fb-pageview-tracker
ID ဖွင့်​လှစ်​ထားပြီး ယာဉ်​စစ်​ရန်​ကျန်​ရှိ​နေ​သော ဆိပ်​ကမ်းများရှိ Delivery Van ကားအစီးရေ ၂၀၀ ခန့်​ကိုသာ ဒဏ်​​ကြေးဖြင့်​ ထုတ်​ယူခွင့်​ပေးမည်


Zawgyi Version






Unicode Version

ဆိပ်ကမ်းများအတွင်း ID ဖွင့်လှစ်ထားပြီးသည့် Delivery Van ကားအစီးရေ ၂၀၀ ခန့်ကိုသာ သတ်မှတ်ဒဏ်ကြေးအတိုင်း ကားများပြန်လည် ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ID ဖွင့်လှစ်ပြီးသောဆိပ်ကမ်းများရှိ Delivery Van ကားများကို ယခင် ကြီးကော်အစည်းအဝေးတွင် သတ်မှတ်ထားသော ဒဏ်ကြေးအတိုင်း အုပ်စု (ဂ)ကားများ 1/4 AV နှင့် အုပ်စု (ဃ)ကားများ 1/AV ဒဏ်ကြေးအတိုင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ နယ်စပ်တွင် တင်သွင်းထားရှိသော ကားများ လုပ်ငန်းဆောင်ရွက်ပေးရာတွင် ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

"ဆိပ်ကမ်းတွေမှာ အရင် ID ဖွင့်လှစ်ပြီး စစ်ဆေးဖို့ ကျန်နေတဲ့ Delivery Van ကားတွေကို လုပ်ငန်းလုပ်ဆောင်ပေးသွားမှာပါ။ ဆိပ်ကမ်း ကားတွေက ဆိပ်ကမ်းထဲမှာရှိတယ်။ နယ်စပ်ကနေတင်သွင်းထားတဲ့ကားတွေတော့ လုပ်ငန်းလုပ်တဲ့အထဲမပါ ပါဘူး။" ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Delivery Van ကားအုပ်စု (ဂ) ကို ယခင်က 1/4 AV ဒဏ်ကြေးဖြင့်သာ ထုတ်ယူရန်နှင့် အုပ်စု (ဃ) တွင်ပါဝင်သော ကားများအား 1/AV ဒဏ်ကြေးပေးဆောင်ကာ လူစီးကားအဖြစ် ယာဉ်မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်သည်။

Latest News

YBS ယာဉ်စီးပေးကဒ်စနစ် တပ်​ဆင်​ရန်​...

Zawgyi Version ရန်ကုန်မြို့တွင် ​​ပြေးဆွဲလျက်ရှိ​နေသည့်​ ခရီးသည်​တင်​ YBS ကားများတွင် အသုံးပြုမည့် ​​ယာဉ်စီးပေးကဒ်စနစ် တပ်​ဆင်​ရန်​...

Read more »

၂၁ နှစ်အတွင်း ပထမဆုံး ပွဲထုတ်လိုက်တဲ့ Toyota...

Zawgyi Version Blogs တွေနဲ့ လူမှုကွန်ယက်တွေမှာ သတင်းပေါက်ကြားမှုတွေ အများကြီးဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့Toyota ဟာ သူတို့ရဲ့ ချစ်လှစွာသော...

Read more »

ဖောက်​စွပ်​ကားများ သိမ်းဆည်း​နေခြင်းထက်​...

Zawgyi Version တရားဝင်​အခွန်​​ပေး​ဆောင်​ပြီး တင်​သွင်းလာ​သော အခွံချိန်း၊ အလုံးချိန်း၊ ​ဖောက်​စွပ်​ပြုလုပ်​ထား​သော ကားများကို...

Read more »

ညအချိန် ​စည်းကမ်းမဲ့​မောင်းနှင်​​သော...

Zawgyi Version ​ရန်​ကုန်​တိုင်း​အတွင်း ညအချိန်​တွင်​ စည်းကမ်းမဲ့​မောင်းနှင်​​သော ပါဝါအိတ်​​ဇောတပ် ပြိုင်​ကားများကို စီမံချက်​ဖြင့်​...

Read more »

ဒဂုံအားမာန်သစ် ကုမ္ပဏီ၏ Soueast Myanmar (SEM)...

Zawgyi Version ဒဂုံအားမာန်သစ် ကုမ္ပဏီလီမီတက်မှ Mitsubishi အင်ဂျင်များ တပ်ဆင်မှု အပါအဝင် SKD (Semi Knock-Down) စနစ်ဖြင့်...

Read more »