဖြစ် စိတ်တိုင်းကျဖြစ်တဲ့အထိ ပြုပြင်ပေးပါတယ်.။ ကျွန်တော်တို့အနေနဲ့ ပုံမှန်ထိန်းသိမ်းမှုမှသည် အင်ဂျင်တစ်လုံးလုံးကို လုံးဝပြုပြင်ထိန်းသိမ်းတဲ့အထိ လုပ်ကိုင်ပေးနိုင်ပါတယ်.။

ကျွန်တော်တို့ အားလုံးသိ၊ အားလုံးတတ်တယ်လို့တော့ မဆိုလိုပါဘူး.။ ကားတွေဟာ နည်းပညာအသစ်တွေနဲ့ အမြဲတိုးတက် ပြောင်းလဲနေတာဆိုတော့ နားလည်တတ်ကျွမ်းဖို့အတွက် အချိန် နဲ့ ကုန်ကျစားရိတ်တွေ အများကြီးရှိပါတယ်.။ ကျွန်တော်တို့ကတော့ ဒီစိန်ခေါ်မှုတွေကို ကြိုက်လဲကြိုက်တယ်၊ ကျွန်တော်တို့ရဲ့ ပြုပြင်ထိန်းသိမ်းပေးမှုကို customer တွေ ကြိုက်တယ်၊ ကျေနပ်တယ်ဆိုရင် ကျွန်တော်တို့လဲ ပျော်တယ်.။ ကျွန်တော်တို့အလုပ်တွေကို သူများကို ပြန်အပ်တာမျိုး မရှိသလို နောက်ဆုံးပေါ် ပစ္စည်းကိရိယာတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ကွန်ပျူတာပစ္စည်းတွေကို အမြဲဆန်းသစ်နေအောင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပါတယ်.။ အကယ်၍ အရင်က ကျွန်တော်တို့ မကိုင်ဖူးတဲ့ မော်ဒယ်အသစ်ကားတစ်စီး လာအပ်ပြီဆိုရင် ကျွန်တော်တို့ အရင်ဆုံး ဂရုတစိုက်နဲ့ Research လုပ်ပြီး ကားထုတ်လုပ်တဲ့စက်ရုံက နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေ စုဆောင်းပြီးမှ ပြုပြင်ထိန်းသိမ်းမှု စလုပ်ပါတယ်.။ တကယ်တော့ ဒီလိုလုပ်တာဟာ အရမ်းကုန်ကျစားရိတ်များပါတယ်.။ အရင်ကလို စာရွက်နဲ့ Manual တွေ မရနိုင်တော့ပါဘူး.။ Online ကနေ subscription လုပ်ပြီးမှ ရယူနိုင်တာမျိုးတွေပဲ ရှိပါတော့တယ်.။ နောက်ဆုံးပေါ် ကားအကောင်းစား တစ်စီးရဲ့ Manual တွေကို တစ်နှစ်စာ subscription လုပ်ရတဲ့ စျေးနှုန်းချည်းပဲ ဒေါ်လာ ထောင်ဂဏန်း ရှိပါတယ်.။ ဒါတောင်မှ ကန့်သတ်ချက်တွေ အများကြီးကြားထဲက ရယူရတာဖြစ်ပါတယ်.။

ကျွန်တော်တို့အနေနဲ့ performance upgrades တွေလဲ လုပ်ပါတယ်.။ မြန်မာနိုင်ငံမှာ အဲဒီလို အဆင့်မြှင့်တင်ပေးရတဲ့ ကားတွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးကားကတော့ Nissan R35 GTR ပါ.။ ECU/Gearbox အဆင့်မြှင့်တင်မှုတွေကိုလဲ ကားမော်ဒယ်အမျိုးမျိုးအတွက် ပြုလုပ်ပေးပါတယ်.။

မေး။ ။ အနာဂတ်မှာရော မြန်မာနိုင်ငံမှာ ဘယ်လိုမျိုးလုပ်ငန်းတိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်ထားပါသလဲ။

လောလောဆယ်တော့ ကျွန်တော်တို့ကို ခေါ်ယူတဲ့အခါမှ လိုက်လံပြုပြင်ပေးတာမျိုးပဲ ဆောင်ရွက်နေပါသေးတယ်.။ Customer တွေက ပြုပြင်ချင်တဲ့ကားတွေကို စုစည်းပေးထားတယ်.။ ကျွန်တော်တို့က လိုအပ်တဲ့ ပစ္စည်းတွေကို မှာယူပေးပြီး ပြုပြင်ထိန်းသိမ်းပေးမယ့် ရက်သတ်မှတ်တယ်.။ အဲဒီလိုပုံစံမျိုးနဲ့ သွားနေပါတယ်.။ ရန်ကုန်မှာ workshop ဖွင့်ဖို့ အစီအစဉ်ရှိပေမယ့် စီစဉ်နေတုန်းပဲရှိပါသေးတယ်.။ ဒါကြောင့် ဒီအချိန်မှာတော့ သေသေချာချာ မပြောနိုင်သေးဘူးပေါ့.။
မေး။ ။ ကျွန်တော်တို့ရဲ့ MyanmarCarsDB ကို အသုံးပြုသူတွေအနေနဲ့ Maximus Racing ကို ဆက်သွယ်ပြီး ကားတွေပြုပြင်ထိန်းသိမ်းဖို့ အပ်ချင်တယ်ဆိုရင် ဘယ်လိုဆက်သွယ်နိုင်မလဲ.။

ဆက်သွယ်ရမယ့်လိပ်စာကတော့

Maximus Racing Pte Ltd.
MR Performance Centre.
No.7 Soon Lee Street
#05-05. iSPACE.
Singapore 627608.

ဖြစ်ပါတယ်.။ Facebook Page ကနေတဆင့်လဲ ဆက်သွယ်နိုင်ပါတယ်.။

Maximus Racing ရဲ့ website လိပ်စာကတော့ http://www.maximusracing.com/ ဖြစ်ပြီး Facebook Page ကတော့ https://www.facebook.com/MaximusRacingSG/ ဖြစ်ပါတယ်.။

www.myanmarcarsdb.com
No. 1 Car Site in Myanmar

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »