ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ မီနီဘတ်စ် ပြောင်းလဲ ပြေးဆွဲရန် လျှောက်ထားမှု မရှိသေး
ရန်ကုန်မြို့တွင်း ၀င်ရောက်ပြေးဆွဲ ခွင့် တားမြစ်ထားသော ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ် အစားထိုး တင်သွင်း ပြောင်းလဲ ပြေးဆွဲခြင်းအတွက် လျှောက်ထားမှု မရှိသေးကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗပိာုကော်မတီ’မှ သတင်း ရရှိသည်။
Hilux
Ref : Automobile
Unicode Version
ရန်ကုန်မြို့တွင်း ဝင်ရောက်ပြေးဆွဲ ခွင့် တားမြစ်ထားသော ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ် အစားထိုး တင်သွင်း ပြောင်းလဲ ပြေးဆွဲခြင်းအတွက် လျှောက်ထားမှု မရှိသေးကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗပာိုကော်မတီ’မှ သတင်း ရရှိသည်။
Hilux
အဆိုပါ ယာဉ်များ မြို့တွင်း ဝင်ရောက်ပြေးဆွဲခွင့်ကို ယခုလ ၂၈ ရက်အထိ ခွင့်ပြုထားပြီး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံ၍ မီနီဘတ်စ်အစားထိုး တင်သွင်းပြေးဆွဲ ခြင်း၊ ကုန်စည်တင်ယာဉ်နှင့် အဝေးပြေး ယာဉ်များအဖြစ် ပြောင်းလဲပြေးဆွဲခွင့် ပြုထားကြောင်း၊ အဆိုပါ ပြောင်းလဲမှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ကုန်စည်တင်ယာဉ် ပြောင်းလဲခြင်းအတွက် ယာဉ်နှစ်စီး၊ အဝေးပြေးယာဉ် သုံးစီးသာ လာရောက် လျှောက်ထားခဲ့ကာ မီနီဘတ်စ် ပြောင်းလဲ ပြေးဆွဲရန် လျှောက်ထားမှု မရှိသေးကြောင်း သိရ သည်။ “လက်ရှိ အချိန်အထိတော့ လာမလျှောက်သေးဘူး၊ Lucky Family မှာတော့ မီနီဘတ်စ်လာဝယ်တာ များနေပြီလို့ကြားတယ်၊ ၂၈ ရက်အထိ ခွင့်ပြုထားတော့ ရတဲ့ ရက်အထိ ဆွဲနေဦးမယ်လို့ ထင်တယ်၊ ဥပမာ တိုက်ကြီးဘက်က ကားတွေဆိုရင် ထောက်ကြံ့မှာ ဂိတ်ဆုံးမှာဆိုတော့ ဆွဲနေဦးမယ်၊ ပြောင်းမှာမဟုတ်ဘူး၊ ဒလ-တွံတေး ကားလည်း ဒီလိုပဲဖြစ်မှာပဲ”ဟု မထသ(ဗဟို)ဥက္ကဌ ဦးလှ အောင်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုင်းလပ် ယာဉ်မောင်းတစ်ဦးက “ဒါက ချက်ချင်းကြီးပြောင်း လဲလို့ရတာမှ မဟုတ်တာ၊ အမှန်ဆို မင်္ဂလာဒုံ လမ်းခွဲမှတ်တိုင်ကနေ ဆင်မင်းစျေး၊ ကမ်းနားစျေးလောက် အထိပဲ လူရတာ”ဟု ၎င်း၏အမြင်ကို ပြောသည်။ဟိုင်းလပ်ယာဉ် လိုင်း မြို့တွင်း ပြေးဆွဲခွင့်ကို ယခင်က ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ ခွင့်ပြုထားကာ ယာဉ်လိုင်းပိုင်ရှင်များ၏ တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်အထိ ခွင့်ပြု ပေးထားပြီး အဆိုပါရက် ကျော်လွန်ပြေးဆွဲပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ မီနီဘတ်စ် ပြောင်းလဲပြေးဆွဲရန်အတွက် လျှောက်ထားမှု မရှိသေးကြောင်း သတင်းရရှိသည်။
Ref : Automobile
Latest News
Mazda Myanmar က All New Mazda CX 9 ကားကိုု...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »