ဖရီးပါမစ်ကားဈေးကွက်အေးနေပြီး စလစ်ကားအသုံးတည့်သူများသာ အဝယ်ရှိ


images

ကားဈေးကွက်တွင် ဖရီးပါမစ်ကားများမှာ ရန်ကုန်လိုင်စင် မချပေးသေးသဖြင့် နယ်လိုင်စင်ကိုသာ အဓီကထား ရောင်းချနေရသည်။

သို့သော်လည်း နယ်လိုင်စင်သာအားထထားရောင်းနေရသည့် ဖရီးပါမစ်ကားများပါအရောင်းအဝယ်အေးလာပြီး အရေးတကြီးဝယ်မည့် သူများကိုသာ အားထားရောင်းနေရသည်။


ထို့အတူ စလစ်ကပ်ကားဈေးနှုန်းများမှာလည်း ဈေးတန်းတစ်ခုတွင်တန့်နေကာ အရောင်းအဝယ်နည်းပါးမှုရှိနေကြောင်းသိရသည်။

လက်ရှိကားဈေးကွက်အတွင်းတွင် နှစ်၂၀ သက်တမ်းရှိအမည်ပေါက်စလစ်တစ်ဆောင်လျှင် ကျပ် ၈၈ သိန်း ရှိ၍ တက္ကစီ စလစ်တစ်ဆောင်လျှင် ၈၇ သိန်း ဝန်းကျင်ဖြင့် အရောင်းအဝယ်အေးဆက်နေလျှက်ရှိကြောင်းသိရသည်။

"ရန်​ကုန်​လိုင်​စင်​ပိတ်​ထား​တော့ နယ်​လိုင်​စင်​ကား​တွေကို အရင်​အပတ်​​လောက်​က အဝယ်​ရှိ​သေးတယ်​။အခု ​အရင်​လို အဝယ်​​ပေးသွားပီ။တော်​​တော်​များများက ရန်​ကုန်​လိုင်​စင်​နဲ့ပဲလိုချင်​ကြတယ်​။ပြန်​​ရောင်းရတာလည်းလွယ်​တယ်​။အ​ရေးတကြီးအသုံးပြုမည့်​သူ​လောက်​ကိုပဲ ​ရောင်း​နေရတယ်​။ လာ​မေးတဲ့သူ​တွေကလည်း ရန်​ကုန်​လိုင်​စင်​ကိုပဲလာ​မေးကြတာပါ"ဟု လှိုင်​ယာဉ်​​ရောင်းဝယ်​​ရေးစခန်းမှ ကားဝယ်​​ရောင်း ကိုမင်းမင်းက​ပြောသည်​။

စလစ်ကားရှားပါးနေသော်လည်း စလစ်ဈေးထပ်မံမြင့်တက်လာခြင်းမရှိပဲ စလစ်ကားများပါ အရောင်းအဝယ်နည်းပါးနေကြောင်းသိရသည်။

ရန်ကုန်ကားတင်သွင်းသည့် မူဝါဒထွက်ပေါ်လာမည့်အချိန်ကိုသာ စောင့်နေရတဲ့ အချိန်ဖြစ်နေတာကြောင့် မူဝါဒတစ်ခု အမြန်ဆုံးချပေးရန်သာလိုကြောင်းသိရသည်။


ခေတ်သစ်

Latest News

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Ggege 150x150

Photo Credit ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​ ယာဉ်မှတ်ပုံတင်...

Read more »

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »
Download Android App