fb-pageview-tracker
အခြံခ်ိန္​း၊ အလံုးခ်ိန္​း၊ ​ေဖာက္​စြပ္​ကားမ်ား တိုက္​​ေၾကကားအျဖစ္​ လိမ္​လည္​အပ္​ႏွံပါက ယာဥ္​ပိုင္​႐ွင္​ကိုပါ အ​ေရးယူသြားယူမည္​


Zawgyi Version

ယာဥ္​အစိတ္​အပိုင္​း မမွန္​မကန္​ ​ေျပာင္​းလဲထား​ေသာ အခြံခ်ိန္​း၊ အလံုးခ်ိန္​း၊ body coach ​ေဖာက္​စြပ္​​ေျပာင္​းလဲထား​ေသာ ကားမ်ားအား တိုက္​​ေၾကကားအျဖစ္​ လုပ္ၾကံဖန္​တီး၍ ယာဥ္​ကိုလာ​ေရာက္​အပ္​ႏွံပါက လိမ္​လည္​အပ္​ႏွံ​ေသာ ယာဥ္​ပိုင္​႐ွင္​ကိုပါ အ​ေရးယူသြားမည္ဟု ကုန္​းလမ္​းပို႔​ေဆာင္​​ေရး ၫႊန္​ၾကားမွုဦးစီးဌာနမွ သိရသည္​။

ယာဥ္​ပိုင္​႐ွင္​မ်ားအ​ေနႏွင့္ ယာဥ္​တိမ္​း​ေမွာက္​မွု၊ ထိခိုက္​မွု ျဖစ္​ပြားမိေသာေၾကာင့္ ျပန္​လည္​ျပင္​ဆင္​ရန္ ​ခက္​ခဲပါက အႀကီးစားျပင္​ဆင္​ခြင္​့ တင္​ျပရယူႏိုင္​ရာ ​ေဖာက္​စြပ္​ျပဳလုပ္​ထား​ေသာကားမ်ားကို ထု​ေခ်၍ တိုက္​​ေၾကအျဖစ္​ သံရည္​က်ိဳ အပ္​ႏွံျပီး တိုက္​​ေၾကစလစ္​ ထုတ္​ယူမွုမ်ား႐ွိလာသည့္အတြက္ စစ္​​ေဆး​ေတြ႕႐ွိမိပါက ကားအားသိမ္​းဆည္​းမည့္အျပင္​ ယာဥ္​ပိုင္​႐ွင္​ကိုပါ အ​ေရးယူသြားမည္ ျဖစ္သည္။

"​ေဖာက္​စြပ္​​လုပ္ထားတဲ့ ကား​ေ​တြကို လံုးဝ ခြင္​့မျပဳပါဘူး။ ​ေဖာက္​စြပ္​ကားကို တိုက္​​ေၾကကားလိုမ်ိဳး စက္​​ေတြနဲ႔ လုပ္​ၾကံ ဖန္​တီးျပီး တိုက္​​ေၾကအ​ေနနဲ႔ ခိုးအပ္​တာ​ေတ​ြ ႐ွိလာတယ္​။ တ​ကယ္​လို႔ စစ္​​ေဆး​ေတြ႕႐ွိရင္​ ကားကိုလည္​းသိမ္​းမယ္​၊ ကားပိုင္​႐ွင္​ကိုလည္​း အ​ေရးယူသြားမွာပါ။" ဟု ကုန္​းလမ္​းပို႔​ေဆာင္​​ေရးၫႊန္​ၾကားမွုဦးစီးဌာန ယာဥ္​စစ္​​ေဆးေရး အင္​ဂ်င္​နီယာမွုး တာဝန္​႐ွိသူတစ္​ဦးက ​ေျပာသည္​။

ယာဥ္မ်ား အစိတ္​အပိုင္​းမမွန္​မကန္​ ျပဳလုပ္​ထားသည္​့ အခြံခ်ိန္​း၊ အလံုးခ်ိန္​း၊ ျဖတ္​ဆက္​၊ ​ေဖာက္​စြပ္၊​body coach ​ေျပာင္​းလဲထားသည္​့ကားမ်ားကို ယာဥ္​မွတ္​ပံုတင္​ အ​ေထာက္​အထားမ်ားအားလံုး (ယာဥ္​မွတ္​ပံုတင္​ စာအုပ္​ (ကမ-၃)၊ ယာဥ္​မွတ္​ပံုတင္​ သက္​​ေသခံလက္​မွတ္​ CVR၊ ယာဥ္​စစ္​​ေဆးၿပီး​ေၾကာင္​းသက္​​ေသခံအ​ေထာ​က္အထား VIS ၊ ယာဥ္​စစ္​​ေဆးခ်က္​သက္​​ေသခံလတ္​မွတ္​ VIC၊ ​ေမာ္​​ေတာ္​ယာဥ္​ မွတ္​ပံုတင္​နံပတ္​ျပား) တို႕ကိုဌာနမွ ခ်က္​ျခင္​းသိ္​မ္​းဆည္​း၍ ယာဥ္​မွတ္​ပံုတင္​ ဖ်က္​သိမ္​းမည့္အျပင္ ယာဥ္​အားရဲစခန္​းသို႔ အပ္​ႏွံသြားမည္ျဖစ္သည္ဟု ​ေၾကညာထားသည္​။

တစ္​ႏိုင္​ငံလံုးတြင္​ ယာဥ္​အစိတ္​အပိုင္​း မမွန္​မကန္​ ​ေဖာက္​စြပ္​ ​ေျပာင္​းလဲထား​ေသာ ကားအစီး​ေရ ၂၀၀ ​ေက်ာ္​ခန္႕ရွိရာတြင္ ယာဥ္​မွတ္​ပံုတင္​ဖ်က္​သိမ္​းထားခဲ့ၿပီး နယ္​​ေျမရဲတပ္ဖြဲ႕စခန္​းမ်ား၌​ သိမ္းဆည္း​​​ထား​သည္​့ယာဥ္​ အစီးေရမွာ ၄၅ စီး ​အထိ႐ွိ​​ေၾကာင္​း သိရသည္​။


Unicode Version

ယာဉ်အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော အခွံချိန်း၊ အလုံးချိန်း၊ body coach ဖောက်စွပ်ပြောင်းလဲထားသော ကားများအား တိုက်ကြေကားအဖြစ် လုပ်ကြံဖန်တီး၍ ယာဉ်ကိုလာရောက်အပ်နှံပါက လိမ်လည်အပ်နှံသော ယာဉ်ပိုင်ရှင်ကိုပါ အရေးယူသွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယာဉ်ပိုင်ရှင်များအနေနှင့် ယာဉ်တိမ်းမှောက်မှု၊ ထိခိုက်မှု ဖြစ်ပွားမိသောကြောင့် ပြန်လည်ပြင်ဆင်ရန် ခက်ခဲပါက အကြီးစားပြင်ဆင်ခွင့် တင်ပြရယူနိုင်ရာ ဖောက်စွပ်ပြုလုပ်ထားသောကားများကို ထုချေ၍ တိုက်ကြေအဖြစ် သံရည်ကျို အပ်နှံပြီး တိုက်ကြေစလစ် ထုတ်ယူမှုများရှိလာသည့်အတွက် စစ်ဆေးတွေ့ရှိမိပါက ကားအားသိမ်းဆည်းမည့်အပြင် ယာဉ်ပိုင်ရှင်ကိုပါ အရေးယူသွားမည် ဖြစ်သည်။

"ဖောက်စွပ်လုပ်ထားတဲ့ ကားတွေကို လုံးဝ ခွင့်မပြုပါဘူး။ ဖောက်စွပ်ကားကို တိုက်ကြေကားလိုမျိုး စက်တွေနဲ့ လုပ်ကြံ ဖန်တီးပြီး တိုက်ကြေအနေနဲ့ ခိုးအပ်တာတွေ ရှိလာတယ်။ တကယ်လို့ စစ်ဆေးတွေ့ရှိရင် ကားကိုလည်းသိမ်းမယ်၊ ကားပိုင်ရှင်ကိုလည်း အရေးယူသွားမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ယာဉ်စစ်ဆေးရေး အင်ဂျင်နီယာမှုး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်များ အစိတ်အပိုင်းမမှန်မကန် ပြုလုပ်ထားသည့် အခွံချိန်း၊ အလုံးချိန်း၊ ဖြတ်ဆက်၊ ဖောက်စွပ်၊body coach ပြောင်းလဲထားသည့်ကားများကို ယာဉ်မှတ်ပုံတင် အထောက်အထားများအားလုံး (ယာဉ်မှတ်ပုံတင် စာအုပ် (ကမ-၃)၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် CVR၊ ယာဉ်စစ်ဆေးပြီးကြောင်းသက်သေခံအထောက်အထား VIS ၊ ယာဉ်စစ်ဆေးချက်သက်သေခံလတ်မှတ် VIC၊ မော်တော်ယာဉ် မှတ်ပုံတင်နံပတ်ပြား) တို့ကိုဌာနမှ ချက်ခြင်းသိမ်းဆည်း၍ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းမည့်အပြင် ယာဉ်အားရဲစခန်းသို့ အပ်နှံသွားမည်ဖြစ်သည်ဟု ကြေညာထားသည်။

တစ်နိုင်ငံလုံးတွင် ယာဉ်အစိတ်အပိုင်း မမှန်မကန် ဖောက်စွပ် ပြောင်းလဲထားသော ကားအစီးရေ ၂၀၀ ကျော်ခန့်ရှိရာတွင် ယာဉ်မှတ်ပုံတင်ဖျက်သိမ်းထားခဲ့ပြီး နယ်မြေရဲတပ်ဖွဲ့စခန်းများ၌ သိမ်းဆည်းထားသည့်ယာဉ် အစီးရေမှာ ၄၅ စီး အထိရှိကြောင်း သိရသည်။

Latest News

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »

YBS ယာဥ္လိုင္းမ်ား နည္းပညာအသံုးျပဳရာတြင္...

Zawgyi Version YBS ယာဥ္လိုင္းမ်ား နည္းပညာအသံုးျပဳရာတြင္ အားနည္းေနေသးဟု ရန္ကုန္တိုင္းေဒသႀကီး...

Read more »

​ေမာ္​္​​ေတာ္​ယာဥ္​အားလံုး...

Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အားလံုး အမည္​​ေျပာင္း​​​​ခြန္​ေပး​ေဆာင္​ျခင္​းကို ကညန မွတ္​ပံုတင္​ျပဳလုပ္​ရာတြင္​...

Read more »