fb-pageview-tracker
CarsDB နှင့် Toyota TSUSHO မှ ပူးပေါင်းကျင်းပမည့် မော်တော်ယာဉ်လေလံပွဲတွင် မော်တော်ယာဉ်လေလံတင်ရောင်းချမည့်သူများ စတင်စာရင်းပေးသွင်းနိုင်

 


Zawgyi Version



Unicode Version

CarsDB မှနေ၍ Toyota TSUSHO နှင့်ပူးပေါင်းကာ မော်တော်ယာဉ်လေလံပွဲ (Auto Auction Fair 2019) ကို ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်း) ၌ မတ်လ ၁၆ နှင့် ၁၇ (စနေနှင့်တနင်္ဂနွေ) ရက်နေ့များတွင် နံနက် ၉:၀၀ နာရီမှ ည ၈:၀၀ နာရီအထိကျင်းပသွားမည်ဖြစ်သည်။
မော်တော်ယာဉ်လေလံပွဲဖြစ်သည်နှင့်အညီ မော်တော်ယာဉ်ရောင်းချမည့်သူများအတွက် သင့်လျော်သောဈေးနှုန်းဖြင့် အမြန်ဆုံးရောင်းချခွင့်များ ရရှိနိုင်မည့်ပွဲလည်းဖြစ်သည်။ ထို့အပြင် အဆိုပါလေလံပွဲတွင် လေလံတင်ရောင်းချမည့် မော်တော်ယာဉ်များကို Toyota TSUSHO မှနေ၍ ဂျပန်နည်းပညာဖြင့် inspection ပြုလုပ်ထားမည်ဖြစ်ရာ မော်တော်ယာဉ်ဝယ်ယူသူများအတွက်လည်း အကောင်းဆုံးအခွင့်အရေးများကို ရရှိစေနိုင်ဦးမည်ဖြစ်သည်။
ထိုသို့ အရောင်းအဝယ် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမည့် လေလံပွဲကြီးတွင် မော်တော်ယာဉ်လေလံတင်ရောင်းချလိုသူများအနေဖြင့် မည်သည့်မော်တော်ယာဉ်အမျိုးအစားကိုမဆို လေလံတင်ရောင်းချနိုင်ရန်အတွက် ယနေ့ မတ်လ ၁၁ ရက်နေ့မှစတင်ကာ စာရင်းပေးသွင်း၍ inspection ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Latest News

ကားရှေ့မီးကြီးနဲ့ ဝါယာရှော့ အန္တရာယ်

Zawgyi Version အမျိုးသမီး တစ်ဦးမောင်းတဲ့ Honda Fit ကားလေးတစ်စီး ကားရှေ့မီးကြီး တစ်ဖက်မလာလို့ဆိုပြီး ကျနော်တို့ကားဝပ်ရှော့ ကို ရောက်လာတယ်။...

Read more »

အာမခံထားသော ကားတစ်စီး မတော်တဆမှုဖြစ်ပွားလျင် ......

Zawgyi Version ယာဉ်ကြောတွေပိတ်ဆို့ပြီး ကားအစီးရေတွေများပြားလွန်းလှတဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုဆိုတာ...

Read more »

ရန်ကုန်တိုင်း စည်​ပင်​နယ်​နိမိတ်​အတွင်း...

Zawgyi Version ရန်ကုန်တိုင်းစည်​ပင်​နယ်​နိမိတ်​မြို့နယ်​များအတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုထား​သော်​လည်း လိုင်​စင်​မဲ့ဆိုင်​ကယ်​များ...

Read more »

YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင်...

Zawgyi Version YBS ယာဉ်လိုင်းများ နည်းပညာအသုံးပြုရာတွင် အားနည်းနေသေးဟု ရန်ကုန်တိုင်းဒေသကြီး...

Read more »

မော်​​တော်​ယာဉ်​အားလုံး...

Zawgyi Version ​မော်​​တော်​ယာဉ်​အားလုံး အမည်​​ပြောင်း​​​​ခွန်​ပေး​ဆောင်​ခြင်းကို ကညန မှတ်​ပုံတင်​ပြုလုပ်​ရာတွင်​...

Read more »