Hyundai Motor Myanmar Showroom တွင် Hatchback အမျိုးအစား Brand New Hyundai မော်တော်ယာဉ် Model သစ် (၂) မျိုးကိုထပ်မံတင်သွင်းရောင်းချလျက်ရှိပါကြောင်း။
Grand-i-10-Eon-PR-Image2
Unicode Version
တောင်ကိုရီးယားနိုင်ငံထုတ် Brand New Hyundai မော်တော်ယာဉ်များကို မြန်မာနိုင်ငံတွင် တရားဝင်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချလျက်ရှိသည့် Hyundai Motor Myanmar Showroom တွင် Hatchback အမျိုးအစား Hyundai Grand i-10 နှင့် Hyundai Eon တို့ကို ယခုလမှစတင်ကာ ထပ်မံတင်သွင်းရောင်းချလျက်ရှိနေပါသည်။ အသစ်ရောက်ရှိလာသည့် Model (၂) မျိုးစလုံးသည် မြန်မာနိုင်ငံတွင်းလူကြိုက်များပြီး နိုင်ငံတကာတွင်လည်းအောင်မြင်မှုရရှိထားသည့် သေးငယ်ပေါ့ပါးသောယာဉ်အမျိုးအစားများဖြစ်ကြပြီး ၄င်းတို့ကို သက်သာသောစျေးနှုန်း၊ အရောင်အသွေးစုံလင်စွာဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။
Grand-i-10-Eon-PR-Image2
Hyundai Grand i-10 သည် အင်ဂျင်ပါဝါ ၁.၂၅ စီစီ ရှိ ဓါတ်ဆီအင်ဂျင်သုံး Auto ဂီယာယာဉ်အမျိုးအစားဖြစ်ပါသည်။ လုံခြုံရေးအတွက် လေအိတ် (၂) လုံးပါဝင်ပြီး  Electronic Stability Control နှင့် Parking sensors တို့ကဲ့သို့သော ခေတ်မီနည်းပညာများပါရှိပါသည်။ ရရှိနိုင်သော အရောင်များမှာ နို့နှစ်ရောင်၊ ကြက်သွေးရောင်၊ မီးခိုးပြာရောင်၊ အဖြူရောင်၊ မီးခိုးရောင် နှင့် အနက်ရောင်တို့ဖြစ်ပြီး စျေးနှုန်း မှာ Grand i-10 (AT) ကို ၁၆၉ သိန်း၊ Grand i-10 LUX (AT) ကို ၁၇၉ သိန်းဖြစ်ပါသည်။ မိမိစိတ်ကြိုက်အရောင်ကိုရွေးချယ်လိုပါက ကြိုတင်စာရင်းပေး သွင်းနိုင်ပါသည်။
Hyundai Eon သည် အင်ဂျင်ပါဝါ ၈၁၄ (ဝ.၈) စီစီ ရှိ ဓါတ်ဆီအင်ဂျင်သုံး Manual ဂီယာယာဉ်အမျိုးအစားဖြစ်ပြီး လေအိတ် (၁) လုံး ပါရှိပါသည်။ အင်ဂျင်ပါဝါသေးငယ်သည့်အတွက် ဆီစားအလွန်သက်သာသော ယာဉ်အမျိုးအစားဖြစ်ပါသည်။ အနီရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အပြာဖျော့ရောင်နှင့် အပြာရင့်ရောင် ဖြင့်ရရှိနိုင်ပြီး Customer များအနေနှင့် မိမိနှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်ပါသည်။ စျေးနှုန်းကို ကျပ် ၁၃၇ သိန်းဖြင့် ရောင်းချပေးမည်ဖြစ်ပါသည်။
အသစ်ရောက်ရှိလာသောမော်တော်ယာဉ် (၂) မျိုးစလုံးသည် Brand New မော်တော်ယာဉ် များဖြစ်ပြီး မြန်မာနိုင်ငံ၏ လမ်းအခြေအနေနှင့် သင့်လျော်သော ဘယ်မောင်းအမျိုးအစားများဖြစ်ပါသည်။ ယာဉ်သေးငယ်သော်လည်း ပစ္စည်းသယ်ဆောင်ရန် နေရာအလုံအလောက်ပါရှိပြီး ပေါ့ပါးသွက်လက် ဆီစားသက်သာသောယာဉ်များဖြစ်သည်။ စျေးနှုန်းမှာလည်း အထူးသက်သာသည့်အတွက် Brand New ယာဉ်များကိုလက်လှမ်းမီသည့်စျေးနှုန်းဖြင့်ပိုင်ဆိုင်ရနိုင်မည့်အခွင့်အရေးဖြစ်ပါသည်။ အရစ်ကျ စနစ်ဖြင့်ဝယ်ယူလိုပါကလည်း မော်တော်ယာဉ်တန်ဖိုး၏ ၃ဝ% (သို့) ၄ဝ% (သို့) ၅ဝ% ကိုပေးချေပြီး ၁နှစ် (သို့) ၂ နှစ် (သို့) ၃ နှစ် အရစ်ကျ ကာလဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
Hyundai Motor Myanmar Showroom တွင် တင်သွင်းရောင်းချနေသော မော်တော်ယာဉ် အားလုံးကို (၃) နှစ် (သို့မဟုတ်) ကီလို ၁ သိန်း အာမခံပေးထားပြီး ယာဉ်နှင့်သက်ဆိုင်သည့်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုများကိုတစ်နေရာတည်းတွင် ရရှိနိုင်မည်ဖြစ်သည်။ ဆက်သွယ် လိုပါက Hyundai Motor Myanmar Showroom အမှတ် (၂/၆)၊ (၂) ရပ်ကွက်၊ အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Latest News
စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...
Latest news1 12 150x150
Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...
Read more »
Uber က ဈေးနှုန်းပိုသက်သာသည့် စနစ်သစ်ကို...
Picture1 150x150
Zawgyi Version Uber ကုမ္ပဏီသည် ဈေးပိုသက်သာပြီး ကားမခေါ်ခင် ဈေးနှုန်းအတိအကျကြိုသိနိုင်သည့် စနစ်သစ်ကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ...
Read more »
မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...
Img 0809 150x150
Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...
Read more »
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »