ကလေးနှင့် တမူးတွင် ဇန်န၀ါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီး ထပ်မံဖမ်းဆီးရမိ
Ref: Automobile
Unicode Version
ကလေးနှင့် တမူးမြို့တို့တွင် ဇန်နဝါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း ‘ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး(ကလေး)’ မှ သိရသည်။Low-of-Car
ဇန်နဝါရီ ၁၆ ရက်က ဗိုလ်ချုပ်လမ်းနှင့် ဘူတာလမ်းဆုံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက် နေစဉ်အရှေ့မှ အနောက်သို့ လားလ်ထန်းလျံ အာ(သ) ၂၇ နှစ် မောင်းနှင်လာသည့် ၄ဂ/၇၄ဝ၁ နံပါတ် တပ်ဆင်ထားသော Honda Fit ခဲရောင် ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော သက်သေခံ စာရွက် စာတမ်းများ ပြသနိုင်ခြင်း မရှိသဖြင့် ရဲအုပ်စိုးမိုးအောင်က တရားဥပဒေအရ အရေးယူပေးပါရန် ကလေးရဲစခန်းသို့ တိုင်တန်းခဲ့သည်။ ထို့ကြောင့် ယင်းအမှုအား ကလေး ရဲစခန်းက (ပ) ၂၈/၂ဝ၁၄ ပို့ကုန်၊ သွင်းကုန် ဥပဒေ-၈ အရ အရေးယူထားကြောင်း သိရသည်။ ယခု ဖမ်းဆီးရမိမှုသည် ကလေးမြို့တွင် ၂ဝ၁၄ ခုနှစ်၏ ဒုတိယ အကြိမ် ဖမ်းဆီးရမိမှု ဖြစ်ပြီး ဇန်နဝါရီ ၁ဝ ရက်ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရာမှ လိုင်စင်မဲ့ ကားသုံးစီးကို ဖမ်းဆီးရမိခဲ့သည်။ ကလေးမြို့ တွင်သာမက အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင်လည်း ဇန်နဝါရီ ၁၇ ရက်က သုံးမိုင် ရဲကင်းရှေ့၌ လုံခြုံရေး စစ်ဆေးရာမှ Pajero အဖြူရောင် လိုင်စင်မဲ့ ကားတစ်စီးကို ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
Ref: Automobile
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »