အျမန္လမ္းမႀကီးမ်ား ဥပေဒ ပုဒ္မ ၂၈ ခုႏွင့္ အတည္ျပဳထုတ္ျပန္ခဲ့ရာ အျမင့္ဆံုး ေထာင္ဒဏ္ သံုးႏွစ္ႏွင့္ ေငြက်ပ္သိန္းႏွစ္ဆယ္ အထိပါဝင္

ရန္ကုန္၊ ဧၿပီ ၂၂

အျမန္လမ္းမႀကီးမ်ားဆိုင္ရာ ဥပေဒကို ပုဒ္မ ၂၈ ခုႏွင့္ အတည္ျပဳထုတ္ျပန္လိုက္ၿပီ ျဖစ္ကာ အျမင့္ဆံုး ေထာင္ဒဏ္ သံုးႏွစ္ႏွင့္ ေငြက်ပ္သိန္း ႏွစ္ဆယ္အထိ ပါဝင္ေၾကာင္း အဆိုပါဥပေဒျပ႒န္းခ်က္အရ သိရသည္.။

ဥပေဒတြင္ အျမန္လမ္းမႀကီးအတြက္ စည္းကမ္းခ်က္ႏွင့္ ကန္႔သတ္ခ်က္မ်ား၊ တားျမစ္ခ်က္မ်ား၊ ျပစ္မႈႏွင့္ ျပစ္ဒဏ္မ်ား ပါဝင္ကာ စည္းကမ္းခ်က္မ်ားတြင္ အျမန္လမ္းမႀကီး၌ သတ္မွတ္ေမာ္ေတာ္ယာဥ္မ်ားသာ ေမာင္းႏွင္ခြင့္ရွိျခင္း၊ သတ္မွတ္အျမန္ႏႈန္းအတိုင္းသာ ေမာင္းႏွင္ခြင့္ရွိျခင္း၊ အျမန္လမ္းမႀကီး၏ တစ္ဖက္မွ အျခားတစ္ဖက္သို႔ ျဖတ္သန္းသြားလာရာတြင္ သတ္မွတ္လမ္းေၾကာင္းအတိုင္းသာ သြားလာခြင့္ရွိျခင္းတို႔ ပါဝင္သည္.။ တားျမစ္ခ်က္မ်ားတြင္ အျမန္လမ္းမႀကီးေပၚ၌ လမ္းလုပ္ငန္းေဆာင္ရြက္သည့္ လုပ္သားမ်ား၊ တာဝန္ယူႀကီးၾကပ္သူမ်ား၊ ေမာင္းႏွင္ခြင့္ျပဳထားသည့္ ေမာ္ေတာ္ယာဥ္မ်ား သြားလာျခင္းမွအပ မည္သူမွ် ေျခက်င္သြားျခင္း၊ စက္ဘီး (သို႔) ေမာ္ေတာ္ဆိုင္ကယ္စီးနင္းသြားလာျခင္း၊ ေထာ္လာဂ်ီကဲ့သို႔ အေႏွးယာဥ္ျဖင့္ သြားလာျခင္း၊ လွည္းႏွင့္ တိရစာၦန္မ်ားအပါအဝင္ အျခားတားျမစ္သည့္ ယာဥ္မ်ားသြားလာျခင္းႏွင့္ အျခားတစ္နည္းနည္းျဖင့္ အျမန္လမ္းမႀကီးေပၚ၌ ျဖတ္သန္းသြားလာျခင္း၊ နားေနခြင့္မရွိျခင္း၊ အျမန္လမ္းမႀကီး၏ အဂၤါရပ္ကို ပ်က္စီးေစျခင္း၊ ယာဥ္သြားလာမႈကို အဟန္႔အတားျဖစ္ေစျခင္းမ်ား၊ လမ္းမႀကီးကို အသံုးျပဳသြားလာေနေသာ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ စီးနင္းလိုက္ပါသူမ်ားကို အႏၱရာယ္ျဖစ္ေစျခင္း စသည့္အခ်က္မ်ား သတ္မွတ္ထားေၾကာင္း သိရသည္.။

ျပစ္မႈႏွင့္ ျပစ္ဒဏ္မ်ား၌ ပုဒ္မ ၁၄ ကို က်ဴးလြန္ေဖာက္ဖ်က္ပါက တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ငါးေသာင္းမွ သံုးသိန္းအထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလံုး ျဖစ္ေစ သတ္မွတ္ထားကာ ပုဒ္မ (၁၅) ကို က်ဴးလြန္ေဖာက္ဖ်က္ပါက သံုးႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ႏွစ္သိန္းမွ သိန္းႏွစ္ဆယ္အထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ေစ ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း၊ ပုဒ္မ (၁၆) ကိုက်ဴးလြန္ေဖာက္ဖ်က္ပါက သံုးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္တစ္သိန္းမွ က်ပ္ဆယ္သိန္းအထိ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ေစ ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း၊ ပုဒ္မ (၁၇) ကို က်ဴးလြန္ေဖာက္ဖ်က္ပါက ေျခာက္လထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ငါးေသာင္းမွ က်ပ္ငါးသိန္းအထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ေစ ခ်မွတ္ခံရမည္ျဖစ္သည့္အျပင္ အျမန္လမ္းမႀကီးဆိုင္ရာ ပစၥည္းပ်က္စီးဆံုးရႈံးမႈရွိပါက ဆံုးရံႈးမႈတန္ဖိုးအတိုင္း ေပးေလ်ာ္ရမည္ျဖစ္ေၾကာင္း သိရသည္.။

အျမန္လမ္းမႀကီး ဆိုင္ရာ ဥပေဒျပ႒န္းမႈက လမ္းမႀကီးကို အသံုးျပဳေနတဲ့သူေတြကို ေဘးအႏၱရာယ္ ကင္းရွင္းေစခ်င္တယ္၊ အျမန္လမ္းမႀကီးကို အသံုးျပဳၿပီးေတာ့ ကုန္စည္စီးဆင္းမႈကိုလည္း ျမန္ဆန္ေစခ်င္တယ္၊ ႏိုင္ငံတကာနဲ႔ပါ ကြန္ရက္ခ်ိတ္ဆက္ၿပီးေတာ့ ႏိုင္ငံေတာ္ဖြံ႔ၿဖိဳးေရး လုပ္ငန္းေတြကိုပါ ေဆာင္ရြက္ႏိုင္ဖို႔ ရည္ရြယ္တာပါ ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္း မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္.။

ဥပေဒတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္း၏ ခြင့္ျပဳခ်က္ျဖင့္ အျမန္လမ္းမႀကီးနယ္နိမိတ္ႏွင့္ ဆက္စပ္ဧရိယာတြင္ ယာဥ္ရပ္နားစခန္းမ်ား တည္ေဆာက္ခြင့္ျပဳမည္ျဖစ္ၿပီး ယာဥ္ရပ္နားစခန္းတြင္ စက္ျပင္အလုပ္ရံု၊ ဟိုတယ္၊ မိုတယ္၊ စားေသာက္ဆိုင္၊ ေစ်းဆိုင္၊ နားေနခန္းႏွင့္ ယာဥ္ရပ္နားစခန္းႏွင့္သက္ဆိုင္သည့္ အေဆာက္အအံုမ်ားကို တည္ေဆာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္.။

သဥၥာ (April 24, 2015 ထုတ္ Automobile Journal မွ ကူးယူေဖာ္ျပသည္)
www.myanmarcarsdb.com
No. 1 Car Site in Myanmar



Unicode Version

ရန်ကုန်၊ ဧပြီ ၂၂

အမြန်လမ်းမကြီးများဆိုင်ရာ ဥပဒေကို ပုဒ်မ ၂၈ ခုနှင့် အတည်ပြုထုတ်ပြန်လိုက်ပြီ ဖြစ်ကာ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်နှင့် ငွေကျပ်သိန်း နှစ်ဆယ်အထိ ပါဝင်ကြောင်း အဆိုပါဥပဒေပြဌန်းချက်အရ သိရသည်.။

ဥပဒေတွင် အမြန်လမ်းမကြီးအတွက် စည်းကမ်းချက်နှင့် ကန့်သတ်ချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ ပါဝင်ကာ စည်းကမ်းချက်များတွင် အမြန်လမ်းမကြီး၌ သတ်မှတ်မော်တော်ယာဉ်များသာ မောင်းနှင်ခွင့်ရှိခြင်း၊ သတ်မှတ်အမြန်နှုန်းအတိုင်းသာ မောင်းနှင်ခွင့်ရှိခြင်း၊ အမြန်လမ်းမကြီး၏ တစ်ဖက်မှ အခြားတစ်ဖက်သို့ ဖြတ်သန်းသွားလာရာတွင် သတ်မှတ်လမ်းကြောင်းအတိုင်းသာ သွားလာခွင့်ရှိခြင်းတို့ ပါဝင်သည်.။ တားမြစ်ချက်များတွင် အမြန်လမ်းမကြီးပေါ်၌ လမ်းလုပ်ငန်းဆောင်ရွက်သည့် လုပ်သားများ၊ တာဝန်ယူကြီးကြပ်သူများ၊ မောင်းနှင်ခွင့်ပြုထားသည့် မော်တော်ယာဉ်များ သွားလာခြင်းမှအပ မည်သူမျှ ခြေကျင်သွားခြင်း၊ စက်ဘီး (သို့) မော်တော်ဆိုင်ကယ်စီးနင်းသွားလာခြင်း၊ ထော်လာဂျီကဲ့သို့ အနှေးယာဉ်ဖြင့် သွားလာခြင်း၊ လှည်းနှင့် တိရစ္ဆာန်များအပါအဝင် အခြားတားမြစ်သည့် ယာဉ်များသွားလာခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် အမြန်လမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာခြင်း၊ နားနေခွင့်မရှိခြင်း၊ အမြန်လမ်းမကြီး၏ အင်္ဂါရပ်ကို ပျက်စီးစေခြင်း၊ ယာဉ်သွားလာမှုကို အဟန့်အတားဖြစ်စေခြင်းများ၊ လမ်းမကြီးကို အသုံးပြုသွားလာနေသော မော်တော်ယာဉ်များနှင့် စီးနင်းလိုက်ပါသူများကို အန္တရာယ်ဖြစ်စေခြင်း စသည့်အချက်များ သတ်မှတ်ထားကြောင်း သိရသည်.။

ပြစ်မှုနှင့် ပြစ်ဒဏ်များ၌ ပုဒ်မ ၁၄ ကို ကျူးလွန်ဖောက်ဖျက်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းမှ သုံးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ သတ်မှတ်ထားကာ ပုဒ်မ (၁၅) ကို ကျူးလွန်ဖောက်ဖျက်ပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းမှ သိန်းနှစ်ဆယ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ပုဒ်မ (၁၆) ကိုကျူးလွန်ဖောက်ဖျက်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းမှ ကျပ်ဆယ်သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ပုဒ်မ (၁၇) ကို ကျူးလွန်ဖောက်ဖျက်ပါက ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းမှ ကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည့်အပြင် အမြန်လမ်းမကြီးဆိုင်ရာ ပစ္စည်းပျက်စီးဆုံးရှုံးမှုရှိပါက ဆုံးရှုံးမှုတန်ဖိုးအတိုင်း ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်.။

အမြန်လမ်းမကြီး ဆိုင်ရာ ဥပဒေပြဌန်းမှုက လမ်းမကြီးကို အသုံးပြုနေတဲ့သူတွေကို ဘေးအန္တရာယ် ကင်းရှင်းစေချင်တယ်၊ အမြန်လမ်းမကြီးကို အသုံးပြုပြီးတော့ ကုန်စည်စီးဆင်းမှုကိုလည်း မြန်ဆန်စေချင်တယ်၊ နိုင်ငံတကာနဲ့ပါ ကွန်ရက်ချိတ်ဆက်ပြီးတော့ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပါ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာပါ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်.။

ဥပဒေတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် အမြန်လမ်းမကြီးနယ်နိမိတ်နှင့် ဆက်စပ်ဧရိယာတွင် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခွင့်ပြုမည်ဖြစ်ပြီး ယာဉ်ရပ်နားစခန်းတွင် စက်ပြင်အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ စျေးဆိုင်၊ နားနေခန်းနှင့် ယာဉ်ရပ်နားစခန်းနှင့်သက်ဆိုင်သည့် အဆောက်အအုံများကို တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်.။

သဥ္စာ (April 24, 2015 ထုတ် Automobile Journal မှ ကူးယူဖော်ပြသည်)
www.myanmarcarsdb.com
No. 1 Car Site in Myanmar

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »