fb-pageview-tracker
ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္


Zawgyi Version

အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။ ကားမီးဖြင့္စစ္ေဆးၾကည့္လုိက္ေတာ့ သူေျပာတဲ့အတုိင္း ကားမီးက တစ္ဖက္မလာ။ ဒါနဲ႕ မီးလံုးေတြျဖဳတ္စစ္ေတာ့ ကားမီးၾကီး sockets ေတြဟာ အပူလြန္ျပီး ေလာင္ထားတာ သြားေတြ႕ပါတယ္။ ဒီလုိအျဖစ္က အခုေခတ္ လူစီးမ်ားတဲ့ Probox တုိ႕၊ ဖင္ေကာက္တုိ႕၊ ႏြားၾကီး၊ ႏြားေလး၊ AD Van တုိ႕၊ Honda Fit အစရွိတဲ့ ကားေတာ္ေတာ္မ်ားမ်ားမွာ ျဖစ့္ေလ့ျဖစ္ထရွိတဲ့ ျပႆနာတစ္ခုပါ။

မီးလံုးေတြကုိ ၾကည့္ေတာ့ H4 မီးသီး အမ်ိဳးအစား 130/100W ေတြသံုးထားတာ ေတြ႕ရပါတယ္။ ဒါနဲ႕ ကားပုိင္ရွင္ အမ်ိဳးသမီးကုိ ဘာလုပ္ထားလဲ ေမးၾကည့္ေတာ ့ တျခားဝပ္ေရွာ့ တစ္ခုမွာ ကားေရွ႕မီးၾကီး အလင္းမွိန္တာ သြားျပေတာ့ watt မ်ားတဲ့ မီးသီးလဲေပးလုိက္တယ္လုိ႕ေျပာပါတယ္။
အဲ့ဒါနဲ႕ က်ေနာ္လည္းရွင္းျပရပါတယ္။
“အမ ကားေရွ႕မီးၾကီးက ပံုမွန္အားျဖင့္ 55 watt ေလာက္ပဲရွိတဲ့ မီးသီးေတြနဲ႕လာပါတယ္၊ အဲဒါကုိ မီးမွိန္တယ္ဆုိျပီး watt ပုိမ်ားတဲ့ 100 W မီးသီးေတြကုိ ဒီအတုိင္းအစားထုိးလိုက္လုိ႕မရပါဘူး။ ဒီအတုိင္း အစားထုိးထည့္လုိက္ရင္ အခုလုိပဲ sockets ေတြေလာင္မယ္၊ ျပီးရင္ ဝါယာၾကိဳးေတြပူလာျပီး ဝါယာေရွာ့ျဖစ္ႏုိင္ မီးေလာင္ႏုိင္ပါတယ္။ ဒါေၾကာင့္ အမကားအေရွ႕ မီးပုိလင္းခ်င္တယ္၊ မီးအားျမင့္တာ သံုးမယ္ဆုိရင္ က်ေနာ္တုိ႕ relay ထုပ္ ခံသံုးမွရပါမယ္“ ဆုိျပီး ရွင္းျပရပါတယ္။

အဲဒါနဲ႕ ကားပုိင္ရွင္ အမက ဘာျဖစ္လုိ႕ relay ထုပ္ ခံသံုးရတာလည္း ျပန္ေမးတာနဲ႕ က်ေနာ္လည္းရွင္းျပရပါတယ္။

Relay ထုပ္ဆုိတာ ဘာလဲ? ဘာလုိ႕သံုးရတာလဲ?

က်ေနာ္တုိ႕ကားေလာကမွာ ကားေရွ႕မီးၾကီးေတြ အားနည္းလုိ႕ ကားမီးလံုးေတြကုိ watt မ်ားတာထည့္တယ္။ ေတာ္ေတာ္မ်ားမ်ားက ဒီအတုိင္း ထည့္တတ္ၾကလုိ႕ အခုလုိ socket ေတြမီးေလာင္၊ ဝါယာေတြေလာင္ျပီး မီးမလင္းေတာ့မွ ဝပ္ေရွာ့ေရာက္လာတတ္ၾကပါတယ္။ ဝပ္ေရွာ့ ေရာက္လာမွ ဒီအတုိင္းထည့္မရဘူး။  Relay ထုပ္ ခံသံုးရမယ္ဆုိေတာ့မွ ဘာျဖစ္လုိ႕လဲ၊ ဘာေၾကာင့္လဲ သိခ်င္ၾကပါတယ္။
ကားေလာက က ေကာင္းေမာင္းသူ ေတာ္ေတာ္မ်ားမ်ား relay ဆုိတဲ့ စကားလံုးကုိ ၾကားဖူးၾကမွာပါ။ ကားရဲ့ electrical နဲ႕ electronic ပုိင္းဆုိင္ရာေတြမွာ relay ဆုိတာဟာ မရွိမျဖစ္အေရးပါတဲ့ ပစၥည္းတစ္ခုပါပဲ။
Relay ဆုိတာက လက္ဆင့္ကမ္းတယ္ဆုိတဲ့ အဂၤလိပ္စာလံုးကလာတာပါ။ က်ေနာ္တုိ႕ ငယ္ငယ္က ရုပ္ရွင္ေတြ/အားကစားျပိဳင္ပြဲေတြ ထဲမွာပါတဲ့ တုတ္ေခ်ာင္းေလးကုိ ကုိင္ တစ္ေယာက္က ေျပး၊ ေနာက္တစ္ေယာက္ဆီ လက္ဆင့္ကမ္း၊ အဲဒီတစ္ေယာက္က တုတ္ေခ်ာင္းေလးကုိ ကုိင္ျပီး ေျပး၊ ေနာက္ဆံုး တစ္ေယာက္ဆီေျပးရတဲ့ လက္ဆင့္ကမ္းေျပးပြဲမ်ိဳးကို Relay လုိ႕ေခၚပါတယ္။
အခု relay ဆုိတာကလည္း ဒီအတုိင္းပါပဲ။ အလြယ္ကူဆံုးနဲ႕ အရုိးရွင္းဆံုး နားလည္ေအာင္ေျပာျပရမယ္ဆုိရင္ေတာ့ relay ဆုိတာ လွ်ပ္စစ္အားေတြကုိ လက္ဆင့္ကမ္းေပးတဲ့ လွ်ပ္စစ္သံလုိက္စြမ္းအင္သံုး ခလုတ္္ေလးတစ္ခုပါပဲ။
Relay တစ္လံုးကုိဘာေတြနဲ႕ ဖြဲ႕စည္းထားလဲဆုိရင္ေတာ့ relay ရဲ့အတြင္းပုိင္းမွာ လွ်ပ္စစ္ဓာတ္ေပးလုိက္တာနဲ႕ သံလုိက္ျဖစ္ေပၚေစႏုိင္တဲ့ coil တစ္ခုပါဝင္ပါတယ္။ ေနာက္ relay တစ္လံုးကုိ အပုိင္းနွစ္ပုိင္းအျဖစ္ျမင္ႏုိင္ျပီး အပုိင္းတစ္ပုိင္းမွာကေတာ့ သံလုိက္ျဖစ္ေပၚေစရန္ coil ကုိ power supply ေပးရမယ့္ အပုိင္းရယ္၊ သံလုိက္ျဖစ္လာတဲ့ အခါအဲဒီ relay အတြင္းမွာရွိတဲ့ relay point ေတြကုိ ထိကပ္ေပးျခင္းအားျဖင့္ လွ်ပ္စစ္စြမ္းအားေတြကုိ by pass သေဘာမ်ိဳး လမ္းလႊဲ ဖြင့္ေပးႏုိင္/ပိတ္ေပးႏုိင္တဲ့ အပုိင္းဆုိျပီး နွစ္ပုိင္းခြဲျခားထားပါတယ္။
ဒါေၾကာင့္လည္း အခုက်ေနာ္တုိ႕ ကားမီးၾကီးေတြကုိ watt ပုိမ်ားတာ သံုးခ်င္တဲ့အခါမွာ အဲဒီ relay ရဲ့ လုပ္ေဆာင္ခ်က္ေတြကုိယူျပီး အသံုးခ်ထားတာပါ။

ကားအနိမ့္မီး၊ အျမင့္မီး စတဲ့ low beam ၊ high beam ေတြကုိ ကားကုမၸဏီေတြက ထုတ္လုပ္လုိက္ကတည္းက သူကားနဲ႕ လုိက္ဖက္တဲ့ watt rating ေတြ သတ္မွတ္ျပီးထုတ္ေပးလုိက္တာပါ။ ဒါေၾကာင့္ ဒီကားမီးကုိ သြယ္တန္းထားတဲ့ ဝါယာၾကိဳးေတြရဲ့ ခံႏုိင္ရည္၊ ကားမီးသီးတပ္ဆင္အသံုးျပဳမယ့္ socket ေတြရဲ့ ခံႏုိင္ရည္ေတြကုိ တစ္ခါတည္း အလုိအပုိမရွိ တြက္ထည့္ေပးလုိက္တာပါ။

ဒါေပမယ့္ ဒီကိုေရာက္လာတဲ့အခါ ကားေတြဟာ အသံုးျပဳထားတာ ၾကာျပီျဖစ္လို႕ရယ္၊ ဝါယာရိန္းေတြရဲ့ ခ်ိဳ႕ယြင္းမႈေၾကာင့္ရယ္၊ တခ်ဳိ႕ကားမီး အလွဆင္သူေတြရဲ့ ဝါယာၾကိဳးေတြကုိ ျဖတ္ညွပ္ကပ္သြယ္တန္းမႈေတြရယ္၊ ကားမီးခြက္ေတြရဲ့ ၾကည္လင္ျပတ္သားမႈေလ်ာ့က်လာတာေၾကာင့္ရယ္ အခု ေမာ္ဒယ္နိမ့္ကားေတာ္္ေတာ္မ်ားမ်ား ညပုိင္းေမာင္းတဲ့အခါ ကုိယ့္ကားမီးက သူမ်ားကားမီးနဲ႕ ယွဥ္ထုိးရင္ မျမင္ရဘဲ ကားမီး မွိန္တယ္၊ ကားမီးလင္းအားေကာင္းတာထည့္မယ္ ဆုိတာေတြျဖစ္လာၾကပါတယ္။

ဒီေနရာမွာ ကားမီးသီးေတြကုိ ဒီအတုိင္းအလြယ္တပ္ဆင္ျပီး watt rating ေတြထည့္မတြက္လုိ႕ အခုလုိ socket ေတြမီးေလာင္တာ၊ ကားဝါယာေတြ အပူလြန္ျပီး မီးေလာင္မႈျဖစ္တာေတြ ျဖစ္လာရတာပါ။ ကားမီးသီးေတြမွာ ေရးထားတဲ့ watt ဆုိတာက power ရဲ့ ယူနစ္တစ္ခုပါ။

P (power) = V (voltage) * I (current) < watt>  ဆုိျပီး ကုိးတန္း၊ ဆယ္တန္းေလာက္မွာ သင္ဖူးတာ မွတ္မိၾကမွာပါ။
ကားေလးေတြမွာသံုးတဲ့ ဘထၳရီ 12 V ကုိ အေသထားျပီး တြက္မယ္ဆုိရင္ watt မ်ားတဲ့ မီးသီးေတြ သံုးေလေလ၊ current မ်ားမ်ား သံုးစြဲရေလေလ၊ current မ်ားမ်ား စီးဆင္းေလေလ အပူစြမ္းအင္ မ်ားမ်ားျဖစ္ေပၚေလေလပါပဲ။
Power (watt) မ်ားမ်ားသံုးေလ ပုိပူေလဆုိတဲ့ သေဘာပါ။ ဒါေၾကာင့္ ဒီလုိ watt မ်ားတဲ့ မီးသီးေတြကုိ မူရင္း watt နည္းနည္းအတြက္ တြက္ထုတ္ထားတဲ့ ဝါယာၾကိဳးေတြ၊ မီးသီး socket ေတြမွာ တပ္ဆင္အသံုးျပဳလုိ႕ မရႏုိင္တာပါပဲ။

ဒါေၾကာင့္ relay ထုပ္ ေတြမွာ watt မ်ားမ်ားအတြက္ ခံႏုိင္ရည္ရွိတဲ့ ဝါယာၾကိဳးေတြ၊ socket ေတြကုိ အသံုးျပဳျပီး ဘထၳရီကေန လာတဲ့ မီးအားကုိ relay ကေန တစ္ဆင့္ မီးသီးဆီ ခ်ိတ္ဆက္အသံုးျပဳျပီး မီးအားျမွင့္ၾကတဲ့ သေဘာပါပဲ။ ဒီလုိ အသံုးျပဳျခင္းအားျဖင့္ ဝပ္မ်ားလုိ႕ ဝါယာေရွာ့ ျဖစ္မွာေတြကုိပါ တစ္ခါတည္း ကာကြယ္ျပီးတဲ့ သေဘာျဖစ္သြားပါတယ္။

တခ်ိဳ႕ ထင္သလုိ relay သံုးတယ္ဆုိတာ relay ထဲမွာ coil ပါလုိ႕ မီးအားပုိမ်ားသြား၊ ပုိျမွင့္ေပးသြားတယ္ဆုိျပီး မွတ္သားထားတာေတြဟာ မွားယြင္းေနတယ္ဆုိတာ သေဘာေပါက္ေလာက္ျပီထင္ပါတယ္။

က်ေနာ္ ဖတ္ရႈေလ့လာဖူးသေလာက္ ကားမီးၾကီး၊ ကားမီးေသး အသံုးျပဳနည္းဆုိတာမ်ိဳးကလည္း ရွိပါေသးတယ္။ ျမန္မာႏုိင္ငံ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းထိမ္းသိမ္းေရး အဖြဲ႕ကထုတ္ျပန္ထားတဲ့ အခ်က္ေတြအရ ကားမီးေသးကုိ ညေမွာင္ျပီဆုိတာနဲ႕ အသံုးျပဳႏုိင္ပါတယ္။ ကုိက္ ၂၀၀ အထိ ျမင္ႏုိင္စြမ္းျဖစ္ေအာင္ ကူညီေပးပါတယ္။
ကားမီးေသးက လမ္းကုိ ျမင္သာရံုသာ ေအာက္စုိက္ထားတဲ့ မီးျဖစ္တဲ့ အတြက္ တစ္ဖက္ယာဥ္ေမာင္းရဲ့ အျမင္အာရံုကုိ အေႏွာင့္အယွက္မျဖစ္ေစပါ။

ကားမီးၾကီးကုိေတာ့ လမ္းမီးမရွိတဲ့ေနရာေတြ၊ မုိးသည္းထန္စြာရြာတဲ့အခ်ိန္၊ ျမဴနွင္းေတြက်ခ်ိန္ ေတြမွာ အသံုးျပဳႏုိင္ပါတယ္။ အသံုးျပဳတဲ့အခါမွာလည္း တစ္ဖက္ယာဥ္ကုိ အေႏွာင့္အယွက္မျဖစ္ေစဖုိ႔ သတိျပဳသင့္ပါတယ္။ ကားမီးၾကီးသည္ ကားေရွ႕ ကုိက္ ၃၅၀ ကေန ၄၀၀ အထိျမင္ႏုိင္ပါတယ္။ ကားမီးၾကီးသည္ ကားမီးေသးထက္ အလင္းေရာင္ ၂ ဆ ပုိလင္းပါတယ္။

အဓိကေျပာခ်င္တာကေတာ့ လမ္းမီးအလင္းေရာင္ရွိျပီး ျမင္သာထင္သာတဲ့ ေနရာေတြမွာ မီးအေသးကုိသာ သံုးျပီး တစ္ဖက္ယာဥ္ေၾကာက ယာဥ္ေမာင္း အေႏွာင့္အယွက္မျဖစ္ေအာင္ ကူညီေပးသင့္တာမ်ိဳးပါ။

တစ္ဆက္တည္း ေျပာခ်င္တာက အခုေနာက္ပုိင္း ေမာ္ဒယ္ျမင့္ကားေတြမွာပါလာတဲ့ မီးၾကီးေတြအေၾကာင္းပါ။ ဥပမာ Alphard တုိ႕၊ Mark X တုိ႕မွာပါတာမ်ိဳးေတြပါ။ HID မီးသီးလုိ႕ေခၚပါတယ္။ အရွည္ကေတာ့ (High-Intensity Discharge) ပါ။ အဲဒီမီးလံုးေတြက လင္းအားအေတာ္ေကာင္းျပီး ညဖက္မွာၾကည့္ရင္ အနီေရာင္ အဝါေရာင္ မဟုတ္ဘဲ အျဖဴေရာင္ မီးသီးၾကီးေတြျဖစ္ၾကပါတယ္။

အဲဒီမီးသီးၾကီးေတြ ကၽြမ္းရင္၊ ပ်က္ရင္၊ ကုိယ္တုိင္ျဖဳတ္လဲတာ ျပဳျပင္တာမ်ိဳး မလုပ္သင့္ေၾကာင္း တစ္ခါတည္း အၾကံျပဳခ်င္ပါတယ္။ ဘာလုိ႕လဲဆုိရင္ ဒီမီးသီးေတြဟာ အမ်ားထင္သလုိ DC မီးသီးေတြမဟုတ္ဘဲ AC voltage နဲ႕ အလုပ္ လုပ္တာမလုိ႕ပါပဲ။ ဒီေကာင္ေတြ အလုပ္ လုပ္ဖုိ႕ ဒီမီးသီးေတြရဲ့ မီးခြက္ေတြ ေအာက္မွာ အရပ္ေခၚ ခ်ဳပ္ဘူးလုိ႕ေခၚတဲ့ (AC to DC Converter) ေတြ ပါ ပါတယ္။ လက္ရွိကား ေဈးကြက္ထဲမွာေတာ့ D2R ၊ D2S ၊ D4R ၊ D4S အမ်ိဳးအစားဆုိျပီး အမ်ိဳးမ်ိဳးကြဲျပားပါတယ္။ ဒီမီးသီး ခ်ဳပ္ဘူးေတြက ထြက္တဲ့ဟာက high voltage ျဖစ္ျပီး ဓာတ္လုိက္တဲ့ အႏၱရာယ္ရွိႏုိင္ပါတယ္။

ဒါေၾကာင့္ ေနာက္ပုိင္း ေမာ္ဒယ္ျမင့္ကားေတြရဲ့ မီးသီးေတြ ျပဳျပင္မယ္ဆုိ မကၽြမ္းက်င္ဘဲ အလြယ္တကူ ျဖဳတ္တပ္တာေတြ စမ္းသပ္တာေတြ မလုပ္သင့္ေၾကာင္းပါ။

အခုေလာက္ဆုိရင္ ကားမီးျမွင့္မယ္ဆုိရင္၊ ဝပ္မ်ားတဲ့ မီးသီးေတြ သံုးမယ္ဆုိရင္ ဘယ္လုိသံုးရမယ္ဆုိတာရယ္၊ အရပ္ထဲမွာ အေျပာမ်ားၾကတဲ့ relay ခံသံုးတယ္ဆုိတာ ဘာေၾကာင့္သံုးတယ္ဆုိတာရယ္ကုိ စာဖတ္သူ မိတ္ေဆြတုိ႕ နားလည္သေဘာေပါက္ေလာက္ျပီလုိ႕ ေမွ်ာ္လင့္မိပါတယ္။

ကားနည္းပညာ ဗဟုသုတမ်ားၾကြယ္ဝျပီး မိမိတုိ႕ရဲ့ကားေတြမွာ ၾကံဳေတြ႕လာႏုိင္တဲ့ ဝါယာေရွာ့ျဖစ္ျခင္း အႏၱရာယ္မ်ား ကင္းေဝးၾကပါေစလုိ႕ ဆုေတာင္းအၾကံျပဳတင္ျပလုိက္ရပါတယ္ခင္ဗ်ာ။

စာေရးသူ : Lynn Za Nee (P.T.U)


Unicode Version

အမျိုးသမီး တစ်ဦးမောင်းတဲ့ Honda Fit ကားလေးတစ်စီး ကားရှေ့မီးကြီး တစ်ဖက်မလာလို့ဆိုပြီး ကျနော်တို့ကားဝပ်ရှော့ ကို ရောက်လာတယ်။ ကားမီးဖွင့်စစ်ဆေးကြည့်လိုက်တော့ သူပြောတဲ့အတိုင်း ကားမီးက တစ်ဖက်မလာ။ ဒါနဲ့ မီးလုံးတွေဖြုတ်စစ်တော့ ကားမီးကြီး sockets တွေဟာ အပူလွန်ပြီး လောင်ထားတာ သွားတွေ့ပါတယ်။ ဒီလိုအဖြစ်က အခုခေတ် လူစီးများတဲ့ Probox တို့၊ ဖင်ကောက်တို့၊ နွားကြီး၊ နွားလေး၊ AD Van တို့၊ Honda Fit အစရှိတဲ့ ကားတော်တော်များများမှာ ဖြစ့်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။
မီးလုံးတွေကို ကြည့်တော့ H4 မီးသီး အမျိုးအစား 130/100W တွေသုံးထားတာ တွေ့ရပါတယ်။ ဒါနဲ့ ကားပိုင်ရှင် အမျိုးသမီးကို ဘာလုပ်ထားလဲ မေးကြည့်တော့ တခြားဝပ်ရှော့ တစ်ခုမှာ ကားရှေ့မီးကြီး အလင်းမှိန်တာ သွားပြတော့ watt များတဲ့ မီးသီးလဲပေးလိုက်တယ်လို့ပြောပါတယ်။
အဲ့ဒါနဲ့ ကျနော်လည်းရှင်းပြရပါတယ်။
“အမ ကားရှေ့မီးကြီးက ပုံမှန်အားဖြင့် 55 watt လောက်ပဲရှိတဲ့ မီးသီးတွေနဲ့လာပါတယ်၊ အဲဒါကို မီးမှိန်တယ်ဆိုပြီး watt ပိုများတဲ့ 100 W မီးသီးတွေကို ဒီအတိုင်းအစားထိုးလိုက်လို့မရပါဘူး။ ဒီအတိုင်း အစားထိုးထည့်လိုက်ရင် အခုလိုပဲ sockets တွေလောင်မယ်၊ ပြီးရင် ဝါယာကြိုးတွေပူလာပြီး ဝါယာရှော့ဖြစ်နိုင် မီးလောင်နိုင်ပါတယ်။ ဒါကြောင့် အမကားအရှေ့ မီးပိုလင်းချင်တယ်၊ မီးအားမြင့်တာ သုံးမယ်ဆိုရင် ကျနော်တို့ relay ထုပ် ခံသုံးမှရပါမယ်“ ဆိုပြီး ရှင်းပြရပါတယ်။

အဲဒါနဲ့ ကားပိုင်ရှင် အမက ဘာဖြစ်လို့ relay ထုပ် ခံသုံးရတာလည်း ပြန်မေးတာနဲ့ ကျနော်လည်းရှင်းပြရပါတယ်။

Relay ထုပ်ဆိုတာ ဘာလဲ? ဘာလို့သုံးရတာလဲ?

ကျနော်တို့ကားလောကမှာ ကားရှေ့မီးကြီးတွေ အားနည်းလို့ ကားမီးလုံးတွေကို watt များတာထည့်တယ်။ တော်တော်များများက ဒီအတိုင်း ထည့်တတ်ကြလို့ အခုလို socket တွေမီးလောင်၊ ဝါယာတွေလောင်ပြီး မီးမလင်းတော့မှ ဝပ်ရှော့ရောက်လာတတ်ကြပါတယ်။ ဝပ်ရှော့ ရောက်လာမှ ဒီအတိုင်းထည့်မရဘူး။  Relay ထုပ် ခံသုံးရမယ်ဆိုတော့မှ ဘာဖြစ်လို့လဲ၊ ဘာကြောင့်လဲ သိချင်ကြပါတယ်။
ကားလောက က ကောင်းမောင်းသူ တော်တော်များများ relay ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ။ ကားရဲ့ electrical နဲ့ electronic ပိုင်းဆိုင်ရာတွေမှာ relay ဆိုတာဟာ မရှိမဖြစ်အရေးပါတဲ့ ပစ္စည်းတစ်ခုပါပဲ။
Relay ဆိုတာက လက်ဆင့်ကမ်းတယ်ဆိုတဲ့ အင်္ဂလိပ်စာလုံးကလာတာပါ။ ကျနော်တို့ ငယ်ငယ်က ရုပ်ရှင်တွေ/အားကစားပြိုင်ပွဲတွေ ထဲမှာပါတဲ့ တုတ်ချောင်းလေးကို ကိုင် တစ်ယောက်က ပြေး၊ နောက်တစ်ယောက်ဆီ လက်ဆင့်ကမ်း၊ အဲဒီတစ်ယောက်က တုတ်ချောင်းလေးကို ကိုင်ပြီး ပြေး၊ နောက်ဆုံး တစ်ယောက်ဆီပြေးရတဲ့ လက်ဆင့်ကမ်းပြေးပွဲမျိုးကို Relay လို့ခေါ်ပါတယ်။
အခု relay ဆိုတာကလည်း ဒီအတိုင်းပါပဲ။ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နားလည်အောင်ပြောပြရမယ်ဆိုရင်တော့ relay ဆိုတာ လျှပ်စစ်အားတွေကို လက်ဆင့်ကမ်းပေးတဲ့ လျှပ်စစ်သံလိုက်စွမ်းအင်သုံး ခလုတ်လေးတစ်ခုပါပဲ။
Relay တစ်လုံးကိုဘာတွေနဲ့ ဖွဲ့စည်းထားလဲဆိုရင်တော့ relay ရဲ့အတွင်းပိုင်းမှာ လျှပ်စစ်ဓာတ်ပေးလိုက်တာနဲ့ သံလိုက်ဖြစ်ပေါ်စေနိုင်တဲ့ coil တစ်ခုပါဝင်ပါတယ်။ နောက် relay တစ်လုံးကို အပိုင်းနှစ်ပိုင်းအဖြစ်မြင်နိုင်ပြီး အပိုင်းတစ်ပိုင်းမှာကတော့ သံလိုက်ဖြစ်ပေါ်စေရန် coil ကို power supply ပေးရမယ့် အပိုင်းရယ်၊ သံလိုက်ဖြစ်လာတဲ့ အခါအဲဒီ relay အတွင်းမှာရှိတဲ့ relay point တွေကို ထိကပ်ပေးခြင်းအားဖြင့် လျှပ်စစ်စွမ်းအားတွေကို by pass သဘောမျိုး လမ်းလွှဲ ဖွင့်ပေးနိုင်/ပိတ်ပေးနိုင်တဲ့ အပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။
ဒါကြောင့်လည်း အခုကျနော်တို့ ကားမီးကြီးတွေကို watt ပိုများတာ သုံးချင်တဲ့အခါမှာ အဲဒီ relay ရဲ့ လုပ်ဆောင်ချက်တွေကိုယူပြီး အသုံးချထားတာပါ။

ကားအနိမ့်မီး၊ အမြင့်မီး စတဲ့ low beam ၊ high beam တွေကို ကားကုမ္ပဏီတွေက ထုတ်လုပ်လိုက်ကတည်းက သူကားနဲ့ လိုက်ဖက်တဲ့ watt rating တွေ သတ်မှတ်ပြီးထုတ်ပေးလိုက်တာပါ။ ဒါကြောင့် ဒီကားမီးကို သွယ်တန်းထားတဲ့ ဝါယာကြိုးတွေရဲ့ ခံနိုင်ရည်၊ ကားမီးသီးတပ်ဆင်အသုံးပြုမယ့် socket တွေရဲ့ ခံနိုင်ရည်တွေကို တစ်ခါတည်း အလိုအပိုမရှိ တွက်ထည့်ပေးလိုက်တာပါ။

ဒါပေမယ့် ဒီကိုရောက်လာတဲ့အခါ ကားတွေဟာ အသုံးပြုထားတာ ကြာပြီဖြစ်လို့ရယ်၊ ဝါယာရိန်းတွေရဲ့ ချို့ယွင်းမှုကြောင့်ရယ်၊ တချို့ကားမီး အလှဆင်သူတွေရဲ့ ဝါယာကြိုးတွေကို ဖြတ်ညှပ်ကပ်သွယ်တန်းမှုတွေရယ်၊ ကားမီးခွက်တွေရဲ့ ကြည်လင်ပြတ်သားမှုလျော့ကျလာတာကြောင့်ရယ် အခု မော်ဒယ်နိမ့်ကားတော်တော်များများ ညပိုင်းမောင်းတဲ့အခါ ကိုယ့်ကားမီးက သူများကားမီးနဲ့ ယှဉ်ထိုးရင် မမြင်ရဘဲ ကားမီး မှိန်တယ်၊ ကားမီးလင်းအားကောင်းတာထည့်မယ် ဆိုတာတွေဖြစ်လာကြပါတယ်။

ဒီနေရာမှာ ကားမီးသီးတွေကို ဒီအတိုင်းအလွယ်တပ်ဆင်ပြီး watt rating တွေထည့်မတွက်လို့ အခုလို socket တွေမီးလောင်တာ၊ ကားဝါယာတွေ အပူလွန်ပြီး မီးလောင်မှုဖြစ်တာတွေ ဖြစ်လာရတာပါ။ ကားမီးသီးတွေမှာ ရေးထားတဲ့ watt ဆိုတာက power ရဲ့ ယူနစ်တစ်ခုပါ။

P (power) = V (voltage) * I (current) < watt>  ဆိုပြီး ကိုးတန်း၊ ဆယ်တန်းလောက်မှာ သင်ဖူးတာ မှတ်မိကြမှာပါ။
ကားလေးတွေမှာသုံးတဲ့ ဘထ္ထရီ 12 V ကို အသေထားပြီး တွက်မယ်ဆိုရင် watt များတဲ့ မီးသီးတွေ သုံးလေလေ၊ current များများ သုံးစွဲရလေလေ၊ current များများ စီးဆင်းလေလေ အပူစွမ်းအင် များများဖြစ်ပေါ်လေလေပါပဲ။
Power (watt) များများသုံးလေ ပိုပူလေဆိုတဲ့ သဘောပါ။ ဒါကြောင့် ဒီလို watt များတဲ့ မီးသီးတွေကို မူရင်း watt နည်းနည်းအတွက် တွက်ထုတ်ထားတဲ့ ဝါယာကြိုးတွေ၊ မီးသီး socket တွေမှာ တပ်ဆင်အသုံးပြုလို့ မရနိုင်တာပါပဲ။

ဒါကြောင့် relay ထုပ် တွေမှာ watt များများအတွက် ခံနိုင်ရည်ရှိတဲ့ ဝါယာကြိုးတွေ၊ socket တွေကို အသုံးပြုပြီး ဘထ္ထရီကနေ လာတဲ့ မီးအားကို relay ကနေ တစ်ဆင့် မီးသီးဆီ ချိတ်ဆက်အသုံးပြုပြီး မီးအားမြှင့်ကြတဲ့ သဘောပါပဲ။ ဒီလို အသုံးပြုခြင်းအားဖြင့် ဝပ်များလို့ ဝါယာရှော့ ဖြစ်မှာတွေကိုပါ တစ်ခါတည်း ကာကွယ်ပြီးတဲ့ သဘောဖြစ်သွားပါတယ်။

တချို့ ထင်သလို relay သုံးတယ်ဆိုတာ relay ထဲမှာ coil ပါလို့ မီးအားပိုများသွား၊ ပိုမြှင့်ပေးသွားတယ်ဆိုပြီး မှတ်သားထားတာတွေဟာ မှားယွင်းနေတယ်ဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။

ကျနော် ဖတ်ရှုလေ့လာဖူးသလောက် ကားမီးကြီး၊ ကားမီးသေး အသုံးပြုနည်းဆိုတာမျိုးကလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိမ်းသိမ်းရေး အဖွဲ့ကထုတ်ပြန်ထားတဲ့ အချက်တွေအရ ကားမီးသေးကို ညမှောင်ပြီဆိုတာနဲ့ အသုံးပြုနိုင်ပါတယ်။ ကိုက် ၂၀၀ အထိ မြင်နိုင်စွမ်းဖြစ်အောင် ကူညီပေးပါတယ်။
ကားမီးသေးက လမ်းကို မြင်သာရုံသာ အောက်စိုက်ထားတဲ့ မီးဖြစ်တဲ့ အတွက် တစ်ဖက်ယာဉ်မောင်းရဲ့ အမြင်အာရုံကို အနှောင့်အယှက်မဖြစ်စေပါ။

ကားမီးကြီးကိုတော့ လမ်းမီးမရှိတဲ့နေရာတွေ၊ မိုးသည်းထန်စွာရွာတဲ့အချိန်၊ မြူနှင်းတွေကျချိန် တွေမှာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အခါမှာလည်း တစ်ဖက်ယာဉ်ကို အနှောင့်အယှက်မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။ ကားမီးကြီးသည် ကားရှေ့ ကိုက် ၃၅၀ ကနေ ၄၀၀ အထိမြင်နိုင်ပါတယ်။ ကားမီးကြီးသည် ကားမီးသေးထက် အလင်းရောင် ၂ ဆ ပိုလင်းပါတယ်။

အဓိကပြောချင်တာကတော့ လမ်းမီးအလင်းရောင်ရှိပြီး မြင်သာထင်သာတဲ့ နေရာတွေမှာ မီးအသေးကိုသာ သုံးပြီး တစ်ဖက်ယာဉ်ကြောက ယာဉ်မောင်း အနှောင့်အယှက်မဖြစ်အောင် ကူညီပေးသင့်တာမျိုးပါ။

တစ်ဆက်တည်း ပြောချင်တာက အခုနောက်ပိုင်း မော်ဒယ်မြင့်ကားတွေမှာပါလာတဲ့ မီးကြီးတွေအကြောင်းပါ။ ဥပမာ Alphard တို့၊ Mark X တို့မှာပါတာမျိုးတွေပါ။ HID မီးသီးလို့ခေါ်ပါတယ်။ အရှည်ကတော့ (High-Intensity Discharge) ပါ။ အဲဒီမီးလုံးတွေက လင်းအားအတော်ကောင်းပြီး ညဖက်မှာကြည့်ရင် အနီရောင် အဝါရောင် မဟုတ်ဘဲ အဖြူရောင် မီးသီးကြီးတွေဖြစ်ကြပါတယ်။

အဲဒီမီးသီးကြီးတွေ ကျွမ်းရင်၊ ပျက်ရင်၊ ကိုယ်တိုင်ဖြုတ်လဲတာ ပြုပြင်တာမျိုး မလုပ်သင့်ကြောင်း တစ်ခါတည်း အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုရင် ဒီမီးသီးတွေဟာ အများထင်သလို DC မီးသီးတွေမဟုတ်ဘဲ AC voltage နဲ့ အလုပ် လုပ်တာမလို့ပါပဲ။ ဒီကောင်တွေ အလုပ် လုပ်ဖို့ ဒီမီးသီးတွေရဲ့ မီးခွက်တွေ အောက်မှာ အရပ်ခေါ် ချုပ်ဘူးလို့ခေါ်တဲ့ (AC to DC Converter) တွေ ပါ ပါတယ်။ လက်ရှိကား ဈေးကွက်ထဲမှာတော့ D2R ၊ D2S ၊ D4R ၊ D4S အမျိုးအစားဆိုပြီး အမျိုးမျိုးကွဲပြားပါတယ်။ ဒီမီးသီး ချုပ်ဘူးတွေက ထွက်တဲ့ဟာက high voltage ဖြစ်ပြီး ဓာတ်လိုက်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကြောင့် နောက်ပိုင်း မော်ဒယ်မြင့်ကားတွေရဲ့ မီးသီးတွေ ပြုပြင်မယ်ဆို မကျွမ်းကျင်ဘဲ အလွယ်တကူ ဖြုတ်တပ်တာတွေ စမ်းသပ်တာတွေ မလုပ်သင့်ကြောင်းပါ။

အခုလောက်ဆိုရင် ကားမီးမြှင့်မယ်ဆိုရင်၊ ဝပ်များတဲ့ မီးသီးတွေ သုံးမယ်ဆိုရင် ဘယ်လိုသုံးရမယ်ဆိုတာရယ်၊ အရပ်ထဲမှာ အပြောများကြတဲ့ relay ခံသုံးတယ်ဆိုတာ ဘာကြောင့်သုံးတယ်ဆိုတာရယ်ကို စာဖတ်သူ မိတ်ဆွေတို့ နားလည်သဘောပေါက်လောက်ပြီလို့ မျှော်လင့်မိပါတယ်။

ကားနည်းပညာ ဗဟုသုတများကြွယ်ဝပြီး မိမိတို့ရဲ့ကားတွေမှာ ကြုံတွေ့လာနိုင်တဲ့ ဝါယာရှော့ဖြစ်ခြင်း အန္တရာယ်များ ကင်းဝေးကြပါစေလို့ ဆုတောင်းအကြံပြုတင်ပြလိုက်ရပါတယ်ခင်ဗျာ။

စာရေးသူ : Lynn Za Nee (P.T.U)

Latest News

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အစြန္းဆုံးနဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »