ရန်ကုန်မြို့တွင်း ပြေးဆွဲခွင့်မရှိသော နယ်လိုင်စင်တက္ကစီကားများ သိန်းနှစ်ဆယ်ခန့် ဈေးကျ

ရန်ကုန်မြို့တွင်း ပြေးဆွဲမောင်းနှင်ခွင့် မရှိသော နယ်တက္ကစီကားများမှာ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ ရောင်းများထံမှ သိရှိရသည်။                   AYA-Change


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒီဇင်ဘာ ၂၇ ရက်မှစ၍ ရန်ကုန်မြို့တွင်းတွင် နယ်တက္ကစီကားများကို ပြေးဆွဲခွင့်မပြုသောကြောင့် ထိုကားများ၏ ဈေး ကွက်မှာ ပျက်စီးသွားခဲ့သည်။ နယ်လိုင်စင်ကားများနှင့်ပတ် သက်၍ ကားဝယ်/ရောင်းတစ်ဦးက “ရန်ကုန် ကားဈေးကွက်မှာ နယ်လိုင်စင် တက္ကစီတွေက အ၀ယ်မရှိ သ လောက် နည်းသွားပါတယ်၊ နယ်တက္ကစီကားတွေထဲမှာ ဧရာဝတီ၊ ပဲခူးအပါအ၀င် နယ်ကားတွေ ဈေးက သိသိသာသာ ထိုးကျသွားခဲ့ပါတယ်၊ မန္တလေးလိုင်စင်နဲ့ ကားတွေ ကတော့ အ၀ယ်နည်းနည်းပါးပါး ရှိပါတယ်၊ နယ်ကားတွေဈေးက ကျဆင်းသွားခဲ့ပေမဲ့ ရန်ကုန်တက္ကစီ ကားဈေးတွေက အများကြီးမြင့်တက်သွားတာ မရှိပါဘူး”ဟု ဆိုခဲ့ သည်။ ယခုရက်ပိုင်းအတွင်း နယ် တက္ကစီကားများမှာ ၀ယ်လက်နည်းပါးနေသောကြောင့် ဈေးများ ချရောင်းနေကြပြီး Suzuki Alto ၊ Suzuki Solio နှင့် Nissan March ကားများမှာ ၅၅ သိန်း ၀န်းကျင်သာ ပေါက်ဈေးရှိတော့သည်။ ထို့ပြင် တက္ကစီအဖြစ် အသုံးများနေသည့် Probox ၊ AD Van ကားများမှာလည်း သိန်း ကိုးဆယ်ဝန်းကျင်မှ သိန်း ခုနစ်ဆယ်ဝန်းကျင်အထိ ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။


 

Ref : Automobile

Latest News

ယခုတစ်ပတ်အတွင်းပေါက်ဈေးများ

Awgiaerngiea 150x150

ယနေ့ (၂၉.၃.၂၀၁၇) အတွက် နောက်ဆုံးရရှိသောဈေးနှုန်းများ စလစ်ဈေး- ၁၀၂ သိန်း ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း...

Read more »

ဧပြီ ၁ ရက်​မှစ၍ စလစ်​ကပ်​ကား...

Mazda 150x150

ယာဉ်အိုယာဉ်​​ဟောင်း ​စလစ်​ကပ်​ကားများကို လာမည့်​ ဧပြီလ ၁ ရက်​မှစ၍ ကြိုတင်​ဝင်​​ငွေခွန်​ ​ကောက်​ခံမည်​ဆိုခြင်း​ကြောင့်​CIF...

Read more »

Bangkok International Motor Show 2017

34qtq34t3q4t3q4 150x150

2017, March 29 မှ April 9 ရက်နေ့အထိကျင်းပတဲ့ 12 ရက်ကြာ Bangkok International Motor Show concept ကို ကျွန်တော်တို့ CarsDB မှအဖွဲ့ဝင်များ...

Read more »

(၁၁) ကြိမ်မြောက် TOYOTA...

G 4 150x150

Toyota Motor Asia Pacific PTE LTD (Toyota) သည် “Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ - နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား...

Read more »

လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင်စတင်စို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »
Download Android App