Hyundai i-30 ကို စမ္းသပ္ေမာင္းႏွင္ၾကည့္ရေအာင္

Hyundai i-30 ဟာ Hyundai ကထုတ္လုပ္ထားတဲ့ မိသားစုစီး Hatchback ကားအမ်ိဳးအစားျဖစ္ပါတယ္။ Hyundai ဆိုတာ ေတာင္ကုိရီးယားႏိုင္ငံရဲ့အႀကီးဆံုးနဲ႔ ကမာၻ႕ပဥၥမအႀကီးဆံုး ကားထုတ္လုပ္ေရးလုပ္ငန္းႀကီးျဖစ္သလို Hyundai ကထုတ္လုပ္ထားတဲ့ i-30 ကိုလည္း သိပ္ေလွ်ာ့တြက္လုိ႔မရပါဘူး။ ကားေသးတယ္လုိ႔ထင္ရေပမယ့္ အင္ဂ်င္ပါ၀ါက ၁.၆ စီစီျဖစ္လုိ႔ ျမန္မာႏိုင္ငံမွာအစီးမ်ားေနတဲ့ တစ္ခ်ိဳ႕ဆလြန္းကားေတြထက္ေတာင္မွ အင္ဂ်င္ဆြဲအားပိုေကာင္းတယ္ဆိုတာေတြ႕ရမွာပါ။ Showroom မွာ စမ္းသပ္ေမာင္းႏွင္ခြင့္ ေပးထားတဲ့ ဒီကားကို Test Drive လုပ္ခဲ့တဲ့အေတြ႕အႀကံဳတစ္ခ်ိဳ႕ကို တျခားစာဖတ္သူေတြသိရေအာင္ ျပန္လည္ေ၀မွ်ေပးခ်င္ပါတယ္။

Hyundai i-30 (Hatchback) ဟာ

အင္ဂ်င္ပါ၀ါ                       - ၁၆၀၀ စီစီ

အင္ဂ်င္အမ်ိဳးအစား             - Gamma 1.6 MPi ဓါတ္ဆီအင္ဂ်င္

ဂီယာအမ်ိဳးအစား                - ေအာ္တိုဂီယာေျခာက္ခ်က္ (ဆီမီးဂီယာအမ်ိဳးအစား) ျဖစ္ပါတယ္။

 

ကားကိုစမ္းသပ္မေမာင္းရေသးခင္ ပထမဆံုးသတိထားလုိက္မိတဲ့အခ်က္ကေတာ့ Hyundai ကားေတြရဲ့ထူးျခားခ်က္ျဖစ္တဲ့ မာန္ပါတဲ့ရုပ္ထြက္ျဖစ္ပါတယ္။ i-30 ရဲ့ခပ္က်ယ္က်ယ္ရွဲလ္နဲ႔ တစ္မူထူးျခားတဲ့ဒီဇုိင္းနဲ႔ေရွ႕မီးႀကီးေတြဟာ တျခားကားေတြနဲ႔ ကြဲထြက္ေနေစမယ့္ အသြင္ရွိပါတယ္။ Luxury Grade i-30 မွာ ၁၆ လက္မ အလြိဳင္းဘီးေတြတပ္ဆင္ေပးထားၿပီး  စပယ္ရာဘီးကလဲ ကိုရီးယားကားေတြရဲ့ အားသာခ်က္လုိ႔ဆိုရမယ့္ ၁၆ လက္မ ေအာ္ရီဂ်င္နယ္အလြိဳင္းအတိုင္း ပါရွိပါတယ္၊ သံေဂြနဲ႔မဟုတ္ပါဘူး။

1227102_i30_exterior_main_02_2013_2nd_aus_rhd-500x255

 

ကားေသာ့က Smart Key ျဖစ္တဲ့အတြက္ေၾကာင့္ ေမာင္းမယ့္သူက ကားေသာ့ယူၿပီး ကားအနားကိုေရာက္လာရင္ ေဘးေနာက္ၾကည့္မွန္ေအာ္တိုပြင့္လာပါတယ္။ ဒါ့အျပင္ ညဘက္အဆင္ေျပေစဖုိ႔ ကားေသာ့ကိုကားနားယူလာရံုနဲ႔ ေဘးေနာက္ၾကည့္မွန္နဲ႔ ကားတံခါးလက္ကိုင္ေတြက မီးလင္းလာမွာျဖစ္တယ္လုိ႔ သိရပါတယ္။ အတြင္းခန္းကေတာ့ ၾကည့္ရံုနဲ႔ေက်နပ္သြားေစမယ့္ Leather Seats ေတြအျပည့္ထည့္သြင္းေပးထားပါတယ္။ ယာဥ္ေမာင္းထိုင္ခံုကိုလိုသလို ေရွ႕ေနာက္နိမ့္ျမင့္ခ်ိန္ခ်င္ရင္ ေမာ္တာနဲ႔ခ်ိန္ညွိႏိုင္တာ ေတြ႕ရပါတယ္။ အတြင္းခန္းက လူငါးေယာက္ သက္ေတာင့္သက္သာ စီးနင္းႏိုင္ေအာင္က်ယ္၀န္းၿပီးေတာ့ ေနာက္ဖံုးမွာပစၥည္းမ်ားမ်ား သယ္သြားခ်င္ရင္ ေနာက္ခံုကိုခ်ိဳးခ်လုိက္ရုံပါပဲ။ အထူးသျဖင့္ ေဂါက္အိတ္လိုပစၥည္းေတြသယ္သြားခ်င္တဲ့သူေတြနဲ႔ေတာ့ အံကိုက္ပဲလုိ႔ ေတြးလုိက္မိပါတယ္။

1217813_i30_steering_wheel_2013_1st_gen_lhd_in34-500x388

ေနာက္ပိုင္းထြက္လာတဲ့ကားေတြရဲ့ထံုးစံအတိုင္း Push Start စနစ္ကိုသံုးထားပါတယ္။ i-30 ရဲ့ထူးျခားခ်က္ကေတာ့ Driving Mode ၃ မ်ိဳးထည့္သြင္းေပးထားတာျဖစ္ၿပီး Sport ၊ Normal နဲ႔ Comfort Mode ဆိုၿပီးေျပာင္းလဲအသံုးျပဳႏုိင္ပါတယ္။ Sport Mode ကေတာ့ ကားကိုအရွိန္ျပင္းျပင္းေမာင္းရင္ ကားစလစ္ျဖစ္မသြားေစဖို႔ စတီယာရင္ကို ေလးေလးပင္ပင္နဲ႔ တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္ေပးပါတယ္။ Normal Mode ကေတာ့ပံုမွန္ပဲျဖစ္ၿပီး Comfort Mode မွာထားရင္ေတာ့ ပံုမွန္ထက္ပိုၿပီးေပါ့ပါးတဲ့ စတီယာရင္အခ်ိဳးအေကြ႕ေတြ ျပဳလုပ္ႏိုင္တာေတြ႕ရပါတယ္။ ကားေမာင္းေနတဲ့အခါမွာ ဆီစားႏႈန္းအသက္သာဆံုးထိန္းခ်ဳပ္ႏိုင္ဖုိ႔ Eco Mode ကိုဖြင့္ေမာင္းႏိုင္တယ္လုိ႔ သိရပါတယ္။

I30_PERFORMANCE_6_SPEED_AUTOMATIC_TRANSMISSION_2014_1ST_GEN_-500x357

မိုးတြင္းကားေမာင္းရတဲ့အခါမွာ အဆင္အရမ္းေျပေစတဲ့အခ်က္ကေတာ့ ေအာ္တို၀ိုက္ပါစနစ္ တပ္ဆင္ေပးထားတာပါ။ ဒီစနစ္ကို ဖြင့္ထားတဲ့အခါမွာ မိုးသည္းမသည္းေပၚမူတည္ၿပီး ၀ိုက္ပါအေႏွးအျမန္ကို သူ႔အလိုအေလ်ာက္ခ်ိန္ညွိေပးသြားပါတယ္။ ၿပီးရင္ ကားအတြင္းခန္းအပူခ်ိန္ကိုလည္း ပံုမွန္ Air-Con ေတြလို အပူခ်ိန္တစ္မ်ိဳးတည္းသာဖြင့္ႏိုင္တာမဟုတ္ပဲ ဘယ္ဘက္နဲ႔ညာဘက္ကို မတူတဲ့ အပူခ်ိန္နဲ႔ဖြင့္ထားႏိုင္ပါတယ္။ ကားရဲ့အတြင္းပိုင္းက ေနာက္ၾကည့္မွန္မွာလည္း ညဘက္ေနာက္ကားေတြမီးထိုးရင္ မ်က္စိမစူးေအာင္ အလင္းေလွ်ာ့ေပးႏိုင္မယ့္ လုပ္ေဆာင္ခ်က္ပါ၀င္တယ္လို႔သိရပါတယ္။ တံခါးမွန္ေတြအကုန္ ပါ၀ါ၀င္းဒိုးျဖစ္ၿပီးေတာ့ ကားနဲ႔ ကုိယ့္ဖုန္းကို Bluetooth နဲ႔ခ်ိတ္ဆက္ၿပီး ဖုန္းေျပာတာ၊ သီခ်င္းဖြင့္တာ၊ USB နဲ႔ AUX ေပါက္ေတြကေနတစ္ဆင့္ ခ်ိတ္ဆက္ သီခ်င္းနားေထာင္တာ၊ အားသြင္းတာ စတာေတြလုပ္လုိ႔ရပါတယ္။

ဒီကားမွာအားသာတယ္လုိ႔ေျပာလုိ႔ရတဲ့အခ်က္ကေတာ့ လံုၿခံဳေရးစနစ္ပါ။ ေလအိတ္ (၆) လံုးအထိပါ၀င္လုိ႔ ပံုမွန္ေလအိတ္ (၂) လံုးေလာက္ပဲပါတဲ့ကားေတြက i-30 ကုိမယွဥ္ႏိုင္ပါဘူး။ ကားအေနာက္မွာ ကင္မရာအျပင္ အာရံုခံကိရိယာေတြလဲပါ၀င္ပါတယ္။ ESC (Electronic Stability Control) စနစ္ပါ၀င္ၿပီး ကားကိုအရွိန္နဲ႔ခ်ိဳးေကြ႕တဲ့အခါမ်ိဳးမွာ လမ္းေခ်ာ္သြားတာမ်ိဳးေတြမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ပံုမွန္ ဟန္းဘရိတ္အစား အီလက္ထရစ္ပါကင္ဘရိတ္ (EPB) ကို အသံုးျပဳေပးထားပါတယ္။

အားလံုးကုိၿခံဳေျပာရရင္ Hyundai i-30 ဟာေမာင္းရတာအဆင္ေျပၿပီး အထူးသျဖင့္ ကားအလ်ားတိုတဲ့အတြက္ ရန္ကုန္လုိ ယာဥ္ေၾကာၾကပ္တဲ့ေနရာမ်ိဳးမွာ အ၀င္အထြက္ လြယ္ကူတာ၊ ပါကင္ထိုးရအဆင္ေျပတာ၊ ဘယ္ေမာင္းျဖစ္လုိ႔ ယာဥ္ေၾကာနဲ႔ အံကိုက္ျဖစ္တာ စတဲ့အားသာခ်က္ေတြ ရွိေနပါတယ္။ ကားႀကီးႀကီးခန္႔ခန္႔မွ ႀကိဳက္တတ္တဲ့သူေတြအတြက္ေတာ့ အနည္းငယ္ေသးေနႏုိင္ေပမယ့္ ေပါ့ေပါ့ပါးပါး မိသားစုစီကားငယ္မ်ိဳးကို၀ယ္ခ်င္တဲ့သူေတြ၊ ဒါမွမဟုတ္ ဒီဇိုင္းဆန္းၿပီးေမာင္းရလြယ္ကူမယ့္ ကားမ်ိဳးကိုႀကိဳက္တတ္တဲ့လူငယ္ေတြအတြက္ေတာ့ သင့္ေလ်ာ္တဲ့ကားတစ္စီးျဖစ္တယ္လုိ႔ ေျပာျပလုိက္ခ်င္ပါတယ္။

Hyundai i-30 ကို ရန္ကုန္ၿမိဳ႕၊ သမိုင္းလမ္းဆံုမွာရွိတဲ့ Hyundai Showroom မွာ မည္သူမဆိုအခမဲ့သြားေရာက္စမ္းသပ္ေမာင္းႏွင္ ႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ သိန္း ၃၀၀ ၀န္းက်င္ျဖစ္ၿပီး အရစ္က်၀ယ္ရင္ အတုိးမယူပဲေရာင္းခ်ေပးမွာျဖစ္သလုိ လက္ငင္း၀ယ္ယူရင္ေတာ့ အထူးေလွ်ာ့ေစ်းရွိတယ္လုိ႔ သိရပါတယ္။ ဒါမွမဟုတ္ ငွားရမ္းအသံုးျပဳခ်င္တယ္ဆိုရင္လဲ သက္သာတဲ့ေစ်းႏႈန္းနဲ႔ ႏွစ္အလုိက္ငွားရမ္းေပးမယ့္ ၀န္ေဆာင္မႈရွိပါတယ္။ i-30 ကို စမ္းသပ္ေမာင္းႏွင္ခ်င္ရင္ Hyundai Test Drive Hotline ၀၉ ၂၅၂ ၁၈ ၃၁၁၃ ကိုဆက္သြယ္ႏိုင္ေၾကာင္း သတင္းေကာင္းပါးအပ္ပါတယ္။

 

I30_INTERIOR_MAIN_01_2014_1ST_GEN_FRN-500x286 I30_INTERIOR_MAIN_02_2014_1ST_GEN_FRN-500x230I30_PERFORMANCE_16_MPI_GASOLINE_ENGINE_2014_1ST_GEN_FRN-500x339



Unicode Version

Hyundai i-30 ဟာ Hyundai ကထုတ်လုပ်ထားတဲ့ မိသားစုစီး Hatchback ကားအမျိုးအစားဖြစ်ပါတယ်။ Hyundai ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးနဲ့ ကမ္ဘာ့ပဥ္စမအကြီးဆုံး ကားထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်သလို Hyundai ကထုတ်လုပ်ထားတဲ့ i-30 ကိုလည်း သိပ်လျှော့တွက်လို့မရပါဘူး။ ကားသေးတယ်လို့ထင်ရပေမယ့် အင်ဂျင်ပါဝါက ၁.၆ စီစီဖြစ်လို့ မြန်မာနိုင်ငံမှာအစီးများနေတဲ့ တစ်ချို့ဆလွန်းကားတွေထက်တောင်မှ အင်ဂျင်ဆွဲအားပိုကောင်းတယ်ဆိုတာတွေ့ရမှာပါ။ Showroom မှာ စမ်းသပ်မောင်းနှင်ခွင့် ပေးထားတဲ့ ဒီကားကို Test Drive လုပ်ခဲ့တဲ့အတွေ့အကြုံတစ်ချို့ကို တခြားစာဖတ်သူတွေသိရအောင် ပြန်လည်ဝေမျှပေးချင်ပါတယ်။

Hyundai i-30 (Hatchback) ဟာ

အင်ဂျင်ပါဝါ                       - ၁၆ဝဝ စီစီ

အင်ဂျင်အမျိုးအစား             - Gamma 1.6 MPi ဓါတ်ဆီအင်ဂျင်

ဂီယာအမျိုးအစား                - အော်တိုဂီယာခြောက်ချက် (ဆီမီးဂီယာအမျိုးအစား) ဖြစ်ပါတယ်။

 

ကားကိုစမ်းသပ်မမောင်းရသေးခင် ပထမဆုံးသတိထားလိုက်မိတဲ့အချက်ကတော့ Hyundai ကားတွေရဲ့ထူးခြားချက်ဖြစ်တဲ့ မာန်ပါတဲ့ရုပ်ထွက်ဖြစ်ပါတယ်။ i-30 ရဲ့ခပ်ကျယ်ကျယ်ရှဲလ်နဲ့ တစ်မူထူးခြားတဲ့ဒီဇိုင်းနဲ့ရှေ့မီးကြီးတွေဟာ တခြားကားတွေနဲ့ ကွဲထွက်နေစေမယ့် အသွင်ရှိပါတယ်။ Luxury Grade i-30 မှာ ၁၆ လက်မ အလွိုင်းဘီးတွေတပ်ဆင်ပေးထားပြီး  စပယ်ရာဘီးကလဲ ကိုရီးယားကားတွေရဲ့ အားသာချက်လို့ဆိုရမယ့် ၁၆ လက်မ အော်ရီဂျင်နယ်အလွိုင်းအတိုင်း ပါရှိပါတယ်၊ သံဂွေနဲ့မဟုတ်ပါဘူး။

1227102_i30_exterior_main_02_2013_2nd_aus_rhd-500x255

 

ကားသော့က Smart Key ဖြစ်တဲ့အတွက်ကြောင့် မောင်းမယ့်သူက ကားသော့ယူပြီး ကားအနားကိုရောက်လာရင် ဘေးနောက်ကြည့်မှန်အော်တိုပွင့်လာပါတယ်။ ဒါ့အပြင် ညဘက်အဆင်ပြေစေဖို့ ကားသော့ကိုကားနားယူလာရုံနဲ့ ဘေးနောက်ကြည့်မှန်နဲ့ ကားတံခါးလက်ကိုင်တွေက မီးလင်းလာမှာဖြစ်တယ်လို့ သိရပါတယ်။ အတွင်းခန်းကတော့ ကြည့်ရုံနဲ့ကျေနပ်သွားစေမယ့် Leather Seats တွေအပြည့်ထည့်သွင်းပေးထားပါတယ်။ ယာဉ်မောင်းထိုင်ခုံကိုလိုသလို ရှေ့နောက်နိမ့်မြင့်ချိန်ချင်ရင် မော်တာနဲ့ချိန်ညှိနိုင်တာ တွေ့ရပါတယ်။ အတွင်းခန်းက လူငါးယောက် သက်တောင့်သက်သာ စီးနင်းနိုင်အောင်ကျယ်ဝန်းပြီးတော့ နောက်ဖုံးမှာပစ္စည်းများများ သယ်သွားချင်ရင် နောက်ခုံကိုချိုးချလိုက်ရုံပါပဲ။ အထူးသဖြင့် ဂေါက်အိတ်လိုပစ္စည်းတွေသယ်သွားချင်တဲ့သူတွေနဲ့တော့ အံကိုက်ပဲလို့ တွေးလိုက်မိပါတယ်။

1217813_i30_steering_wheel_2013_1st_gen_lhd_in34-500x388

နောက်ပိုင်းထွက်လာတဲ့ကားတွေရဲ့ထုံးစံအတိုင်း Push Start စနစ်ကိုသုံးထားပါတယ်။ i-30 ရဲ့ထူးခြားချက်ကတော့ Driving Mode ၃ မျိုးထည့်သွင်းပေးထားတာဖြစ်ပြီး Sport ၊ Normal နဲ့ Comfort Mode ဆိုပြီးပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Sport Mode ကတော့ ကားကိုအရှိန်ပြင်းပြင်းမောင်းရင် ကားစလစ်ဖြစ်မသွားစေဖို့ စတီယာရင်ကို လေးလေးပင်ပင်နဲ့ တည်ငြိမ်အောင် ထိန်းချုပ်ပေးပါတယ်။ Normal Mode ကတော့ပုံမှန်ပဲဖြစ်ပြီး Comfort Mode မှာထားရင်တော့ ပုံမှန်ထက်ပိုပြီးပေါ့ပါးတဲ့ စတီယာရင်အချိုးအကွေ့တွေ ပြုလုပ်နိုင်တာတွေ့ရပါတယ်။ ကားမောင်းနေတဲ့အခါမှာ ဆီစားနှုန်းအသက်သာဆုံးထိန်းချုပ်နိုင်ဖို့ Eco Mode ကိုဖွင့်မောင်းနိုင်တယ်လို့ သိရပါတယ်။

I30_PERFORMANCE_6_SPEED_AUTOMATIC_TRANSMISSION_2014_1ST_GEN_-500x357

မိုးတွင်းကားမောင်းရတဲ့အခါမှာ အဆင်အရမ်းပြေစေတဲ့အချက်ကတော့ အော်တိုဝိုက်ပါစနစ် တပ်ဆင်ပေးထားတာပါ။ ဒီစနစ်ကို ဖွင့်ထားတဲ့အခါမှာ မိုးသည်းမသည်းပေါ်မူတည်ပြီး ဝိုက်ပါအနှေးအမြန်ကို သူ့အလိုအလျောက်ချိန်ညှိပေးသွားပါတယ်။ ပြီးရင် ကားအတွင်းခန်းအပူချိန်ကိုလည်း ပုံမှန် Air-Con တွေလို အပူချိန်တစ်မျိုးတည်းသာဖွင့်နိုင်တာမဟုတ်ပဲ ဘယ်ဘက်နဲ့ညာဘက်ကို မတူတဲ့ အပူချိန်နဲ့ဖွင့်ထားနိုင်ပါတယ်။ ကားရဲ့အတွင်းပိုင်းက နောက်ကြည့်မှန်မှာလည်း ညဘက်နောက်ကားတွေမီးထိုးရင် မျက်စိမစူးအောင် အလင်းလျှော့ပေးနိုင်မယ့် လုပ်ဆောင်ချက်ပါဝင်တယ်လို့သိရပါတယ်။ တံခါးမှန်တွေအကုန် ပါဝါဝင်းဒိုးဖြစ်ပြီးတော့ ကားနဲ့ ကိုယ့်ဖုန်းကို Bluetooth နဲ့ချိတ်ဆက်ပြီး ဖုန်းပြောတာ၊ သီချင်းဖွင့်တာ၊ USB နဲ့ AUX ပေါက်တွေကနေတစ်ဆင့် ချိတ်ဆက် သီချင်းနားထောင်တာ၊ အားသွင်းတာ စတာတွေလုပ်လို့ရပါတယ်။

ဒီကားမှာအားသာတယ်လို့ပြောလို့ရတဲ့အချက်ကတော့ လုံခြုံရေးစနစ်ပါ။ လေအိတ် (၆) လုံးအထိပါဝင်လို့ ပုံမှန်လေအိတ် (၂) လုံးလောက်ပဲပါတဲ့ကားတွေက i-30 ကိုမယှဉ်နိုင်ပါဘူး။ ကားအနောက်မှာ ကင်မရာအပြင် အာရုံခံကိရိယာတွေလဲပါဝင်ပါတယ်။ ESC (Electronic Stability Control) စနစ်ပါဝင်ပြီး ကားကိုအရှိန်နဲ့ချိုးကွေ့တဲ့အခါမျိုးမှာ လမ်းချော်သွားတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပုံမှန် ဟန်းဘရိတ်အစား အီလက်ထရစ်ပါကင်ဘရိတ် (EPB) ကို အသုံးပြုပေးထားပါတယ်။

အားလုံးကိုခြုံပြောရရင် Hyundai i-30 ဟာမောင်းရတာအဆင်ပြေပြီး အထူးသဖြင့် ကားအလျားတိုတဲ့အတွက် ရန်ကုန်လို ယာဉ်ကြောကြပ်တဲ့နေရာမျိုးမှာ အဝင်အထွက် လွယ်ကူတာ၊ ပါကင်ထိုးရအဆင်ပြေတာ၊ ဘယ်မောင်းဖြစ်လို့ ယာဉ်ကြောနဲ့ အံကိုက်ဖြစ်တာ စတဲ့အားသာချက်တွေ ရှိနေပါတယ်။ ကားကြီးကြီးခန့်ခန့်မှ ကြိုက်တတ်တဲ့သူတွေအတွက်တော့ အနည်းငယ်သေးနေနိုင်ပေမယ့် ပေါ့ပေါ့ပါးပါး မိသားစုစီကားငယ်မျိုးကိုဝယ်ချင်တဲ့သူတွေ၊ ဒါမှမဟုတ် ဒီဇိုင်းဆန်းပြီးမောင်းရလွယ်ကူမယ့် ကားမျိုးကိုကြိုက်တတ်တဲ့လူငယ်တွေအတွက်တော့ သင့်လျော်တဲ့ကားတစ်စီးဖြစ်တယ်လို့ ပြောပြလိုက်ချင်ပါတယ်။

Hyundai i-30 ကို ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံမှာရှိတဲ့ Hyundai Showroom မှာ မည်သူမဆိုအခမဲ့သွားရောက်စမ်းသပ်မောင်းနှင် နိုင်ပါတယ်။ စျေးနှုန်းကတော့ သိန်း ၃ဝဝ ဝန်းကျင်ဖြစ်ပြီး အရစ်ကျဝယ်ရင် အတိုးမယူပဲရောင်းချပေးမှာဖြစ်သလို လက်ငင်းဝယ်ယူရင်တော့ အထူးလျှော့စျေးရှိတယ်လို့ သိရပါတယ်။ ဒါမှမဟုတ် ငှားရမ်းအသုံးပြုချင်တယ်ဆိုရင်လဲ သက်သာတဲ့စျေးနှုန်းနဲ့ နှစ်အလိုက်ငှားရမ်းပေးမယ့် ဝန်ဆောင်မှုရှိပါတယ်။ i-30 ကို စမ်းသပ်မောင်းနှင်ချင်ရင် Hyundai Test Drive Hotline ဝ၉ ၂၅၂ ၁၈ ၃၁၁၃ ကိုဆက်သွယ်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

 

I30_INTERIOR_MAIN_01_2014_1ST_GEN_FRN-500x286 I30_INTERIOR_MAIN_02_2014_1ST_GEN_FRN-500x230I30_PERFORMANCE_16_MPI_GASOLINE_ENGINE_2014_1ST_GEN_FRN-500x339

Latest News

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »