fb-pageview-tracker
သင်္ကြန်​ရက်​များအတွင်း ယာဉ်​နံပတ်​ မပါရှိ​သောကားများနှင့်​ လိုင်​စင်​မဲ့ကားများကို တစ်ပါတည်းသိမ်းဆည်း၍ ထိ​ရောက်​စွာ ဖမ်းဆီးအ​ရေးယူမည်
Zawgyi Version
ရန်​ကုန်​တိုင်း​ဒေသကြီး၌ သင်္ကြန်​ရက်​များအတွင်း ယာဉ်​နံပတ်​မပါရှိ​သောကားများနှင့် လိုင်​စင်​မဲ့ကားများကို စစ်ဆေး​တွေ့ရှိပါက ထုတ်​ကုန်​သွင်းကုန်​ ဥပ​ဒေအရ တစ်​ပါတည်း သိမ်းဆည်း၍ ထိ​ရောက်​စွာ ဖမ်းဆီးအ​ရေးယူသွားမည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်​။
သင်္ကြန်​ကာလအတွင်း မူးယစ်​​သောက်​စားယာဉ်​ မ​မောင်းရ၊ ​မော်​​တော်​ယာဉ်​များ အိတ်​​ဇောပိုက်​ဖြုတ်​၍ မ​မောင်းနှင်​ရ၊ ယာဉ်​နံပတ်​ပြားမပါရှိဘဲ မ​မောင်းနှင်​ရ၊ ယာဉ်​နံပတ်​ပြားအတုများ အခြားယာဉ်​နံပတ်​ပြားတပ်​ဆင်​ခြင်း လုံးဝမပြုလုပ်​ရ၊ ယာဉ်​​မောင်းလိုင်​စင်​နှင့်​ ယာဉ်​မှတ်​ပုံတင်၊​ ယာဉ်​ဝှီးတတ်​မပါရှိဘဲ မ​မောင်းနှင်​ရ၊ ဖျက်​သိမ်းထား​သော ယာဉ်​အိုယာဉ်​​ဟောင်းများ မှတ်​ပုံမတင်​ရ​သေး​သော ယာဉ်​များနှင့်​ ပြုပြင်​ဆဲယာဉ်​များ မမောင်းနှင်ရကြောင်း စည်းကမ်းချက်​များ အသိ​ပေး​ကြေညာထားရှိပြီး စစ်​​ဆေး​တွေ့ရှိပါက ထိ​ရောက်​စွာအ​ရေးယူ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။
Unicode Version
ရန်ကုန်တိုင်းဒေသကြီး၌ သြင်္ကန်ရက်များအတွင်း ယာဉ်နံပတ်မပါရှိသောကားများနှင့် လိုင်စင်မဲ့ကားများကို စစ်ဆေးတွေ့ရှိပါက ထုတ်ကုန်သွင်းကုန် ဥပဒေအရ တစ်ပါတည်း သိမ်းဆည်း၍ ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
သြင်္ကန်ကာလအတွင်း မူးယစ်သောက်စားယာဉ် မမောင်းရ၊ မော်တော်ယာဉ်များ အိတ်ဇောပိုက်ဖြုတ်၍ မမောင်းနှင်ရ၊ ယာဉ်နံပတ်ပြားမပါရှိဘဲ မမောင်းနှင်ရ၊ ယာဉ်နံပတ်ပြားအတုများ အခြားယာဉ်နံပတ်ပြားတပ်ဆင်ခြင်း လုံးဝမပြုလုပ်ရ၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင်၊ ယာဉ်ဝှီးတတ်မပါရှိဘဲ မမောင်းနှင်ရ၊ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများ မှတ်ပုံမတင်ရသေးသော ယာဉ်များနှင့် ပြုပြင်ဆဲယာဉ်များ မမောင်းနှင်ရကြောင်း စည်းကမ်းချက်များ အသိပေးကြေညာထားရှိပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“သြင်္ကန်ကာလအတွင်းမှာ မော်တော်ယာဉ်မောင်းနှင်တာတွေအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေ အသိပေးထားပါတယ်။ သြင်္ကန်အတွင်းမှာလည်း ယာဉ်နံပတ်ပြား မပါတာတွေ မှတ်ပုံမတင်ထားတဲ့ လိုင်စင်မဲ့ယာဉ်တွေ ကို ထိထိရောက်ရောက် အရေးယူဖမ်းဆီးသွားမှာပါ။ လိုင်စင်မဲ့ယာဉ်ကို စစ်ဆေးတွေ့ရှိရင် ထုတ်ကုန်သွင်းကုန်ဥပဒေနဲ့ ကားကိုတစ်ပါတည်းသိမ်းဆည်းသွားမှာပါ။” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တွင် လိုင်စင်မဲ့ကား ၁၃၀ စီးကို ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်လိုင်စင်မဲ့ကားများကို စစ်ဆေးတွေ့ရှိပါက သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ အရ ယာဉ်အားနိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည့်အပြင် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Latest News
ရန်​ကုန်​လိုင်​စင်​အားခွင့်​ပြု/မပြု...
Zawgyi Version ရန်​ကုန်​လိုင်​စင်​အား YVQC စနစ်​ဖြင့်​ ခွင့်​ပြု/မပြုကို တိကျစွာ သတင်းထုတ်​ပြန်​​ပေးရန်​ လိုအပ်​​နြေ​ပီး...
Read more »
ကားဘောနက် ဟစိ နဲ့ heat တက်တဲ့ အယူအဆ အမှားများ
Zawgyi Version အခု ရန်ကုန်က taxi တချို့ car bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး မောင်းနေတာတွေ့ရတယ်ဗျ။ အရင်က...
Read more »
Ford EcoSport Review (International)
Zawgyi Version အမေရိက က ထရပ်ကားအရုပ်လေးတွေနဲ့ဆင်တဲ့ small SUV Ford EcoSport ဟာ ဖျတ်ဖျတ်လတ်လတ် မောင်းနှင်နိုင်မယ့် ကားမျိုးပါ။...
Read more »
လတ်တလောအမြင်နဲ့ မဆုံးဖြတ်ပါနဲ့
Zawgyi Version လတ်တလောအမြင်နဲ့ မဆုံးဖြတ်ပါနဲ့။ သံပြားထူရင်ပိုမာပါတယ်။ ပိုမာလို့ထိခိုက်ရင် ပိုမိုတောင့်ခံနိုင်တယ်၊ ပိုမိုအန္တရယ်ကင်းတယ်လို့...
Read more »
လိုင်​စင်​မဲ့ကားများရှိ​နေမှုကို...
Zawgyi Version နေအိမ်​ခြံဝန်းများတွင်​ လိုင်​စင်​မဲ့ကားရှိ​နေမှုများကို ထိ​ရောက်​စွာဖမ်းဆီးနိုင်​ရန်​အတွက်​ ဆု​ကြေး​ငွေ​ပေး၍...
Read more »