fb-pageview-tracker
Ford EcoSport Review (International)


Zawgyi Version

အေမရိက က ထရပ္ကားအရုပ္ေလးေတြနဲ႕ဆင္တဲ့ small SUV Ford EcoSport ဟာ ဖ်တ္ဖ်တ္လတ္လတ္ ေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။ သေဘာမက်တာကေတာ့ လမ္းၾကမ္းေတြမွာ ေမာင္းႏွင္တဲ့အခါ နည္းနည္းခုန္တာနဲ႕ boot တအားၾကီး မက်ယ္တာပါလ္ို႕ေျပာရင္ ေလာဘၾကီးရာမ်ား က်သြားမလား?

ေဈးႏႈန္း : $20,083 - $26,480 (ႏိုင္ငံတကာ)

အားသာခ်က္
+ အၾကမ္းပတမ္းခံႏိုင္တဲ့ ပုံစံမ်ိဳးရွိတယ္
+ တပ္ဆင္ေပးထားတဲ့ Infotainment က သုံးလို႕အရမ္းလြယ္တယ္
+ ျမိဳ႕တြင္းေမာင္းႏွင္ရာမွာ သြက္သြက္လက္လက္ရွိတယ္

အားနည္းခ်က္
- အေနာက္ပစၥည္းထားခန္း က်ဥ္းတယ္
- လမ္းၾကမ္းရင္ ခုန္မယ္
- Automatic gearbox နဲ႕ဆိုရင္ သိမ့္ကနဲ၊ ဆတ္ကနဲ ျဖစ္ျဖစ္သြားတတ္တယ္

သုံးသပ္ခ်က္

Ford ရဲ့ EcoSport အသစ္ဟာ ၂၀၁၉ ထုတ္ small SUV ျဖစ္ျပီး လူၾကီး ေလးေယာက္ ေကာင္းေကာင္းၾကီး ေမာင္းႏွင္စီးနင္းလို႕ရတဲ့ကားပါ။ အျမန္လမ္းေတြမွာေမာင္းႏွင္လို႕ေကာင္းသလို ျမိဳ႕တြင္းေမာင္းႏွင္ရာမွာလည္း ဖ်တ္ဖ်တ္လတ္လတ္ေမာင္းႏွင္ႏိုင္ေအာင္ ျပဳလုပ္ေပးထားတာေတြ႕ရပါတယ္။
EcoSport ကို Ford က ၂၀၁၃ ခုႏွစ္မွာ စတင္မိတ္ဆက္ထုတ္လုပ္ခဲ့ျပီး ထုနဲ႕ထည္နဲ႕ အၾကမ္္းခံတဲ့ပုံစံမ်ိဳးနဲ႕ ျပီးျပည့္စုံေစတာကေတာ့ ၂၀၁၇ ေနာက္ပိုင္းမွပါ။ အဲဒီေနာက္ပိုင္း အတြင္းခန္းကလည္း ပုံစံသစ္၊ ဒီဇယ္အင္ဂ်င္အသစ္ ေရြးခ်ယ္စရာလည္းပါဝင္လာတဲ့အျပင္ 4WD ကိုပါ ေရြးခ်ယ္လာႏုိင္ပါတယ္။
Trim အေနနဲ႕ကေတာ့ Zetec ၊ Titanium နဲ႕ ST-Line ဆိုျပီး ၃ မ်ိဳးရွိတယ္။ အေသးစိတ္ေတြနဲ႕ ကြာျခားခ်က္ေတြကိုေတာ့ ပါဝင္ေသာ အခ်က္မ်ား ေခါင္းစဥ္ေအာက္မွာ သြားေရာက္ၾကည့္ရႈႏုိင္ပါတယ္။ ထူးျခားတာက ေရြးခ်ယ္ႏုိင္တဲ့ အေရာင္ ၁၇ ေရာင္၊ မတူညီတဲ့ ေခါင္ ၄ မ်ိဳး ပါဝင္ျခင္းပါ။ ဘယ္သူမွာမွ မရွိႏုိင္တဲ့ တြဲစပ္မႈမ်ိဳးကို ကိုယ့္ဘာသာေရြးခ်ယ္ျပီး သီးသီးသန္႕သန္႕ ေမာင္းႏွင္လို႕ရႏုိင္ပါတယ္။
EcoSport ဟာ small SUVs ေတြထဲမွာေတာ့ တကယ္ကို သြက္သြက္လက္လက္ေမာင္းႏွင္ႏုိင္တဲ့ကားမ်ိဳးပါ။ ေတာင့္ေတာင့္တင္းတင္းလည္းရွိတယ္။ ဒါေပမယ့္ မိသားစုေတြအတြက္ကေတာ့ သူ႕ထက္ သက္ေသာင့္သက္သာရွိမယ့္ဟာမ်ိဳးကို ပိုျပီးႏွစ္သက္လိမ့္မယ္ ခံစားမိတယ္။
အက်ဥ္းခ်ဳပ္ေျပာရမယ္ဆိုရင္ေတာ့ ႏုပ်ိဳတဲ့မိသားစုတစ္စုအတြက္ ဖ်တ္ဖ်တ္လက္လက္ရွိတဲ့ small SUV တစ္စီးလိုက္ရွာေနမယ္ဆိုရင္ေတာ့ ေဈးႏႈန္းအရေရာ ပုံစံအရပါ Ford ရဲ့ EcoSport ဟာအေလာေတာ္ပါပဲ လို႕ဆိုရမွာပါ။

အတြင္းခန္း

အတြင္းခန္း ဒီဇိုင္းကေတာ့ မ်က္စိပသာဒ ျဖစ္စရာပါပဲ။ Dashboard အေပၚပိုင္းတစ္ဝက္မွာ ႏူးညံတဲ့ ပလက္စတစ္မ်ိဳးကိုအသုံးျပဳထားတယ္ဆိုေပမယ့္ Hyundai ရဲ့ Kona ၊ Citroen ရဲ့ C3 Aircross တို႕ထက္ ပိုေကာင္းသင့္တယ္လို႕ေတာ့ ခံစားမိတယ္။ Citroen နဲ႕ပဲယွဥ္ၾကည့္၊ Ford ရဲ့ ဒီဇိုင္းမွာက ပင္ကိုယ္ဟန္ ကင္းမဲ့ေနသလိုပဲ။
Infotainment စနစ္အေနနဲ႕ကေတာ့ မ်က္ႏွာျပင္ ၆.၅ လက္မ ဒါမွမဟုတ္ ၈ လက္မအထိရရွိႏိုင္ပါလိမ့္မယ္။ သုံးၾကည့္သေလာက္ေတာ့ EcoSport ရဲ့ infotainment က Citroen ထက္ပိုျပီးသုံးရတာလြယ္ကူတဲ့အျပင္ ပိုျပီး ရွင္းရွင္းလင္းလင္းျမင္ရတယ္။ ထုံးစံအတိုင္း Apple CarPlay နဲ႕ Andriod Auto ကေတာ့ ပါျပီးသား။ ဖုန္းေခၚဖို႕၊ သီခ်င္းေတြဖြင့္ဖို႕၊ smartphone ကေနျပီး ျဂိဳဟ္တုလမ္းညႊန္ေတြသုံးဖို႕ ဘာမွ ခက္ခဲမေနေတာ့ဘူးေပါ့။ EcoSport အေဟာင္းနဲ႕ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ infotainment စနစ္ျခင္း ေတာ္ေတာ္ၾကီးကို ကြာျခားသြားပါျပီ။
EcoSport မွၾကိဳက္ျပီး ေကာင္းေကာင္းမြန္မြန္ေလးစီးခ်င္တယ္ဆိုရင္ေတာ့ ထုံးစံအတိုင္း အကုန္အက် ပိုမ်ားပါလိမ့္မယ္။ ST-Line trim ကိုေရြးခ်ယ္ဝယ္ယူျပီး ပိုမိုက္တဲ့ steering ဒီဇိုင္း၊ အနီေရာင္ ခ်ဳပ္ရိုးေတြပါတဲ့ အတြင္းခန္း၊ ပိုမိုဇိမ္က်တဲ့ လိုက္ပါစီးနင္းမႈေတြကိုရရွိႏိုင္မွာ မလို႕ပါ။
ေဖ်ာ္ေျဖေရးနဲ႕ပတ္သက္ျပီး EcoSport မွာက stereo speaker ၆ လုံးနဲ႕နားေထာင္ရမွာျဖစ္လို႕ မဆိုးဘူးလို႕ေျပာလို႕ရပါတယ္။ အသံထြက္လည္းေကာင္းတာ ေတြ႕ရပါတယ္။ ဒါက entry level အတြက္သာျဖစ္ျပီး ST-Line ရဲ့ B&O stereo မွာေတာ့ speaker က ၁၀ လုံးေတာင္ပါတာပါ။

လက္ေတြ႕က်က်

ကံမေကာင္းတာတစ္ခုကေတာ့ Ford ရဲ့ EcoSport ဟာ လက္ေတြ႕အသုံးက်မႈအေပၚမွာေတာ့ အမ်ားၾကီး ထည့္သြင္းစဥ္းစားထားပုံမရတာပါ။ ေျပာခ်င္တာက အေနာက္ခုံမွာ လိုက္ပါစီးနင္းမယ့္သူေတြအတြက္ ေနရာလုံလုံေလာက္ေလာက္ရွိေပမယ့္ boot ကေတာ့ သိပ္မက်ယ္လွဘူး။ ေနာက္ခန္းျခင္းယွဥ္မယ္ဆိုရင္ Citroen က ပိုက်ယ္တယ္။ ေနာက္ခန္းမွာထုိင္မယ့္သူေတြအတြက္ သက္ေသာင့္သက္သာပိုျဖစ္ေလာက္ေအာင္ကို ပိုက်ယ္တာမ်ိဳးပါ။ ေနာက္တစ္ခုက boot ရဲ့တံခါးပဲ။ EcoSport အသစ္ရဲ့ ေနာက္ဖုံးတံခါးက ေဘးကိုဆြဲဖြင့္ရတာမ်ိဳး။ ဒါေၾကာင့္ အေပၚလွန္ဖြင့္ရတဲ့ ေနာက္ဖုံးတံခါးမ်ိဳးထက္စာရင္ ဖြင့္ဖို႕အတြက္ ေနရာ ပိုက်ယ္ဖို႕လိုမွာပါ။
Boot ရဲ့ ဝင္ဆ့ံမႈကိုအတိအက်ေျပာရမယ္ဆိုရင္ ပုံမွန္အတိုင္းက 356 litres ရွိျပီး ေနာက္ထုိင္ခုံေတြေခါက္လိုက္မယ္ဆိုရင္ေတာ့ 1,236 litres အထိဝင္ဆံ့ပါတယ္။ (1 litre = 1,000 cubic centimetre)
လိုက္ပါစီးနင္းေမာင္းႏွင္မႈမွာေတာ့ EcoSport အသစ္ဟာ ေခ်ာင္ေခ်ာင္ခ်ိခ်ိပါပဲ။ အရပ္ျမင့္ျမင့္နဲ႕ လူေလးေယာက္အတြက္ကိုေျပာတာပါ။ ေနာက္ခန္းမွာ သုံးေယာက္ထုိင္မယ္ဆိုရင္ေတာ့ နည္းနည္းက်ပ္ပါလိမ့္မယ္။

ေမာင္းႏွင္မႈ

လက္ေတြ႕ေမာင္းႏွင္ၾကည့္ရာမွာေတာ့ EcoSport အသစ္ဟာ ေကြ႕လို႕ဝိုက္လို႕ေကာင္းတဲ့ steering နဲ႕အတူ ခပ္ျမန္ျမန္ေမာင္းဖုိ႕အတြက္ ယုံၾကည္မႈေကာင္းေကာင္းကို ရရွိေစမွာပါ။ ဒါေပမယ့္ လမ္းၾကမ္းေတြကိုေမာင္းႏွင္ရာမွာေတာ့ နည္းနည္းခုန္ပါတယ္။ ေနာက္တစ္ခုက ဓါတ္ဆီအင္ဂ်င္ဟာ ကားရဲ့အေလးခ်ိန္ကို နည္းနည္း ရုန္းရေလ့ရွိတယ္။
ေရြးခ်ယ္စရာ အင္ဂ်င္အေနနဲ႕ကေတာ့ ဓါတ္ဆီအင္ဂ်င္ ၃ မ်ိဳးနဲ႕ ဒီဇယ္အင္ဂ်င္ ၂ မ်ိဳးရွိေနတာက ေက်နပ္စရာပါ။ ျမိဳ႕ထဲမွာပဲေမာင္းႏွင္မယ့္သူေတြအတြက္ကေတာ့ ဓါတ္ဆီအင္ဂ်င္နဲ႕က အရမ္းအဆင္ေျပမွာပါ။
EcoSport Zetec နဲ႕ EcoSport Titanium တို႕ဟာ မာေက်ာျပီး ခ်ိဳင့္ေတြ၊ ကမူေတြအေပၚ ျဖတ္ေမာင္းရရင္ ခုန္ပါတယ္။ ဒါေပမယ့္ ST-Line model ေတြရဲ့ springs ေတြက ပိုမာေနတာကေတာ့ မေျပာတတ္ေအာင္ကို ျဖစ္ရပါတယ္။
သေဘာက်မိတဲ့အခ်က္ကေတာ့ ေထာင့္ခ်ိဳးေတြေကြ႕တဲ့အခါမ်ိဳးမွာ ဘယ္လို SUVs ေတြထက္မဆို ပိုေကာင္းတဲ့ခံစားမႈမ်ိဳးရရွိေစျပီး အေလးခ်ိန္ပိုစီးပုံရတဲ့ လက္ကိုင္ေခြကေတာ့ ကိုင္ရျပဳရတဲ့ေနရာမွာ ပိုမိုျမဲျမံတဲ့ အရသာကို ရရွိေစမွာပါ။
ျမိဳ႕တြင္းလမ္းေတြေမာင္းႏွင္တဲ့အခါမ်ိဳးမွာ စက္ဘီးသမားေတြဟာ သတိျပဳမိဖို႕ ေတာ္ေတာ္ေလးခက္ခဲေပမယ့္ က်ယ္ျပန္႕တဲ့ ေနာက္ၾကည့္ေဘးမွန္ေတြတပ္ဆင္တဲ့ EcoSport အတြက္ေတာ့ လြယ္ကူအဆင္ေျပမႈကို ေပးပါလိမ့္မယ္။ Boot အဖုံးမွန္ရဲ့က်ယ္ျပန္႕မႈကလည္း parking ထိုးတဲ့အခ်ိန္မ်ိဳးမွာ ေကာင္းေကာင္းၾကီး အေထာက္အကူျပဳတာေတြ႕ရတယ္။ ဒါေပမယ့္ EcoSport မွာက parking sensors နဲ႕ ေနာက္ၾကည့္ကင္မရာေတြပါဝင္ေနတဲ့အတြက္ ဘယ္လိုပဲျဖစ္ျဖစ္ parking အတြက္ စိတ္ပူစရာရွိမွာမဟုတ္ပါ။
လုံျခံဳစိတ္ခ်ေရးအတြက္ၾကည့္မယ္ဆိုရင္ ကုန္းတက္ေတြတက္တဲ့အခ်ိန္မ်ိဳးမွာ ကားရဲ့တည္ျငိမ္မႈကို ထိမ္းေက်ာင္းေပးႏိုင္တဲ့ Electronic Stability Programme ၊ အသုံးျပဳသူနဲ႕ ေသာ့အေပၚကိုလုိက္ျပီး ကားရဲ့စနစ္/အရွိန္တို႕ကို ကန္႕သတ္မႈေပးထားႏုိင္တဲ့ Ford ရဲ့ MyKey စနစ္၊ ယာဥ္ေမာင္းသူအတြက္ ဒူးပိုင္းေလအိပ္ သီးသန္႕အပါအဝင္ လိုက္ပါစီးနင္းသူေတြအတြက္ပါ အစုံအလင္ထည့္ေပးထားတဲ့ ေလအိတ္ပတ္လည္၊ ကားဘီး ေလေပါင္ေစာင့္ၾကည့္စနစ္၊ လမ္းမေခ်ာ္ေအာင္ထိန္းေပးတဲ့ traction control ၊ ဘရိတ္နင္းရာမွာ ရုတ္တရက္ ေခ်ာ္မထြက္သြားေအာင္ ထိန္းေပးႏိုင္တဲ့ anti-lock brake စနစ္ စတာေတြ တပ္ဆင္ေပးထားတာ ေတြ႕ရပါတယ္။

ပါဝင္ေသာအခ်က္မ်ား

အဓိက trim ကေတာ့ သိတဲ့အတိုင္း ၃ မ်ိဳးပါ။

Zetec

Zetec က entry-level ပါ။ ဒါေပမယ့္ တပ္ဆင္ေပးထားတဲ့ ပစၥည္းေတြကေတာ့ ရက္ေရာတယ္လို႕ ဆိုရမယ္။ ၁၆ လက္မ အလြိဳင္းေခြနဲ႕ဘီး၊ ၆ လက္မ ျဂိဳဟ္တုလမ္းညႊန္ပါ infotainment ကိုမွ Apple CarPlay၊ Android Auto နဲ႕၊ air conditioning ၊ remote central locking စနစ္၊ စကၠန္႕ပိုင္းအတြင္း ျမင္ကြင္းရွင္းသြားေစမယ့္ မွန္အပူေပးစနစ္နဲ႕ပါ။
Zetec trim မွာက ေရြးခ်ယ္စရာ အင္ဂ်င္ ၄ မ်ိဳးရွိပါတယ္။ 1.0-litre ကိုမွာ 100hp ထြက္တာရယ္၊ 125hp ထြက္တာရယ္ကို manual gear နဲ႕ေရြးခ်ယ္ႏိုင္တယ္။ 1.0-litre ကိုပဲ 125hp ထြက္တာကို Automatic gear နဲ႕လည္းေရြးခ်ယ္ႏုိင္တယ္။ ဒါေတြကေတာ့ ဓါတ္ဆီအင္ဂ်င္ေတြပါ။ ဒီဇယ္အေနနဲ႕ကေတာ့ 1.5-litre ကို 100hp ၊ Manual gear နဲ႕ရွိပါေသးတယ္။ ဆီစားႏႈန္းကေတာ့ ဓါတ္ဆီအင္ဂ်င္ manual gear ေတြက 53mpg၊ Automatic gear နဲ႕ဆိုရင္ေတာ့ 46mpg၊ ဒီဇယ္ကေတာ့ 67mpg အထိရွိတယ္လို႕ Ford ကဆိုထားေပမယ့္ 10mpg ေလာက္စီႏုတ္ျပီး အမွန္တကယ္ဆီစားႏႈန္းကို တြက္ၾကည့္ႏုိင္ပါတယ္။ အျမန္ႏႈန္းအေနနဲ႕ကေတာ့ ဓါတ္ဆီအင္ဂ်င္ေတြက 0-60mph ကို ၁၁ စကၠန္႕သာသာနဲ႕အရွိန္တင္ေမာင္းႏိုင္မွာျဖစ္ျပီး ဒီဇယ္နဲ႕ဆိုရင္ေတာ့ ၁၃ စကၠန္႕ေက်ာ္ေက်ာ္ေလာက္ၾကာျမင့္မွာပါ။

Titanium

Titanium ကေတာ့ အလယ္အလတ္တန္းစားေပါ့။ ၈ လက္မ display နဲ႕၊ ၁၇ လက္မ အလြိဳင္းေခြနဲ႕ဘီးနဲ႕။ အလိုအေလ်ာက္ အတိုးအေလ်ာ့ မီးေတြ၊ wipers ေတြ၊ cruise control ၊ အေနာက္ၾကည့္ကင္မရာ၊ ၇ ေရာင္ ေရြးခ်ယ္ႏုိင္တဲ့ ambient lighting၊ climate control တို႕ကေတာ့ Titanium မွာမွပါလာတာပါ။
Titanium မွာက ေရြးခ်ယ္စရာ အင္ဂ်င္ ၅ မ်ိဳးျဖစ္သြားပါျပီ။ 125hp ထြက္တဲ့ 1.5-litre ဒီဇယ္အင္ဂ်င္ကိုလည္း ေရြးခ်ယ္ႏုိင္ပါျပီ။ ဒီအင္ဂ်င္ကေတာ့ ဆီစားႏႈန္း 64mpg ရွိျပီး 0-60mph ကို ၁၀ စကၠန္႕ေက်ာ္ေက်ာ္ေလးနဲ႕ အရွိန္တင္ႏုိင္တဲ့အတြက္ စိတ္ဝင္စားစရာ ေရြးခ်ယ္မႈတစ္ခုျဖစ္ႏုိင္ပါတယ္။

ST-Line

ST-Line ကေတာ့ sports version ျဖစ္သလို EcoSport ထဲက အျမင့္ဆုံး trim လည္းျဖစ္ပါတယ္။ ေနာက္မွာလည္း spoiler နဲ႕၊ နံေဘးမွာလည္း skirts ေတြနဲ႕ရမွာပါ။ Suspension ကလည္း sports suspension နဲ႕ရယ္။ အတြင္းဘက္မွာလည္း ႏူးညံတဲ့သားေရအေပ်ာ့စား ခံစားမႈ (suede-effect) နဲ႕ trim က ၾကည့္လို႕ေကာင္းသလို အဖိုးတန္တဲ့ခံစားမႈကိုလည္း ရရွိေစမွာပါ။ Sporty ျဖစ္တဲ့အတိုင္း ေအာက္ပိုင္းအျပား steering ကလူငယ္ေတြအၾကိဳက္ပါပဲ။ Zetec တို႕ Titanium ထက္သာတဲ့အခ်က္ကေတာ့ ST-Line ဟာ 675W B&Q stereo ကိုေရြးခ်ယ္ႏုိင္တဲ့ တစ္ခုတည္းေသာ model ျဖစ္ျခင္းပါ။
အင္ဂ်င္ေရြးခ်ယ္မႈကလည္း ST-Line မွာက ၇ မ်ိဳးျဖစ္သြားပါျပီ။ Manual gear ကိုမွာမွ 1.0-litre ၊ 140hp ထြက္ရွိျပီး 0-60 mph ကို ၁၀.၂ စကၠန္႕ထဲနဲ႕တင္ႏုိင္တဲ့ အင္ဂ်င္ရယ္၊ 1.5-litre ဒီဇယ္အင္ဂ်င္ကိုမွ AWD ပါတာရယ္ဆိုျပီး ပိုလာတာပါ။

စာေရးသူ : စိုင္းဆိုင္(ရန္ကုန္)

Ref: by Mat Watson


Unicode Version

အမေရိက က ထရပ်ကားအရုပ်လေးတွေနဲ့ဆင်တဲ့ small SUV Ford EcoSport ဟာ ဖျတ်ဖျတ်လတ်လတ် မောင်းနှင်နိုင်မယ့် ကားမျိုးပါ။ သဘောမကျတာကတော့ လမ်းကြမ်းတွေမှာ မောင်းနှင်တဲ့အခါ နည်းနည်းခုန်တာနဲ့ boot တအားကြီး မကျယ်တာပါလို့ပြောရင် လောဘကြီးရာများ ကျသွားမလား?

ဈေးနှုန်း : $20,083 - $26,480 (နိုင်ငံတကာ)

အားသာချက်
+ အကြမ်းပတမ်းခံနိုင်တဲ့ ပုံစံမျိုးရှိတယ်
+ တပ်ဆင်ပေးထားတဲ့ Infotainment က သုံးလို့အရမ်းလွယ်တယ်
+ မြို့တွင်းမောင်းနှင်ရာမှာ သွက်သွက်လက်လက်ရှိတယ်

အားနည်းချက်
- အနောက်ပစ္စည်းထားခန်း ကျဉ်းတယ်
- လမ်းကြမ်းရင် ခုန်မယ်
- Automatic gearbox နဲ့ဆိုရင် သိမ့်ကနဲ၊ ဆတ်ကနဲ ဖြစ်ဖြစ်သွားတတ်တယ်

သုံးသပ်ချက်

Ford ရဲ့ EcoSport အသစ်ဟာ ၂၀၁၉ ထုတ် small SUV ဖြစ်ပြီး လူကြီး လေးယောက် ကောင်းကောင်းကြီး မောင်းနှင်စီးနင်းလို့ရတဲ့ကားပါ။ အမြန်လမ်းတွေမှာမောင်းနှင်လို့ကောင်းသလို မြို့တွင်းမောင်းနှင်ရာမှာလည်း ဖျတ်ဖျတ်လတ်လတ်မောင်းနှင်နိုင်အောင် ပြုလုပ်ပေးထားတာတွေ့ရပါတယ်။
EcoSport ကို Ford က ၂၀၁၃ ခုနှစ်မှာ စတင်မိတ်ဆက်ထုတ်လုပ်ခဲ့ပြီး ထုနဲ့ထည်နဲ့ အကြမ်းခံတဲ့ပုံစံမျိုးနဲ့ ပြီးပြည့်စုံစေတာကတော့ ၂၀၁၇ နောက်ပိုင်းမှပါ။ အဲဒီနောက်ပိုင်း အတွင်းခန်းကလည်း ပုံစံသစ်၊ ဒီဇယ်အင်ဂျင်အသစ် ရွေးချယ်စရာလည်းပါဝင်လာတဲ့အပြင် 4WD ကိုပါ ရွေးချယ်လာနိုင်ပါတယ်။
Trim အနေနဲ့ကတော့ Zetec ၊ Titanium နဲ့ ST-Line ဆိုပြီး ၃ မျိုးရှိတယ်။ အသေးစိတ်တွေနဲ့ ကွာခြားချက်တွေကိုတော့ ပါဝင်သော အချက်များ ခေါင်းစဉ်အောက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ထူးခြားတာက ရွေးချယ်နိုင်တဲ့ အရောင် ၁၇ ရောင်၊ မတူညီတဲ့ ခေါင် ၄ မျိုး ပါဝင်ခြင်းပါ။ ဘယ်သူမှာမှ မရှိနိုင်တဲ့ တွဲစပ်မှုမျိုးကို ကိုယ့်ဘာသာရွေးချယ်ပြီး သီးသီးသန့်သန့် မောင်းနှင်လို့ရနိုင်ပါတယ်။
EcoSport ဟာ small SUVs တွေထဲမှာတော့ တကယ်ကို သွက်သွက်လက်လက်မောင်းနှင်နိုင်တဲ့ကားမျိုးပါ။ တောင့်တောင့်တင်းတင်းလည်းရှိတယ်။ ဒါပေမယ့် မိသားစုတွေအတွက်ကတော့ သူ့ထက် သက်သောင့်သက်သာရှိမယ့်ဟာမျိုးကို ပိုပြီးနှစ်သက်လိမ့်မယ် ခံစားမိတယ်။
အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ နုပျိုတဲ့မိသားစုတစ်စုအတွက် ဖျတ်ဖျတ်လက်လက်ရှိတဲ့ small SUV တစ်စီးလိုက်ရှာနေမယ်ဆိုရင်တော့ ဈေးနှုန်းအရရော ပုံစံအရပါ Ford ရဲ့ EcoSport ဟာအလောတော်ပါပဲ လို့ဆိုရမှာပါ။

အတွင်းခန်း

အတွင်းခန်း ဒီဇိုင်းကတော့ မျက်စိပသာဒ ဖြစ်စရာပါပဲ။ Dashboard အပေါ်ပိုင်းတစ်ဝက်မှာ နူးညံတဲ့ ပလက်စတစ်မျိုးကိုအသုံးပြုထားတယ်ဆိုပေမယ့် Hyundai ရဲ့ Kona ၊ Citroen ရဲ့ C3 Aircross တို့ထက် ပိုကောင်းသင့်တယ်လို့တော့ ခံစားမိတယ်။ Citroen နဲ့ပဲယှဉ်ကြည့်၊ Ford ရဲ့ ဒီဇိုင်းမှာက ပင်ကိုယ်ဟန် ကင်းမဲ့နေသလိုပဲ။
Infotainment စနစ်အနေနဲ့ကတော့ မျက်နှာပြင် ၆.၅ လက်မ ဒါမှမဟုတ် ၈ လက်မအထိရရှိနိုင်ပါလိမ့်မယ်။ သုံးကြည့်သလောက်တော့ EcoSport ရဲ့ infotainment က Citroen ထက်ပိုပြီးသုံးရတာလွယ်ကူတဲ့အပြင် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်ရတယ်။ ထုံးစံအတိုင်း Apple CarPlay နဲ့ Andriod Auto ကတော့ ပါပြီးသား။ ဖုန်းခေါ်ဖို့၊ သီချင်းတွေဖွင့်ဖို့၊ smartphone ကနေပြီး ဂြိုဟ်တုလမ်းညွှန်တွေသုံးဖို့ ဘာမှ ခက်ခဲမနေတော့ဘူးပေါ့။ EcoSport အဟောင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ infotainment စနစ်ခြင်း တော်တော်ကြီးကို ကွာခြားသွားပါပြီ။
EcoSport မှကြိုက်ပြီး ကောင်းကောင်းမွန်မွန်လေးစီးချင်တယ်ဆိုရင်တော့ ထုံးစံအတိုင်း အကုန်အကျ ပိုများပါလိမ့်မယ်။ ST-Line trim ကိုရွေးချယ်ဝယ်ယူပြီး ပိုမိုက်တဲ့ steering ဒီဇိုင်း၊ အနီရောင် ချုပ်ရိုးတွေပါတဲ့ အတွင်းခန်း၊ ပိုမိုဇိမ်ကျတဲ့ လိုက်ပါစီးနင်းမှုတွေကိုရရှိနိုင်မှာ မလို့ပါ။
ဖျော်ဖြေရေးနဲ့ပတ်သက်ပြီး EcoSport မှာက stereo speaker ၆ လုံးနဲ့နားထောင်ရမှာဖြစ်လို့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ အသံထွက်လည်းကောင်းတာ တွေ့ရပါတယ်။ ဒါက entry level အတွက်သာဖြစ်ပြီး ST-Line ရဲ့ B&O stereo မှာတော့ speaker က ၁၀ လုံးတောင်ပါတာပါ။

လက်တွေ့ကျကျ

ကံမကောင်းတာတစ်ခုကတော့ Ford ရဲ့ EcoSport ဟာ လက်တွေ့အသုံးကျမှုအပေါ်မှာတော့ အများကြီး ထည့်သွင်းစဉ်းစားထားပုံမရတာပါ။ ပြောချင်တာက အနောက်ခုံမှာ လိုက်ပါစီးနင်းမယ့်သူတွေအတွက် နေရာလုံလုံလောက်လောက်ရှိပေမယ့် boot ကတော့ သိပ်မကျယ်လှဘူး။ နောက်ခန်းခြင်းယှဉ်မယ်ဆိုရင် Citroen က ပိုကျယ်တယ်။ နောက်ခန်းမှာထိုင်မယ့်သူတွေအတွက် သက်သောင့်သက်သာပိုဖြစ်လောက်အောင်ကို ပိုကျယ်တာမျိုးပါ။ နောက်တစ်ခုက boot ရဲ့တံခါးပဲ။ EcoSport အသစ်ရဲ့ နောက်ဖုံးတံခါးက ဘေးကိုဆွဲဖွင့်ရတာမျိုး။ ဒါကြောင့် အပေါ်လှန်ဖွင့်ရတဲ့ နောက်ဖုံးတံခါးမျိုးထက်စာရင် ဖွင့်ဖို့အတွက် နေရာ ပိုကျယ်ဖို့လိုမှာပါ။
Boot ရဲ့ ဝင်ဆံ့မှုကိုအတိအကျပြောရမယ်ဆိုရင် ပုံမှန်အတိုင်းက 356 litres ရှိပြီး နောက်ထိုင်ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ 1,236 litres အထိဝင်ဆံ့ပါတယ်။ (1 litre = 1,000 cubic centimetre)
လိုက်ပါစီးနင်းမောင်းနှင်မှုမှာတော့ EcoSport အသစ်ဟာ ချောင်ချောင်ချိချိပါပဲ။ အရပ်မြင့်မြင့်နဲ့ လူလေးယောက်အတွက်ကိုပြောတာပါ။ နောက်ခန်းမှာ သုံးယောက်ထိုင်မယ်ဆိုရင်တော့ နည်းနည်းကျပ်ပါလိမ့်မယ်။

မောင်းနှင်မှု

လက်တွေ့မောင်းနှင်ကြည့်ရာမှာတော့ EcoSport အသစ်ဟာ ကွေ့လို့ဝိုက်လို့ကောင်းတဲ့ steering နဲ့အတူ ခပ်မြန်မြန်မောင်းဖို့အတွက် ယုံကြည်မှုကောင်းကောင်းကို ရရှိစေမှာပါ။ ဒါပေမယ့် လမ်းကြမ်းတွေကိုမောင်းနှင်ရာမှာတော့ နည်းနည်းခုန်ပါတယ်။ နောက်တစ်ခုက ဓါတ်ဆီအင်ဂျင်ဟာ ကားရဲ့အလေးချိန်ကို နည်းနည်း ရုန်းရလေ့ရှိတယ်။
ရွေးချယ်စရာ အင်ဂျင်အနေနဲ့ကတော့ ဓါတ်ဆီအင်ဂျင် ၃ မျိုးနဲ့ ဒီဇယ်အင်ဂျင် ၂ မျိုးရှိနေတာက ကျေနပ်စရာပါ။ မြို့ထဲမှာပဲမောင်းနှင်မယ့်သူတွေအတွက်ကတော့ ဓါတ်ဆီအင်ဂျင်နဲ့က အရမ်းအဆင်ပြေမှာပါ။
EcoSport Zetec နဲ့ EcoSport Titanium တို့ဟာ မာကျောပြီး ချိုင့်တွေ၊ ကမူတွေအပေါ် ဖြတ်မောင်းရရင် ခုန်ပါတယ်။ ဒါပေမယ့် ST-Line model တွေရဲ့ springs တွေက ပိုမာနေတာကတော့ မပြောတတ်အောင်ကို ဖြစ်ရပါတယ်။
သဘောကျမိတဲ့အချက်ကတော့ ထောင့်ချိုးတွေကွေ့တဲ့အခါမျိုးမှာ ဘယ်လို SUVs တွေထက်မဆို ပိုကောင်းတဲ့ခံစားမှုမျိုးရရှိစေပြီး အလေးချိန်ပိုစီးပုံရတဲ့ လက်ကိုင်ခွေကတော့ ကိုင်ရပြုရတဲ့နေရာမှာ ပိုမိုမြဲမြံတဲ့ အရသာကို ရရှိစေမှာပါ။
မြို့တွင်းလမ်းတွေမောင်းနှင်တဲ့အခါမျိုးမှာ စက်ဘီးသမားတွေဟာ သတိပြုမိဖို့ တော်တော်လေးခက်ခဲပေမယ့် ကျယ်ပြန့်တဲ့ နောက်ကြည့်ဘေးမှန်တွေတပ်ဆင်တဲ့ EcoSport အတွက်တော့ လွယ်ကူအဆင်ပြေမှုကို ပေးပါလိမ့်မယ်။ Boot အဖုံးမှန်ရဲ့ကျယ်ပြန့်မှုကလည်း parking ထိုးတဲ့အချိန်မျိုးမှာ ကောင်းကောင်းကြီး အထောက်အကူပြုတာတွေ့ရတယ်။ ဒါပေမယ့် EcoSport မှာက parking sensors နဲ့ နောက်ကြည့်ကင်မရာတွေပါဝင်နေတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် parking အတွက် စိတ်ပူစရာရှိမှာမဟုတ်ပါ။
လုံခြုံစိတ်ချရေးအတွက်ကြည့်မယ်ဆိုရင် ကုန်းတက်တွေတက်တဲ့အချိန်မျိုးမှာ ကားရဲ့တည်ငြိမ်မှုကို ထိမ်းကျောင်းပေးနိုင်တဲ့ Electronic Stability Programme ၊ အသုံးပြုသူနဲ့ သော့အပေါ်ကိုလိုက်ပြီး ကားရဲ့စနစ်/အရှိန်တို့ကို ကန့်သတ်မှုပေးထားနိုင်တဲ့ Ford ရဲ့ MyKey စနစ်၊ ယာဉ်မောင်းသူအတွက် ဒူးပိုင်းလေအိပ် သီးသန့်အပါအဝင် လိုက်ပါစီးနင်းသူတွေအတွက်ပါ အစုံအလင်ထည့်ပေးထားတဲ့ လေအိတ်ပတ်လည်၊ ကားဘီး လေပေါင်စောင့်ကြည့်စနစ်၊ လမ်းမချော်အောင်ထိန်းပေးတဲ့ traction control ၊ ဘရိတ်နင်းရာမှာ ရုတ်တရက် ချော်မထွက်သွားအောင် ထိန်းပေးနိုင်တဲ့ anti-lock brake စနစ် စတာတွေ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

ပါဝင်သောအချက်များ

အဓိက trim ကတော့ သိတဲ့အတိုင်း ၃ မျိုးပါ။

Zetec

Zetec က entry-level ပါ။ ဒါပေမယ့် တပ်ဆင်ပေးထားတဲ့ ပစ္စည်းတွေကတော့ ရက်ရောတယ်လို့ ဆိုရမယ်။ ၁၆ လက်မ အလွိုင်းခွေနဲ့ဘီး၊ ၆ လက်မ ဂြိုဟ်တုလမ်းညွှန်ပါ infotainment ကိုမှ Apple CarPlay၊ Android Auto နဲ့၊ air conditioning ၊ remote central locking စနစ်၊ စက္ကန့်ပိုင်းအတွင်း မြင်ကွင်းရှင်းသွားစေမယ့် မှန်အပူပေးစနစ်နဲ့ပါ။
Zetec trim မှာက ရွေးချယ်စရာ အင်ဂျင် ၄ မျိုးရှိပါတယ်။ 1.0-litre ကိုမှာ 100hp ထွက်တာရယ်၊ 125hp ထွက်တာရယ်ကို manual gear နဲ့ရွေးချယ်နိုင်တယ်။ 1.0-litre ကိုပဲ 125hp ထွက်တာကို Automatic gear နဲ့လည်းရွေးချယ်နိုင်တယ်။ ဒါတွေကတော့ ဓါတ်ဆီအင်ဂျင်တွေပါ။ ဒီဇယ်အနေနဲ့ကတော့ 1.5-litre ကို 100hp ၊ Manual gear နဲ့ရှိပါသေးတယ်။ ဆီစားနှုန်းကတော့ ဓါတ်ဆီအင်ဂျင် manual gear တွေက 53mpg၊ Automatic gear နဲ့ဆိုရင်တော့ 46mpg၊ ဒီဇယ်ကတော့ 67mpg အထိရှိတယ်လို့ Ford ကဆိုထားပေမယ့် 10mpg လောက်စီနုတ်ပြီး အမှန်တကယ်ဆီစားနှုန်းကို တွက်ကြည့်နိုင်ပါတယ်။ အမြန်နှုန်းအနေနဲ့ကတော့ ဓါတ်ဆီအင်ဂျင်တွေက 0-60mph ကို ၁၁ စက္ကန့်သာသာနဲ့အရှိန်တင်မောင်းနိုင်မှာဖြစ်ပြီး ဒီဇယ်နဲ့ဆိုရင်တော့ ၁၃ စက္ကန့်ကျော်ကျော်လောက်ကြာမြင့်မှာပါ။

Titanium

Titanium ကတော့ အလယ်အလတ်တန်းစားပေါ့။ ၈ လက်မ display နဲ့၊ ၁၇ လက်မ အလွိုင်းခွေနဲ့ဘီးနဲ့။ အလိုအလျောက် အတိုးအလျော့ မီးတွေ၊ wipers တွေ၊ cruise control ၊ အနောက်ကြည့်ကင်မရာ၊ ၇ ရောင် ရွေးချယ်နိုင်တဲ့ ambient lighting၊ climate control တို့ကတော့ Titanium မှာမှပါလာတာပါ။
Titanium မှာက ရွေးချယ်စရာ အင်ဂျင် ၅ မျိုးဖြစ်သွားပါပြီ။ 125hp ထွက်တဲ့ 1.5-litre ဒီဇယ်အင်ဂျင်ကိုလည်း ရွေးချယ်နိုင်ပါပြီ။ ဒီအင်ဂျင်ကတော့ ဆီစားနှုန်း 64mpg ရှိပြီး 0-60mph ကို ၁၀ စက္ကန့်ကျော်ကျော်လေးနဲ့ အရှိန်တင်နိုင်တဲ့အတွက် စိတ်ဝင်စားစရာ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။

ST-Line

ST-Line ကတော့ sports version ဖြစ်သလို EcoSport ထဲက အမြင့်ဆုံး trim လည်းဖြစ်ပါတယ်။ နောက်မှာလည်း spoiler နဲ့၊ နံဘေးမှာလည်း skirts တွေနဲ့ရမှာပါ။ Suspension ကလည်း sports suspension နဲ့ရယ်။ အတွင်းဘက်မှာလည်း နူးညံတဲ့သားရေအပျော့စား ခံစားမှု (suede-effect) နဲ့ trim က ကြည့်လို့ကောင်းသလို အဖိုးတန်တဲ့ခံစားမှုကိုလည်း ရရှိစေမှာပါ။ Sporty ဖြစ်တဲ့အတိုင်း အောက်ပိုင်းအပြား steering ကလူငယ်တွေအကြိုက်ပါပဲ။ Zetec တို့ Titanium ထက်သာတဲ့အချက်ကတော့ ST-Line ဟာ 675W B&Q stereo ကိုရွေးချယ်နိုင်တဲ့ တစ်ခုတည်းသော model ဖြစ်ခြင်းပါ။
အင်ဂျင်ရွေးချယ်မှုကလည်း ST-Line မှာက ၇ မျိုးဖြစ်သွားပါပြီ။ Manual gear ကိုမှာမှ 1.0-litre ၊ 140hp ထွက်ရှိပြီး 0-60 mph ကို ၁၀.၂ စက္ကန့်ထဲနဲ့တင်နိုင်တဲ့ အင်ဂျင်ရယ်၊ 1.5-litre ဒီဇယ်အင်ဂျင်ကိုမှ AWD ပါတာရယ်ဆိုပြီး ပိုလာတာပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)

Ref: by Mat Watson

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »