fb-pageview-tracker
သင့္ကား အဆြဲအရုန္းမေကာင္းေစျခင္းရဲ႕ တရားခံ


Zawgyi Version

ေလတံခါး (throttle body ) ခ်ိဳ႕ယြင္းမႈ ေရာဂါလကၡဏာမ်ား

ကားတစ္စီး အဆြဲအရုန္းမေကာင္းေစတဲ့ အေၾကာင္းအရင္းမ်ားစြာရွိပါတယ္။ အဲဒီထဲကမွ ေလတံခါး (throttle body) နဲ႕ ေလတံခါးအာရုံခံကရိယာ (throttle position sensor -TPS) မေကာင္းျခင္းေၾကာင့္ ျဖစ္ေပၚႏုိင္တဲ့ ကားေရာဂါေတြကုိ ဗဟုသုတအေနနဲ႕တင္ျပေပးပါမယ္။

Throttle Body (ေလတံခါး)
ေလတံခါးဆုိတာက အတြင္းပုိင္းမီးေလာင္ေပါက္ကြဲမႈအင္ဂ်င္ (internal combustion engine) ေတြ မီးေလာင္ေပါက္ကြဲဖုိ႕လုိအပ္တဲ့ ေလကုိထည့္သြင္းေပးရတဲ့ intake system မွာအဓိက တာဝန္ထမ္းေဆာင္ေနတဲ့အရာျဖစ္တယ္။
Throttle body (ေလတံခါး) ကုိ ေယဘုယ်အားျဖင့္ အင္တိတ္မီနီဖုိး (intake manifold) နဲ႕ ေလစစ္ဘူး ( air filter) တုိ႕ၾကားထဲမွာတပ္ဆင္ထားျပီး ကားေမာင္းသူရဲ့ လီဘာနင္းမႈအေပၚမူတည္ကာ အင္ဂ်င္ထဲကုိ မီးေလာင္ေပါက္ကြဲဖုိ႕ ေလအနည္းအမ်ား ဘယ္ေလာက္ပမာဏသြင္းမယ္ဆုိတာကုိ သူ႕မွာပါဝင္တဲ့ butterfly valve ေတြနဲ႕ regulate လုပ္ေပးျခင္းျဖင့္ ထိန္းခ်ဳပ္ေပးတာပါ။ ဒါက throttle body (ေလတံခါး) ရဲ့ အဓိက တာဝန္ထမ္းေဆာင္ေနတဲ့ပံုစံျဖစ္တယ္။

ဒီလုိ တာဝန္ထမ္းေဆာင္ေနတဲ့ ေလတံခါးက ေလမသန္႕လုိ႕ျဖစ္ေစ၊ အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ throttle body (ေလတံခါး) ဟာ ေၾကးေတြ၊ ဖုန္ေတြ၊ အညစ္အေၾကးေတြနဲ႕ပိတ္ဆုိ႕သြားမယ္ဆုိရင္ သူ႕ထမ္းေဆာင္ရတဲ့ တာဝန္ျဖစ္တဲ့ ေလအနည္းအမ်ားပမာဏထည့္သြင္းျခင္းကုိ အတိအက်မလုပ္ေဆာင္ႏုိင္ေတာ့ဘဲ အညစ္အေၾကးပိတ္ဆုိ႕မႈ အနည္းအမ်ားပမာဏအေပၚမူတည္ျပီး သင့္ကားမွာ ေအာက္ပါ ေရာဂါလကၡဏာေတြျဖစ္ေပၚလာပါလိမ့္မယ္။

၁။ စက္ႏႈိးရၾကာမယ္၊ စက္ႏႈိးရာမွာ ပံုမွန္ထက္ ကရုိင္းရွပ္ (crankshaft) လည္ပတ္ရႏႈန္းေတြပုိမ်ားလာမယ္။

၂။ အင္ဂ်င္အေႏွးလည္ပတ္မႈအေျခအေန (idle speed) မတည္မျငိမ္ျဖစ္မယ္၊ အင္ဂ်င္အေႏွးလည္ပတ္ေနတဲ့အခ်ိန္မွာ ပံုမွန္မျဖစ္ဘဲ အတက္အက်မတည္မျငိမ္ျဖစ္ေပၚမယ္။

၃။ အင္ဂ်င္အေႏွးလည္ပတ္ေနတဲ့ အေျခအေနမွာ ေလတံခါးအတြင္းပိတ္ဆုိ႕ေနတဲ့ေၾကးေတြေၾကာင့္ အဖြင့္အပိတ္မမွန္ျဖစ္ျပီး ေလယုိစိမ့္မႈျဖစ္ကာ စက္ေသသြားမယ္၊ ဒါမွမဟုတ္ slow speed ျဖစ္သြားပါမယ္။

၄။ အင္ဂ်င္တုံ႕ဆုိင္းဆုိင္းျဖစ္မယ္၊ ဥပမာအားျဖင့္ ကားေမာင္းေနရင္း အေၾကာင္းတစ္ခုခုေၾကာင့္ လီဘာကုိေလ်ာ့လုိက္တယ္ဆုိရင္ စက္ကတံု႕ဆုိင္းဆုိင္းျဖစ္သြားျပီး စက္ေသခ်င္သလုိလုိျဖစ္တာမ်ိဳး၊ မီးပြိဳင့္မိလုိ႕ စက္ရွိန္ေလ်ာ့လုိက္တာနဲ႕ စက္ေသသြားတာမ်ိဳးေတြျဖစ္လာပါမယ္။

ဒီလုိျဖစ္လာျပီဆုိရင္ throttle body (ေလတံခါး) ကုိျဖဳတ္ျပီး ေလတံခါးထဲက အညစ္အေၾကးေတြ၊ ဂ်ိဳးေတြကုိ ေဆးေၾကာသန္႕စင္ဖုိ႕လုိေနပါျပီ။ ေလတံခါးသန္႕ရွင္းတဲ့ေဆးရည္ေတြနဲ႕ ေဆးေၾကာႏုိင္သလုိ၊ အမ်ားအားျဖင့္ 
ဓာတ္ဆီနဲ႕လည္းေဆးေၾကာေနတာေတြ႕ရပါတယ္။

TPS (throttle position sensor)
ေလတံခါးအာရုံခံကရိယာဆုိတာက ကားမွာရွိတဲ့ေလတံခါးရဲ့ အလုပ္လုပ္ပံုေတြကုိ ကူညီထိန္းခ်ဳပ္လုပ္ေဆာင္ေပးတဲ့ အရာပါ။ ေယဘုယ်အားျဖင့္ေတာ့ ေလတံခါးထဲမွာရွိတဲ့ butterfly valve ေတြရဲ့အပိတ္အဖြင့္နဲ႕တည္ေနပံုေတြကုိ 
အာရံုခံေပးျပီး ထိန္းခ်ဳပ္လုပ္ေဆာင္ျခင္းျဖစ္ပါတယ္။ ေမာ္ဒယ္ျမင့္ကားေတြမွာေတာ့ ECU (engine control unit) ကေနျပီး အာရံုခံစနစ္ေတြ၊ သတင္းပုိ႕စနစ္ေတြကုိ အသံုးျပဳကာ ETC (electronic throttle control) စနစ္ေတြအေနနဲ႕ လုပ္ေဆာင္ေပးပါတယ္။

တျခားလုပ္ေဆာင္ခ်က္အေနနဲ႕ကေတာ့ ေလတံခါးအာရုံခံကရိယာေတြနဲ႕ automatic transmission လုိ႕ေခၚတဲ့ ေအာ္တုိဂီယာစနစ္ေတြ တြဲဖက္လုပ္ေဆာင္ျပီး ဂီယာေျပာင္းလဲမႈျဖစ္စဥ္ေတြကုိ ထိန္းခ်ဳပ္လုပ္ေဆာင္ျခင္း
ပါပဲ။ ဒီလုိလုပ္ေဆာင္ခ်က္ေတြကုိ လုပ္ေဆာင္ေပးေနတဲ့ အာရုံခံကရိယာေတြ ခ်ိဳ႕ယြင္းပ်က္စီးမယ္ဆုိရင္ သင့္ကားမွာ ေအာက္ပါေရာဂါလကၡဏာေတြျဖစ္ေပၚလာပါမယ္။

၁။ ကားအရွိန္တက္မႈေႏွးေကြးမယ္
ပံုမွန္အားျဖင့္ ကားေတြမွာ ကားလီဘာနဲ႕ ကားရဲ့အရွိန္ဟာတုိက္ရုိက္ဆက္သြယ္ေနပါတယ္၊ ေလတံခါး အာရုံခံကရိယာေတြ ေၾကာင္လာမယ္ဆုိရင္ေတာ့ လီဘာနင္းရင္ နင္းသေလာက္ ကားအရွိန္ ျမင့္တက္လာမွာမဟုတ္ေတာ့ပါဘူး။
လီဘာကုိနင္းလုိက္တဲ့ အရွိန္နဲ႕ ကားရဲ့အရွိန္ျမင့္တက္လာမႈ ကြာဟေနမယ္ဆုိရင္ေတာ့ သင့္ကားရဲ့ ေလတံခါးအာရုံခံကရိယာေတြ ေၾကာင္ေနပါျပီ။ အထူးသျဖင့္ ကားအရွိန္တက္လာျပီးမွ ရုတ္တရက္ တံု႕ဆုိင္းဆုိင္းျဖစ္သြားတာမ်ဳိးပါ။

၂။ ခဏခဏ စက္ေသေသသြားျခင္း
အျခားေလတံခါးအာရုံခံကရိယာ မေကာင္းျခင္းေၾကာင့္ျဖစ္ေစတဲ့ ထင္ရွားတဲ့ေရာဂါလကၡဏာကေတာ့ အင္ဂ်င္စက္ႏႈိးၾကည့္ထားခ်ိန္နဲ႕ ေမာင္းႏွင္ေနတဲ့အခ်ိန္နွစ္ခုလံုးမွာ ခဏခဏစက္ေသသြားျခင္းပါပဲ။ အင္ဂ်င္စက္ေသေသသြားရျခင္းရဲ့ ေရာဂါေတြ အမ်ားၾကီးရွိတဲ့အထဲကမွ ပံုမွန္စက္ခဏခဏေသသြားတတ္ျခင္းက ေလတံခါးေရာဂါေၾကာင့္ပါဆုိျပီး ပညာရွင္ေတြက သတ္မွတ္ထားပါတယ္။

၃။ အရွိန္အလုိလုိျမန္လာျခင္း
လီဘာကုိ အရွိန္တစ္ခုရေအာင္ ပံုမွန္နင္းထားရာကေန ကားအရွိန္ေတြကပံုမွန္မဟုတ္ဘဲ အလုိလုိျမန္လာမယ္၊ တုိးျပီးတက္လာမယ္ဆုိရင္လည္း အဲဒါေလတံခါးအာရုံခံကရိယာေၾကာင့္ျဖစ္တတ္တဲ့ ေရာဂါလကၡဏာရပ္ပါပဲ။

၄။ ဂီယာအေျပာင္းအကူးျပႆနာ
TPS (throttle position sensor) ေတြက လီဘာဘယ္ေလာက္နင္းတယ္ဆုိတာကုိ တိတိက်က်သတင္းမပုိ႕ႏုိင္ရင္ သင့္အရွိန္ အနိမ့္အျမင့္ကုိ အင္ဂ်င္ထိန္းခ်ဳပ္စနစ္က ေသခ်ာမသိဘဲ ဂီယာအကူးအေျပာင္းေတြ ျပဳလုပ္ျခင္းဆုိတဲ့ ျပႆနာေတြျဖစ္လာႏုိင္ပါေသးတယ္။

၅။ Engine check မီးလင္းလာတာ
Engine check မီးလင္းလာရျခင္းအေၾကာင္းအရာေတြ မ်ားစြာရွိရတဲ့အထဲကမွ အေပၚကလကၡဏာရပ္ေတြလည္းျဖစ္တယ္၊ engine check မီးလည္းလင္းလာမယ္ဆုိရင္ေတာ့ အဲဒါ TPS (throttle position sensor) ေၾကာင့္ျဖစ္ရတဲ့ ေရာဂါပါပဲ။

ဒီလုိေရာဂါလကၡဏာရပ္ေတြေပၚလာျပီဆုိရင္ေတာ့ on board diagnosis (OBD) နည္းပညာမ်ားျဖင့္ျပစ္ခ်က္ရွာစစ္ေဆးျပီး စနစ္တက်ျပဳျပင္သင့္ပါတယ္လုိ႔ စာဖတ္သူ မိတ္ေဆြမ်ားအားလံုးကုိ အၾကံျပဳတင္ျပလုိက္ရပါတယ္ခင္ဗ်ာ။

စာဖတ္သူမိတ္ေဆြမ်ားအားလံုး နည္းပညာဗဟုသုတ ဖြံ႕ျဖိဳးတုိးတက္ၾကပါေစ။

စာေရးသူ : Lynn Za Nee (P.T.U)


Unicode Version

လေတံခါး (throttle body ) ချို့ယွင်းမှု ရောဂါလက္ခဏာများ

ကားတစ်စီး အဆွဲအရုန်းမကောင်းစေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ အဲဒီထဲကမှ လေတံခါး (throttle body) နဲ့ လေတံခါးအာရုံခံကရိယာ (throttle position sensor -TPS) မကောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကားရောဂါတွေကို ဗဟုသုတအနေနဲ့တင်ပြပေးပါမယ်။

Throttle Body (လေတံခါး)
လေတံခါးဆိုတာက အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုအင်ဂျင် (internal combustion engine) တွေ မီးလောင်ပေါက်ကွဲဖို့လိုအပ်တဲ့ လေကိုထည့်သွင်းပေးရတဲ့ intake system မှာအဓိက တာဝန်ထမ်းဆောင်နေတဲ့အရာဖြစ်တယ်။
Throttle body (လေတံခါး) ကို ယေဘုယျအားဖြင့် အင်တိတ်မီနီဖိုး (intake manifold) နဲ့ လေစစ်ဘူး ( air filter) တို့ကြားထဲမှာတပ်ဆင်ထားပြီး ကားမောင်းသူရဲ့ လီဘာနင်းမှုအပေါ်မူတည်ကာ အင်ဂျင်ထဲကို မီးလောင်ပေါက်ကွဲဖို့ လေအနည်းအများ ဘယ်လောက်ပမာဏသွင်းမယ်ဆိုတာကို သူ့မှာပါဝင်တဲ့ butterfly valve တွေနဲ့ regulate လုပ်ပေးခြင်းဖြင့် ထိန်းချုပ်ပေးတာပါ။ ဒါက throttle body (လေတံခါး) ရဲ့ အဓိက တာဝန်ထမ်းဆောင်နေတဲ့ပုံစံဖြစ်တယ်။

ဒီလို တာဝန်ထမ်းဆောင်နေတဲ့ လေတံခါးက လေမသန့်လို့ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့် throttle body (လေတံခါး) ဟာ ကြေးတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ပိတ်ဆို့သွားမယ်ဆိုရင် သူ့ထမ်းဆောင်ရတဲ့ တာဝန်ဖြစ်တဲ့ လေအနည်းအများပမာဏထည့်သွင်းခြင်းကို အတိအကျမလုပ်ဆောင်နိုင်တော့ဘဲ အညစ်အကြေးပိတ်ဆို့မှု အနည်းအများပမာဏအပေါ်မူတည်ပြီး သင့်ကားမှာ အောက်ပါ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာပါလိမ့်မယ်။

၁။ စက်နှိုးရကြာမယ်၊ စက်နှိုးရာမှာ ပုံမှန်ထက် ကရိုင်းရှပ် (crankshaft) လည်ပတ်ရနှုန်းတွေပိုများလာမယ်။

၂။ အင်ဂျင်အနှေးလည်ပတ်မှုအခြေအနေ (idle speed) မတည်မငြိမ်ဖြစ်မယ်၊ အင်ဂျင်အနှေးလည်ပတ်နေတဲ့အချိန်မှာ ပုံမှန်မဖြစ်ဘဲ အတက်အကျမတည်မငြိမ်ဖြစ်ပေါ်မယ်။

၃။ အင်ဂျင်အနှေးလည်ပတ်နေတဲ့ အခြေအနေမှာ လေတံခါးအတွင်းပိတ်ဆို့နေတဲ့ကြေးတွေကြောင့် အဖွင့်အပိတ်မမှန်ဖြစ်ပြီး လေယိုစိမ့်မှုဖြစ်ကာ စက်သေသွားမယ်၊ ဒါမှမဟုတ် slow speed ဖြစ်သွားပါမယ်။

၄။ အင်ဂျင်တုံ့ဆိုင်းဆိုင်းဖြစ်မယ်၊ ဥပမာအားဖြင့် ကားမောင်းနေရင်း အကြောင်းတစ်ခုခုကြောင့် လီဘာကိုလျော့လိုက်တယ်ဆိုရင် စက်ကတုံ့ဆိုင်းဆိုင်းဖြစ်သွားပြီး စက်သေချင်သလိုလိုဖြစ်တာမျိုး၊ မီးပွိုင့်မိလို့ စက်ရှိန်လျော့လိုက်တာနဲ့ စက်သေသွားတာမျိုးတွေဖြစ်လာပါမယ်။

ဒီလိုဖြစ်လာပြီဆိုရင် throttle body (လေတံခါး) ကိုဖြုတ်ပြီး လေတံခါးထဲက အညစ်အကြေးတွေ၊ ဂျိုးတွေကို ဆေးကြောသန့်စင်ဖို့လိုနေပါပြီ။ လေတံခါးသန့်ရှင်းတဲ့ဆေးရည်တွေနဲ့ ဆေးကြောနိုင်သလို၊ အများအားဖြင့် 
ဓာတ်ဆီနဲ့လည်းဆေးကြောနေတာတွေ့ရပါတယ်။

TPS (throttle position sensor)
လေတံခါးအာရုံခံကရိယာဆိုတာက ကားမှာရှိတဲ့လေတံခါးရဲ့ အလုပ်လုပ်ပုံတွေကို ကူညီထိန်းချုပ်လုပ်ဆောင်ပေးတဲ့ အရာပါ။ ယေဘုယျအားဖြင့်တော့ လေတံခါးထဲမှာရှိတဲ့ butterfly valve တွေရဲ့အပိတ်အဖွင့်နဲ့တည်နေပုံတွေကို 
အာရုံခံပေးပြီး ထိန်းချုပ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ မော်ဒယ်မြင့်ကားတွေမှာတော့ ECU (engine control unit) ကနေပြီး အာရုံခံစနစ်တွေ၊ သတင်းပို့စနစ်တွေကို အသုံးပြုကာ ETC (electronic throttle control) စနစ်တွေအနေနဲ့ လုပ်ဆောင်ပေးပါတယ်။

တခြားလုပ်ဆောင်ချက်အနေနဲ့ကတော့ လေတံခါးအာရုံခံကရိယာတွေနဲ့ automatic transmission လို့ခေါ်တဲ့ အော်တိုဂီယာစနစ်တွေ တွဲဖက်လုပ်ဆောင်ပြီး ဂီယာပြောင်းလဲမှုဖြစ်စဉ်တွေကို ထိန်းချုပ်လုပ်ဆောင်ခြင်း
ပါပဲ။ ဒီလိုလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနေတဲ့ အာရုံခံကရိယာတွေ ချို့ယွင်းပျက်စီးမယ်ဆိုရင် သင့်ကားမှာ အောက်ပါရောဂါလက္ခဏာတွေဖြစ်ပေါ်လာပါမယ်။

၁။ ကားအရှိန်တက်မှုနှေးကွေးမယ်
ပုံမှန်အားဖြင့် ကားတွေမှာ ကားလီဘာနဲ့ ကားရဲ့အရှိန်ဟာတိုက်ရိုက်ဆက်သွယ်နေပါတယ်၊ လေတံခါး အာရုံခံကရိယာတွေ ကြောင်လာမယ်ဆိုရင်တော့ လီဘာနင်းရင် နင်းသလောက် ကားအရှိန် မြင့်တက်လာမှာမဟုတ်တော့ပါဘူး။
လီဘာကိုနင်းလိုက်တဲ့ အရှိန်နဲ့ ကားရဲ့အရှိန်မြင့်တက်လာမှု ကွာဟနေမယ်ဆိုရင်တော့ သင့်ကားရဲ့ လေတံခါးအာရုံခံကရိယာတွေ ကြောင်နေပါပြီ။ အထူးသဖြင့် ကားအရှိန်တက်လာပြီးမှ ရုတ်တရက် တုံ့ဆိုင်းဆိုင်းဖြစ်သွားတာမျိုးပါ။

၂။ ခဏခဏ စက်သေသေသွားခြင်း
အခြားလေတံခါးအာရုံခံကရိယာ မကောင်းခြင်းကြောင့်ဖြစ်စေတဲ့ ထင်ရှားတဲ့ရောဂါလက္ခဏာကတော့ အင်ဂျင်စက်နှိုးကြည့်ထားချိန်နဲ့ မောင်းနှင်နေတဲ့အချိန်နှစ်ခုလုံးမှာ ခဏခဏစက်သေသွားခြင်းပါပဲ။ အင်ဂျင်စက်သေသေသွားရခြင်းရဲ့ ရောဂါတွေ အများကြီးရှိတဲ့အထဲကမှ ပုံမှန်စက်ခဏခဏသေသွားတတ်ခြင်းက လေတံခါးရောဂါကြောင့်ပါဆိုပြီး ပညာရှင်တွေက သတ်မှတ်ထားပါတယ်။

၃။ အရှိန်အလိုလိုမြန်လာခြင်း
လီဘာကို အရှိန်တစ်ခုရအောင် ပုံမှန်နင်းထားရာကနေ ကားအရှိန်တွေကပုံမှန်မဟုတ်ဘဲ အလိုလိုမြန်လာမယ်၊ တိုးပြီးတက်လာမယ်ဆိုရင်လည်း အဲဒါလေတံခါးအာရုံခံကရိယာကြောင့်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာရပ်ပါပဲ။

၄။ ဂီယာအပြောင်းအကူးပြဿနာ
TPS (throttle position sensor) တွေက လီဘာဘယ်လောက်နင်းတယ်ဆိုတာကို တိတိကျကျသတင်းမပို့နိုင်ရင် သင့်အရှိန် အနိမ့်အမြင့်ကို အင်ဂျင်ထိန်းချုပ်စနစ်က သေချာမသိဘဲ ဂီယာအကူးအပြောင်းတွေ ပြုလုပ်ခြင်းဆိုတဲ့ ပြဿနာတွေဖြစ်လာနိုင်ပါသေးတယ်။

၅။ Engine check မီးလင်းလာတာ
Engine check မီးလင်းလာရခြင်းအကြောင်းအရာတွေ များစွာရှိရတဲ့အထဲကမှ အပေါ်ကလက္ခဏာရပ်တွေလည်းဖြစ်တယ်၊ engine check မီးလည်းလင်းလာမယ်ဆိုရင်တော့ အဲဒါ TPS (throttle position sensor) ကြောင့်ဖြစ်ရတဲ့ ရောဂါပါပဲ။

ဒီလိုရောဂါလက္ခဏာရပ်တွေပေါ်လာပြီဆိုရင်တော့ on board diagnosis (OBD) နည်းပညာများဖြင့်ပြစ်ချက်ရှာစစ်ဆေးပြီး စနစ်တကျပြုပြင်သင့်ပါတယ်လို့ စာဖတ်သူ မိတ်ဆွေများအားလုံးကို အကြံပြုတင်ပြလိုက်ရပါတယ်ခင်ဗျာ။

စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ကြပါစေ။

စာရေးသူ : Lynn Za Nee (P.T.U)

Latest News

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »

ရန္ကုန္တိုင္​း စည္​ပင္​နယ္​နိမိတ္​အတြင္​း...

Zawgyi Version ရန္ကုန္တိုင္​းစည္​ပင္​နယ္​နိမိတ္​ၿမိဳ႕နယ္​မ်ားအတြင္​း ဆိုင္ကယ္စီးနင္းခြင့္ မျပဳထား​ေသာ္​လည္​း လိုင္​စင္​မဲ့ဆိုင္​ကယ္​မ်ား...

Read more »