Hyundai Motor Myanmar Showroom မွ Korea Product Expo 2015 တြင္ ပါ၀င္ျပသမည္

ကိုရီးယားႏုိင္ငံမွ ကမာၻေက်ာ္အမွတ္တံဆိပ္မ်ား စည္ကားစြာပါ၀င္ျပသမည့္ Korea Product Expo 2015 အား ရန္ကုန္ၿမိဳ႕၊ ရွင္ေစာပုလမ္းရွိ Myanmar Event Park တြင္ ေမလ ၂၁ ရက္မွ ၂၄ အထိ ၄ ရက္တိုင္တိုင္ ခမ္းနားစြာက်င္းပမည္ျဖစ္ပါသည္။ ယင္းျပပြဲႀကီးတြင္ ႏိုင္ငံတကာ၌ လူသိမ်ားၿပီးျဖစ္သည့္ လူသံုးကုန္ပစၥည္းမ်ား၊ အီလက္ထရြန္းနစ္ပစၥည္းမ်ားအပါအ၀င္ အမွတ္တံဆိပ္မ်ားစြာ ပါ၀င္ျပသမည္ျဖစ္သည့္ အားေလ်ာ္စြာ ေတာင္ကိုရီးယားႏုိင္ငံ၏ နံပါတ္တစ္ ေမာ္ေတာ္ယာဥ္ လုပ္ငန္းျဖစ္သည့္ Hyundai အမွတ္တံဆိပ္ Brand New ကားမ်ားကိုလည္း Hyundai ၏ ျမန္မာျပည္တစ္ဦးတည္း ကုိယ္စားလွယ္ျဖစ္သည့္ Hyundai Motor Myanmar Showroom မွ ပါ၀င္ျပသသြားမည္ျဖစ္ပါသည္။

 

အဆိုပါက Korea Expo 2015 ျပပြဲႀကီးတြင္ Hyundai Showroom မွ နံမည္ႀကီးကားေမာ္ဒယ္မ်ားျဖစ္သည့္ Hyundai Azera, SantaFe, Elantra, Grand i-10, H1 အစရွိသည့္ အဆင့္ျမင့္အိမ္စီးကားမ်ားႏွင့္ လုပ္ငန္းသံုးကားမ်ားကို ခင္းက်င္းျပသသြားမည္ျဖစ္သည့္အျပင္ သတ္မွတ္ထားေသာ ကားေမာ္ဒယ္မ်ားကိုလည္း အတိုးမဲ့အရစ္က်ျဖင့္ေသာ္လည္းေကာင္း၊ လက္ငင္း၀ယ္ယူပါက အထူးေလွ်ာ့ေစ်းမ်ားျဖင့္ လည္းေကာင္း ေရာင္းခ်ေပးသြားမည္ျဖစ္ပါသည္။ ထုိ႔အျပင္ Brand New Hyundai ကားမ်ား၏ အားသာခ်က္၊ အားနည္းခ်က္မ်ားကို ကိုယ္တိုင္ကုိယ္က် ေလ့လာလုိသူမ်ားအတြက္လည္း Elantra ႏွင့္ i-30 ကားမ်ားကို စမ္းသပ္ေမာင္းႏွင္ႏိုင္ရန္ စီစဥ္ထားေပးမည္ျဖစ္ပါသည္။ ႀကိဳတင္စာရင္းေပးသြင္းလုိပါက Test Drive Hotline ၀၉ ၂၅၂ ၁၈ ၃၁၁၃ သို႔ဆက္သြယ္ႏုိင္ပါသည္။

 

ေပ်ာ္ရႊင္ဖြယ္အစီအစဥ္မ်ားအေနျဖင့္ ေန႔လယ္ ၁၂ နာရီမွ ညေန ၄ နာရီအထိ လာေရာက္ၾကည့္ရႈၾကသူမ်ား အားလံုးအတြက္ လက္ေဆာင္မ်ားရယူႏုိင္မည့္ Spin to Win အစီအစဥ္၊ Caricature ရုပ္ေျပာင္မ်ား ဆြဲႏိုင္မည့္အစီအစဥ္၊ မိမိကံၾကမၼာကိုသိရွိႏိုင္မည့္ Tarot ေဗဒင္ေဟာကိန္း အစရွိသည္တို႔အျပင္ ကေလးငယ္မ်ားအတြက္လည္း ခ်စ္စဖြယ္လက္ေဆာင္မ်ားေပးအပ္သြားမည့္အစီအစဥ္တို႔လည္းပါရွိၿပီး မည္သူမဆိုလြတ္လပ္စြာပါ၀င္ႏိုင္ပါသည္။ သို႔ျဖစ္ရာ စိတ္ပါ၀င္စားသူ အားလံုး ျပပြဲအခ်ိန္ျဖစ္သည့္ နံနက္ ၁၀ နာရီမွ ညေန ၅ နာရီအတြင္း Korea Product Expo ရွိ Hyundai ကားျပခန္းသို႔ လာေရာက္ၾကည့္ရႈရင္း ေပ်ာ္ရႊင္ဖြယ္အစီအစဥ္မ်ားတြင္ ပါ၀င္ဆင္ႏႊဲကာ လက္ေဆာင္ပစၥည္းမ်ား လာေရာက္ရယူၾကပါရန္ ဖိတ္ေခၚအပ္ပါသည္။

 

Hyundai သည္ ႏိုင္ငံတကာ ေမာ္ေတာ္ယာဥ္အမွတ္တံဆိပ္မ်ားႏွင့္ ရင္ေဘာင္တန္းႏိုင္သည့္ အဆင့္ျမင့္ဇိမ္ခံကားမ်ား၊ အိမ္စီးကားမ်ား အပါအ၀င္ ယာဥ္အမ်ိဳးအစားစံုကို ကမာၻ႔ႏိုင္ငံအမ်ားအျပားတြင္ ေရာင္းခ်ေပးေနသည့္ ေမာ္ေတာ္ယာဥ္လုပ္ငန္းႀကီးျဖစ္ၿပီး Hyundai ကားမ်ားကို ကမာၻတစ္၀ွမ္းမွ ကားအသံုးျပဳသူမ်ားကလည္း စိတ္ခ်ယံုၾကည္စြာ ၀ယ္ယူစီးနင္းၾကလ်က္ရွိပါသည္။ Hyundai အမွတ္တံဆိပ္အိမ္စီးကားမ်ားကို ျမန္မာႏိုင္ငံတစ္ဦးတည္းကိုယ္စားလွယ္အျဖစ္ တင္သြင္းေရာင္းခ်ေနေသာ Hyundai Showroom ၏ ဆက္သြယ္ရန္လိပ္စာမွာ အမွတ္ (၂/၆)၊ ၂ ရပ္ကြက္၊ အင္းစိန္လမ္းႏွင့္ သမိုင္းဘူတာရံုလမ္းေထာင့္၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ ဖုန္း ၀၁-၆၅၃ ၂၇၁၊ ၀၉ ၄၂ ၁၀၀ ၂၀၅၁ ျဖစ္ပါသည္။



Unicode Version

ကိုရီးယားနိုင်ငံမှ ကမ္ဘာကျော်အမှတ်တံဆိပ်များ စည်ကားစွာပါဝင်ပြသမည့် Korea Product Expo 2015 အား ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် မေလ ၂၁ ရက်မှ ၂၄ အထိ ၄ ရက်တိုင်တိုင် ခမ်းနားစွာကျင်းပမည်ဖြစ်ပါသည်။ ယင်းပြပွဲကြီးတွင် နိုင်ငံတကာ၌ လူသိများပြီးဖြစ်သည့် လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများအပါအဝင် အမှတ်တံဆိပ်များစွာ ပါဝင်ပြသမည်ဖြစ်သည့် အားလျော်စွာ တောင်ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် မော်တော်ယာဉ် လုပ်ငန်းဖြစ်သည့် Hyundai အမှတ်တံဆိပ် Brand New ကားများကိုလည်း Hyundai ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သည့် Hyundai Motor Myanmar Showroom မှ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။

 

အဆိုပါက Korea Expo 2015 ပြပွဲကြီးတွင် Hyundai Showroom မှ နံမည်ကြီးကားမော်ဒယ်များဖြစ်သည့် Hyundai Azera, SantaFe, Elantra, Grand i-10, H1 အစရှိသည့် အဆင့်မြင့်အိမ်စီးကားများနှင့် လုပ်ငန်းသုံးကားများကို ခင်းကျင်းပြသသွားမည်ဖြစ်သည့်အပြင် သတ်မှတ်ထားသော ကားမော်ဒယ်များကိုလည်း အတိုးမဲ့အရစ်ကျဖြင့်သော်လည်းကောင်း၊ လက်ငင်းဝယ်ယူပါက အထူးလျှော့စျေးများဖြင့် လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် Brand New Hyundai ကားများ၏ အားသာချက်၊ အားနည်းချက်များကို ကိုယ်တိုင်ကိုယ်ကျ လေ့လာလိုသူများအတွက်လည်း Elantra နှင့် i-30 ကားများကို စမ်းသပ်မောင်းနှင်နိုင်ရန် စီစဉ်ထားပေးမည်ဖြစ်ပါသည်။ ကြိုတင်စာရင်းပေးသွင်းလိုပါက Test Drive Hotline ဝ၉ ၂၅၂ ၁၈ ၃၁၁၃ သို့ဆက်သွယ်နိုင်ပါသည်။

 

ပျော်ရွှင်ဖွယ်အစီအစဉ်များအနေဖြင့် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ လာရောက်ကြည့်ရှုကြသူများ အားလုံးအတွက် လက်ဆောင်များရယူနိုင်မည့် Spin to Win အစီအစဉ်၊ Caricature ရုပ်ပြောင်များ ဆွဲနိုင်မည့်အစီအစဉ်၊ မိမိကံကြမ္မာကိုသိရှိနိုင်မည့် Tarot ဗေဒင်ဟောကိန်း အစရှိသည်တို့အပြင် ကလေးငယ်များအတွက်လည်း ချစ်စဖွယ်လက်ဆောင်များပေးအပ်သွားမည့်အစီအစဉ်တို့လည်းပါရှိပြီး မည်သူမဆိုလွတ်လပ်စွာပါဝင်နိုင်ပါသည်။ သို့ဖြစ်ရာ စိတ်ပါဝင်စားသူ အားလုံး ပြပွဲအချိန်ဖြစ်သည့် နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း Korea Product Expo ရှိ Hyundai ကားပြခန်းသို့ လာရောက်ကြည့်ရှုရင်း ပျော်ရွှင်ဖွယ်အစီအစဉ်များတွင် ပါဝင်ဆင်နွှဲကာ လက်ဆောင်ပစ္စည်းများ လာရောက်ရယူကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

 

Hyundai သည် နိုင်ငံတကာ မော်တော်ယာဉ်အမှတ်တံဆိပ်များနှင့် ရင်ဘောင်တန်းနိုင်သည့် အဆင့်မြင့်ဇိမ်ခံကားများ၊ အိမ်စီးကားများ အပါအဝင် ယာဉ်အမျိုးအစားစုံကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ရောင်းချပေးနေသည့် မော်တော်ယာဉ်လုပ်ငန်းကြီးဖြစ်ပြီး Hyundai ကားများကို ကမ္ဘာတစ်ဝှမ်းမှ ကားအသုံးပြုသူများကလည်း စိတ်ချယုံကြည်စွာ ဝယ်ယူစီးနင်းကြလျက်ရှိပါသည်။ Hyundai အမှတ်တံဆိပ်အိမ်စီးကားများကို မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေသော Hyundai Showroom ၏ ဆက်သွယ်ရန်လိပ်စာမှာ အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ဝ၁-၆၅၃ ၂၇၁၊ ဝ၉ ၄၂ ၁ဝဝ ၂ဝ၅၁ ဖြစ်ပါသည်။

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »