ေအာင္မဂၤလာအေ၀းေျပး၀င္းအတြင္းရွိ ေျမေျခာက္ဧကတြင္ ႏိုင္ငံတကာအဆင့္မီ ပင္မထြက္ခြာဂိတ္ တည္ေဆာက္မည္

ေျမာက္ဥကၠလာပၿမဳိ႕နယ္၊ ေအာင္မဂၤလာအေ၀းေျပး၀င္း အတြင္းရွိ ေျမဧရိယာ ေျခာက္ဧကေပၚတြင္ ႏိုင္ငံတကာအဆင့္မီ ပင္မထြက္ခြာဂိတ္ တည္ေဆာက္မည္ ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီ’မွ သတင္းရရွိသည္။

Aung-Min-Galar-

ပင္မထြက္ခြာဂိတ္ကို အေ၀းေျပး၀င္းအတြင္းရွိ ဒနင္း႐ုိးေခ်ာင္းႏွင့္ ဒနင္း႐ိုးေခ်ာင္းပတ္လမ္းၾကား၊ ယခင္ အမႈိက္ပံုေဟာင္းေနရာ၊ ေျမဧရိယာ ေျခာက္ဧကေပၚတြင္ ေဆာက္ လုပ္မည္ျဖစ္ၿပီး ပင္မထြက္ခြာဂိတ္အျပင္ ယာဥ္ရပ္နားကြင္းႏွင့္ အေ၀းေျပး ကားလက္မွတ္ အေရာင္းဆုိင္ခန္းမ်ားကိုပါ ထည့္သြင္းေဆာက္လုပ္မည္ ျဖစ္ေၾကာင္းသိရသည္။ “ထြက္ခြာဂိတ္ ေဆာက္လုပ္ဖုိ႔အတြက္ ျပည္တြင္း လုပ္ငန္းရွင္ေတြကို ဖိတ္ေခၚသြားမယ္၊ လက္ရွိေတာ့ သက္ဆုိင္ရာကို တင္ျပထားတုန္းပဲ၊ လက္ရွိ ဆုိက္ေရာက္/ထြက္ခြာ အေဆာက္အအံုကေန ကားေတြဆိုက္မယ္၊ ပင္မထြက္ခြာမွာဆိုရင္ ၀င္းထဲကရွိသမွ် ကားေတြအကုန္လံုး သက္ဆိုင္ရာ ဂိတ္ေတြကေန ထြက္ခြာခြင့္မရွိဘဲ ဒီထြက္ခြာဂိတ္ ကပဲထြက္ရမယ္၊ ေလဆိပ္လိုသေဘာမ်ဳိးျဖစ္မွာပါ”ဟု ‘ၿမဳိ႕ ေတာ္စည္ပင္၊ အခြန္ဌာန (ေအာင္မဂၤလာအေ၀းေျပး၀င္း)’မွ ဌာနခဲြမွဴး ဦးေဇာ္မင္းက ေျပာသည္။ ေအာင္မဂၤလာ အေ၀းေျပး၀င္းအတြင္း၌ ယာဥ္လိုင္းေပါင္း ႏွစ္ရာေက်ာ္မွ ယာဥ္အစီးေရ ရွစ္ရာခန႔္မွာ ေန႔စဥ္ ၀င္ထြက္သြားလာ လ်က္ရွိၿပီး ၀င္းအတြင္း၌ အေ၀းေျပးကားမ်ား ခရီးသည္ အတင္၊ အခ်ျပဳလုပ္ႏိုင္သည့္ ဆုိက္ေရာက္၊ ထြက္ခြာအေဆာက္အအံုကို တည္ေဆာက္ထားေသာ္လည္း အေ၀းေျပးကားမ်ား ရပ္နားမႈမရွိသည့္အတြက္ ၀င္းအတြင္း၌ ယာဥ္ေၾကာက်ပ္တည္းမႈမ်ား ျဖစ္ေပၚလ်က္ရွိကာ ပင္မထြက္ခြာဂိတ္ ေဆာက္လုပ္ၿပီးပါက အေ၀းေျပးကားမ်ား အ၀င္ႏွင့္အထြက္မွာ ႐ႈပ္ေထြးမႈမရွိေတာ့ဘဲ ယာဥ္ေၾကာ က်ပ္တည္းမႈမွာလည္း ေလ်ာ့က်လာမည္ျဖစ္ေၾကာင္း သိရသည္။ သႀကၤန္ကာလအတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားအား ကရိန္းျဖင့္ ဆြဲယူမည္ျဖစ္ေသာ္လည္း ယာဥ္မရပ္ရ ကန္႔သတ္ထားေသာ လမ္းမႀကီး ၆၇ လမ္းတြင္မူ ယာဥ္ရပ္တန္႔မႈကို ျခြင္းခ်က္အေနျဖင့္ ခြင့္ျပဳေပးထားမည္ ျဖစ္ၿပီး အေရးယူမည္မဟုတ္ေၾကာင္း ‘အမွတ္-၂ ယာဥ္ထိန္းရဲ တပ္ဖြဲ႕ခြဲမွဴး႐ံုး’မွ သတင္းရရွိသည္။ လာမည့္ သႀကၤန္ကာလအတြင္း ေမာ္ေတာ္ယာဥ္ ပ်က္ယြင္းမႈေၾကာင့္ ေသာ္လည္းေကာင္း ယာဥ္ေၾကာ ပိတ္ဆို႔က်ပ္တည္းမႈ မ်ားျဖစ္ေပၚ လာပါက အခ်ိန္ႏွင့္တစ္ေျပးညီ ရွင္းလင္းဖယ္ရွားျခင္း မ်ားေဆာင္ရြက္ရန္အတြက္ ကားဆြဲကရိန္းယာဥ္မ်ားအား အခ်က္အခ်ာက်သည္ ေနရာ ၆ ေနရာတြင္ အသင့္အေနျဖင့္ ထားရွိသြားမည္ ျဖစ္ေၾကာင္း သိရသည္။ “ယာဥ္ေၾကာပိတ္ဆို႔ေစမယ့္ ယာဥ္ရပ္နားမႈေတြကို ဖယ္ရွားဖို႔အတြက္ ကရိန္းယာဥ္ေတြကို လမ္းဆံု၊ လမ္းခြနဲ႔ လူစည္ကားတဲ့ ေနရာေတြမွာ ထားရွိသြားမွာျဖစ္ၿပီးေတာ့ ကရိန္းနဲ႔ဆြဲတဲ့ ကုန္က်စရိတ္ကို ယာဥ္ပိုင္ရွင္က ေပးရမွာျဖစ္ပါတယ္၊ သႀကၤန္ကာလအတြင္းမွာေတာ့ ယာဥ္မရပ္ရ သတ္မွတ္ထား တဲ့ လမ္းမႀကီး ၆၇ လမ္းမွာ ကရိန္းနဲ႔ဆြဲ ဖမ္းဆီးတာေတြကို မလုပ္ဘူး၊ ရပ္နားထားမွာ ျဖစ္ပါတယ္”ဟု အမွတ္-၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕ခြဲမွဴး႐ံုးမွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။ လက္ရွိတြင္ သႀကၤန္ကာလအတြင္း ကရိန္းယာဥ္ အသင့္ထားရွိမည့္ေနရာ ေျခာက္ေနရာကို အဓိကထား သတ္မွတ္ထားၿပီး ယင္းတို႔မွာ သိမ္ျဖဴလမ္း၊ ဆရာ၀န္ အသင္းတိုက္အနီး၊ ပါရမီလမ္းဆံု၊ လွည္းတန္းလမ္းဆံု၊ ဗႏၶဳလပန္းၿခံ၊ ကုကၠိဳင္းပန္းၿခံႏွင့္ ေျမနီကုန္းလမ္းဆံု တို႔တြင္ျဖစ္ေၾကာင္း သိရသည္။


 

Ref: Automobile

Photo Ref : Myawaddy

 



Unicode Version

မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း အတွင်းရှိ မြေဧရိယာ ခြောက်ဧကပေါ်တွင် နိုင်ငံတကာအဆင့်မီ ပင်မထွက်ခွာဂိတ် တည်ဆောက်မည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ’မှ သတင်းရရှိသည်။

Aung-Min-Galar-

ပင်မထွက်ခွာဂိတ်ကို အဝေးပြေးဝင်းအတွင်းရှိ ဒနင်းရိုးချောင်းနှင့် ဒနင်းရိုးချောင်းပတ်လမ်းကြား၊ ယခင် အမှိုက်ပုံဟောင်းနေရာ၊ မြေဧရိယာ ခြောက်ဧကပေါ်တွင် ဆောက် လုပ်မည်ဖြစ်ပြီး ပင်မထွက်ခွာဂိတ်အပြင် ယာဉ်ရပ်နားကွင်းနှင့် အဝေးပြေး ကားလက်မှတ် အရောင်းဆိုင်ခန်းများကိုပါ ထည့်သွင်းဆောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။ “ထွက်ခွာဂိတ် ဆောက်လုပ်ဖို့အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမယ်၊ လက်ရှိတော့ သက်ဆိုင်ရာကို တင်ပြထားတုန်းပဲ၊ လက်ရှိ ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံကနေ ကားတွေဆိုက်မယ်၊ ပင်မထွက်ခွာမှာဆိုရင် ဝင်းထဲကရှိသမျှ ကားတွေအကုန်လုံး သက်ဆိုင်ရာ ဂိတ်တွေကနေ ထွက်ခွာခွင့်မရှိဘဲ ဒီထွက်ခွာဂိတ် ကပဲထွက်ရမယ်၊ လေဆိပ်လိုသဘောမျိုးဖြစ်မှာပါ”ဟု ‘မြို့ တော်စည်ပင်၊ အခွန်ဌာန (အောင်မင်္ဂလာအဝေးပြေးဝင်း)’မှ ဌာနခွဲမှူး ဦးဇော်မင်းက ပြောသည်။ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ယာဉ်လိုင်းပေါင်း နှစ်ရာကျော်မှ ယာဉ်အစီးရေ ရှစ်ရာခန့်မှာ နေ့စဉ် ဝင်ထွက်သွားလာ လျက်ရှိပြီး ဝင်းအတွင်း၌ အဝေးပြေးကားများ ခရီးသည် အတင်၊ အချပြုလုပ်နိုင်သည့် ဆိုက်ရောက်၊ ထွက်ခွာအဆောက်အအုံကို တည်ဆောက်ထားသော်လည်း အဝေးပြေးကားများ ရပ်နားမှုမရှိသည့်အတွက် ဝင်းအတွင်း၌ ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိကာ ပင်မထွက်ခွာဂိတ် ဆောက်လုပ်ပြီးပါက အဝေးပြေးကားများ အဝင်နှင့်အထွက်မှာ ရှုပ်ထွေးမှုမရှိတော့ဘဲ ယာဉ်ကြော ကျပ်တည်းမှုမှာလည်း လျော့ကျလာမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများအား ကရိန်းဖြင့် ဆွဲယူမည်ဖြစ်သော်လည်း ယာဉ်မရပ်ရ ကန့်သတ်ထားသော လမ်းမကြီး ၆၇ လမ်းတွင်မူ ယာဉ်ရပ်တန့်မှုကို ခြွင်းချက်အနေဖြင့် ခွင့်ပြုပေးထားမည် ဖြစ်ပြီး အရေးယူမည်မဟုတ်ကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်းရရှိသည်။ လာမည့် သင်္ကြန်ကာလအတွင်း မော်တော်ယာဉ် ပျက်ယွင်းမှုကြောင့် သော်လည်းကောင်း ယာဉ်ကြော ပိတ်ဆို့ကျပ်တည်းမှု များဖြစ်ပေါ် လာပါက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဖယ်ရှားခြင်း များဆောင်ရွက်ရန်အတွက် ကားဆွဲကရိန်းယာဉ်များအား အချက်အချာကျသည် နေရာ ၆ နေရာတွင် အသင့်အနေဖြင့် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ “ယာဉ်ကြောပိတ်ဆို့စေမယ့် ယာဉ်ရပ်နားမှုတွေကို ဖယ်ရှားဖို့အတွက် ကရိန်းယာဉ်တွေကို လမ်းဆုံ၊ လမ်းခွနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ထားရှိသွားမှာဖြစ်ပြီးတော့ ကရိန်းနဲ့ဆွဲတဲ့ ကုန်ကျစရိတ်ကို ယာဉ်ပိုင်ရှင်က ပေးရမှာဖြစ်ပါတယ်၊ သင်္ကြန်ကာလအတွင်းမှာတော့ ယာဉ်မရပ်ရ သတ်မှတ်ထား တဲ့ လမ်းမကြီး ၆၇ လမ်းမှာ ကရိန်းနဲ့ဆွဲ ဖမ်းဆီးတာတွေကို မလုပ်ဘူး၊ ရပ်နားထားမှာ ဖြစ်ပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိတွင် သင်္ကြန်ကာလအတွင်း ကရိန်းယာဉ် အသင့်ထားရှိမည့်နေရာ ခြောက်နေရာကို အဓိကထား သတ်မှတ်ထားပြီး ယင်းတို့မှာ သိမ်ဖြူလမ်း၊ ဆရာဝန် အသင်းတိုက်အနီး၊ ပါရမီလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ ဗန္ဓုလပန်းခြံ၊ ကုက္ကိုင်းပန်းခြံနှင့် မြေနီကုန်းလမ်းဆုံ တို့တွင်ဖြစ်ကြောင်း သိရသည်။


 

Ref: Automobile

Photo Ref : Myawaddy

 

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »