ေအာင္မဂၤလာအေ၀းေျပးဂိတ္ ဆိုက္ေရာက္၀င္း အတြင္း ယာဥ္၀င္ေရာက္မႈေလ်ာ့နည္း

ေအာင္မဂၤလာအေ၀းေျပး၀င္း၌ အေ၀းေျပးယာဥ္မ်ားဆိုက္ေရာက္ ႏိုင္ရန္ Arrival ၀င္းတည္ေဆာက္၍ ခရီးသည္မ်ားကုိ ၀န္ေဆာင္မႈေပး လ်က္ရွိရာ ယခုလပုိင္းတြင္ Arrival ၀င္း၌ ယာဥ္၀င္ေရာက္မႈေလ်ာ့နည္း လ်က္ရွိေၾကာင္းသိရသည္။

Highway

ဤကဲ့သုိ႔ ေအာင္မဂၤလာအေ၀း ေျပးယာဥ္မ်ားဆုိက္ေရာက္ႏိုင္ရန္ အတြက္ Arrival စခန္းကုိ (၂၀၁၃) ခုႏွစ္ (၈) လပုိင္း၌ အစမ္းဖြင့္ခဲ့ၿပီး (၉) လပုိင္းမွစတင္၍ တရား၀င္ဖြင့္ လွစ္ခဲ့ျခင္းျဖစ္သည္။ တရား၀င္ဖြင့္ လွစ္ခဲ့သည့္ (၉) လပုိင္းတြင္ Arrival ၀င္းသို႔ ယာဥ္အစီးေရ တစ္ေန႔လွ်င္ အမ်ားဆံုး (၃၉၉) စီးအထိ၀င္ေရာက္ ခဲ့ေသာ္လည္း ယခုအခါတြင္ တစ္ရက္ ကုိ (၁၈၈) စီးသာ၀င္ေရာက္ဆုိက္ ကပ္ေတာ့ေၾကာင္း ေအာင္မဂၤလာ အေ၀းေျပး Arrival  ၀န္းမွ တာ၀န္ရွိ သူ၏ေျပာၾကားခ်က္ အရသိရွိရသည္။

ယင္းကဲ့သုိ႔ ယာဥ္အစီးေရေလ်ာ့ နည္းသြားရျခင္းမွာ ေျခာက္လမ္းသြား ႏွင့္ အမွတ္ (၃) လမ္းမႀကီးျပင္ေန သည့္အတြက္ေၾကာင့္ျဖစ္ေၾကာင္းကို လည္း ၎င္းမွဆက္လက္ ေျပာၾကားခဲ့သည္။ အဆိုပါ ေအာင္မဂၤလာအေ၀း ေျပး Arrival ၀င္းကုိ လုပ္ကုိင္ခြင့္အားMYINT & PAING Co., Ltd. မွ BOT စနစ္ျဖင့္ (၁၇) ႏွစ္ လုပ္ကုိင္ခြင့္ ရရွိခဲ့ ေၾကာင္းသိရသည္။ ယင္း၀င္း အတြင္း ဆိုက္ေရာက္ခကုိကားႀကီး တစ္စီး (၅၀၀) က်ပ္၊ ကားေလး တကၠစီ (၂၀၀) က်ပ္တုိ႔ျဖင့္အသီး သီးေကာက္ခံၿပီး Public နံပါတ္ အနက္ကုိ ေငြေၾကးေကာက္ခံျခင္း မျပဳေၾကာင္းသိရသည္။

ေအာင္မဂၤလာအေ၀းေျပးယာဥ္ Arrival ၀င္းသည္ တစ္ရက္လွ်င္ ခန္႔ မွန္းေျခ ခရီးသည္ (၆၀၀၀) ေက်ာ္ကုိ ၀န္ေဆာင္မႈမ်ားေပးေနေၾကာင္းသိရွိရ သည္။ ယင္းကဲ့သို႔ အေ၀းေျပးယာဥ္ မ်ားသည္ Arrival တြင္ဆုိက္ေရာက္ ပါက ခရီးသည္မ်ားသြားလာမႈ လြယ္ ကူေစရန္ City Bus ႏွင့္ တကၠစီမ်ား ကုိလည္း အဆင္သင့္ထားေပးထား ေၾကာင္းသိရသည္။ ေအာင္မဂၤလာအေ၀းေျပး Arrival စခန္းကုိ တည္ေဆာက္ႏိုင္ျခင္း ေၾကာင့္ ႏိုင္ငံတကာကဲ့သုိ႔ Arrival စခန္းသီးသန္႔တည္ရွိၿပီး ယခင္ကလို တကၠစီမ်ားေနာက္ မွလိုက္လာျခင္း မရွိသည့္အတြက္ ခရီးသည္မ်ားအဆင္ ေျပစြာသြားလာႏိုင္ၿပီး ယာဥ္ေၾကာပိတ္ ဆို႔မႈကုိ အနည္းငယ္ေလွ်ာ့ခ်ႏိုင္မွာျဖစ္ ေၾကာင္းသိရသည္။

 

Ref: Automobile



Unicode Version

အောင်မင်္ဂလာအဝေးပြေးဝင်း၌ အဝေးပြေးယာဉ်များဆိုက်ရောက် နိုင်ရန် Arrival ဝင်းတည်ဆောက်၍ ခရီးသည်များကို ဝန်ဆောင်မှုပေး လျက်ရှိရာ ယခုလပိုင်းတွင် Arrival ဝင်း၌ ယာဉ်ဝင်ရောက်မှုလျော့နည်း လျက်ရှိကြောင်းသိရသည်။

Highway

ဤကဲ့သို့ အောင်မင်္ဂလာအဝေး ပြေးယာဉ်များဆိုက်ရောက်နိုင်ရန် အတွက် Arrival စခန်းကို (၂ဝ၁၃) ခုနှစ် (၈) လပိုင်း၌ အစမ်းဖွင့်ခဲ့ပြီး (၉) လပိုင်းမှစတင်၍ တရားဝင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။ တရားဝင်ဖွင့် လှစ်ခဲ့သည့် (၉) လပိုင်းတွင် Arrival ဝင်းသို့ ယာဉ်အစီးရေ တစ်နေ့လျှင် အများဆုံး (၃၉၉) စီးအထိဝင်ရောက် ခဲ့သော်လည်း ယခုအခါတွင် တစ်ရက် ကို (၁၈၈) စီးသာဝင်ရောက်ဆိုက် ကပ်တော့ကြောင်း အောင်မင်္ဂလာ အဝေးပြေး Arrival  ဝန်းမှ တာဝန်ရှိ သူ၏ပြောကြားချက် အရသိရှိရသည်။

ယင်းကဲ့သို့ ယာဉ်အစီးရေလျော့ နည်းသွားရခြင်းမှာ ခြောက်လမ်းသွား နှင့် အမှတ် (၃) လမ်းမကြီးပြင်နေ သည့်အတွက်ကြောင့်ဖြစ်ကြောင်းကို လည်း ၎င်းင်းမှဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ အောင်မင်္ဂလာအဝေး ပြေး Arrival ဝင်းကို လုပ်ကိုင်ခွင့်အားMYINT & PAING Co., Ltd. မှ BOT စနစ်ဖြင့် (၁၇) နှစ် လုပ်ကိုင်ခွင့် ရရှိခဲ့ ကြောင်းသိရသည်။ ယင်းဝင်း အတွင်း ဆိုက်ရောက်ခကိုကားကြီး တစ်စီး (၅ဝဝ) ကျပ်၊ ကားလေး တက္ကစီ (၂ဝဝ) ကျပ်တို့ဖြင့်အသီး သီးကောက်ခံပြီး Public နံပါတ် အနက်ကို ငွေကြေးကောက်ခံခြင်း မပြုကြောင်းသိရသည်။

အောင်မင်္ဂလာအဝေးပြေးယာဉ် Arrival ဝင်းသည် တစ်ရက်လျှင် ခန့် မှန်းခြေ ခရီးသည် (၆ဝဝဝ) ကျော်ကို ဝန်ဆောင်မှုများပေးနေကြောင်းသိရှိရ သည်။ ယင်းကဲ့သို့ အဝေးပြေးယာဉ် များသည် Arrival တွင်ဆိုက်ရောက် ပါက ခရီးသည်များသွားလာမှု လွယ် ကူစေရန် City Bus နှင့် တက္ကစီများ ကိုလည်း အဆင်သင့်ထားပေးထား ကြောင်းသိရသည်။ အောင်မင်္ဂလာအဝေးပြေး Arrival စခန်းကို တည်ဆောက်နိုင်ခြင်း ကြောင့် နိုင်ငံတကာကဲ့သို့ Arrival စခန်းသီးသန့်တည်ရှိပြီး ယခင်ကလို တက္ကစီများနောက် မှလိုက်လာခြင်း မရှိသည့်အတွက် ခရီးသည်များအဆင် ပြေစွာသွားလာနိုင်ပြီး ယာဉ်ကြောပိတ် ဆို့မှုကို အနည်းငယ်လျှော့ချနိုင်မှာဖြစ် ကြောင်းသိရသည်။

 

Ref: Automobile

Latest News

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »